၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခြင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာကို ငမ်းဖမ်းနေသော စိတ်နှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း မြန်မာပြည်သူ အတော်များများက ယုံကြည်ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုကို အကြမ်းဖက် ဖြိုခွဲမှုများကလည်း သူ့ထံမှ တိုက်ရိုက်အမိန့်ကြောင့်ဟု ယုံကြည်နေကြပြီး ပြည်သူလူထုက ခါးခါးသီးသီး မုန်းတီးသွားခဲ့သည်။
ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များသည် စစ်ရာဇဝတ်မှုများအား လက်လွတ်စပယ် စည်းမရှိကမ်းမရှိ အထိန်းအကွပ်မရှိ အကြမ်းအဖက်အဖွဲ့အစည်း တခုအသွင် ဖြစ်လာသည်မှာ ခေါင်းဆောင်လုပ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် များစွာသက်ဆိုင်ပေသည်။
အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာတချို့ကို ဖော်ပြချင်သည်။
ကျေးဇူးမသိတတ်သောသူ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် (DSA ) တက်ရောက်ရန် လျှောက်လွှာတင်သည့်အခါ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် က ထောက်ခံစာ ရေးပေးခဲ့သည်။
ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များသည် စစ်ရာဇဝတ်မှုများအား လက်လွတ်စပယ် စည်းမရှိကမ်းမရှိ အထိန်းအကွပ်မရှိ အကြမ်းအဖက်အဖွဲ့အစည်း တခုအသွင် ဖြစ်လာသည်မှာ ခေါင်းဆောင်လုပ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် များစွာသက်ဆိုင်ပေသည်။
ထိုအချိန်က စစ်တက္ကသိုလ်တက်ရောက်ရန် လျှောက်လွှာတင်သည့်အခါ ပြန်တမ်းဝင်အရာရှိတဦး၏ ထောက်ခံစာပါရှိရန် လိုအပ်သည်။
ဦးဝင်းအောင်သည် တပ်မတော်တွင် အရည်အချင်းရှိသော အရာရှိတဦးဖြစ်သည်။ စစ်ထောက်လှမ်းရေးတွင် တာဝန်ထမ်းခဲ့ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရလက်ထက်တွင် ဦးဝင်းအောင်ကို နိုင်ငံခြားရေးဝန်ကြီးတာဝန် ပေးခဲ့သည်။
ဦးဝင်းအောင်သည် ထားဝယ်မြို့တွင် နေထိုင်ကြီးပြင်းခဲ့သူဖြစ်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိဘများသည်လည်း ထားဝယ်ဇာတိသားများ ဖြစ်ကြသည်။ သူတို့အချင်းချင်းလည်း ရင်းနှီးသူများ ဖြစ်ကြသည်ဟု ဆိုကြသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်တက်ရန် လျှောက်လွှာတင်သည့်အခါ လိုအပ်နေသော ပြန်တမ်းဝင်အရာရှိတဦး၏ ထောက်ခံစာတွင် ဦးဝင်းအောင်က လက်မှတ်ရေးထိုးပေးခဲ့သည်။
ထိုအချိန်က တပ်မတော်တွင် နာမည်ကောင်းရှိသော ဦးဝင်းအောင်လို အရာရှိတဦး၏ ထောက်ခံစာမှာ စစ်တက္ကသိုလ်တက်မည့် မင်းအောင်လှိုင်အတွက် များစွာ အထောက်အကူဖြစ်ခဲ့သည်။ တနည်းအားဖြင့် ဆိုရသော် ဦးဝင်းအောင်သည် လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် ကျေးဇူးပြုဖူးသူတဦးဟု ဆိုနိုင်သည်။
သို့သော် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အခါ သူစစ်တက္ကသိုလ်တက်ရန် ထောက်ခံစာ ရေးပေးခဲ့သည့် ဦးဝင်းအောင်၏သား ဦးသောင်းစုငြိမ်းအား အာမခံပေး၍ မရသောပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။ ထို့အပြင် ဦးသောင်းစုငြိမ်း ထူထောင်ထားသော 7Day မီဒီယာကိုပါ တရားစွဲခဲ့သည်။
7Day သတင်းစာအနေဖြင့် သူရဦးရွှေမန်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသော စာသားအား သတင်းအဖြစ် ပြန်လည် ရေးသားဖော်ပြခြင်းကြောင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။ သူရဦးရွှေမန်းသည် သူနှင့်အတူ စစ်တက္ကသိုလ် အတူတက်ခဲ့သူများအား ရွေးကောက်ခံ ပြည်သူ့အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းသည့်စာအား သူ့ဖေစ်ဘွတ်တွင် ရေးသားခဲ့သည်။
သူရဦးရွှေမန်း ရေးသားထားသော စာအား 7Day သတင်းစာမှ သတင်းအဖြစ် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။ သတင်းအချက်အလက် အနေဖြင့် မှားယွင်းမှု မရှိပေ။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အဆိုပါ သတင်းဖော်ပြသော 7Day မီဒီယာ၏ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူ သတင်းထောက်တို့အား တရားစွဲဆိုရန် ရန်ကုန်တိုင်း၊ ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူအပေါ် ကျေးဇူးရှိဖူးသူ၏ မိသားစုဝင်ကို မစောင့်ရှောက်သည့်အပြင် အာမခံပေး၍ မရသည့်ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ထိုဖြစ်ရပ်ကိုသိသော ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျေးဇူးမသိတတ်သူဟု မှတ်ချက်ပြုခဲ့သည်။
ပြန်ပေးဆွဲသည့် အလေ့အကျင့်ရှိသူ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၃၉၆) တွင် တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။
ထိုစဉ်က ဗိုလ်မှူး မင်းအောင်လှိုင်သည် တပ်ရင်းမှူးအဖြစ် ခြေမြန်တပ်ရင်း (၃၆၉) တွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က ထိုတပ်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးတဦး၏ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အား ဖမ်းဆီးအချုပ်ချထားခဲ့သည်။
မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အခါ သူစစ်တက္ကသိုလ်တက်ရန် ထောက်ခံစာ ရေးပေးခဲ့သည့် ဗိုလ်ချုပ် ဝင်းအောင်၏သား ဦးသောင်းစုငြိမ်းအား အာမခံပေး၍ မရသောပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။ ထို့အပြင် ဦးသောင်းစုငြိမ်း ထူထောင်ထားသော 7Day မီဒီယာကိုပါ တရားစွဲခဲ့သည်။
ခမရ (၃၉၆) တပ်ရင်းသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် – ကလေး ( ဒကစ – ကလေး ) အောက်တွင် ရှိသည်။ ဗိုလ်မှူး မင်းအောင်လှိုင် အဆိုပါ ခြေမြန်တပ်ရင်း (၃၆၉) တွင် တပ်ရင်းမှူး တာဝန်ထမ်ဆောင်စဉ်က ဒစက (ကလေး) ၏ ဗျူဟာမှူးမှာ ဗိုလ်မှူးကြီး ကျော်သူဖြစ်ပြီး တပ်မမှူးမှာ ဗိုလ်မှူးချုပ် သူရဦးအောင်ကို ဖြစ်သည်။
ဗိုလ်မှူးကြီး ကျော်သူသည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး သင်တန်းကျောင်း ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဖြစ်သည်။
ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူသည် အမှတ် (၃၆၉) တပ်ရင်းအား ပုံမှန်တပ်စစ်ဆေးရန် လာသည့်အခါ တပ်ရင်းအချုပ်ခန်းထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို တွေ့ရှိခဲ့သည်။
အဆိုပါ အမျိုးသမီးအား ဘာကြောင့် အချုပ်ချထားသနည်းဟု ဗိုလ်မှူးကြီး ကျော်သူက မေးသည့်အခါ ယောက်ျားဖြစ်သူ တပ်ကြပ်ကြီးစာရေးမှာ လစာငွေများ ထုတ်မပေးဘဲ ထွက်ပြေးသွားသည့်အတွက် သူဇနီးအား အချုပ်ချထားရခြင်းဖြစ်ကြောင်း တပ်ရင်းမှူး ဗိုလ်မှူး မင်းအောင်လှိုင်က ရှင်းပြခဲ့သည်ဟု ထိုအချိန်က အဆိုပါတပ်တွင် တာဝန်ထမ်းခဲ့သူ အရာရှိတစ်ဦးက ပြန်ပြောပြသည်။
“ဗိုလ်မှူးကြီး ကျော်သူက မလုပ်ကောင်းတာတွေ မလုပ်နဲ့ကွာ၊ ယောက်ျားထွက်ပြေးလို့ မိန်းမကို ဖမ်းတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး၊ အခုလွှတ်ပေးလိုက်လို့ပြောမှ လွှတ်ပေးလိုက်တာ” ဟု ထိုအချိန်က အမှတ် (၃၆၉) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူ အရာရှိတစ်ဦးက ပြန်ပြောပြသည်။
အဆိုပါ အမျိုးသမီးသည် အချုပ်ထဲတွင် တလကျော် နေထိုင်ခဲ့ရပြီး ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ကျော်သူမှ လွှတ်ခိုင်း၍သာ အဆိုပါအမျိုးသမီးမှာ အချုပ်အနှောင်မှ လွတ်သွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရာရှိငယ်ဘဝကတည်းက ထိုကဲ့သို့ ပြန်ပေးဆွဲသည့် အလေ့အထရှိသူ ဖြစ်သည်။ သူ့တွင် လူသားဆန်သည့်စိတ် မရှိသူဟုလည်း ဆိုနိုင်သည်။
ဗိုလ်မှူး မင်းအောင်လှိုင်သည် တပ်ရင်းမှူးအဖြစ် ခြေမြန်တပ်ရင်း (၃၆၉) တွင် တာဝန် ထမ်းဆောင်ခဲ့စဉ် ထိုတပ်တွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီးတဦး၏ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်အား ဖမ်းဆီးအချုပ်ချထားခဲ့သည်။
ထိုကဲ့သို့ စိတ်နေစိတ်ထားရှိသူသည် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများအား ဖမ်းဆီးရာတွင် ယောက်ျားဖြစ်သူကို မတွေ့သည့်အခါ အမျိုးသမီးအား ဖမ်းဆီးရန်၊ ဆန္ဒပြသည့် သားသမီးများအား ဖမ်းဆီးမရသည့်အခါ မိဘဖြစ်သူများအား ဖမ်းဆီးချုပ်နှောင်ရန် အမိန့်ပေးလာခဲ့သည်။ ထို့ကဲ့သို့သော ဖြစ်ရပ်မျိုး နွေးဦးတော်လှန်ရေးတွင် များစွာဖြစ်ပေါ်ခဲ့သည်။
စီးပွားရေးသောင်းကျန်းသူ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေး ဦးစီးချုပ်များထဲတွင် စီးပွားရေး အသောင်းကျန်းဆုံးသူဟု အငြိမ်းစား တပ်မတော်အရာရှိကြီး အချို့က မှတ်ချက်ပြုကြသည်။
မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်များသည် စစ်တပ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများကို သူတို့ကိုယ်တိုင် တိုက်ရိုက်လုပ်ကိုင်လေ့ မရှိကြပေ။ ထို့အပြင် သားသမီးများကို တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများအား တိုက်ရိုက်လုပ်ပိုင်ခွင့် မပေးခဲ့ကြပေ။ နိုင်ငံတော်မှ လစာပေးထားသော စစ်သည်များအား သူတို့၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် အလုပ်ခိုင်းလေ့ မရှိကြပေ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုများသည်ပင်လျှင် တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများအား တိုက်ရိုက်လုပ်ပိုင်ခွင့် မပေးခဲ့ပေ။ သို့သော် တပ်နှင့်ပတ်သော လုပ်ငန်းများလုပ်ကိုင်သည့် သူများ၏ ကုမ္ပဏီများတွင် ရှယ်ယာပါဝင်ခြင်း သို့မဟုတ် ကော်မရှင်ယူခြင်းသာ လုပ်ဆောင်ခဲ့ကြသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သူကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်း တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများအား သူ့သားနှင့်သမီးမှ ကုမ္ပဏီထောင်ကာ တိုက်ရိုက် လုပ်ကိုင်လာကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားသမီးများ လုပ်ကိုင်နေသော စစ်တပ်နှင့် ပတ်သက်သည့် လုပ်ငန်းများစွာ ရှိသည်။ လူသိများ ထင်ရှားသည့်လုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ အသက်အာမခံလုပ်ငန်းနှင့် ဆေးရုံ လုပ်ငန်းတို့ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများအား ဖမ်းဆီးရာတွင် ယောက်ျားဖြစ်သူကို မတွေ့သည့်အခါ အမျိုးသမီးအား ဖမ်းဆီးရန်၊ ဆန္ဒပြသည့် သားသမီးများအား ဖမ်းဆီးမရသည့်အခါ မိဘဖြစ်သူများအား ဖမ်းဆီးချုပ်နှောင်ရန် အမိန့်ပေးလာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်း စစ်သားများသည် အောင်မြင့်မိုရ်မင်း အာမခံလုပ်ငန်းတွင် အသက်အာမခံ ထားကြရသည်။ အောင်မြင့်မိုရ်မင်း အာမခံလုပ်ငန်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ပိုင်ဆိုင်သော အာမခံလုပ်ငန်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများထဲတွင် အာမခံလုပ်ငန်းသည် အကျိုးအမြတ်ရှိသော လုပ်ငန်းတခုလည်း ဖြစ်သည်။
ရန်ကုန်မြို့၊ ၆ မိုင်ခွဲရှိ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော ကန်သာယာဆေးရုံသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သား ပိုင်ဆိုင်သော ဆေးရုံဖြစ်သည်။ အဆိုပါ ဆေးရုံသည် တပ်ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းလည်း ဖြစ်သည်။
ထို့အပြင် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၉၀ ရာခိုင်နှုန်းသည် စစ်တပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုများသည် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး နိုင်ငံတော်မှ လစာပေးထားရသူများ ဖြစ်သည်ဟု စစ်ဆေးဆရာဝန် အသိုင်းအဝိုင်းက ပြောသည်။
တပ်မတော်အတွက် နိုင်ငံခြားမှ ဝယ်ယူသော ပစ္စည်းများကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သား ပိုင်ဆိုင်သော ကုမ္ပဏီများက တင်သွင်းခဲ့သည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး ငါးနှစ်အတွင်းမှာပင် သူ့သားနှင့်သမီးမှာ မြန်မာပြည်၏ ထိပ်တန်းခရိုနီစာရင်းတွင် ပါဝင်လာခဲ့သည်။
ကန်သာယာဆေးရုံအနေဖြင့် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုများအား ဆေးရုံမှရရှိသော ဝင်ငွေများထဲမှ ရာခိုင်နှုန်းတခုသာ ပြန်ပေးသည်။ အချို့သော ဝန်ထမ်းများအား ဆေးရုံမှ ရုံးသွားရုံးပြန် ကားစီစဉ်ပေးသည်။ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော အထူးကုဆရာဝန်သည် စမ်းသပ်ခအဖြစ် လူနာတဦးလျှင် မြန်မာကျပ်ငွေ ၅၀၀ နှင့် ၁,၀၀၀ ကြားသာ ရရှိကြသည်ဟုလည်း ထိုဆေးရုံတွင် တာဝန်ထမ်းနေသော အထူးကု ဆရာဝန်တဦးက ဆိုသည်။ ပြင်ပ ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင်မူ စမ်းသပ်ခအဖြစ် ကျပ် ၅,၀၀၀ မှ ၈,၀၀၀ ကြား ရရှိကြသည်။
သို့သော်လည်း အဆိုပါဆေးရုံးတွင် တာဝန်ထမ်းဆောင်ရသော ဆရာဝန်၊ သူနာပြုများအနေဖြင့် တပ်ထဲတွင် မနေရခြင်း၊ ရန်ကုန်မြို့တွင် နေရသဖြင့် တခြားသော ဆေးရုံဆေးခန်းများတွင် အလုပ်လုပ်ခွင့်ရရှိခြင်း၊ ဆေးရုံးလာတက်သည့် စစ်တပ်မှအရာရှိကြီးများနှင့် ရင်းနှီးခွင့်ရခြင်းတို့ကြောင့် ကန်သာယာဆေးရုံတွင် အလုပ် လုပ်ချင်ကြသည်။
သို့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တဦး အနေဖြင့် သူ့သားသမီးများ ပိုင်ဆိုင်သော ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသော ဆရာဝန်သူနာပြုများအား စစ်တပ်မှ လစာပေးနေရသည်မှာ မလုပ်သင့်သောကိစ္စ ဖြစ်သည်ဟု အငြိမ်းစား တပ်မတော်အရာရှိဟောင်းများက ဆိုသည်။
ကန်သာယာဆေးရုံကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီး ပိုင်ဆိုင်သော မိုးကောင်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုများကိုလည်း နိုင်ငံတော်မှ လစာပေးထားရသည်။ အဆိုပါ ဆေးရုံနှစ်ရုံ ဆောက်ထားသည့် မြေနေရာသည်လည်း တပ်မတော်ပိုင်မြေနေရာများ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်း စစ်သားများသည် အောင်မြင့်မိုရ်မင်း အာမခံလုပ်ငန်းတွင် အသက်အာမခံ ထားကြရသည်။ အောင်မြင့်မိုရ်မင်း အာမခံလုပ်ငန်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ပိုင်ဆိုင်သော အာမခံလုပ်ငန်း ဖြစ်သည်။
အဆိုပါ ဆေးရုံလုပ်ငန်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားများ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများစွာထဲက ထင်ရှားသော လုပ်ငန်းတခုသာ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည့်အချိန်ကစ၍ တပ်နှင့်ပတ်သက်သော ဆောက်လုပ်ရေးလုပ်ငန်း အများစုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သား ပိုင်ဆိုင်သော Same Sky ဆောက်လုပ်ရေးကုမ္ပဏီမှ လုပ်ကိုင်ခဲ့သည်။
တပ်မတော်အတွက် နိုင်ငံခြားမှ ဝယ်ယူသော ပစ္စည်းများကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သား ပိုင်ဆိုင်သော ကုမ္ပဏီများက တင်သွင်းခဲ့သည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး ငါးနှစ်အတွင်းမှာပင် သူ့သားနှင့်သမီးမှာ မြန်မာပြည်၏ ထိပ်တန်းခရိုနီစာရင်းတွင် ပါဝင်လာခဲ့သည်။
နိုင်ငံတခု၏ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသာ အကြီးအကဲသည် ယခုကဲ့သို့ စီးပွားရေးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်နေခြင်းမှာ ထိုစစ်တပ်နှင့် နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးသည်ဟု လေ့လာသူများက ဆိုကြသည်။ စစ်တပ်တခု၏ အကြီးအကဲများသည် စီးပွားရေးလုပ်ငန်းတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေပါက ထိုစစ်တပ်၏ အရည်အသွေးနှင့် ဂုဏ်သိက္ခာပါ သိသိသာသာ ကျဆင်းလာတတ်သည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။
(ပေါ်ထွန်းသည် အကြီးတန်း မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း
တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ
မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံခရီးစဉ်အတွင်း စီမံကိန်းတချို့ လက်သိပ်ထိုးပေးခဲ့
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ