စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ဟာ သူ့တို့အနေနဲ့ လက်ပါးစေ ဘယ်လောက်ပီသလဲ ဆိုတာ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူး ဆုတောင်းစကားနဲ့ ထပ်မံဖော်ပြလိုက်ပါတယ်။
စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြတဲ့ သူတို့ရဲ့ စကားတွေထဲမှာ ဦးသိန်းညွန့်က စစ်ကောင်စီကို တော်လှန်နေတဲ့ CRPH၊ NUG၊ PDF တွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အသုံးချခံ နိုင်ငံတော် သစ္စာဖောက်အုပ်စု၊ အကြမ်းဖက်သမားတွေလို့ သုံးနှုန်းသွားပြီး အမေရိကန်၊ အနောက်နိုင်ငံတွေရဲ့ ပြည်တွင်း သစ္စာဖောက်လုပ်ကြံမှုတွေ၊ ငွေကြေး၊ လက်နက်စတဲ့ အားပေးအထောက်အကူပြုမှုတွေ ကိုလည်း ရိုက်ချိုးပစ်ရမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။
“သူတို့ မုချ ရှုံးနိမ့်ပြီး မြန်မာတွေ မုချ အောင်ပွဲခံမယ်။ ဘာကြောင့်လဲဆိုရင် ယနေ့ အမျိုးသား အင်အားစုတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ခိုင်မာစွာ ရပ်တည်နေကြပါပြီ” လို့ ဦးသိန်းညွန့်က မျက်နှာပြောင်တိုက်ပြီး ပြောသွားပါတယ်။
ဦးသိန်းညွန့်ဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နှုတ်ခွန်းဆက်စကားမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကိုခံယူပြီး CRPH၊ NUG၊ PDF အပြတ်ရှင်းလင်းရမယ်လို့ ကြွေးကြော်ခဲ့ပါသေးတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ စစ်ကောင်စီဝင် ဦးခင်မောင်ဆွေကလည်း နိုင်ငံအန္တရာယ်တွေကို အမြစ်ကမကျန် စုပေါင်းတွန်းလှန်ကြရမယ်လို့ ကြွေးကြော်ပါသေးတယ်။
စစ်ကောင်စီဥက္ကဋ္ဌ အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီဝင် ၂၀ ထဲမှာ ဒီ မြန်မာနှစ်သစ်ကူးဆုတောင်းစကားကို မင်းအောင်လှိုင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ သုံးဦး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ထုံးစံအတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီကို ဖောက်ဖျက်တယ်လို့ အပြစ်ဖို့ပြောဆိုပြီး ဦးသိန်းညွန့်ကတော့ မင်းအောင်လှိုင်အကြိုက် အပြင်းထန်ဆုံး စကားတွေကို ပြောခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းတာ တနှစ်ကျော်လာပြီဖြစ်တဲ့ အခုအချိန်အထိ နိုင်ငံကို မထိန်းချုပ်နိုင်တာ တကမ္ဘာလုံး အသိပဲဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ စစ်ကောင်စီဝင် ဦးခင်မောင်ဆွေကလည်း နိုင်ငံအန္တရာယ်တွေကို အမြစ်ကမကျန် စုပေါင်းတွန်းလှန်ကြရမယ်လို့ ကြွေးကြော်ပါသေးတယ်။
သူတို့ကသာ အပြတ်ရှင်းမယ်လို့ ကြွေးကြော်နေပေမယ့်လည်း လက်တွေ့ နိုင်ငံအနှံ့မှာ စစ်တပ်ဟာ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မြေပြင်မှာ အထိနာနေသလို စစ်ကောင်စီဟာ အာဏာသိမ်းတာ တနှစ်ကျော်လာပြီဖြစ်တဲ့ အခုအချိန်အထိ နိုင်ငံကို မထိန်းချုပ်နိုင်တာ တကမ္ဘာလုံး အသိပဲဖြစ်ပါတယ်။
စစ်တပ်ကို အားပေးထောက်ခံရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အရပ်သားအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တောက်လျှောက် ဝေဖန်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ် ဦးသိန်းညွန့်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွေမှာလည်း NLD ကို နှိပ်ကွပ်ဖို့နဲ့ မင်းအောင်လှိုင်ကို ဖော်လံဖားမြှောက်ပင့်တဲ့ ဆွေးနွေးပြောဆိုမှုတွေကိုလည်း တစိုက်မတ်မတ်ပြုလုပ်ခဲ့ပါတယ်။ သူ ဒီလိုလုပ်တာဟာ အခုမှမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌအဖြစ် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီနဲ့မဟာမိတ်ဖွဲ့၊ စစ်တပ်ကို အားပေးထောက်ခံရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အရပ်သားအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တောက်လျှောက် ဝေဖန်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ စစ်တပ်ကို အာဏာသိမ်းဖို့ကို အားပေးတဲ့ ပြောဆိုရေးသားမှုတွေ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ပုတ်ခတ်ရေးသားထားတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့ ဒီမိုကရေစီ ဒုတိယအစိုးရသစ်နဲ့ မြန်မာနိုင်ငံ စာအုပ်အမှာစာမှာလည်း စစ်တပ်အာဏာသိမ်းဖို့ကို နှပ်ကြောင်းပေး ရေးသားခဲ့ပါသေးတယ်။
အသက် ၇၉ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ၊ စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေကလည်း ပြည်ပ ပယောဂတွေ များလာနေတယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေဆီကို သွေးခွဲ သပ်လျှို ဝင်ရောက်နေတယ်၊ အမိမြေကို ဖြိုခွဲပြီး သစ္စာဖောက်တဲ့ သမိုင်းတရားခံတွေ မဖြစ်စေနဲ့ စတဲ့ စာသားတွေပါတဲ့ အာဏာရှင်အကြိုက် ဆောင်းပါးတွေကို စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။
ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ဟာ ၂၀၁၀ ပြည့်နှစ်က NLD က ခွဲထွက်လာသူတွေ ဖြစ်ပြီး နောက်ပိုင်းမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အပုပ်ချရင်း စစ်အာဏာရှင်ဘက်ကို ကူးပြောင်းသွားသူဖြစ်ပါတယ်။
စစ်တပ်က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြတဲ့ ပြည်သူ ခုနစ်ရာကျော်ကို ရက်ရက်စက်စက်ပစ်သတ်ပြီးချိန် ၂၀၂၁ ဧပြီလမှာ “ကျနော်တို့ ကောင်စီဥက္ကဋ္ဌကိုယ်တိုင်ကလည်း တရားလွန်လုပ်ဖို့ စိတ်ကူးမရှိပါဘူး၊ သူလည်း စိတ်ကောင်းမှာ မဟုတ်ဘူးပေါ့။ နိုင်ငံသားတယောက် သေဆုံးတာကို ပျော်နေမယ့် လူမျိုးတော့မဟုတ်ဘူး” လို့ ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျူးတခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဘက်က ဖေးဖေးမမ ဖြေသွားခဲ့ဖူးပါတယ်။
ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ဟာ ၂၀၁၀ ပြည့်နှစ်က NLD က ခွဲထွက်လာသူတွေ ဖြစ်ပြီး နောက်ပိုင်းမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်အပုပ်ချရင်း စစ်အာဏာရှင်ဘက်ကို ကူးပြောင်းသွားသူဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဝင်တွေ ဖြစ်လာကြပါတယ်။ သူတို့ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းလို့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသူတွေလည်း ဖြစ်ပါတယ်။
You may also like these stories:
ဦးဖြိုးမင်းသိန်း၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှု ဧပြီ ၂၆ ရက် အမိန့်ချမည်
စစ်ကောင်စီ နှစ်သစ်ကူး လွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်
အပြုတ်တိုက်ရေးကို စစ်ဗိုလ်ချုပ်များ ရွေးချယ်
ခုခံတော်လှန်သူများ၏ ဘဏ္ဍာနှင့် လက်နက်ခဲယမ်းပြဿနာ