• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်တိုက်တွေ့သော ယူကရိန်းစစ်ပွဲ

          by Daniel Williams
          17 April 2022
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ယူကရိန်း ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီ (ဝဲ) နှင့် ရုရှား ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဒီဗွန်နီကော့ဗ် (ယာ)  / Facebook

          ယူကရိန်း ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီ (ဝဲ) နှင့် ရုရှား ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဒီဗွန်နီကော့ဗ် (ယာ) / Facebook

          16.6k
          VIEWS
          Share on FacebookShare on Twitter

          ရုရှားနှင့် ယူကရိန်းမှ ထိပ်တန်း ဗိုလ်ချုပ်ကြီးနှစ်ဦးတို့သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဥရောပတွင် ပျက်စီးမှု အများဆုံးနှင့် လူအသေအပျောက် အများဆုံး ဖြစ်လာသော အရှိန်မြင့်လာသည့် ယူကရိန်းစစ်ပွဲတွင် ထိပ်တိုက်တွေ့နေကြသည်။

          သီတင်း ၇ ပတ်ကျော်ကြာလာပြီး အင်အားချိနဲ့လာသော ကျူးကျော်စစ်ကို ကယ်ဆယ်ရန်အတွက် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ယူကရိန်းကျူးကျော်မှု စစ်ရေးခေါင်းဆောင် နေရာတွင် ဝါရင့်အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဒဗွန်နီကော့ဗ်နှင့် လွန်ခဲ့သော ၂ ပတ်က အစားထိုးလိုက်သည်။

          RelatedPosts

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

          2 December 2023
          1.4k
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          2 December 2023
          556
          ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

          ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

          1 December 2023
          4.9k

          ယူကရိန်း သမ္မတ မစ္စတာ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ထိပ်တိုက်တွေ့မည့် စစ်ပွဲတခုကို ကြိုတင်မျှော်လင့်ထားပြီး ပိုမိုအင်အားကြီးသော ရန်သူကို ရင်ဆိုင်ရာတွင် ယူကရိန်းတပ်များကို ကွပ်ကဲရန် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီကို လွန်ခဲ့သော ၁၀ လကပင် ခန့်အပ်ထားပြီးဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီသည် ဆိုဗီယက်ခေတ်လွန် ယူကရိန်းမှ အနောက်နိုင်ငံများဘက်သို့ တိမ်းညွှတ်မှု၏ ပြယုခ်တခု ဖြစ်သည်။

          ၎င်းတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံမှု ရလဒ်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ယူကရိန်း၏ အနာဂတ်ကို အဆုံးအဖြတ် ပေးရုံသာမက ဥရောပနှင့် အခြားဒေသများမှ နိုင်ငံတကာ ဆက်ဆံရေးကို ရှေ့လာမည့် ဆယ်စုနှစ်များတွင် မူဘောင်ချမှတ်ပေးမည် ဖြစ်သည်။ ရုရှားသည် ယူကရိန်းကို နယ်ချဲ့သိမ်းပိုက်ပြီး ကမ္ဘာ့ဆက်ဆံရေးတွင် ဗဟိုချက်နေရာကို အတင်းအကျပ် ရယူလိုကြောင်း ထင်ရှားနေသည်။

          ရုရှား ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဒီဗွန်နီကော့ဗ် / Screengrab / NTV

          ယူကရိန်းကို သိမ်းပိုက်ခြင်းအားဖြင့် အနောက်နိုင်ငံများ၏ စစ်ရေးနှင့် စီးပွားရေးလွှမ်းမိုးမှုသည် နိဂုံးချုပ်ပြီဖြစ်ကြောင်း ပြသရန် သမ္မတ ပူတင် ရည်ရွယ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့ကလည်း အင်အားခြင်းမမျှသည့် လက်ဝေခံနိုင်ငံတခုကို ကျောထောက်နောက်ခံ ပေးခြင်းဖြင့် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံများ ဦးဆောင်သည့် ဆိုဗီယက်ခေတ်လွန် ကမ္ဘာ့စနစ်သစ်ကို ကျားကန်ရန် ကြိုးစားကြသည်။ ယူကရိန်းကို ၎င်းတို့အုပ်စုမှ နိုင်ငံတခု ဖြစ်စေလိုသည်။

          ထိုထိပ်တန်းဗိုလ်ချုပ်ကြီး နှစ်ဦးတို့ စစ်တိုက်သည့် အတွေးအခေါ်သည် မတူညီသော နိုင်ငံရေးစနစ် နှစ်ခုကို ထင်ဟပ်နေသည်။ ရုရှားစစ်တပ်သည် ၎င်း၏ နိုင်ငံရေးကဲ့သို့ပင် ဗဟိုချုပ်ကိုင်မှု မြင့်မားပြီး ယူကရိန်း၏ ပုံစံသစ် တပ်များသည် အနောက်တိုင်းပုံစံ အလျှော့အတင်း ရှိသည်။

          စစ်ရေးအရဆိုပါက ထိုစစ်ပွဲသည် အင်အားကြီးမား အနိုင်ကျင့်သော ရုရှား ဂိုလီယက် နှင့် တက်ကြွလျှင်မြန်သော ယူကရိန်း ဒေးဗစ်တို့အကြား အားပြိုင်ပွဲဟု ဆိုရမည်ဖြစ်သည်။ (ရှေးဟောင်း သမ္မာကျမ်းစာတွင် ဖော်ပြသည့် ဒေးဗစ်က ခွန်အားကြီးသော ဂိုလီယက်ကို ပြန်လည် ခုခံတိုက်ခိုက်မှုအား ညွှန်းဆိုသည်။)

          ရုရှားစစ်တပ်သည် ၎င်း၏ နိုင်ငံရေးကဲ့သို့ပင် ဗဟိုချုပ်ကိုင်မှု မြင့်မားပြီး ယူကရိန်း၏ ပုံစံသစ် တပ်များသည် အနောက်တိုင်းပုံစံ အလျှော့အတင်း ရှိသည်

          အသက် ၆၀ ရှိပြီဖြစ်သော ဗိုလ်ချုပ်ကြီး ဒဗွန်နီကော့ဗ်သည် အဝေးမှ ဗုံးကြဲ ချေမှုန်းသည့် တိုက်ပွဲပုံစံဖြင့် စစ်ဆင်ပြီး အကြီးအကျယ် ဖျက်ဆီးကာ အရပ်သား သေဆုံးမှုများကိုလည်း ဂရုစိုက်ခြင်း မရှိပေ။ ဗိုလ်ချုပ်ကြီး ဇလူဇနီကမူ ထုံထိုင်းလေးလံသော စစ်ယာဉ်တန်းများကို တိုက်ခိုက်ထွက်ပြေးသည့် နည်းလမ်းကို ပိုမိုနှစ်သက်သည်။ ထိုပုံစံများသည် တပ်များကိုကွပ်ကဲရာတွင် မတူညီသည့် ပုံစံများဖြစ်သည်။

          ဗိုလ်ချုပ်ကြီး ဒဗွန်နီကော့ဗ်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တခုကြာသည့် ဒုတိယ ချေချင်းစစ်ပွဲတွင် တပ်စုတခုကို ဦးဆောင်သည်။ ချေချင်းပြည်နယ် ပုန်ကန်မှုသည် မော်စကို၏ အရှေ့ဥရောပအပေါ် သြဇာလွှမ်းမိုးမှုထက် ကျော်လွန်သော စိန်ခေါ်မှုကို ဖြစ်စေပြီး ရုရှားပြိုကွဲမှုကိုပင် ဖြစ်စေနိုင်သည်။ မစ္စတာ ပူတင်သည် ၁၉၉၉ ခုနှစ် နှစ်သစ်ကူးမတိုင်မီတွင် ရုရှားနိုင်ငံကို အုပ်ချုပ်ပြီး ထိုအလားအလာကို ဖယ်ရှားရှင်းလင်းရန် လုပ်ဆောင်သည်။

          အတိတ်ကို ပြန်ကြည့်မည်ဆိုပါက ချေချင်းစစ်ပွဲတွင် ဖြစ်ပျက်သော ကိစ္စများသည် လက်ရှိ အကျပ်အတည်း၏ နိဒါန်းပင်ဖြစ်ကြောင်း ထင်ရှားသည်။ သူပုန်များထိန်းချုပ်ထားသော မြို့ပြဒေသများကို ချေမှုန်းခြင်းနှင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခြင်းသာ ဖြစ်သည်။ အထူးသဖြင့် ရုရှားက ချေချင်းမြို့တော် ဂရိုဇနီကို ၁၉၉၉ ခုနှစ် အောက်တိုဘာလမှ သူပုန်အကြွင်းအကျန်များ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ထွက်ပြေးသည်အထိ ဗုံးကြဲပြီး အမြောက်များဖြင့် ပစ်ခတ်သည်။

          အရပ်သားများ ထွက်ပြေးနိုင်စေရန် ဘေးကင်းသော စင်္ကြံများကို ရုရှားက မကြာခဏ ဖွင့်ပေးသော်လည်း အရပ်သားများသည် အမြောက်များ၊ သေနတ်များဖြင့် ပစ်ခတ်ခံခဲ့ကြရသည်။ ရိက္ခာပြတ်တောက်သောကြောင့် သူပုန်များ၏ စစ်ဆင်ရေးများကို ထိခိုက်စေသည့်အပြင် အရပ်သားများကိုလည်း ရိက္ခာနှင့် နေရာထိုင်ခင်း ကင်းမဲ့စေသည်။ သူပုန်ဟု သံသယရှိသူများကို သိမ်းကြုံးဖမ်းဆီးခြင်းနှင့် ပျောက်ဆုံးသွားစေခြင်းများ၊ တိုက်ပွဲငယ်များပါ နောက်ဆယ်စုနှစ်တခုအထိ ဆက်လက်ဖြစ်ပွားနေသည်။

          ယူကရိန်းနိုင်ငံသားတို့ မြို့ကြီးအများအပြားတွင် ပြုလုပ်သည့်အတိုင်း ချေချင်း တိုက်ခိုက်ရေးသမားများသည် ဂရိုဇနီကို သဲအိတ်များ၊ ပစ္စည်းအပျက်အစီးများဖြင့် ပိတ်ဆို့ကာ ရုရှားတပ်များ ရှေ့တက်လာခြင်းကို တားဆီးရန် ကြိုးစားပြီး နောက်ဆုံးတွင် တောင်တန်းများနှင့် အိမ်နီးချင်း ပြည်နယ်များသို့ ဆုတ်ခွာရသည်။

          ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ကို ဗုံးကြဲပြီးနောက် မြင်ကွင်း / MSF

          ဗိုလ်ချုပ်ကြီး ဒဗွန်နီကော့ဗ်သည် ဆီးရီးယားမှ သမ္မတ ဘာရှား အယ်လ် အာဆတ် အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် အစ္စလမ်မစ်များနှင့် အမျိုးသားရေးဝါဒီ သူပုန်များကို နှိမ်နင်းရာတွင် ရုရှားတပ်များကို ကွပ်ကဲရာမှ အမည်ဆိုးဖြင့် ကျော်ကြားလာသည်။ သူ၏ လုပ်ဆောင်ချက်များအတွက် သမ္မတ ပူတင်က ရုရှားဖက်ဒရေးရှင်း၏ သူရဲကောင်းတံဆိပ် ချီးမြှင့်သည်။

          ဆီးရီးယားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော အလက်ပိုကို ရုရှားက မညှာမတာ ဗုံးကြဲတိုက်ခိုက်ခြင်းအတွက် ဆီးရီးယားနိုင်ငံသားအချို့က သူ့ကို “သားသတ်သမား” ဟု ခေါ်သည်။ ရုရှားဂျက်လေယာဉ်များက လူနေတိုက်ခန်းများ ပြိုကျစေသည့် ကတုတ်ကျင်း ဖြိုသော ဗုံးများကြဲချပြီး အဆင့်ဆင့် ဆက်တိုက်ကွဲသော ပဒေသာဗုံးများကို သိမ်းကြုံးကြဲချကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ဖော်ပြသည်။

          ယူကရိန်းကို သိမ်းပိုက်ခြင်းအားဖြင့် အနောက်နိုင်ငံများ၏ စစ်ရေးနှင့် စီးပွားရေးလွှမ်းမိုးမှုသည် နိဂုံးချုပ်ပြီဖြစ်ကြောင်း ပြသရန် သမ္မတ ပူတင် ရည်ရွယ်သည်

          ရုရှားသည် အလက်ပိုမှ ဆေးရုံတရုံကို ၄ ကြိမ်တိုင်တိုင် ဗုံးကြဲကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

          “လေကြောင်းတိုက်ခိုက်မှုများကို ရမ်းသမ်းသိမ်းကြုံး ပြုလုပ်ပုံရပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခုကို အနည်းဆုံးတကြိမ် ပစ်မှတ်ထား တိုက်ခိုက်ကာ လက်နက်များကိုလည်း အရမ်းကာရော အသုံးပြုသည်” ဟု HRW က အလက်ပိုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

          ရုရှားက ယူကရိန်းတွင် အသုံးပြုသည့် တိုက်ခိုက်မှုများတွင်လည်း အလားတူ စွပ်စွဲချက်များ ဖြစ်လာသည်။ ဗိုလ်ချုပ်ကြီး ဒဗွန်နိကော့ဗ်သည် ဆီးရီးယားတွင် လုပ်သည့်အတိုင်း ဆက်လုပ်နေပါက အရပ်သားများကို တိုက်ခိုက်မှုများ ပိုမိုဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။ သူသည် အလက်ပိုတွင် လုပ်သည့်အတိုင်း နောက်ထပ် နည်းလမ်းတခုကို ဆက်လက် လုပ်ဆောင်ဦးမည်ဟု မျှော်လင့်ရသည်။ ထိုနည်းမှာ ရက်စက် ကြမ်းကြုတ်မှုများကို ငြင်းဆန်ပြီး အခြားတဘက်က ထိုလုပ်ရပ်များကို ကျူးလွန်သည်ဟု စွပ်စွဲခြင်းဖြစ်သည်။

          ဆီးရီးယားမှ ရုရှား၏ မဟာမိတ်များတွင် ဆီးရီးယား စစ်တပ်သာမက အီရန်တပ်များနှင့် လက်ဘနွန် စစ်သွေးကြွ ဟစ်ဇဘိုလာများလည်း ပါဝင်သည်။ ရုရှားတပ်များ အောင်ပွဲရပြီး သမ္မတ အာဆတ်သည် အာဏာ ဆက်လက် ထိန်းထားနိုင်ခဲ့သည်။

          ယူကရိန်းတွင် ရုရှား၏ ကြားဝင်စွက်ဖက်မှုသည် မတူကွဲပြားနေသည်။ သမ္မတ ပူတင်သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို ကျူးကျော်တိုက်ခိုက်ခြင်းဖြစ်ပြီး မြေပြင်စစ်ပွဲများတွင် ရုရှားတပ်များ ပါဝင် ပတ်သက်နေသည်။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) နှင့် ဥရောပသမဂ္ဂ (EU) တို့ကလည်း ယူကရိန်းကို လက်နက်များ ပုံအောပေးပြီး ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီ၏ ကွပ်ကဲမှုအောက်မှု တိုက်ခိုက်ရေးသမားများကို တိုက်ခိုက်ရေးစိတ်ဓာတ်များ မြှင့်တင်ပေးသည်။

          ယူကရိန်း ဗိုလ်ချုပ်ကြီး

          သူ၏ ရုရှားရန်သူနှင့် မတူသော အသက် ၄၈ နှစ်အရွယ်ရှိ ဗိုလ်ချုပ်ကြီး ဇလူဇနီသည် ယူကရိန်းကို ဆိုဗီယက်ထိန်းချုပ်မှု အဆုံးသတ်ပြီးမှ လူလားမြောက်လာသူ ဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်းနှင့် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ၂၀၁၄ ခုနှစ်က ရုတ်တရက် အလျှင်အမြန် တိုက်ခိုက်မှုအပြီး သူနှင့် အခြားယူကရိန်း စစ်အရာရှိများသည် နေတိုး စစ်ရေး လေ့ကျင့်မှုများကို အားကိုးကြရသည်။

          ထိုလေ့ကျင့်မှုများကြောင့် သူသည် အမိန့်ပေး လှုပ်ရှားလွယ်သော စစ်မြေပြင်တပ်မှူးများဖြစ်သည့် ဗိုလ်ကြီးများ၊ ဗိုလ်များနှင့် တပ်ကြပ်ကြီးများကို တန်ဖိုးထားခဲ့သည်။ ထိုသူများသည် စစ်မြေပြင် စီမံချက်များကို အကောင်အထည် ဖော်ရုံသာမက ကိုယ်ပိုင်ထိုးထွင်း ဆုံးဖြတ်မှုများလည်း ပြုလုပ်ကြသည်။

          ယူကရိန်းနိုင်ငံသားတို့ မြို့ကြီးအများအပြားတွင် ပြုလုပ်ခဲ့သည့်အတိုင်း ချေချင်း တိုက်ခိုက်ရေးသမားများသည် ဂရိုဇနီကို သဲအိတ်များ၊ ပစ္စည်းအပျက်အစီးများဖြင့် ပိတ်ဆို့ကာ ရုရှားတပ်များ ရှေ့တက်လာခြင်းကို တားဆီးရန် ကြိုးစားပြီး နောက်ဆုံးတွင် တောင်တန်းများနှင့် အိမ်နီးချင်း ပြည်နယ်များသို့ ဆုတ်ခွာရသည်

          “ကျနော်တို့က ၁၉၄၃ ခုနှစ်က မြေပုံတွေ၊ စစ်မြေပြင်အမိန့်တွေ ရေးနေတာတွေကနေ လမ်းခွဲဖို့လိုတယ်” ဟု ယူကရိန်း စစ်တပ်ထုတ် စာစောင်တခုဖြစ်သော Army Inform နှင့် လွန်ခဲ့သော ၂ နှစ်က တွေ့ဆုံးမေးမြန်းခန်းတွင် ဗိုလ်ချုပ်ကြီး ဇလူဇနီက ပြောသည်။ “ရည်မှန်းချက်တခု အောင်မြင်ဖို့ နည်းလမ်းအမျိုးမျိုးကို ကျနော် အသုံးပြုတတ်ပါတယ်” ဟုလည်း သူကပြောသည်။

          ထိုသို့ အမိန့်ပေး လှုပ်ရှားလွယ်ခြင်းသည် တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အမြောက်ကြီးများ ပစ်ခတ်သည့် ပုခုံးထမ်း Javelin ဒုံးကျည်များ လွယ်ကူစွာ အသုံးပြုခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ လေယာဉ်ပစ် Stinger လက်နက်များ၊ အဝေးမှပစ်ခတ်သည့် မောင်းသူမဲ့ လေယာဉ်များ အသုံးပြုခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ နေတိုးက ထိုလက်နက်များပေးသည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ပိုလန်၊ လစ်သူယေးနီးယားတို့က ယူကရိန်းတို့ ထိုလက်နက်များ အသုံးပြုနိုင်စေရန် လေ့ကျင့်ပေးသည်။

          ဗိုလ်ချုပ်ကြီး ဇလူဇနီကမူ ထုံထိုင်းလေးလံသော စစ်ယာဉ်တန်းများကို တိုက်ခိုက်ထွက်ပြေးသည့် နည်းလမ်းကို ပိုမိုနှစ်သက်သည် / Facebook

          ယူကရိန်း မျိုးဆက်သစ်များသည် သူ၏ မျိုးဆက်များထက်ပင် ပိုမို အရည်အချင်းမြင့်မားပြီး အဆင့်မြင့် နည်းပညာ လက်နက်များကို အဆင်ပြေစွာ အသုံးပြုနိုင်ကြသည်ဟု ဗိုလ်ချုပ်ကြီး ဇလူဇနီက ယူဆသည်။

          “ဒီလူငယ်တွေက ကျနော်တို့ ဗိုလ်ဘဝကနဲ့ လုံးဝ မတူတော့ဘူး” ဟု သူက ပြောသည်။ “ဒီလူငယ်တွေက ယူကရိန်း တပ်မတော်ကို ၅ နှစ်အတွင်း ပြောင်းလဲသွားစေမယ့် မျိုးဆက်သစ်တွေ ဖြစ်တယ်။ အားလုံးလိုလိုက ဘာသာစကား တခုမက တတ်မြောက်ပြီး ခေတ်မီကိရိယာတွေကို ကောင်းကောင်း သုံးတတ်တယ်။ စာပေနှံ့စပ်တယ်” ဟု သူက ပြောသည်။

          ရုရှားသည် ၄င်တို့ အောင်ပွဲ အထိမ်းအမှတ်ဖြစ်မည့် မြို့တော် ကီယက်ဗ်မှ တပ်များကို ဆုတ်ခွာပြီး တောင်ပိုင်းသို့ တပ်များကို ရွှေ့နေသည်

          ယူကရိန်းစစ်ပွဲသည် ယခုအချိန်အထိ ဗိုလ်ချုပ်ကြီး ဇလူဇနီ ဘက်က တပမ်းသာနေသည်။ ထိုစစ်ပွဲသည် ယခုအချိန်တွင် ပြီးစီးရမည့် စစ်ပွဲဖြစ်သည်။ မွမွကျေနေသော ဆိပ်ကမ်းမြို့ မာရီယူပိုနှင့် အထိနာသော မြောက်ပိုင်းနယ်စပ်မြို့ ခါကိဗ်တို့သည်ပင် ရုရှားထိန်းချုပ်မှုအောက်တွင် မရှိပေ။ ရုရှားသည် ၎င်းတို့ အောင်ပွဲ အထိမ်းအမှတ်ဖြစ်မည့် မြို့တော် ကီယက်ဗ်မှ တပ်များကို ဆုတ်ခွာပြီး တောင်ပိုင်းသို့ တပ်များကို ရွှေ့နေသည်။

          ဗိုလ်ချုပ်ကြီး ဒီဗွန်နီကော့သည် သူ၏တပ်များကို မူလကစီစဉ်ထားသည့်အတိုင်း အရှေ့တောင်နှင့် အရှေ့မြောက်တွင် ဖြန့်ကျက်ထားမည့်အစား စုရုံးထားလိုပုံရကြောင်း ထင်ရှားသည်။ ထိုစစ်ရေးပြင်ဆင်ချက်သည် ယူကရိန်း တပ်များ လိုက်ပါလာပါက ဗိုလ်ချုပ်ကြီး ဇလူဇနီ၏ တပ်များကို ရုရှားအမြောက်များ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဒုံးကျည်များ၏ ပစ်မှတ်ဖြစ်စေမည့် လှုပ်ရှားမှုဖြစ်သည်။

          ဒေးဗစ်သည် ဂိုလီယက်ကို တကြိမ် အနိုင်ရခဲ့သည်။ တဘက်တွင်မူ ဂိုလီယက်သည် နျူကလီးယား စစ်ပွဲဖြင့် ခြိမ်းခြောက်ခဲ့ခြင်း မရှိပေ။

          (Asia Times ပါ Daniel Williams ၏ A tale of two generals in Ukraine ကို ဘာသာပြန်ဆိုသည်။ )

          You may also like these stories:

          ရုရှစစ်သင်္ဘော မော့စ်ကဗာ နစ်မြုပ်မှု သိထားရသမျှနှင့် အရေးပါပုံ

          ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်

          ဘယ်သူတုန်းဟဲ့ ဇယ်လန်စကီး

          ယူကရိန်း စစ်ပွဲမှ အမြတ်ထွက်ရန် တရုတ် မူချ

          ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

          Your Thoughts …
          Tags: ကျူးကျော်စစ်နေတိုးဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇနီဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဒီဗွန်နီကော့ဗ်ယူကရိန်းရုရှားသမ္မတ ဗလာဒီမာ ပူတင်သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး
          Daniel Williams

          Daniel Williams

          Similar Picks:

          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          by ဧရာဝတီ
          26 September 2023
          13.5k

          စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

          နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

          နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

          by လျှပ်စီး
          18 October 2023
          11.5k

          စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

          ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

          ယူကရိန်းလုပ် သံချပ်ကာယာဉ်များ တိုင်းရင်းသားလက်နက်ကိုင်များ ဖမ်းမိ

          by ဧရာဝတီ
          30 October 2023
          9.8k

          ထိုယာဉ်တွင် ကွပ်ကဲသူတဦး၊ ပစ်ခတ်ရေးသမားတဦးနှင့် ယာဉ်မောင်းတို့ပါဝင်ပြီး ယာဉ်အတွင်း စစ်သား ၇ ဦးအထိ လိုက်ပါနိုင်သည်။

          ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

          ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

          by ဧရာဝတီ
          26 August 2023
          8.7k

          ပရီဂိုဇင်သည် ဝဂ္ဂနာ အဆင့်မြင့် ခေါင်းဆောင်များနှင့်အတူ မော်စကို အနီးရှိ တီဗာဒေသသို့ သွားနေစဉ် သူ၏ ပုဂ္ဂလိကလေယာဉ် ပျက်ကျခြင်း ဖြစ်သည်။

          ယူကရိန်းလုပ် သံချပ်ကာယာဉ်များကို  MNDAA ထပ်မံသိမ်းဆည်းရမိ

          ယူကရိန်းလုပ် သံချပ်ကာယာဉ်များကို MNDAA ထပ်မံသိမ်းဆည်းရမိ

          by ဧရာဝတီ
          13 November 2023
          6.3k

          မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ယူကရိန်းလုပ် သံချပ်ကာယာဉ်များကို ဆက်လက် သိမ်းဆည်းရမိလာနေသည်။

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

          by Bertil Lintner
          5 September 2023
          5.5k

          အာဆီယံသည် ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံများအဖွဲ့ဖြစ်သည်ဆိုသည့် အချက်ကို အများအားဖြင့် မေ့နေကြသည်။

          Next Post
          ၂၀၂၀ ခုနှစ် မတ်လကတည်းက ရုပ်ရှင်ရုံများ ရပ်နားခဲ့ကြရသည်  / ဧရာဝတီ

          စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်ခိုင်းသော်လည်း ကြည့်ရှုသူ မရှိ

          အမေရိကန်ဒေါ်လာကို ပြည်တွင်း၌ သုံးစွဲမှု လျှော့ချပြီး တရုတ်ယွမ်ငွေ သုံးစွဲမှုကို မြှင့်တင်ပါက တရုတ်ယွမ် ဈေးနှုန်းမြင့်တက်လာနိုင်သလို တရုတ်၏ မြန်မာနိုင်ငံအပေါ်  စီးပွားရေးအရ ပို၍ ဩဇာ ကြီးမားလာနိုင်သည်

          ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်

          No Result
          View All Result

          Recommended

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          5 days ago
          13.9k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.2k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

            shares
            Share 0 Tweet 0
          • အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved