• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တိုင်းပြည်အေးချမ်းသယောင် ဟန်ပြမယ့် စစ်ကောင်စီ သင်္ကြန်ပွဲ

by ဧရာဝတီ
27 March 2022
in ဆောင်းပါး
A A
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မြို့တော်ဝန် ဗဟိုမဏ္ဍပ်ကို မတ် ၂၁ ရက်နေ့ မနက်ပိုင်းက စတင် ဆောက်လုပ်ခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မြို့တော်ဝန် ဗဟိုမဏ္ဍပ်ကို မတ် ၂၁ ရက်နေ့ မနက်ပိုင်းက စတင် ဆောက်လုပ်ခဲ့သည်။

10.8k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်-၁၉ ရောဂါနှင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ၂၀၂၀ ပြည့်နှစ်ကစပြီး မကျင်းပနိုင်ခဲ့သည့် မြန်မာ့ယဉ်ကျေးမှု၏ အထင်ကရပွဲတော်၊ မြန်မာလူမျိုးတို့၏ အရေးကြီးပွဲတော် ဖြစ်သော သင်္ကြန်ပွဲကို မကျင်းပရသည်မှာ ၂ နှစ်ကျော်ကြာပြီးနောက် အာဏာသိမ်း စစ်ကောင်စီက ယခုနှစ်တွင် ကျင်းပရန် ကြံစည်နေပြီ ဖြစ်သည်။

နိုင်ငံအနှံ့တွင် တိုက်ပွဲများဖြစ်ကာ နေရာအများစုတွင် လေကြောင်း တိုက်ခိုက်မှုများ၊ အိုးအိမ်များ မီးရှို့၊ မြို့ပြတွင် ဗုံးပေါက်ကွဲမှုများ အစရှိသဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံအနှံ့ မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီသည် သင်္ကြန်ပွဲ ကျင်းပရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

RelatedPosts

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
694
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.4k
ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

22 May 2025
1.4k

သို့သော်လည်း တနိုင်ငံလုံးရှိ ပြည်သူများသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုဒဏ်၊ ကုန်ဈေးနှုန်း ကြီးမြင့်သည့် ဒဏ်များကို ခံရသည့်အပြင် စစ်ကောင်စီ ကျင်းပပေးမည့် သင်္ကြန်ပွဲတော်ကို ပူးပေါင်းပါဝင်လိုခြင်း မရှိကြောင်း ဧရာဝတီက မေးမြန်းခဲ့သည့် ပြည်သူအများစုက ဆိုကြသည်။

အာဏာသိမ်း စစ်ကောင်စီသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးတချို့၌ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရန် စည်းရုံးသိမ်းသွင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

နိုင်ငံအနှံ့ မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီသည် သင်္ကြန်ပွဲ ကျင်းပရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မန်းသင်္ကြန်ကို ပြုလုပ်သွားမည်ဟု မတ် ၁၅ ရက်က မန္တလေး နေ့စဉ် သတင်းစာတွင် ထုတ်ပြန် ကြေညာခဲ့သလို မတ် ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့၌ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး အစည်းအဝေးကို မြို့တော်ခန်းမ၊ စည်ပင်သာယာရေး ကော်မတီတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မြို့တော်ဝန် ဗဟိုမဏ္ဍပ်ကို မတ် ၂၁ ရက်နေ့ မနက်ပိုင်းက စတင် ဆောက်လုပ်ခဲ့သည်။ တခြားသော စီးပွားဖြစ် မဏ္ဍာပ်များ ဆောက်လုပ်နေသည်ကို မတွေ့ရသေးသော်လည်း ရန်ကုန်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်ရန် စီစဉ်ထားကြောင်း မတ်လ ၂၂ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတဦးက “လောလောဆယ်တော့ ဗဟိုမဏ္ဍာပ်ကို မဖြစ်မနေ အရင်ဆောက်နေတာ။ နောက်ထပ် မဏ္ဍာပ်တွေကတော့ အားလုံး ပူးပေါင်းပါဝင်မှုအပေါ်မှာ မူတည်ပြီး ဖြစ်လာမှာဆိုတော့ ပြောလို့ မရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

ထိုနည်းတူ မန္တလေးမြို့တွင်လည်း မန္တလေးမြို့တော်ဝန် ဗဟိုမဏ္ဍာပ် ဆောက်လုပ်နေပြီး မန္တလေး သင်္ကြန်ဖွင့်ပွဲ ပိတ်ပွဲအတွင်း ကျုံးရေပြင်၌ လောင်းလှေများဖြင့် ရေကစားမည့် အစီအစဉ်ကိုပါ ထည့်သွင်းထားကြောင်း မန္တလေး ဒေသခံများထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးတချို့၌ သင်္ကြန်ပွဲတော် ကျင်းပနိုင်ရန် စည်းရုံးသိမ်းသွင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့၌ သင်္ကြန်ကာလ ပွဲတော်များ ကျင်းပနိုင်ရေး အစည်းအဝေးများကို မတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ဆွဲဆောင်သော်လည်း ဂီတသမားများ မပူးပေါင်းလို

စစ်ကောင်စီ ပြုလုပ်မည့် ရန်ကုန်သင်္ကြန်ပွဲတွင် အနုပညာ ဖျော်ဖြေမှုလည်း ပါဝင်ဖွယ်ရှိကာ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က မဟာသင်္ကြန် ရေသဘင် ဗဟိုမဏ္ဍာပ်အတွက် ယိမ်းအကပြိုင်ပွဲများ ပြုလုပ်ရန် စာသင်ကျောင်းများ၊ အစိုးရ ရုံးဌာနများနှင့် အလွတ်တမ်း ယိမ်းကသူများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များကို သတင်းစာများမှတဆင့် လျှောက်လွှာခေါ်ယူခဲ့သည်။

သို့သော်လည်း စိတ်ပါဝင်စားသူ မည်မျှရှိသည်ကိုမူ မသိရပေ။ ယင်းအပြင် မြန်မာနိုင်ငံရှိ နာမည်ကြီး ဂီတသမားများကိုလည်း ငှားရမ်းထားခြင်း မရှိသေးဟု ၎င်းတို့ထံမှ သိရသည်။

“ကျနော်တို့ကို ငှားရင်လည်း ဆိုဖြစ်မှာ မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသည့် ဂီတသမားတဦးက ဧရာဝတီကို ပြောသည်။

၂၀၁၉ ခုနှစ် ရန်ကုန်လမ်းလျှောက် သင်္ကြန်

အမှန်ဆိုလျှင် ဂီတ အနုပညာရှင်များ၏ ငွေကြေးရှာဖွေမှု ရင်းမြစ်တွင် သင်္ကြန်သည်လည်း အရေးကြီးသည့် ပွဲတော်တခု ဖြစ်သည်။ ၂ နှစ်တိုင်တိုင် သင်္ကြန် မကျင်းပခဲ့သော်လည်း အဆိုပါ ဂီတသမားက ငှားလျှင်လည်း ဆိုမည် မဟုတ်ဟု ပြောခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြည်သူများ စိတ်ညစ်နေချိန်တွင် သင်္ကြန်ပွဲတော်နှင့်အတူ ဂီတဖျော်ဖြေပွဲများ မလုပ်စေချင်ကြောင်း ယင်းဂီတသမားက ဆိုသည်။

“ပြည်သူတွေကို တကယ်ပျော်စေချင်ရင် ဖမ်းဆီးထားတဲ့သူတွေ လွှတ်ပေးတာမျိုး၊ အဲဒါမှပဲ တကယ် ပျော်နိုင်မှာ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလ မတိုင်ခင် နှစ်စဉ် ကျင်းပခဲ့ကြသည့် EDM

(Electronic Dance Music) မဏ္ဍာပ် စီစဉ်သူ အများစုကလည်း ယခုနှစ်တွင် စစ်ကောင်စီ ဦးဆောင် ပြုလုပ်မည့် သင်္ကြန်ကို ပါဝင်လိုသည့် ဆန္ဒ မရှိဟု ဆိုကြသည်။ ယခုနောက်ပိုင်း နှစ်များတွင် EDM သည် လူငယ်များအကြား ခေတ်စားလာပြီး သင်္ကြန်အတွက် လူငယ်များ၏ ဖျော်ဖြေမှု ပြယုဂ်တခု ဖြစ်လာခဲ့သည်။

“Organizer group တွေ ဒီနှစ်မှာ ဘယ်သူမှ လုပ်ဖို့ အစီအစဉ် မရှိဘူး။ Risk ကလည်း အရမ်း များတယ်။ ဒီလို အချိန်မျိုးမှာ ဒါမျိုးပွဲလုပ်ဖို့ မအပ်စပ်ဘူးဆိုတာ တော်တော်များများ သိကြတယ်” ဟု EDM ပွဲများနှင့် နီးစပ်သည့် လူငယ်တဦးက ပြောသည်။

အမှန်ဆိုလျှင် ဂီတ အနုပညာရှင်များ၏ ငွေကြေးရှာဖွေမှု ရင်းမြစ်တွင် သင်္ကြန်သည်လည်း အရေးကြီးသည့် ပွဲတော်တခု ဖြစ်သည်။

စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်ပွဲတော်နှင့် ပတ်သက်၍လည်း ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် နိုင်ငံကျော် DJ artist ဒီဂျေဝိုင်းက ဧရာဝတီကို ယခုကဲ့သို့ မှတ်ချက် ပြုသည်။

“ချောင်းသာ၊ ငွေဆောင်၊ ငပလီ အဲဒီလို နေရာမျိုးတွေမှာ ပွဲတွေ လုပ်လာမယ်လို့ ကျနော် ထင်တယ်။ အဲဒါတွေကို ကျနော်တို့ တားဆီးလို့ မရဘူး။ စစ်ကောင်စီက သင်္ကြန် မဏ္ဍပ်တွေ လုပ်တာ တပိုင်းပေါ့” ဟု ဒီဂျေ ဝိုင်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီ ပြုလုပ်မည့် နေပြည်တော် သင်္ကြန်ပွဲသို့ လာရောက် ဖျော်ဖြေရန် ကမ်းလှမ်းခံရသည့် စင်ကာပူအခြေစိုက် DJ အဖွဲ့ Rave Republic သည် မြန်မာပြည်သူများ၏ ကန့်ကွက်မှုများကြောင့် ၎င်းတို့ ဖျော်ဖြေမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

စစ်ကောင်စီ သင်္ကြန်ပွဲ လုံခြုံရေးလည်း စိုးရိမ်ရ

ယခင် ၂၀၁၀ ပြည့်နှစ်ကာလ အချိန်က ရန်ကုန်မြို့၊ မဟာသင်္ကြန်ပွဲတော်တွင် X2O မဏ္ဍာပ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ခဲ့သောကြောင့် ယခုကဲ့သို့ နိုင်ငံရေး မငြိမ်သက်သည့် ကာလတွင် သင်္ကြန်ပွဲ ကျင်းပသည်မှာ အန္တရာယ်များသည်ဟု ရန်ကုန်မြို့ခံ အများစုက ဆိုကြသည်။

ရန်ကုန်မြို့တွင် ၂၀၁၀ ပြည့်နှစ်က ကန်တော်ကြီးအနီးရှိ X2O ရေကစားမဏ္ဍာပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ X2O မဏ္ဍာပ်ရှိရာ နေရာသည် ယင်းခေတ်က စစ်အစိုးရ အရာရှိကြီးများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း ကိုသာ မဏ္ဍာပ်ဆောက်လုပ်ခွင့် ချပေးသော နေရာဖြစ်သည်။ ယင်းဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်။

“အရင်တုန်းကလည်း X2O မဏ္ဍာပ်ဆိုတာ ဗုံးပေါက်ဖူးတယ်။ ဘယ်သူလုပ်တယ်ဆိုတာ မသိသလို၊ လက်သည် မပေါ်ခဲ့ဘူး။ ကျနော်တို့ ဒါတွေက သမိုင်းကြောင်းရှိခဲ့တယ်။ အဲဒီတော့ လုံခြုံမှု မရှိတဲ့ အခြေအနေမျိုးမှာ အန္တရာယ် ကြည့်ရှောင်သင့်တယ်” ဟု ဝါရင့်ဂီတသမားက မှတ်ချက်ပြု ပြောသည်။

၂၀၁၉ ခုနှစ် မန္တလေးသင်္ကြန်

စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပရန် ကြံစည်နေသော်လည်း ရန်ကုန်သည် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသလို၊ စစ်ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးမှုများလည်း ခပ်စိပ်စိပ် ရှိနေသည်။ ထို့ကြောင့်လည်း ကျင်းပရန် အခြေအနေ မဟုတ်ကြောင်း အများစုက ဆိုကြခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် လမ်းလျှောက်င်္ကြန်၊ မြို့တော် သင်္ကြန်မဏ္ဍာပ်တို့နှင့် ပတ်သက်ပြီးလည်း ရန်ကုန်မြို့ခံ လူငယ်အများစုက ယခုနှစ်အတွက် သင်္ကြန်ပွဲတော်ကို လုံးဝ စိတ်မဝင်စားကြောင်း တညီတညွတ်တည်း ပြောကြသည်။

“သူတို့အနေနဲ့ သာယာနေတယ်ဆိုတဲ့ပုံ ပြချင်တာ။ တကယ့်တကယ်က ကျနော်တို့ တိုင်းပြည် မသာယာဘူးဆိုတာ အားလုံးသိနေတယ်။ အဲဒီတော့ ဒီလို လုပ်ပြတာကို ကျနော်တို့ကတော့ ရှုတ်ချတယ်။ ပြီးတော့ ဒီကာလမှာ အသက်အန္တရာယ်လည်း များတယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်။ မသွားသင့်ဘူး။ မလာသင့်ဘူး။ ဒီလိုပဲ မြင်မိပါတယ်” ဟု ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောသည်။

ကိုဗစ်ကာလ သင်္ကြန် ကျင်းပသင့်သလား

စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လူနာသစ် တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာစွာ ကျဆင်းလာခြင်းကြောင့်ဟုဆိုကာ ခြွင်းချက်ပြုထားသော ကိစ္စရပ်များမှ အပ လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

စင်ကာပူအခြေစိုက် DJ အဖွဲ့ Rave Republic သည် မြန်မာပြည်သူများ၏ ကန့်ကွက်မှုများကြောင့် ၎င်းတို့ ဖျော်ဖြေမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

“ကိုဗစ်ကာလမှာ လူတွေ စိတ်ညစ်ညူးတာတွေကို အစိုးရအနေနဲ့ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေနိုင်အောင် ဒီကိစ္စတွေကို ဖြေလျှော့ပြီးတော့ သင်္ကြန်ပွဲတော်မှာ စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်ပေးတာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူက ဧရာဝတီကို ပြောသည်။

ကိုဗစ်ကာလ အကြောင်းကို ထည့်ပြောသော်လည်း အဆိုပါ တာဝန်ရှိသူက အာဏာသိမ်းမှု အကြောင်းကိုမူ ပြောကြားခြင်း မရှိပေ။

ယင်းကဲ့သို့ လူ ၄၀၀ ဦး အထိ စုဝေးခွင့်ပြုခြင်းမှာ မကြာခင် သင်္ကြန်ကာလအတွင်း သင်္ကြန်ပွဲ ကျင်းပနိုင်ရေးနှင့် နှစ်ဆန်းတရက်နေ့တွင် ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ အစီအစဉ်ပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက လျော့နည်းသွားသည်ဟု သတ်မှတ်၍ မရဘဲ၊ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်နေသော ကိန်းဂဏန်းများသည် ယုံကြည်ဖွယ်ရာ မရှိဟု CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်နေသော ဆရာဝန်အသိုင်းအဝိုင်းက ပြောသည်။

“ဒါက တမင်တကာပဲ ရောဂါပိုးတွေ ကူးစက်အောင်၊ တမင် လူတွေ အပြင်ထွက်အောင် ပွဲတော်တွေ လုပ်တယ်။ လူတွေက ပိုးတွေ ကူးစက်မယ်။ ကူးစက်တဲ့အခါ ကျန်တဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေမှာ မလုပ်နိုင်တော့ဘူး။ အားနည်းသွားမယ်။ လူတွေကို ပိုက်ဆံ မရှိအောင်၊ ကျပ်တည်းအောင် အဲဒီလို အကြံအစည်နဲ့ လုပ်တယ်လို့ မြင်တယ်” ဟု CDM ပြုလုပ်နေသည့် ဆရာဝန်တဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျှော့ချရန်အတွက် သင်္ကြန်ကာလမှ မဟုတ်ဘဲ၊ မည်သည့်အချိန် အပြင်ထွက်ထွက် နှာခေါင်းစည်း တပ်ခြင်းနှင့် လက်ဆေးခြင်းတို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း အဆိုပါ ဆရာဝန်က အကြံပြုသည်။

စစ်ကောင်စီတပ်က လူငယ်များကို ဖမ်းဆီးမှုများလည်း ခပ်စိပ်စိပ် ရှိနေသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် ထိုးပေးနေသော ကိုဗစ် ကာကွယ်ဆေးများသည် မည်မျှ စိတ်ချရသည်ကို မသိရသောကြောင့် ကာကွယ်ဆေး ထိုးပြီးတိုင်းလည်း ပေါ့ဆ၍ မနေသင့်ဟု ၎င်းက ဆိုသည်။

“အခုလိုမျိုး အိုမီခရွန်က ငြိမ်ချင်လည်း ငြိမ်သွားမယ်ဆိုတဲ့အချိန်မှာ လူတွေ အစုလိုက် အပြုံလိုက်ကြီး ထွက်မယ်ဆို ပြန်ပြီး ခေါင်းထောင်လာနိုင်တယ်။ စစ်ကောင်စီက ကိုဗစ်ကို ထိန်းချုပ်နေတယ်လို့ မမြင်ဘူး။ ကိုဗစ်ကို ထိန်းချုပ်ဖို့ သူတို့မှာ စိတ်ကူး မရှိဘူး” ဟု CDM ဆရာဝန်က မှတ်ချက်ပြုသည်။

၂၀၂၁ တော်လှန် သင်္ကြန်

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် ပထမလှိုင်းကြောင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် မရှိခဲ့သလို၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း စစ်အာဏာသိမ်းမှုကြောင့် နေအိမ်တွင်သာ နေထိုင်ကြကာ တော်လှန်သင်္ကြန်သာ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလတွင် ပြည်သူများက နေအိမ်တွင်သာ နေထိုင်ကာ သင်္ကြန်ပွဲကို ဆင်နွှဲခြင်း မပြုဘဲ၊ အတာအိုးသပိတ်၊ သွေးမတိတ်သပိတ်၊ လက်သုံးချောင်းထောင်ခြင်း၊ ဝမ်းနည်းခြင်းသပိတ်နှင့် စစ်အာဏာရှင်ကို ပြောက်ကျားဆန့်ကျင် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ အောင်မြင်ခဲ့သော တော်လှန်သင်္ကြန်ဟု ဆိုနိုင်သည်။

ယခုနှစ်တွင်လည်း စစ်ကောင်စီ ဦးဆောင် ပြုလုပ်နေသော သင်္ကြန်ပွဲတော်များသို့ ပြည်သူများ ပါဝင် ပတ်သက်ခြင်း မပြုကြရန် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် တော်လှန်ရေး အင်အားစုများ၊ PDFs (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ) က အသိပေး မေတ္တာရပ်ခံ ကြေညာထားသည်။

စီးပွားရေး ကုမ္ပဏီကြီးတခုကလည်း ယခုနှစ်တွင် ဘာအစီအစဉ်မှ မရှိကြောင်းနှင့် စစ်ကောင်စီဘက်က ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ပြောသည်။

သင်္ကြန်ပွဲတော် ကာလတိုင်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများ၌ ဖျော်ဖြေရေး မဏ္ဍာပ် ဆောက်လုပ်နေကျ စီးပွားရေး ကုမ္ပဏီကြီးတခုကလည်း ယခုနှစ်တွင် ဘာအစီအစဉ်မှ မရှိကြောင်းနှင့် စစ်ကောင်စီဘက်က ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ပြောသည်။

“ဘာအစီအစဉ်မှ မရှိပါဘူး။ ဘာမှ ကမ်းလှမ်းလာတာမျိုး မရှိပါဘူး” ဟု အမည် ထုတ်မပြောလိုသည့် စီးပွားရေး မဏ္ဍာပ် ဆောက်လုပ်သူ တဦးက ပြောသည်။

ယမ်းငွေ့များအကြား ကျင်းပချင်သည့် စစ်ကောင်စီ၏ သင်္ကြန်

စစ်ကောင်စီက တိုင်းပြည် အေးချမ်းသယောင်၊ ပြည်သူများ ပျော်ရွှင်နေသယောင် သင်္ကြန်ပွဲကို အားတက်သရော ပြုလုပ်ရန် ကြိုးပမ်းနေသော်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီဒေသတို့၌ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသလို၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့ မြို့ပြပျောက်ကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ဒေသအသီးသီး၌ တိုက်ပွဲနှင့် လုံခြုံရေး အခြေအနေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၅၀၂,၆၀၀ ဦး ရှိကြောင် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) ၏ မတ်လ ၂၃ ရက်နေ့ စာရင်းအရ သိရသည်။

၂၀၁၈ ခုနှစ် ရန်ကုန်သင်္ကြန်

ယခုကဲ့သို့ တနိုင်ငံလုံး တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ဘေးရှောင်နေရသည့် အခြေအနေမျိုးတွင် သင်္ကြန်ပွဲတော်ကို မဆင်နွှဲသင့်ကြောင်း ဧရာဝတီက မေးမြန်းခဲ့သည့် ပြည်သူတဦးက ဖြေကြားသည်။

ရန်ကုန် မြို့ခံ လူငယ်များကလည်း စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲသို့ သွားမည့်သူများသည် ၎င်းတို့ကို ထောက်ခံအားပေးသည့် သူများသာ ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန် မြို့ခံ လူငယ်များကလည်း စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲသို့ သွားမည့်သူများသည် ၎င်းတို့ကို ထောက်ခံအားပေးသည့် သူများသာ ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်မြို့ခံ လူငယ် တဦးက “မြို့ခံလူငယ်တွေက သေချာတာက သွားပြီး ကဲကြမှာ မဟုတ်ဘူး။ လုပ်ရင်လည်း သူတို့လူတွေပဲ၊ သူတို့ကို ထောက်ခံအားပေးကြသူတွေပဲ သွားကြမှာ။ သွားတဲ့လူတွေက သူတို့ လူတွေပဲ ဖြစ်မှာပါ။ ရန်ကုန်မြို့ခံ လူငယ်တွေက သွားကြမှာ မဟုတ်ဘူး” ဟု ဆိုသည်။

You may also like these stories:

စစ်ကိုင်း ကောင်းမှုတော် စည်တော်ကြီး အင်းတော်သို့ ပြန်ပို့

စာလုံးပေါင်းသတ်ပုံ ပြောင်းလဲတာ တိုးတက်ဖြစ်ပေါ်ခြင်းလား ပျက်စီးခြင်းလား

မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်

စစ်အာဏာရှင်ကို သီချင်းတွေနဲ့ တိုက်မယ့် Rap Against Junta

ဗိုလ်ရှုသဘင်နောက်ပိုင်း နေပြည်တော်တွင် ကိုဗစ်ပိုးတွေ့မှု မြင့်တက်လာ

Your Thoughts …
Tags: PDFကုန်ဈေးနှုန်းစစ်ကောင်စီတိုက်ပွဲဗုံးပေါက်ကွဲမြန်မာ့ယဉ်ကျေးမှုသင်္ကြန်ပွဲတော်အကြမ်းဖက်မှုအာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
‘‘ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား’’ (ရုပ်/သံ)

‘‘ဖက်ဆစ်တော်လှန်ရေးနေ့လား၊ တပ်မတော်နေ့လား’’ (ရုပ်/သံ)

အလင်္ကာကျော်စွာ

အလင်္ကာကျော်စွာ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.2k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate