• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာရှင်ကို အမြစ်ဖြတ်ချင်တဲ့ အမျိုးသမီး PDF ကွန်မန်ဒိုများ

by ဧရာဝတီ
25 March 2022
in ဆောင်းပါး
A A
မြောက်ယမား PDF အမျိုးသမီး ကွန်မန်ဒိုများ

မြောက်ယမား PDF အမျိုးသမီး ကွန်မန်ဒိုများ

8.5k
VIEWS
Share on FacebookShare on Twitter

မိဘရင်ခွင်မှာ အေးချမ်းစွာနေရာကနေ မပြည့်စုံတဲ့ လွတ်မြောက်နယ်မြေမှာ အနေအစားဆင်းရဲမှုတွေ၊ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအဖြစ် အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းလို့ အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်နေတဲ့ အမျိုးသမီးတွေရဲ့ သတ္တိက နွေဦးတော်လှန်ရေးမှာ ချန်ထားခဲ့လို့ မရပါဘူး။

ပုံမှန်အားဖြင့် အမျိုးသမီးတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအဖြစ် လေ့ကျင့်မှုတွေ ပြုလုပ်ပြီးသော်ငြားလည်း လက်နက်အင်အားမပြည့်စုံတာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းတာ၊ မိန်းမသားဖြစ်တာတွေကြောင့် နောက်တန်းလို့ခေါ်တဲ့ ရုံးပိုင်းဆိုင်ရာတွေ၊ ချက်ပြုတ်ရေးပိုင်းတွေ၊ ဆေးတပ်သားတာဝန်တွေ၊ ထောက်ပို့စတဲ့ နေရာတွေမှာ တာဝန်ယူရတာများပြီး လက်နက်ကိုင်တိုက်ပွဲဝင်ရတဲ့ အမျိုးသမီး အရေအတွက်က နည်းပါးပါတယ်။

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.6k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
256
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
304

အဲဒီလို နည်းပါးတဲ့အထဲမှာမှ ပိုမိုကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေနဲ့ အထူးစစ်ဆင်ရေးတွေမှာ ပါဝင်ဖို့အတွက် အမျိုးသမီး ကွန်မန်ဒိုတပ်သား အရေအတွက်ကတော့ လက်ချိုးရေလို့ရတဲ့ အနေအထားပါ။

အရေအတွက်နည်းပါးတဲ့ ကွန်မန်ဒိုအမျိုးသမီးများ ပါဝင်တဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်တဲ့၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီး ကွန်မန်ဒိုတချို့ကတော့ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်တဲ့ နေရာမှာ အမျိုးသားတွေ နည်းတူ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အရေအတွက်နည်းပါးတဲ့ ကွန်မန်ဒိုအမျိုးသမီးများ ပါဝင်တဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်တဲ့၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီး ကွန်မန်ဒိုတချို့ကတော့ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်တဲ့ နေရာမှာ အမျိုးသားတွေ နည်းတူ ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ညီမရှေ့မှာတင် စစ်တပ်က ရွာတွေကို မီးရှို့ခဲ့တာ မြင်ခဲ့ရတယ်။ ပြီးတော့ ညီမတို့ ဆန္ဒပြတဲ့ ကာလတုန်းကလည်း ရှေ့မှာတင် သေနတ်မှန်လို့ သေသွားတဲ့သူတွေ၊ သေနတ်ဒင်နဲ့ ထုလို့ ထွက်ပြေးခဲ့ရတာတွေကို ကိုယ်တိုင်ကြုံခဲ့ရတော့ အာဏာရှင်ကို အမြစ်ဖြတ်ဖို့ ညီမ လက်နက်ကိုင်ခဲ့တာ” လို့ ပြောပြလာသူကတော့ စစ်ကိုင်းတိုင်းအခြေစိုက် မြောက်ယမားတပ်ဖွဲ့က အမျိုးသမီးကွန်မန်ဒို ကျားပေါက်ပဲ ဖြစ်ပါတယ်။

အမျိုးသမီး ကွန်မန်ဒိုရယ်လို့ ဆိုပေမယ့် အာဏာရှင်ကို ဆန့်ကျင်တော်လှန်ချင်တဲ့ စိတ်ကတော့ တခြား PDF တွေ၊ ပုံစံမျိုးစုံနဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ အမျိုးသမီးတွေ နည်းတူပဲဖြစ်ပြီး ကွန်မန်ဒို တပ်သား အနေနဲ့က အပင်ပန်းခံနိုင်ဖို့၊ ကိုယ်ခန္ဓာကြံ့ခိုင်စေဖို့၊ စိတ်ဓာတ်မာကျောဖို့ လေ့ကျင့်မှုတွေ ပိုလုပ်ရသလို၊ အထူး စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြောက်ယမား PDF အမျိုးသမီး ကွန်မန်ဒိုများ

မြောက်ယမား တပ်ဖွဲ့ရဲ့ ကွန်မန်ဒိုအမျိုးသမီးလေး ကျားပေါက်ဟာ အာဏာမသိမ်းခင်က ကျောင်းသူ တယောက် ဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်း ၁၈ နှစ်ကျော်ရုံသာ ရှိသေးတဲ့ တက်သစ်စ လူငယ်အမျိုးသမီးတဦး ဖြစ်ပါတယ်။

ကျားပေါက်မှာ မွေးချင်းမောင်နှမနှစ်ဦးသာ ရှိပေမယ့် သူ့ရဲ့ မိခင်ကိုယ်တိုင်က ကွန်မန်ဒိုတပ်သားအဖြစ် အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ ပါဝင်ဖို့အတွက် အားပေးခဲ့တယ်လို့ သိရပါတယ်။

“စစချင်းကတော့ အသက်ကလည်း ငယ်သေး၊ ကျောင်းသူလည်းဖြစ်တော့ အမေက စိတ်မချဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ အမေတို့ ရှေ့မှာတင် စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ပြည်သူတွေ ခံရတာ မြင်တော့ သူကိုယ်တိုင် ကျမကို ကွန်မန်ဒိုတယောက် ဖြစ်ဖို့ အားပေးခဲ့တယ်” လို့ ကျားပေါက်က ပြောပြတယ်။

အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ လူငယ်တွေကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာတွေ အပြင်၊ လူငယ်တွေနဲ့ ပတ်သက်တဲ့ မိဘတွေရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာ၊ မိသားစုဝင်တွေကို ဖမ်းဆီးထောင်ချတာတွေအထိ ရက်ရက်စက်စက် လုပ်ဆောင်နေတဲ့အချိန်မှာ ကျားပေါက်ရဲ့ အမေကိုယ်တိုင်ကတော့ မကြောက်မရွံ့ ကျားပေါက်ကို ကွန်မန်ဒို တယောက် ဖြစ်စေခဲ့တာပါ။

အမျိုးသမီး ကွန်မန်ဒိုတယောက်ဖြစ်ဖို့ အတွက် ခက်ခဲတဲ့ လေ့ကျင့်မှုတွေကို သာမန်ထက် ပိုပြီး ပြုလုပ်ရပါတယ်။ သက်လုံကောင်းစေဖို့ ပြေးတာ၊ ဒိုက်ထိုးရတာ၊ သစ်လုံးထမ်းတာ၊ ကြိုးဆွဲရတာ၊ မိချောင်းသွားရတာ၊ တောင်တက်တာ၊ ဆင့်ကဲသယ်ယူတာ စတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

အမျိုးသမီး ကွန်မန်ဒိုတယောက်ဖြစ်ဖို့ အတွက် ခက်ခဲတဲ့ လေ့ကျင့်မှုတွေကို သာမန်ထက် ပိုပြီး ပြုလုပ်ရပါတယ်။ သက်လုံကောင်းစေဖို့ ပြေးတာ၊ ဒိုက်ထိုးရတာ၊ သစ်လုံးထမ်းတာ၊ ကြိုးဆွဲရတာ၊ မိချောင်းသွားရတာ၊ တောင်တက်တာ၊ ဆင့်ကဲသယ်ယူတာ စတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

ဒါ့အပြင် ကျည်အစစ်နဲ့ လေ့ကျင့်တာတွေ၊ မိုင်းအစစ်ခွဲပြီး လေ့ကျင့်တာတွေ စတဲ့ စစ်ရေး လေ့ကျင်မှုတွေ ကိုလည်း လုပ်ဆောင်ရတယ်လို့ ကျားပေါက်က ပြောပြပါတယ်။

ကွန်မန်ဒို တပ်သားတယောက်ဖြစ်ဖို့အတွက် လေ့ကျင့်မှုတွေက ပင်ပန်းပေမယ့် မိခင်ရဲ့ အားပေးမှုတွေ၊ ကိုယ်နဲ့ရွယ်တူ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ရှေ့ဆက်ရမယ့် လမ်းပျောက်ခဲ့တာတွေ၊ ကိုယ်ရှေ့မှာတင် ရွာတွေမီးရှို့၊ လူတွေ သတ်နေတဲ့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အားတင်းရင်း ခက်ခဲတဲ့ လေ့ကျင့်မှုတွေကို ကျော်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ယမား PDF အမျိုးသမီး ကွန်မန်ဒိုများ

ကျားပေါက်လို ကွန်မန်ဒို အမျိုးသမီးတပ်သား တဦးဖြစ်သူ အသက် ၄၀ အရွယ် မစာဥက “ကျမကတော့ ဖေဖော်ဝါရီလ ၅ ရက်မှာ CDM စလုပ်ခဲ့တယ်၊ ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်။ အဲဒီအချိန်မှာပဲ သေနတ်တွေနဲ့ လိုက်ပစ်တာခံရတယ်။ ဆန္ဒပြတိုင်း သေနတ်နဲ့ပစ်လို့ ပြေးရတာက များတယ်။ အဲဒါကြောင့် ငါ ဒီလိုနေလို့ မဖြစ်ဘူး၊ လက်နက်ကိုင် တိုက်မှဖြစ်မယ်ဆိုပြီး ဝင်ခဲ့တာပဲ” လို့ ပြောပြပါတယ်။

ကုမ္ပဏီဝန်ထမ်းတယောက် ဖြစ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း လေ့ကျင့်မှုတွေက မစာဥအတွက် အသားမကျခဲ့ပါဘူး။
ဒါပေမယ့်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြလို့မဖြစ်တော့တဲ့ အခြေအနေကို သိသွားတဲ့ မစာဥအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒါကြောင့် မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထဲကို အမျိုးသမီး ကွန်မန်ဒို တပ်သားအဖြစ် ကျရာနေရာက တော်လှန်ဖို့ ဝင်ရောက်ခဲ့ပါတော့တယ်။

“သံယောဇဉ်တွယ်စရာ မောင်လေးနဲ့ ညီမလေးကိုတော့ ကိုယ့်ဖာသာ အဆင်ပြေအောင်နေကြ၊ တော်လှန်ရေးအောင်မှ မကြီးပြန်ခဲ့မယ်လို့ မှာခဲ့တယ်” လို့ မစာဥက ပြောပြပါတယ်။

အမျိုးသမီးတယောက် ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေနဲ့ ထိပ်တိုက် တိုက်ပွဲဝင်ရတဲ့အခါမှာ ကြောက်စိတ်ဝင်မိပေမယ့် သူတို့ကို ငါမသတ်ရင် သူတို့က ငါ့ကိုသတ်လိမ့်မယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်ခဲ့သလို၊ မစ်ရှင်တွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကွန်မန်ဒိုတပ်သားအဖြစ် ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာတွေက အရမ်းပင်ပန်းတဲ့အတွက် မိန်းကလေး သဘာဝ ဓမ္မတာကိစ္စနဲ့ ကြုံလာတဲ့အခါ လူရောစိတ်ရော ပင်ပန်းတဲ့ အချိန်တွေလည်းရှိခဲ့တယ်။

ကွန်မန်ဒိုတပ်သားအဖြစ် ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာတွေက အရမ်းပင်ပန်းတဲ့အတွက် မိန်းကလေး သဘာဝ ဓမ္မတာကိစ္စနဲ့ ကြုံလာတဲ့အခါ လူရောစိတ်ရော ပင်ပန်းတဲ့ အချိန်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူပါပဲ မြို့ပြမှာနေတဲ့သူအဖို့ လွတ်မြောက်နယ်မြေကို ရောက်စအချိန်မှာ မတူညီတဲ့ နေထိုင်မှုတွေ၊ ပင်ပန်းဆင်းရဲမှုတွေကြောင့် စိတ်ဓာတ်ကျတာတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း စစ်တပ်ရဲ့ ယုတ်မာမှုတွေကို ပြန်တွေးလိုက်ရင် ရအောင် ကျော်ဖြတ်ရမယ် ဆိုတဲ့ သတ္တိတွေရှိလာတယ်လို့ ဆိုလာသူကတော့ အမျိုးသမီးကွန်မန်ဒို ကြယ်လေးပဲ ဖြစ်ပါတယ်။

ကြယ်လေးကတော့ အသက် ၂၀ ကျော်အရွယ် ဆယ်တန်းအောင်ပြီးခါစ ကျောင်းသူတယောက် ဖြစ်ပြီး မိဘကို လုပ်ကျွေးဖို့အတွက် ဂျပန်နိုင်ငံကို ထွက်ခွာဖို့ ရန်ကုန်မြို့မှာ ဂျပန်စာသင်နေဆဲမှာပဲ စစ်တပ်အာဏာသိမ်းတာကို ကြုံတွေ့ခဲ့ရတာပါ။
ရှေ့ဆက်ဖို့ ဝေဝါးသွားတဲ့ ကြယ်လေးတယောက် ရွာကို ပြန်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး အဲဒီကမှတဆင့် အိမ်ကထွက်ပြေးပြီး လက်နက်ကိုင် တော်လှန်တဲ့လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ယမား PDF အမျိုးသမီး ကွန်မန်ဒိုများ

အသေးစား စစ်ဆင်ရေးတွေမှာ အတွေ့အကြုံရှိခဲ့ပြီး တိုက်ပွဲကြီးတွေမှာ ပါဝင်တိုက်ခိုက်နိုင်ဖို့လည်း အမျိုးသမီးကွန်မန်ဒိုတွေက မျှော်လင့်နေကြပြီး လက်ရှိမှာတော့ လက်နက်မပြည့်စုံမှုတွေကြောင့် အခက်အခဲတွေလည်း ရှိနေပြန်ပါတယ်။

“ကျနော်တို့ မြောက်ယမားတပ်ဖွဲ့မှာတော့ ကြီးသည်ငယ်သည်ဖြစ်စေ အမျိုးသမီး ကွန်မန်ဒိုရွေးချယ်တဲ့နေရာမှာ ခွဲခြားမှု မရှိပါဘူး။ ဒါပေမယ့် အာဏာရှင်ကို အမှန်တကယ် တော်လှန်ချင်တဲ့စိတ်ရှိပြီး ပါဝင်နိုင်မယ့် သူဆိုရင် ရွေးချယ်ခဲ့တာပါ” လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ကိုခန့်က ပြောပြပါတယ်။

ကွန်မန်ဒို တပ်သားတွေဟာ ပုံမှန်ထက် ပိုတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ရသလို၊ စားသောက်နေထိုင်တဲ့ အခါမှာလည်း ပုံမှန်ထက် ဆင်းရဲခံနိုင်မယ့် သူမျိုးကိုသာ ရွေးချယ်တာဖြစ်ပြီး အမျိုးသမီးစစ်သည်တော် ၁၀၀ ကျော်ရှိတဲ့အနက် ၅၀ ကို အမျိုးသမီး ကွန်မန်ဒိုတွေအဖြစ် ရွေးထုတ် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် စနစ်ကို တော်လှန်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အင်အားကိုလည်း ပါဝင်စေချင်တာကြောင့် အခုလို ထူးချွန်တဲ့ အမျိုးသမီး ကွန်မန်ဒိုတွေကို ထပ်မံ ရွေးချယ်ပြီး ဖွဲ့စည်းဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

“အခုလို အမျိုးသမီးတွေလည်း အမျိုးသားတွေ နည်းတူ ပစ်နိုင်ခတ်နိုင်တယ်။ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်တယ်။ သူတို့မှာ အမျိုးသမီး၊ အမျိုးသားဆိုတဲ့ ခံယူချက်ပဲရှိတယ်၊ အားလုံးက အတူတူပဲ။ ဒီအပေါ်မှာ ပူးပေါင်းပါဝင်လာတာကို ကြိုဆိုပါတယ်။ ဝမ်းသာအားရမိတယ်”

ကိုခန့်က “အခုလို အမျိုးသမီးတွေလည်း အမျိုးသားတွေ နည်းတူ ပစ်နိုင်ခတ်နိုင်တယ်။ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်တယ်။ သူတို့မှာ အမျိုးသမီး၊ အမျိုးသားဆိုတဲ့ ခံယူချက်ပဲရှိတယ်၊ အားလုံးက အတူတူပဲ။ ဒီအပေါ်မှာ ပူးပေါင်းပါဝင်လာတာကို ကြိုဆိုပါတယ်။ ဝမ်းသာအားရမိတယ်” လို့ ပြောပြပါတယ်။

ကျား၊ မ ကွဲပြားချက်ကလွဲ၍ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တချို့အမျိုးသမီးစစ်သည်တွေ၊ ကွန်မန်ဒိုတပ်သားတွေဟာ အမျိုးသားတွေ မလုပ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ လုပ်ဆောင်တာကို တွေ့ရတာမျိုးတွေအထိ ရှိတယ်လို့ သူက ဆိုပါတယ်။
အမျိုးသမီး PDF ပဲဖြစ်ဖြစ်၊ ကွန်မန်ဒိုပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးထဲ ရောက်လာတဲ့ အမျိုးသမီးတိုင်းရဲ့ ရည်မှန်းချက်ကတော့ စစ်အာဏာရှင် စနစ်ကို အဆုံးသတ်စေဖို့ပါ။

မြောက်ယမား PDF အမျိုးသမီး ကွန်မန်ဒိုများ

ဒါကြောင့်လည်း ပုံပန်းသဏ္ဍာန်အရ အားနွဲ့တယ်လို့ ထင်ရတဲ့ အမျိုးသမီးတွေဟာ သူတို့လက်နဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့ ပန်းခင်းသော လမ်းကနေ ခယောင်းလမ်းကို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ကြပါတယ်။

ဒီအတွက်လည်း အာဏာရှင်ကို ကျဆုံးအောင် လုပ်နိုင်မယ်ဆိုတဲ့ ထက်သန်တဲ့စိတ်နဲ့ ယုံကြည်ထားကြသလို၊ လက်မလျှော့ဘဲ ကြိုးစားသွားမယ်လို့ အမျိုးသမီး ကွန်မန်ဒို တပ်သားတွေက ဆိုပါတယ်။

တချို့တွေက တော်လှန်ရေးအတွက် အသက်အန္တရာယ်တွေကြား၊ အခက်အခဲတွေကြားက စွန့်နိုင်သမျှ စွန့်ပြီး လုပ်ဆောင်နေကြချိန်မှာ တချို့တွေက မြို့ပေါ်မှာ သွေးအေးနေတာကို တွေ့ရတဲ့အခါ စိတ်ဓာတ် ကျချင်တာမျိုးအထိ ဖြစ်ခဲ့ရတယ်လို့ ပြောကြပါတယ်။

“စစ်တပ်က လူစိတ်မရှိဘူး။ ကိုယ့်ရဲ့ ပြည်သူတွေကို မတရား ညှင်းပန်းနှိပ်စက်နေတာ။ ကိုယ်မသတ်ရင် သူတို့က သတ်မှာလေ။ ဒါကြောင့် ခွေးတွေလို့ သတ်မှတ်ပြီး တိုက်ထုတ်သွားမယ်”

ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ သွေးအေးမနေဘဲ၊ နိုင်တဲ့နေရာက ဝိုင်းဝန်းကူညီဖို့ တိုက်တွန်းသလို၊ တော်လှန်ရေး မှာပါဝင်နေတဲ့ ဘဝတူအမျိုးသမီး PDF တွေ၊ ကွန်မန်ဒိုတွေကိုလည်း စိတ်ဓာတ်မကျဖို့ အားပေးပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တော်လှန်သွားမယ်လို့ ကျားပေါက်က ပြောပြပါတယ်။

“စစ်တပ်က လူစိတ်မရှိဘူး။ ကိုယ့်ရဲ့ ပြည်သူတွေကို မတရား ညှင်းပန်းနှိပ်စက်နေတာ။ ကိုယ်မသတ်ရင် သူတို့က သတ်မှာလေ။ ဒါကြောင့် ခွေးတွေလို့ သတ်မှတ်ပြီး တိုက်ထုတ်သွားမယ်” လို့ သူက ပြောဆို လိုက်ပါတယ်။

You may also like these stories:

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ

စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

Your Thoughts …
Tags: PDFစစ်ကိုင်းတိုင်းနွေဦးတော်လှန်ရေးမြောက်ယမားတပ်ဖွဲ့လွတ်မြောက်နယ်မြေအမျိုးသမီးကွန်မန်ဒိုအာဏာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
KNU ဗဟို၏ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီး / KIC

အပစ်အခတ်ရပ်စဲရေးပြောပြီး တပ်တွေ နင်းကန်လွှတ်နေတာ

ရန်ကုန်မြို့ သာကေတ သီတာ ၂ ဓာတ်အားလိုင်း ပြုပြင်မှုများ ပြုလုပ်နေစဉ်  / YESC

အချိန်ပိုင်းမီးပေးစနစ် မေလအထိရှိနိုင်ဟု စစ်ကောင်စီပြော

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate