လက်ရှိစစ်ခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကို ခေါင်းရင်းတွင် ထားအိပ်သူ တဦးရှိသည်။ ထိုသူမှာ တခြားလူမဟုတ်။ လက်ရှိ စစ်ကောင်စီအဖွဲ့တွင် အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ဘက်ရာထူးတွင်လည်း ဗိုလ်ချုပ်မင်းအောင်လှိုင်လက်ထက်တွင် အသက်အငယ်ဆုံး တပ်မှူးဖြစ်ခဲ့သူလည်း ဖြစ်သည်။
“စကခမှူးဖြစ်တုန်းက တပ်ချုပ် (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ပုံကို ခေါင်းရင်းမှာထားပြီး အိပ်တာ။ ဘုရားလို ကိုးကွယ်တာပေါ့” ဟု ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ တပ်တွင် ဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးတဦးက ပြောသည်။
ထိုအချိန်က တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးမိုးမြင့်ထွန်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကို သူအိပ်သည့် ခေါင်းရင်းတွင်ချိတ်ဆွဲထားသည်ဟု ဗိုလ်မှူးကြီးမိုးမြင့်ထွန်းနှင့်အတူ စကခ ၄ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိတချို့က ဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ၂၀၁၁ ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ် အကြားတွင်ရှိသော ဖူးကြီးဒေသတွင် အခြေစိုက်သည့် အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင် ဌာနချုပ်မှူး (တပ်မမှူး) တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထိုအချိန်က တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီးမိုးမြင့်ထွန်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံကို သူအိပ်သည့် ခေါင်းရင်းတွင်ချိတ်ဆွဲထားသည်ဟု ဗိုလ်မှူးကြီးမိုးမြင့်ထွန်းနှင့်အတူ စကခ ၄ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိတချို့က ဆိုသည်။
ဗိုလ်ချုပ်မိုးမြင့်ထွန်းသည် စစ်ဆင်ရေး အုပ်ချုပ်ရေး လုပ်ငန်းများတွင် ထူးထူးချွန်ချွန် လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများမရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်တွင် အချိန်တိုအတွင်း ရာထူးအဆင့်ဆင့်တိုးကာ လက်ရှိ စစ်ကောင်စီတွင် အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်နေသည်။ ထို့အပြင် ၎င်းသည် စစ်တပ်တွင်လည်း စစ်ဆင်ရေးကို ကွပ်ကဲရသည့် နံပါတ်လေးခေါင်းဆောင်ဖြစ်သော စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန် ပေးအပ်ခြင်း ခံထားရသည်။
နေရာကောင်းများသာ နေခဲ့ရသူ
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့တွင် ၁၉၆၈ ခုနှစ်တွင် မွေးဖွားသည်။ ၎င်းတွင် မွေးချင်းသုံးယောက်ရှိသည်။ သူသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၀ (DSA-30) တွင် တက်ရောက်ခဲ့ပြီး အရာရှိငယ်ဘဝ၏ အချိန်အများစုသည် စစ်ရုံးတွင် တာဝန်ထမ်းဆောင်ရင်းဖြင့်သာ ကုန်ဆုံးခဲ့ရသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကောင်စီ-နဝတခေတ်တွင် ဒု တပ်ချုပ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီး မောင်အေး၏ ရုံးတွင် ဗိုလ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုကဲ့သို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဗိုလ်ချုပ်ကြီး မောင်အေး၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းထွန်း သေဆုံးပြီးနောက် ဗိုလ်ကြီးမိုးမြင့်ထွန်းမှာ ဗိုလ်ချုပ်ကြီး မောင်အေး၏ ကိုယ်ရေးအရာရှိ ဖြစ်လာခဲ့သည်။
ထိုမှတဆင့် ဗိုလ်မှူးအပွင့်တင်ရန်အတွက် ပုသိမ်မြို့ ဝါးယားချောင်းဒေသတွင် အခြေစိုက်သော ခလရ ၁၁ တပ်ရင်းတွင် တပ်ခွဲမှူးဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်တပ်၏ ရာထူးတိုးပေးရေး လုပ်ထုံးလုပ်နည်းများအရ ဗိုလ်ကြီးရာထူးမှနေ၍ ဗိုလ်မှူးအပွင့်တင်လိုလျှင် စစ်ရုံးချုပ်မှ တပ်ရင်းတပ်ဖွဲ့များသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြရသည်။ ဗိုလ်မှူးမိုးမြင့်ထွန်းမှာမူ ဗိုလ်မှူးအပွင့်တင်ပြီးသည့်နောက် စစ်ရုံးချုပ် ကကကြည်းတွင် စစ်ဦးစီးဒုတိယတန်း (G-2) တာဝန်ကို ပြန်လည် ထမ်းဆောင်ရပြန်သည်။
ထိုမှတဆင့် ရာထူးတိုးကာ ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် နေပြည်တော်အနီးတွင်ရှိသော ပေါင်း လောင်းဒေသ အခြေစိုက် အမှတ် ၃၀၃ ခြေမြန်တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ အမှတ် ၃၀၃ ခြေမြန်တပ်ရင်းသည်နေပြည်တော်တွင်ရှိသာ နဝတ ခေါင်းဆောင်များ၏ လုံခြုံရေးကိုအဓိက တာဝန်ယူရ သော တပ်ရင်းဖြစ်သည်။
“ဗိုလ်ကြီးကနေ ဗိုလ်ချုပ်ဖြစ်တဲ့အထိ နေရာကောင်းတွေမှာပဲ နေခဲ့ရတာ။ တာဝန်ကျတဲ့နေရာတွေကလည်း မြို့ကြီးတွေနဲ့နီးတဲ့ နေရာတွေမှာပဲ။ လူသူဝေးတဲ့နေရာတွေမှာ တာဝန်ကျခဲ့တာမရှိဘူး။ စစ်တိုက်ဖူးတယ်လို့လည်း တခါမှ မကြာဖူးဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တဦးက မှတ်ချက်ပေးသည်။
“ဗိုလ်ကြီးကနေ ဗိုလ်ချုပ်ဖြစ်တဲ့အထိ နေရာကောင်းတွေမှာပဲ နေခဲ့ရတာ။ တာဝန်ကျတဲ့နေရာတွေကလည်း မြို့ကြီးတွေနဲ့နီးတဲ့ နေရာတွေမှာပဲ။ လူသူဝေးတဲ့နေရာတွေမှာ တာဝန်ကျခဲ့တာမရှိဘူး။ စစ်တိုက်ဖူးတယ်လို့လည်း တခါမှ မကြာဖူးဘူး” ဟု ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တဦးက မှတ်ချက်ပေးသည်။
သို့သော် ဗိုလ်ချုပ်မိုးမြင့်ထွန်းသည် အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၄) တွင် တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်ခဲ့သည်။ ဗိုလ်ချုပ်မိုးမြင့်ထွန်း ဦးဆောင်သော တပ်မ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်သည့်အချိန်သည် KNU နှင့် သမ္မတဦးသိန်းစိန်အစိုးရတို့ အကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ကာလဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေ။
သို့သော် ထိုဒေသတွင် ရှေ့တန်း စစ်ဆင်ရေး ဝင်နေသည့် စကခ ၄ အောက်မှ အရာရှိတဦး သစ်ခုတ်ဝါးခုတ်ရင်း မိုင်းနင်းမိသည့်ကိစ္စ ဖြစ်ခဲ့သည်။ အဆိုပါအရာရှိ မိုင်းနင်းမိသည့်အချိန်သည် တပ်မမှူး ဗိုလ်မှူးကြီးမိုးမြင့်ထွန်း လေးလပတ်အစည်းအဝေး တက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ထို့ကြောင့် အဆိုပါ အရာရှိ မိုင်းနင်းမိသည့်ဖြစ်ရပ်ကို အထက်သို့ မတင်ပြရန်ညွန်ကြားခဲ့သည်ဟု အဆိုပါတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည် ဗိုလ်ကြီးတဦးက ပြန်ပြောပြသည်။
“ရာထူးတော့ အရမ်းလိုချင်တယ်။ လက်အောက်ကိုတော့ ချနင်းတယ်။ မိုင်းနင်းမိတာကို လုံးဝ မတင်ပြခိုင်းဘူး။ အထက်ဖား အောက်ဖိပဲ” ဟု တပ်မှူးဗိုလ်မှူးကြီးမိုးမြင့်ထွန်း အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည် ဗိုလ်ကြီးတဦးက မှတ်ချက်ပြုသည်။ သို့သော် အလွန်ဆိုးရွားသည့် စစ်ခေါင်းဆောင်မျိုးလည်း မဟုတ်ဟု သူက ဆက်ပြောသည်။
အသက်အငယ်ဆုံး တိုင်းမှူး
ဗိုလ်ချုပ်မိုးမြင်ထွန်း အနေဖြင့် စကခ ၄ တွင် တပ်မမှူးတာဝန် ထမ်းဆောင်နေစဉ် မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းရန် တာဝန်ပေးခြင်း ခံခဲ့ရသည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၊ ၂၀၁၃ ခုနှစ် မတ်လလယ်တွင် ဖြစ်ပွားခဲ့သော မိတ္ထီလာ အရေးအခင်းတွင် အစိုးရအနေဖြင့် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည် လေးမြို့နယ်တို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး စစ်တပ်အကူအညီဖြင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ အစိုးရက အကူအညီတောင်းသဖြင့် တပ်မမှူး ဗိုလ်မှူးကြီးမိုးမြင့်ထွန်း ဦးဆောင်ကာ အမှတ် ၄ စစ်ဆင်ရေးဌာနချုပ်လက်အောက်ခံ တပ်များဖြင့် နယ်မြေလုံခြုံရေး သွားရောက်ဆောင်ရွက် ပေးခဲ့ရသည်။
သို့သော်လည်း မိတ္တီလာမြို့နယ်တွင် ဖြစ်ပွားသော ပဋိပက္ခနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ယူထားသော အဖွဲ့အစည်းများ၏ လုပ်ပုံကိုင်ပုံနှင့် စွမ်းဆောင်ရည်ကို ထိုအချိန်က ပြည်သူအများစုက မေးခွန်းထုတ်ခဲ့ကြသည်။
ပဋိပက္ခကြား လူအုပ်စုများအား လူစုခွဲရာတွင်လည်းကောင်းတားဆီးရာတွင်သော်လည်း လုံခြုံရေး တာဝန်ယူထားသော လက်နက်ကိုင်အဖွဲ့အစည်းများက ထိထိရောက်ရောက် မဆောင်ရွက်ခဲ့သဖြင့် သေဆုံးပျက်ဆီးသူ များခဲ့ရသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။
ဗိုလ်ချုပ်မိုးမြင့်ထွန်း စကခ ၄ ၏ တပ်မမှူး တာဝန်ထမ်းဆောင်နေစဉ်အတွင်း မှော်ဘီမြို့နယ်အတွင်း မြေသိမ်းယာသိမ်း ကိစ္စများဖြစ်ခဲ့သည်။
“သူ့အောက်က ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေကို ခွဲဝေပေးမယ်ဆိုပြီး ပြည်သူပိုင်မြေတွေကို သိမ်းတာ။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အတိုင်ခံရလို့ ပြန်ပေးလိုက်ရတယ်” ဟု စကခ ၄ တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိ တဦးက ဆိုသည်။
“သူ့အောက်က ဗျူဟာမှူးတွေ၊ တပ်ရင်းမှူးတွေကို ခွဲဝေပေးမယ်ဆိုပြီး ပြည်သူပိုင်မြေတွေကို သိမ်းတာ။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အတိုင်ခံရလို့ ပြန်ပေးလိုက်ရတယ်” ဟု စကခ ၄ တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်အရာရှိ တဦးက ဆိုသည်။
သို့သော် ဖူးကြီးနှင့် ချိုးဖြူ ဒေသများတွင် နှစ်ရှည်ပင်များစိုက်ရန် ဂရံဖောက်ကာ ရယူထားသည့် မြေလွတ်မြေရိုင်းများကိုမူ မူရင်းတောင်သူများထံ ပြန်မပေးခဲ့ကြောင်းလည်း အဆိုပါအရာရှိက ဆိုသည်။
စကခ ၄ တွင် တပ်မှူးတာဝန်ထမ်းနေသော ဗိုလ်မှူးကြီးမိုးမြင့်ထွန်းသည် မိတ္ထီလာ အရေးအခင်း ကိုင်တွယ်ဖြေရှင်းပြီးနောက် နေပြည်တော် ပျဉ်းမနားမြို့အခြေစိုက် အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၆) တွင် ဌာနချုပ်မှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့နောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးချုပ် ဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။
ထိုအချိန်က တိုင်းမှူးတာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်များထဲတွင် ဗိုလ်ချုပ်မိုးမြင့်ထွန်းသည် အသက် ၄၇ နှစ်သာ ရှိသေးပြီး အသက်အငယ်ဆုံး တိုင်းမှူး ဖြစ်ခဲ့သည်။ တိုင်းမှူးတာဝန်ကို နှစ်နှစ်ကျော် ထမ်းဆောင်ပြီး ၂၀၁၇ ခုနှစ်တွင် ရာထူးတိုးကာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ကိုပါ ပူးတွဲတာဝန်ယူရသည့် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA အပါအဝင် ညီနောင်မဟာမိတ် အဖွဲ့နှင့် တိုက်ပွဲပြင်းထန်သည့် အချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအား ရှမ်းမြောက်ဒေသ စစ်ဆင်ရေးတွင် တာဝန်ယူရသည့် ကစထ (၂ ) မှူး အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တပ်ချုပ်မဖြစ်ခင် ကစထ (၂) မှူး တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကစထ (၂) မှူး တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသတွင် အခြေစိုက်သည့် ကောင်းခါး ပြည်သူ့စစ်အဖွဲ့၏ လက်နက်၊ မူးယစ်ဆေးဝါးများနှင့် ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး အဆိုပါ ပြည်သူ့စစ်အဖွဲ့ကို ဖျက်သိမ်းနိုင်ခဲ့သည်။
ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ကစထ ( ၂ ) မှူး တာဝန်ယူနေသည့် ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင်လည်း TNLA အဖွဲ့ထံမှာ လေယာဉ်ပစ် လောင်ချာအပါအဝင် လက်နက် တရာကျော်ဖမ်းဆီးရမိခဲ့သည်။
ယင်းတို့သည် ၎င်း၏ စစ်သက်တလျှောက် မြင်သာထင်သာရှိသော အောင်မြင်မှုများ ဖြစ်သည်။
နိုင်ငံတော်သမ္မတကို ဖမ်းဆီးသူ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းသောညက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးကို သွားရောက်ဖမ်းဆီးသည့် အဖွဲ့အား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဦးဆောင်ခဲ့သည်။
ထိုညက သမ္မတဦးဝင်းမြင့်အား ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ခိုင်းရာ ဦးဝင်းမြင့်က အသက်သာ အသေခံမယ်၊ နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့သည်။
“အဲဒီညက သမ္မတကြီးကို ခင်ဗျားတို့ တော်တော်လူပါးဝတယ်လို့ ပြောခဲ့တာ သူ (ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း) ပေါ့” ဟု တပ်မတော်အရာရှိ တဦးက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သော စစ်ကောင်စီတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ကောင်စီဝင် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ပါ တာဝန်ပေးခြင်း ခံရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်သော စစ်ကောင်စီတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ကောင်စီဝင် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ အဖြစ်ပါ တာဝန်ပေးခြင်း ခံရသည်။
သို့သော် စစ်ဘက်တွင် ကစထမှူး တာဝန်ကို စွန့်လွှတ်ခဲ့ပြီး စစ်ဦးစီးအရာရှိချုပ် (ကြည်း) တာဝန်ကိုသာ ရယူထားသည်။ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးသည် စစ်တပ်တွင် စစ်ဆင်ရေးလုပ်ငန်းများအား ကြီးကြပ်ရပြီး စစ်တပ်တွင် နံပါတ်လေးအဆင့် ရှိသူဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ကောင်စီအဖွဲ့ဝင် ဖြစ်လာပြီးနောက် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (စီးကူး) မှ ညွှန်ကြားရေးချုပ် ဦးညွန့်အောင်ကို စီးကူး ဒုဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ဦးညွန့်အောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့သည် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့ကြသူများ ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ဆိုင်သော လုပ်ငန်းများကို အဓိက တာဝန်ယူထားသူဖြစ်သည်။ ဗိုလ်ချုပ်မောင်အေး၏ ကိုယ်ရေးအရာရှိတာဝန် ယူခဲ့သည့်အတွက် KBZ ဘဏ်အကြီးအကဲ ဦးအောင်ကိုဝင်း၊ Htoo ကုမ္ပဏီ အကြီးအကဲ ဦးတေဇတို့နှင့် ရင်းနှီးခဲ့သူလည်း ဖြစ်သည်။
“သားသမီးတွေက ငယ်သေးတော့ ကုမ္ပဏီထောင်တာတွေ ဘာတွေတော့ အသံမထွက်သေးဘူး” ဟု စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။ သို့သော် ဗိုလ်ချုပ်မိုးမြင့်ထွန်းသည်လည်း စီးပွားရေးလုပ်ငန်း စိတ်ဝင်စားသူ တဦးဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်များထဲတွင် စစ်ဘက်နှင့် အရပ်ဘက်တာဝန် နှစ်ခုကို ပူးတွဲတာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသော တပည့်အရင်းတဦး ဖြစ်သည်။
သို့သော်လည်း သူ၏အသက်မှာ ၅၄ နှစ်သာ ရှိသေးပြီး စစ်ခေါင်းဆောင်နှင့် အသက် ၁၀ နှစ်ကျော် ကွာဟသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သူ့အစီအစဉ်အတိုင်း ရွေးကောက်ပွဲကျင်းပကာ သူ သမ္မတတာဝန် ထမ်းဆောင်ပါက လစ်လပ်သွားသော တပ်ချုပ်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား လျာထားရန် စီစဉ်ထားခြင်းဖြစ်နိုင်သည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သူ့အစီအစဉ်အတိုင်း ရွေးကောက်ပွဲကျင်းပကာ သူ သမ္မတတာဝန် ထမ်းဆောင်ပါက လစ်လပ်သွားသော တပ်ချုပ်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား လျာထားရန် စီစဉ်ထားခြင်းဖြစ်နိုင်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း သူ အနားယူသည့်အချိန် သူ့အရိုက်အရာ ဆက်ဆံမည့်သူအား ဒုတိယဗိုလ်ချုပ်ကြီးများထဲတွင် အသက်အငယ်ဆုံးဖြစ်သူ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ရွေးချယ်ခဲ့သည်။
သို့သော် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တပ်ချုပ်ရာထူး ပေးမည်ဆိုပါက ၂၀၂၂ ခုနှစ်တွင် မဖြစ်မနေ စစ်ဘက်ရာထူးတခု တိုးပေးရမည်ဖြစ်သည်။
အသက် ၅၄ နှစ်သာ ရှိသေးသော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဖက်တာဝန် ထမ်းဆောင်နေသည်မှာ ၅ နှစ်ပြည့်မည်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်အရ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ်ဖက်တွင် ၅ နှစ်တာဝန်ထမ်းဆောင်ပြီး နောက်ထပ်ရာထူး မတိုးပါက စစ်ဖက်ရာထူးမှ အနားယူရမည်ဖြစ်သည်။ ထိုအမိန့်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ထုတ်ပြန်ထားသော အမိန့်လည်း ဖြစ်သည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား သူ့အရိုက်အရာ ဆက်ခံသူ တပ်ချုပ်အဖြစ် လျာထားပါက ၂၀၂၂ ခုနှစ်အတွင်း ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးရမည် ဖြစ်သည်။ ထိုကဲ့သို့ ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေးမှသာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် တပ်ချုပ်ရာထူး ဆက်ခံရန် အလားအလာ ရှိမည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေး အနားယူချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရာထူးတဆင့်တိုးကာ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ကို ပေးအပ်လာပါက သူသည် မင်းအောင်လှိုင် အလွန် တပ်ချုပ်ဖြစ်လာရန် အလွန်နီးစပ်သွားပြီဟု ဆိုရပေတော့မည်။
လက်ရှိ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး မောင်မောင်အေးမှာ ယခုနှစ်ကုန်ပိုင်းတွင် အသက် ၆၀ ပြည့်မည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေး အနားယူချိန်တွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရာထူးတဆင့်တိုးကာ ဗိုလ်ချုပ်ကြီးရာထူးဖြင့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ကို ပေးအပ်လာပါက သူသည် မင်းအောင်လှိုင် အလွန် တပ်ချုပ်ဖြစ်လာရန် အလွန်နီးစပ်သွားပြီဟု ဆိုရပေတော့မည်။
You may also like these stories:
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ကောင်းမှုကုသိုလ် ရှာနေ
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ
တရားခွင်မှာ သမ္မတ ဦးဝင်းမြင့် ဘာတွေ ထွက်ဆိုခဲ့လဲ
ဒီမိုကရေစီ ခရီးကြမ်းပေါ် နိုင်ငံရေးသမားကောင်းတဦး မှတ်ကျောက်တင်ခံခြင်း
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ