ဆောင်းပါး

ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့

မြန်မာ့လွတ်လပ်ရေး အစောပိုင်းနှစ်များတွင် မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ဟု ခေါ်သည်။ ထိုနေ့သည် ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏မြန်မာတပ်မတော်က မဟာမိတ်ဟောင်း ဂျပန်ဘက်သို့ သေနတ်ပြောင်းလှည့်လိုက်သောနေ့ အထိမ်းအမှတ်ကို ကျင်းပသည့် နေ့ဖြစ်သည်။

သို့သော် ၁၉၅၀ ခုနှစ်များသို့ ရောက်သောအခါ စစ်တပ်ကို ဂုဏ်ပြုပြီး ဂျပန်တို့ကို စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ထိုနေ့ကို တော်လှန်ရေးနေ့ (တပ်မတော်နေ့) ဟု အမည်ပြောင်းလဲလိုက်သည်။ ထိုနောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအထိ အာဏာရှင် နေဝင်းအုပ်ချုပ်စဉ်အတွင်း တပ်မတော်နေ့ (တော်လှန်ရေးနေ့) ဖြစ်သွားပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေခေတ်တွင်မူ တပ်မတော်နေ့ ဟုသာခေါ်ပြီး တော်လှန်ရေးနေ့ ပါမလာတော့ပေ။

၁၉၄၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အရေးပါသော ဖြစ်ရပ်ကို သဘောမျှသာ ပြောဆိုကြပြီး ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က မြို့တော်သစ် နေပြည်တော်တွင် ထိုအခမ်းအနားကို ပထမဆုံးအကြ်ိမ် ကျင်းပစဉ်က စစ်ကြောင်းများသည် တည်ဆောက်ပြီးစ ကြီးမားလှသည့် မြန်မာသမိုင်းတွင် ထင်ရှားသော စစ်ဘုရင် ၃ ဦးဖြစ်သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့်အလောင်းဘုရား ရုပ်တုကြီးများ ရှေ့က ဖြတ်သန်းချီတက်ကြသည်။

၁၉၄၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အရေးပါသော ဖြစ်ရပ်ကို သဘောမျှသာ ပြောဆိုကြပြီး ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က မြို့တော်သစ် နေပြည်တော်တွင် ထိုအခမ်းအနားကို ပထမဆုံးအကြ်ိမ် ကျင်းပစဉ်က စစ်ကြောင်းများသည် တည်ဆောက်ပြီးစ ကြီးမားလှသည့် မြန်မာသမိုင်းတွင် ထင်ရှားသော စစ်ဘုရင် ၃ ဦးဖြစ်သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့်အလောင်းဘုရား ရုပ်တုကြီးများ ရှေ့က ဖြတ်သန်းချီတက်ကြသည်။

ထိုကွယ်လွန်ပြီးဖြစ်သော ဘုရင်များသည် ဆက်လက်ရှင်သန်နေဆဲ အင်အားစုများဖြစ်သည်ကို ထိုနေ့က ဦးသန်းရွှေပြောသည့် မိန့်ခွန်းက ဖေါ်ပြနေသည်။ “ငါတို့ တပ်မတော်ဟာ မြင့်မြတ်တဲ့ ဘုရင်တွေဖြစ်တဲ့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ တည်ထောင်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ တပ်မတော် အစဉ်အလာကို ဆက်ခံတယ်” ဟု သူပြောသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် သူ၏ စိတ်တွင် မရှိကြောင်း ထင်ရှားသည်ကို မြို့တော်သစ်၏ အမည်က ထင်ဟပ်နေသည်။ နေပြည်တော်ဆိုသည်မှာ ရှေးခေတ် အသုံးအနှုန်းအရ မြို့တော် သို့မဟုတ် မင်းနေပြည်တော် ဟု အဓိပ္ပါယ်ရသည်။ တပ်မတော် ဆိုသော စကားသည်ပင် ဘုရင့်စစ်တပ်ဟု အဓိပ္ပါယ်ရသည်။

အနော်ရထာသည် ပထမ မြန်မာအင်ပါယာကို ခရစ်နှစ် ၁၀၄၄ ခုနှစ်တွင် တည်ထောင်သူုဖြစ်ပြီး ဘုရင့်နောင်မှာ န်ိုင်ငံတွင် အကျော်ကြားဆုံး စစ်ဘုရင်ဖြစ်သည်။ သူအုပ်ချုပ်သည့် ၁၅၅၁ ခုနှစ်မှ ၁၅၈၁ ခုနှစ်အတွင်း သူသည် ဧရာဝတီမြစ်ဝှမ်းဒေသအများစု၊ ရှမ်းကုန်းမြေမြင့် အစိတ်အပိုင်းများနှင့် အရှေ့ဘက်တွင် ယနေ့ခေတ် ထိုင်းနိုင်ငံချင်းမိုင်အထိ ကျယ်ပြန့်သော ဒေသများအထိ သိမ်းပိုက်ခဲ့သည်။ အလောင်းဘုရားသည် ၁၈ ရာစုတွင် ထီးနန်းရပြီး မြန်မာအင်ပါယာ၏ တတိယနှင့် နောက်ဆုံးဖြစ်သော ကုန်းဘောင်မင်းဆက်၏ ပထမဆုံး ဘုရင်ဖြစ်သည်။

မြန်မာစစ်အုပ်စုခေါင်းဆောင်များသည် မတ်လ ၂၇ ရက်နေ့နှင့် ထိုဘုရင် ၃ ယောက် မည်သို့ ဆက်စပ်နေသည်ကို ရှင်းပြခြင်း မရှိသော်လည်း ယနေ့တွင်မူ လက်နက်ကိုင် တပ်များသည် ဂျပန်ကျူးကျော်သူများကို အတိတ်က ခုခံတိုက်ခိုက်မှုအတွက် မဟုတ်ဘဲ အင်စတီကျူးရှင်းတခုဖြစ်သည် ဆိုသည့်အချက်သည်သာ အရေးပါသည့်အချက်ဖြစ်သည်။

အလားတူအရေးပါသော အချက်မှာ လွတ်လပ်ရေးခေတ် အထူးသဖြင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နှင့် နွေးထွေးသော ဆက်ဆံရေးထားရှိသည့် ဂျပန် လက်ယာနိုင်ငံရေးသမားများနှင့် ဆက်ဆံရေး ထိန်းသိမ်းထားရေးသည်လည်း အလားတူ အရေးပါသည်။

၂၀၁၉ ခုနှစ် တိုကျိုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်စစ်တပ် ဗိုလ်ချုပ် ကိုဂျိယာမဆာကိတို့ တွေ့ဆုံစဉ်

၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် စစ်လျှော်ကြေး အမေရိကန် ဒေါ်လာ သန်း ၂၀၀ နှင့် နှစ်စဉ် နည်းပညာအကူအညီအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ပေးရန် တိုကျိုက သဘောတူသည့် သဘောတူညီချက် တစိတ်အပိုင်းအဖြစ် ဂျပန်နှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုသည်။ ထိုအကူအညီများကို ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖျက်သိမ်းပြီးသည့်တိုင် ဆက်လက်ပေးနေသည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကျဆင်းခြင်းနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုသည့် စနစ်ကို စတင်ပြုလုပ်ခြင်းကြောင့် နေဝင်းစစ်အုပ်စုသည် ထိုအကူအညီမရပါက ကျဆုံးမည်ဟု ပညာရှင်များ ယူဆကြသည်။

မြန်မာသို့ စီးပွားရေး အကူအညီများပေးရန် တိုကျိုက စိတ်အားထက်သန်နေခြင်းမှာ ဂျပန်မှ လော်ဘီများ၏ သြဇာများကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ နှစ်ပေါင်းများစွာကြာအောင် ထိုလော်ဘီအဖွဲ့ကို ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ ဝန်ကြီးချုပ်လုပ်ခဲ့သူ နိုဘူဆူကီ ကီရှိနှင့် ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး သူ၏ အတွင်းရေးမှူးနှင့် သားမက် ရှင်တာရိုအာဘေးတို့က ဦးဆောင်သည်။ ရှင်တာရို အာဘေး၏သာ ရှင်ဇိုအာဘေးသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တကြိမ်၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးကျဆင်းခြင်းနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုသည့် စနစ်ကို စတင်ပြုလုပ်ခြင်းကြောင့် နေဝင်းစစ်အုပ်စုသည် ဂျပန်အကူအညီမရပါက ကျဆုံးမည်ဟု ပညာရှင်များ ယူဆကြသည်။

မြန်မာလော်ဘီနှင့်ပတ်သက်ပြီး အခြားသြဇာကြီးမားသူတဦးမှာ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်တာဝန်ထမ်းဆောင်ခဲ့သူ တာဒါရှီ အိုတာကာဖြစ်သည်။ သူ၏ ဇနီးသည် ဂျပန်-မြန်မာအသင်း၏ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ် အိုတာကာ ထိုစဉ်က အာဏာရှင်နေဝင်းနှင့် ပုံမှန်တွေ့ခွင့့်ရသည့် တဦးတည်းသော သံတမန်ဖြစ်သည်။ ဂျပန်-မြန်မာအသင်းတွင် ရန်ကုန်၌ လုပ်ကိုင်ခွင့်ပြုထားသည် ဂျပန်ကုန်သွယ်ရေး ကုမ္ပဏီ ၁၁ ခုနှင့် မြန်မာတွင် အကူအညီပေးရေး အစီအစဉ်များတွင် ပါဝင်လုပ်ကိုင်နေသည့် ကုမ္ပဏီအမျိုးမျိုးပါဝင်သည်။

နှစ်ပေါင်းများစွာ ကျဆင်းနေပြီးနောက် မြန်မာ့စီပွားရေးသည် အဓိကအားဖြင့် ဂျပန်မှလာသော ပြည်ပအကူအညီများနှင့် စိုက်ပျိုးရေး ချဲ့ထွင်ခြင်းကြောင့် ၁၉၇၀ ခုနှစ်များတွင် အနည်းငယ်ကောင်းလာသည်။ ၁၉၆၀ ခုနှစ်များက မြန်မာနိုင်ငံသည် ဂျပန်မှ အဋ္ဌမမြောက်အများဆုံး အကူအညီများ ရရှိသည့် နိုင်ငံဖြစ်ပြီး ၁၉၈၀ ခုနှစ်သို့ရောက်သောအခါ စတုတ္ထမြောက်အများဆုံးအကူအညီရရှိသော နိုင်ငံဖြစ်လာသည်။ ဂျပန်က မြန်မာသို့ပေးသည့် အကူအညီသည် ဂျပန်ကပေးသည့် ပြည်ပအကူအညီအားလုံး၏ ၆.၃ ရာခိုင်နှုန်းအထိ ရှိလာပြီး အမေရိကန်ဒေါ်လာ ၂၄၄ သန်းအထိရှိလာသည်။

ဂျပန်နိုင်ငံ၏ အကူအညီများသည် အရပ်ဘက် စီမံကိန်းများသို့ အလုံးအရင်းဖြင့် စီးဝင်နေသောကြောင့် အာဏာရှင်စနစ်သည် စစ်တပ်တည်ဆောက်ရေး ငွေနှင့် သယံဇာတများကို ပိုမိုသုံးစွဲနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းစဉ်က အာဏာရှင် ဥိးနေဝင်း၏အောက်တွင် စစ်သားအင်အား တသိန်းခန့်သာရှိသည်။ ၁၉၈၀ ခုနှစ်များသို့ ရောက်သောအခါ ထိုစစ်အင်အားသည် ၁၉၀,၀၀၀ သို့တိုးလာသည်။ ပြည်တွင်းကာကွယ်ရေး စက်ရုံများကို ပိုမိုတည်ထောင်လာပြီး ဂျာမန် ကုမ္ပဏီတခုဖြစ်သော Fritz Werner ၏ အကူအညီဖြင့် လက်နက်သစ်များကို ထုတ်လုပ်သည်။

၁၉၈၀ ခုနှစ်များအလယ်သို့ ရောက်လာသောအခါ မြန်မာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းသစ် နီးကပ်လာသည်။ ဂျပန်၏ အကူအညီများက မြန်မာကို အသက်ဆက်ပေးခဲ့သော်လည်း နောက်ဆုံးတွင် စွမ်းဆောင်ရည် ကင်းမဲ့သည့် အစိုးရပိုင် လုပ်ငန်းများကို ပြန်လည်အသက်သွင်းပေးနိုင်ခြင်း မရှိပေ။ ပိုမိုဆိုးရွားသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီသည် ခွင့်ပြုနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားခဲ့သည်။ ရှည်ကြာစွာ တည်ရှိခဲ့သော ပုဂ္ဂလိကဆက်ဆံရေးထက် စီးပွားရေး လက်တွေ့ကျမှုကို ဦးစားပေးရမည်ဟု ၁၉၈၈ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံက ဆုံးဖြတ်လိုက်သည်။

အခြေခံကျသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို မပြုလုပ်ပါက ဂျပန်သည် မြန်မာနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း မြန်မာစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးထွန်းတင် တိုကျိုသို့ သွားရောက်စဉ် ဂျပန်က ပြောကြားခဲ့သည်။ ထိုအချိန်သည် ဂျပန်နိုင်ငံက အကူအညီလက်ခံသော နိုင်ငံတခုတွင် မူဝါဒပြောင်းလဲရန် ပထမဆုံးအကြိမ် တဘက်သတ် တောင်းဆိုသော အချိန်ဖြစ်ခဲ့ပြီး မြန်မာအစိုးရနှင့်ဆက်ဆံရေးကို အထူးဆက်ဆံရေးအဖြစ် တိုကျိုက သတ်မှတ်ထားသည့် အရေးပါမှုကို ဖေါ်ပြနေသည်။

ဂျပန်၏ အကူအညီများက မြန်မာကို အသက်ဆက်ပေးခဲ့သော်လည်း နောက်ဆုံးတွင် စွမ်းဆောင်ရည် ကင်းမဲ့သည့် အစိုးရပိုင် လုပ်ငန်းများကို ပြန်လည်အသက်သွင်းပေးနိုင်ခြင်း မရှိပေ။ ပိုမိုဆိုးရွားသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီသည် ခွင့်ပြုနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသူထောင်ပေါင်းများစွာကို သတ်ဖြတ်မှုအား တုံ့ပြန်သည့်အနေဖြင့် လအတန်ကြာတွင် ချမှတ်သည့် ဂျပန်၏ အကူအညီပေးရေး မူဝါဒသစ်သည်မြန်မာဗိုလ်ချုပ်များကို တုန်လှုပ်သွားစေသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဖျက်သိမ်းပြီး ဈေးကွက်ပိုမိုလိုလားသော မူဝါဒများ ချမှတ်ခြင်း၏ နောက်ကွယ်မှ အဓိကအကြောင်းရင်းမှာ ဂျပန်ဖိအားဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။

ဆက်ဆံရေးများပြန်လည် ထိန်းသိမ်းရန် အခွင့်အလမ်းသည် ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဂျပန်ဧကရာဇ် ဟီရိုဟီတို၏ ဈာပန အခမ်းအနားတွင် ပေါ်ပေါက်လာခဲ့သည်။ မြန်မာရေးရာ ကျွမ်းကျင်သူ ဒေးဗစ် စတိန်းဘတ်၏ အဆိုအရ “ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ချုပ်ကဲ့သို့သော အသိအမှတ်ပြုမခံရသည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဘေးချင်းကပ်ထိုင်ရမည့် အခြေအနေကို ရှောင်ရှားရန် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာစစ်အစိုးရသစ်ကို အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်” ဟု သိရသည်။

ထိုဖြစ်ရပ်သည် ဂျပန်နိုင်ငံ အကြီးအကျယ် ပါဝင်ပတ်သက်မှုများအတွက် တံခါးဖွင့်ပေးလိုက်သည်။ အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကြောင့် လစ်ဟာသွားသောနေရာကို တရုတ်က ဝင်ရောက်နေရာယူလိုက်ပြီး တရုတ်သည် မြန်မာ၏ အနီးကပ်ဆုံး ပြည်ပမဟာမိတ်ဖြစ်လာခြင်းသည် တိုကျိုအတွက် စိတ်ပျက်စရာ ဖြစ်နေသည်။ ၁၉၉၀ ခုနှစ်မေလတွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရှေ့တောင်အာရှရေးရာ ပထမ ဌာနခွဲ ညွှန်ကြားရေးမှူး မာရာဟာရူ ကိုးနိုက တိုကျိုတွင် ဆွေးနွေးပို့ချချက် တခု ပြုလုပ်သောအခါ မြန်မာမှ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် ဂျပန်တွင်ရောက်နေသည့် အဝေးရောက် မြန်မာများကို တုန်လှုပ်သွားစေသည်။

“စစ်အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေး ဖိနှိပ်မှုကို ညီမျှခြင်းချလို့ရမလား။ ဘာပဲဖြစ်ဖြစ် မြန်မာဟာ ဒီမိုကရေစီနိုင်ငံအဆင့် မရောက်သေးတော့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေက အနောက်တိုင်းမှာ သတင်းဖေါ်ပြသလောက် ကျယ်ပြန့်နေတယ်လို့ ကျနော်တော့မထင်ဘူး။ အမျိုးသား လုံခြုံရေးကို ဦးစားပေးသင့်တယ်” ဟု သူပြောသည်။ ဂျပန်သည် အကူအညီပေးရေး အစီအစဉ်သစ်များအတွက် ငွေကြေးထောက်ပံ့မှုကို ရှောင်ရှားနေပုံရသော်လည်း အစီအစဉ်ဟောင်းများကို ဆက်လက်ပေးအပ်ပြီး မြန်မာရှိ ကုလသမဂ္ဂစီမံကိန်းများမှတဆင့်လည်း အကူအညီများ ပေးအပ်နေသည်။ ၂၀၀၃ ခုနှစ်တွင် ဂျပန်သည် တိုကျိုတွင် ကျင်းပသည့် ဂျပန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ စစ်ထောက်လှမ်းရေးမှ ဝန်ကြီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ခင်ညွန့်ကို ဖိတ်ကြားခဲ့သည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနှင့် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကို သမ္မတအဖြစ် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် သမ္မတအဖြစ်ခန့်အပ်သည့်အချိန်အထိ မြန်မာတွင် မည်သည့် စစ်မှန်သည့် အပြောင်းအလဲမျှ ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။ ဂျပန်သည် အနောက်နိုင်ငံများနှင့်အတူ ပုံမှန်ဆက်ဆံရေးများ ပြန်လည်ထူထောင်ခဲ့သည်။ မြန်မာလော်ဘီများသည် လုပ်ငန်းများ ပြန်လည်စတင်ကြပြီး တလျှောက်လုံးတွင် အဓိက ပုဂ္ဂိုလ်မှာ ယိုဟိုက် ဆာဆာကာဝါဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ထိုစဉ်က ရှင်ဇိုအာဘေး ဂျပန်အစိုးရက သူ့ကို ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်သည်။ သူသည် ထိုရာထူးကို ဗိုလ်ချုပ်မင်းအောင်လှိုင်၏ လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကြမ္မာငင်သော အာဏာသိမ်းရန် ကြိုးစားမှု နောက်ပ်ိုင်းတွင်ပါ ဆက်လက် ချုပ်ကိုင်ထားသည်။

ဆာဆာကာဝါ၏ ဖခင် ယိုအိချိ ဆာဆာကာဝါသည် သူ၏ ပုဂ္ဂလိက သူရဲကောင်း ဘန်နစ်တို မူဆိုလိုနီကို တွေ့ဆုံရန် ၁၉၃၉ ခုနှစ်က အီတလီသို့သွားရောက်ခဲ့သည့် လက်ယာစွန်း နိုင်ငံရေးသမားဖြစ်သည်။ နောင် နှစ်အတန်ကြာသောအခါ ထိုစဉ်က နောက်ထပ်ဥရောပ ခေါင်းဆောင်ကို မတွေ့ဆုံလိုက်ရသောကြောင့် ဝမ်းနည်းကြောင်း သူပြောသည်။ “ ဟစ်တလာက သူ့ကိုစောင့်ဖို့ ကျနော့်ဆီကို ကြေးနန်းပို့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျနော့်မှာ အချိန်မရတော့ဘူး” ဟု သူပြောသည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ ယိုအိချိ ဆာဆာကာဝါကို အမေရိကန်က ထောင်သွင်းအကျဉ်းချထားသော်လည်း ဂျပန်ကိုသိမ်းပိုက်ထားသည့် အမေရိကန်သည် ဂျပန်မှ လက်ဝဲလှုပ်ရှားမှုကို ခုခံရန် လက်ယာစွန်းများကို လိုအပ်သောကြောင့် ၁၉၄၈ ခုနှစ်တွင် သူ့ကို ပြန်လွှတ်ပေးခဲ့သည်။

၂၀၀၃ ဒီဇင်ဘာတွင် မြန်မာစစ်ဝန်ကြီးချုပ် ခင်ညွန့်နှင့် ဂျပန်ဝန်ကြီးချုပ် ဂျူနီချီရို ကိုအိဇိုမိတို့ တွေ့ဆုံစဉ်

၁၉၅၀ ခုနှစ်များတွင် ယိုအိချိ ဆာဆာကာဝါသည် ဂျပန်မှ တရားဝင်ခွင့်ပြုထားသည် တခုတည်းသော လောင်းကစား လုပ်ငန်းဖြစ်သည့် မော်တော်ဘုတ်ပြိုင်ပွဲကို လက်ဝါးကြီးအုပ်ထား နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် လွန်စွာချမ်းသာလာပြီး လက်ယာစွန်းလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံပြီး နိပွန် ဖေါင်ဒေးရှင်းဟု ယခုခေါ်ကြသည့် ပရဟိတအဖွဲ့ကို ထူထောင်ခဲ့သည်။ ထိုဖေါင်ဒေးရှင်းသည် အနာကြီးရောဂါ ပပျောက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ငွေအမြောက်အများ လှူဒါန်းသော အဖွဲ့ဖြစ်သည်။ ထို့ကြောင့် တိုကျိုရှိ ဆူဂါမိုအကျဉ်းထောင်မှ စစ်ရာဇဝတ်ကောင်သည် ပရဟိတသမားဖြစ်သွားပြီး အသက် ၉၆ နှစ်အရွယ် ၁၉၉၅ ခုနှစ်တွင် ကွယ်လွန်သည်။ ထိုအခါ သူ၏သား ယိုဟိုက် သည် ဂျပန်မော်တော်ဘုတ်ပြိုင်ပွဲ အသင်း ဥက္ကဌအဖြစ် ထမ်းဆောင်ပြီးနောက် နိပွန်ဖေါင်ဒေးရှင်း၏ ဥက္ကဌဖြစ်လာသည်။

ဆာဆာကာဝါ၏ ဖခင် ယိုအိချိ ဆာဆာကာဝါသည် သူ၏ ပုဂ္ဂလိက သူရဲကောင်း ဘန်နစ်တို မူဆိုလိုနီကို တွေ့ဆုံရန် ၁၉၃၉ ခုနှစ်က အီတလီသို့သွားရောက်ခဲ့သည့် လက်ယာစွန်း နိုင်ငံရေးသမားဖြစ်သည်။ “ ဟစ်တလာက သူ့ကိုစောင့်ဖို့ ကျနော့်ဆီကို ကြေးနန်းပို့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျနော့်မှာ အချိန်မရတော့ဘူး” ဟု သူပြောသည်။

ဂျပန်အစိုးရက စစ်တပ်ထိပ်တန်းအရာရှိများနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်နေစဉ်တွင် နိပွန်ဖေါင်ဒေးရှင်းသည် မြန်မာစစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့အစည်းများအကြား အများအားဖြင့် မအောင်မြင်သည့် ငြိမ်းချမ်းရေး အားထုတ်မှုများတွင် ပါဝင်ပတ်သက်လာသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မင်းအောင်လှိုင်သည် ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တိုကျိုသို့ သွားရောက်လည်ပတ်သည်။ မြန်မာနိုင်ငံမှ စစ်သင်တန်းသားများကို လေ့ကျင့်ပေးမည့် အစီအစဉ်တခုကိုလည်း ဂျပန်က စတင်လုပ်ကိုင်ခဲ့သည်။ ထိုအစီအစဉ်ကို လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင်ပင် ဆက်လက်လုပ်ကိုင်နေသည်။

လွန်ခဲ့သောနှစ် မတ်လ ၂၀ ရက်နေ့တွင် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး “ မြန်မာစစ်တပ်များသည် မြန်မာပြည်သူများအပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသည့်အချိန်တွင် ဂျပန်က မြန်မာစစ်သင်တန်းသားများကို သင်တန်းပေးနေခြင်းသည် လွန်စွာအံ့သြဖွယ်ဖြစ်သည်” ဟု ဖေါ်ပြခဲ့ရသည်။ သို့သော် မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန် မည်သည့်အားထုတ်မှုမဆိုသည် တရုတ်သြဇာကြီးထွားစေခြင်းကိုသာ ဖြစ်စေသည် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူတဦးက Reuters သတင်းဌာနသို့ ပြောကြားခေဲ့သည်။ ရှင်ဇိုအာဘေးသည် ဂျပန်ဝန်ကြီးချုပ်မဟုတ်တော့သော်လည်း သူ၏ညီငယ်ဖြစ်သူ နိုဘူဆူကီ ကီရှီ၏မြေး နိုဘူအို ကီရှီသည် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို လက်ရှိ ထမ်းဆောင်နေသည်။

ယိုဟဲ ဆာဆာကာဝါနှင့် မင်းအောင်လှိုင်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်-မြန်မာအသင်း ဥက္ကဌ အသက် ၈၇ နှစ်အရွယ် ဝန်ကြီးဟောင်း ဟိဒဲရို ဝါတာနာဘေက မြန်မာစစ်ကောင်စီကို ထောက်ခံရန် ဂျပန်အစိုးရကိုတိုက်တွန်းသည်။ သူသည် ဂျပန်ရှိ ထိပ်တန်း ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံပေါင်းများစွာကို ယူဆောင်လာရန်ထပ်မံ လှုပ်ရှားနေသူ ဖြစ်သည်။ သူက မင်းအောင်လှိုင်၏ ဒီမိုကရေစီရေး အားထုတ်မှုများကို ချီးကျူးပြီး လူသား ပိုမို ပီသလာသည်ဟု ပြောသောကြောင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူထက်ပင် အများပြည်သူကို ဒေါသထွက်စေခဲ့သည်။

ဝါတာနာဘေ၏ သား ယူဆူကဲ ဝါတာနာဘေသည် The Diplomat အမည်ရှိ ဝက်ဘ်ဆိုက်တွင် အတွေးအမြင် ဆောင်းပါးတခုထည့်သွင်းပြီး “ဂျပန်သည် အနောက်တိုင်း၏ ဖိအားသုံး အစိုးရပြောင်းလဲရေး မူဝါဒများကို မျက်စိမှိတ် ထောက်ခံခြင်းထက် စစ်အုပ်စုနှင့် အမေရိကန်ပြည်ထောင်စုနှင့်အခြား ဒီမိုကရေစီ နိုင်ငံများအကြား ပေါင်းကူးတံတားအဖြစ်နေရာချထားရမည်။ ဆယ်စုနှစ်များစွာကြာသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အသုံးပြုပြီး ဂျပန်သည် တရုတ်၏ ပထဝီစီးပွားရေး သြဇာကို တွန်းလှန်ရန် စစ်ကောင်စီနှင် တိုက်ရိုက်လုပ်ကိုင်နိုင်သည်” ဟု ရေးသည်။ သူသည် လက်ရှိ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပုံမှန် ဆက်သွယ်ရေး ရှိသည့် နိုင်ငံခြားသား အနည်းငယ်တွင်ပါဝင်ကြောင်းနှင့် သူနှင့် စစ်ခေါင်းဆောင်အကြား ရှည်ကြာသော ဆက်ဆံရေးသည် ဂျပန်၏ ရာစုနှစ်တခုနီးပါးကြာသည့် မြန်မာနှင့် အထူး ဆက်ဆံရေးကို ပိုမိုလေးနက်စေကြောင်းလည်း သူ ဆက်လက်ရေးသားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်-မြန်မာအသင်း ဥက္ကဌ အသက် ၈၇ နှစ်အရွယ် ဝန်ကြီးဟောင်း ဟိဒဲရို ဝါတာနာဘေက မင်းအောင်လှိုင်၏ ဒီမိုကရေစီရေး အားထုတ်မှုများကို ချီးကျူးပြီး လူသား ပိုမို ပီသလာသည်ဟု ပြောသောကြောင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူထက်ပင် အများပြည်သူကို ဒေါသထွက်စေခဲ့သည်။

အကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုသည့် ကိစ္စတွင် ပါဝင်ခြင်း စသည့် ထို အထူးဆက်ဆံရေးသည် မြန်မာစစ်တပ် အာဏာအခိုင်အမာ ဆက်လက်ရရှိစေရေးမှတပါး မည်သည်ကိုမျှ လုပ်ဆောင်ပေးခြင်းမရှိပေ။ ဂျပန်လက်ယာစွန်းနိုင်ငံရေးသမားများသည် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာမှ စစ်အုပ်ချုပ်ရေး၏ ကျေးဇူးရှင်များ သို့မဟုတ် စဉ်ဆက်မပြတ်ထောက်ခံသူများဖြစ်သည်ကို အပြည့်အ၀ သိသောကြောင့် ယခင်က သန်းရွှေနှင့် ယခု မင်းအောင်လှိုင်တို့သည် ၁၉၄၅ ခုနှစ်က ဖက်ဆစ်ဆန့်ကျင်ရေးကို အလေးထားရန် မေ့လျှော့နေပြီး စစ်ဘုရင်ဟောင်းများဖြစ်သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့ကို ချီးကျူးကြသည်။

(The Irrawaddy ပါ Bertil Lintner ၏ Japan’s ‘Special Relationship’ With Myanmar Has Abetted Decades of Military Rule ကို ဘာသာပြန် ဖော်ပြသည်။ Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်

မြန်မာစစ်တပ် ဖျက်အားပြင်း ပဲ့ထိန်းဒုံး ထုတ်ဖို့ ကြိုးစားခဲ့သလား

သြစတြေးလျက မြန်မာ CDM စစ်သားများအား ပြည်ဝင်ခွင့်ပေး

မြန်မာ့ဒုက္ခပင်လယ်တွင် ငါးရှာထွက်သော တရုတ်နဂါး

ကိုးကန့် BGF သို့မဟုတ် မြန်မာစစ်အုပ်စု၏ ရာဇဝတ်မဟာမိတ်

Loading