• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရုရှစစ်သင်္ဘော မော့စ်ကဗာ နစ်မြုပ်မှု သိထားရသမျှနှင့် အရေးပါပုံ

by ဧရာဝတီ
17 April 2022
in ဆောင်းပါး
A A
ရုရှားက ပင်လယ်နက်မှ ၎င်းတို့၏ ဒုံးကျည်တင်သင်္ဘော မော့စ်ကဗာ  နစ်မြုပ်သွားကြောင်း ဝန်ခံသည်

ရုရှားက ပင်လယ်နက်မှ ၎င်းတို့၏ ဒုံးကျည်တင်သင်္ဘော မော့စ်ကဗာ နစ်မြုပ်သွားကြောင်း ဝန်ခံသည်

23.9k
VIEWS
Share on FacebookShare on Twitter

ရုရှားက ထိုသင်္ဘောနစ်မြုပ်သွားခြင်းကို ဝန်ခံသော်လည်း ယူကရိန်းဒုံးကျည်ထိမှန်သည်ဟု ပြောမည်မဟုတ်ပေ။

နှစ်ဘက်ပြောသမျှ

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
879
မြိတ်မြို့

မြိတ်မြို့

11 May 2025
490
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

10 May 2025
5.4k

ရုရှားက ပင်လယ်နက်မှ ၎င်းတို့၏ ဒုံးကျည်တင်သင်္ဘော မော့စ်ကဗာ နစ်မြုပ်သွားကြောင်း ဝန်ခံသည်။ ထိုသို့ဆုံးရှုံးရခြင်းသည် မမျှော်လင့်သော မီးလောင်မှုကြောင့်ဖြစ်ပြီး ခဲယမ်းများပေါက်ကွဲစေကာ လှိုင်းထန်သော ပင်လယ်တွင် ဆွဲယူလာစဉ် မှောက်သွားကြောင်းပြောသည်။ ယူကရိန်းက မတ်စကာဗာသင်္ဘောကို ၎င်းတို့၏ နက်ပကျွန်း သင်္ဘောပစ်ဒုံးကျည် အနည်းဆုံး တစင်းထိမှန်ပြီး နစ်မြုပ်သွားစေကြောင်းပြောသည်။

နက်ပကျွန်း ဒုံးကျည်စနစ်ဆိုသည်မှာ

တစက္ကန့်လျှင် ၃၄၃မီတာ သို့မဟုတ် တမိုင်လျှင် ၄ ဒသမ ၇ စက္ကန့်ထက် မကျော်သောကြောင့် အသံလောက်မမြန်သော နက်ပကျွန်း ဒုံးကျည်သည် ဆိုဗီယက် Kh-35 သင်္ဘောဖျက် ဒုံးကျည်ဟောင်းကို အခြေခံပြီး အကွာအဝေးနှင့် အီလက်ထရွန်းနစ်စနစ်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားကာ မိုင် ၂၀၀ ခန့်အထိပစ်ခတ်နိုင်သည်။

ယူကရိန်း စစ်တပ်တွင် အနည်းဆုံး လွန်ခဲ့သောနှစ်က စတင်အသုံးပြုခဲ့သော ထိုဒုံးကျည်စနစ်တွင် ထရပ်ကားသယ်ယူပို့ဆောင်ရေး ပစ်ခတ်မှုစနစ်၊ ပြန်လည်ဖြည့်တင်းရေးယာဉ်တစီးနှင့် ကွပ်ကဲထိန်းချုပ် ယာဉ်တစီးတို့ ပါဝင်သည်။ ထိုဒုံးကျည်သည် ပင်လယ်မျက်နှာပြင် အနိမ့်တွင် ပျံသန်းနိုင်ပြီး ထောက်လှမ်းမှုကို ရှောင်ရှားနိုင်အောင် လုပ်ဆောင်ထားသည်။

မည်သည့်အတွက် ရုရှားက မထောက်လှမ်းနိုင်သနည်း

နက်ပကျွန်း ဒုံးကျည်စနစ်ကို ကမ်းရိုးတန်းဒေသများတွင် ဖြန့်ကျက်ရန် ပုံစံထုတ်ထားသောကြောင့် ရုရှား စစ်ရေး လှုပ်ရှားသော နေရာတခုအနီးတွင် ပစ်ခတ်သည့် သဘောဖြစ်သည်။ နက်ပကျွန်း ဒုံးကျည်ကြောင့် ပျက်ဆီးမှုဖြစ်ပါက ရုရှားအနေဖြင့် ထိုဒုံးကျည်ကို အလွန်နောက်ကျသည်အထိ မသိလိုက်သည့် အနေအထား ဖြစ်ပုံရသည်။

နက်ပကျွန်း ဒုံးကျည်တစင်းကို ပစ်ခတ်နေစဉ်

၁၉၈၂ ခုနှစ်က ဖေါက်ကလန်စစ်ပွဲအတွင်း ဗြိတိန်သည် သင်္ဘော ၆ စီး ဆုံးရှုံးပြီး ကမ္ဘာတဝှမ်းမှ ရေတပ်များအနေဖြင့် ဒုံးကျည်ကြောင့် ထိခိုက်ပျက်စီးနိုင်ခြေကို ဖေါ်ပြနေသည်။ မော့စ်ကဗာကဲ့သို့သော Slava အတန်းအစား သင်္ဘောများကို တာဝေးလေကြောင်းကာကွယ်ရေးစနစ် S-300F Fort တပ်ဆင်ရန် ပုံစံထုတ်ထားသည်။ ထိုစနစ်သည် ဒုံးကျည်များကို တိုက်ဖျက်ရာတွင် သုံးနိုင်သည့် ရေတပ်သုံး S300 လေကြောင်း ကာကွယ်ရေးစနစ်ဖြစ်သည်။

ခေတ်သစ်ရေတပ်များတွင် ရန်သူရေဒါစနစ်များ ရှိကြောင်း အသိပေးမည့် ရေဒါစနစ်များ တပ်ဆင်ထားမည်ဟု မျှော်လင့်ရသော်လည်း ထိုရေဒါစနစ်နှစ်မျိုးလုံးသည် အပြစ်အနာအဆာ လုံးဝ ကင်းကြသည်မဟုတ်ပေ။

ဒုံးကျည် တစင်း သို့မဟုတ် တစင်းထက် ပိုသော ဒုံးကျည်များကို ဆိပ်ကမ်းမြို့ အိုဒက်ဆာ အနီး လျှို့ဝှက်ပစ်ခတ်ရေးစခန်းမှ ပစ်ခတ်ခဲ့ပြီး မော့စ်ကဗာ သင်္ဘောမှ စစ်သားများမှာ အနီးရှိ တူရကီလုပ် မောင်းသူမဲ့လေယာဉ် ၂ စီးကို အာရုံစိုက်နေကြသည်ဆိုသည့် ပြောဆိုမှုတခုရှိသည်။

ဆုံးရှုံးမှု မည်မျှကြီးသနည်း

မည်သည့်အကြောင်းကြောင့် နစ်မြုပ်သည်ဖြစ်စေ ထိုကိစ္စသည် ရုရှားအတွက် အထိမနာသော ဖြစ်ရပ်ဟု ယူဆရန် ခက်ခဲသည်။ ရေတပ်သင်္ဘောများသည် တိုက်ခိုက်မှုများကို ကျော်လွှားနိုင်ရန် တတ်နိုင်သမျှ ပြုလုပ်ထားသည်။ အစိတ်အပိုင်းအသီးသီးကို ဆက်သွယ်ထားသော တံတိုင်းသဖွယ် တံခါးများသည် မီးမပျံ့နှံ့စေရန် နှင့် ကိုယ်ထည်ကျိုးပေါက်ခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်သည်။ ရေတပ်သင်္ဘောများသည် အရပ်ဘက်သင်္ဘောများထက် မီးသတ်စွမ်းရည် မြင့်မားကြသည်။

ပင်လယ်နက်ရေတပ်သင်္ဘောအုပ်စုမှ ဦးဆောင်သင်္ဘော နစ်မြုပ်သွားခြင်းသည် ယူကရိန်းအတွက် စိတ်အား တက်စရာနှင့် ရုရှားအတွက် ထိုးနှက်ချက်ဖြစ်သည်မှာ သေချာသည်။ သို့သော် ယူကရိန်းသည် ပဋိပက္ခအစောပိုင်းတွင် ၎င်းတို့၏ ဦးဆောင်သင်္ဘောများကို မြှုပ်ပစ်ခဲ့ရသည်ကို သတိရစေသင့်ပြီး ဗြိတိန်ရေတပ်သည် ဖေါက်ကလန်တွင် သင်္ဘောများ ဆုံးရှုံးသွားသော်လည်း စစ်ဆင်ရေးများကို ဆက်လက်ထိရောက်စွာ ဆောင်ရွက်နိုင်သည်။

ထူးခြားသော်လည်း ထိုသင်္ဘောနစ်မြုပ်သွားခြင်းသည် ရုရှားရေတပ်၏ ဟန့်တားမရနိုင်သည့် ယူကရိန်း ကမ်းရိုးတန်းကို ပိတ်ဆို့နိုင်သည့် စွမ်းရည်ကို ပြောင်းလဲစေနိုင်မည်မဟုတ်ပေ။

သို့သော် အဓိကကျသည့် မေးခွန်းမှာ ထိုသင်္ဘောနစ်မြုပ်ခြင်းသည် အိုဒက်ဆာကို တိုက်ခိုက်မှု အစိတ်အပိုင်းအဖြစ် ရုရှား၏ အနာဂတ် ကုန်းနှင့်ရေ ပူးပေါင်းတပ်များ ကမ်းတက်ရန် လုပ်ဆောင်မှုများအား ထိခိုက်စေခြင်း ရှိမရှိဆိုသည့် အချက်ဖြစ်သည်။

ကိုးကား။ ။ The Guardian

You may also like these stories:

တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ

“နန်းထိုက်အောင်” စစ်ဆင်ရေးဖြင့် စစ်ကောင်စီနှင့် ဆက်နွယ်သူများကို ရှင်းမည် ဟုဆို

လေးကေ့ကော် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦး အရှင် ဖမ်းမိ

သြစတြေးလျက ဘက်ပြောင်းလာသူတွေကို တံခါးဖွင့်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်လာပြီ

ခုခံတော်လှန်သူများ၏ ဗဟိုအမိန့်ပေးစနစ် တည်ဆောက်ရေး ပြဿနာ

Your Thoughts …
Tags: နက်ပကျွန်း ဒုံးကျည်မော့စ်ကဗာ နစ်မြုပ်မှုယူကရိန်းဒုံးကျည်ရုရှစစ်သင်္ဘော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
၂၀၁၈ခုနှစ်က တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် ဆု ပြန်ပေး

ယူကရိန်း ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီ (ဝဲ) နှင့် ရုရှား ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဒီဗွန်နီကော့ဗ် (ယာ)  / Facebook

ဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်တိုက်တွေ့သော ယူကရိန်းစစ်ပွဲ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate