ရှမ်းပြည်တောင်ပိုင်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အပြောင်းအလဲကြီးကြီးမားမား တွေ့ရသည်မှာ ရှမ်းပြည် တောင်ပိုင်းဖြစ်၏။ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးအနီး ဝမ်ဟိုင်းတွင် အခြေပြုသည့် SSPP သည် ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်၏ ဖိအားကြောင့် တပ်မဟာ ၃ ခုရှိသည့်အနက် တပ်မဟာ နှစ်ခုသည် စိန်ဂျော့ ပသစနှင့် ကာလိ ပသစဟု ပြောင်းလဲဖွဲ့စည်းသွားရာ ဝမ်ဟိုင်း အခြေပြု တပ်မဟာ တခုသာ ကျန်တော့သည်။ ထို့အပြင် မြန်မာစစ်တပ်နှင့်လည်း ပြန်လည်တိုက်ပွဲများ ဖြစ်ပွားသဖြင့် ရုန်းကန်ပြီး အင်အားပြန်လည် တည်ဆောက်နေရ၏။ ၂၀၁၂ ခုနှစ် SSPP နှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့သော်လည်း SSPP နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများသည် ၂၀၁၅/၂၀၁၆ ကာလအထိ ဆက်လက် ဖြစ်ပွားခဲ့၏။
ရှမ်းအရှေ့ ထိုင်းနယ်စပ်တွင်အခြေပြုသော RCSS သည်လည်း ၂၀၁၂ တွင် အစိုးရနှင့် အပစ်ရပ်သည်။ ၂၀၀၉ နှင့် ၂၀၁၅ အကြား SSPP အားနည်းနေသော ကာလတွင် RCSS သည် ၂၀၁၂ မှ စ၍ ရှမ်းအရှေ့မှ ရှမ်းတောင် နှင့် ရှမ်းမြောက်သို့ ထိုးဖောက်ဝင်ရောက်လာ၏။ တစတစ အားကောင်းလာသော RCSS သည် ၂၀၁၅ မှစ၍ အရှိန်မြှင့်ပြီး ထိုးဖောက်ဝင်ရောက် ခြေကုပ်ယူသည်ကို တွေ့ရသည်။ ကျောက်မဲဒေသမှ တဆင့် ရှမ်းမြောက်သို့ ထိုးဖောက်ဝင်ရောက်သည့် RCSS သည် ဦီးစွာအားဖြင့် တစတစ အားကောင်းလာပြီဖြစ်သော TNLA တပ်ဖွဲ့နှင့် ပဋိပက္ခ စတင်ဖြစ်ပွားကာ တိုက်ပွဲများဖြစ်ပွားသည်။ နောက်ပိုင်းတွင် အင်အားပြန်လည် တည်ဆောက်လာနိုင်သည့် SSPP နှင့် ပဋိပက္ခဖြစ်လာသည်ကို တွေ့ရသည်။
ပဋိပက္ခကို စေ့စပ်ဆွေးနွေးရန် ရှမ်းသံဃာတော်များ၊ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းအဖွဲ့အစည်းများ ကြိုးပမ်းကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ SSPP က နယ်မြေသတ်မှတ်ရေး အရင်ဆွေးနွေးမည်၊ ပြီးမှ နိုင်ငံရေး ဆက်လက် ဆွေးနွေးမည် ဟူသော မူကို ကိုင်စွဲ၏။ RCSS ကမူ နိုင်ငံရေး အရင်ဆွေးနွေးမည်၊ ပြီးမှ နယ်မြေသတ်မှတ်ရေး ဆွေးနွေးမည်ဟူသည့် မူကို ကိုင်ထားရာ ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်မလာခဲ့ကြပေ။
ထိုအဖွဲ့များ၏ ပဋိပက္ခကို စေ့စပ်ဆွေးနွေးရန် ရှမ်းသံဃာတော်များ၊ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းအဖွဲ့အစည်းများ ကြိုးပမ်းကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ SSPP က နယ်မြေသတ်မှတ်ရေး အရင်ဆွေးနွေးမည်၊ ပြီးမှ နိုင်ငံရေး ဆက်လက် ဆွေးနွေးမည် ဟူသော မူကို ကိုင်စွဲ၏။ RCSS ကမူ နိုင်ငံရေး အရင်ဆွေးနွေးမည်၊ ပြီးမှ နယ်မြေသတ်မှတ်ရေး ဆွေးနွေးမည်ဟူသည့် မူကို ကိုင်ထားရာ ညှိနှိုင်းမရဘဲ ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်မလာခဲ့ကြပေ။
၂၀၁၅ မှစ၍ ရှမ်းတောင်နှင့်ရှမ်းမြောက်သို့ ထိုးဖောက်လာသော RCSS သည် ၂၀၂၀ ဝန်းကျင်တွင် အားကောင်းမောင်းသန် ဖြစ်လာသည်။ ကျောက်မဲအနီး တောင်တခုတွင် RCSS အခြေစိုက်စခန်းတခု တည်ဆောက်နိုင်ပြီးမြောက်ပိုင်း၏ လွယ်တိုင်းလျံဟု ခေါ်ဝေါ်ကြသည်ဟုသိရ၏။ ထို့အပြင် မိုင်းနောင်-ကျေးသီးကားလမ်း အနောက်တောင်ဖက် လွယ်ဟွန်းတောင်ကြောတွင်လည်း အခိုင်အမာခြေကုပ်ယူလာသည် ဖြစ်ရာ အဆိုပါ ကားလမ်း၏ အရှေ့မြောက်ဖက်ရှိ SSPP ဗဟိုရှိရာ ဝမ်ဟိုင်းအား ခြိမ်းခြောက်လာသည်။ RCSS နှင့် SSPP၊ TNLA တို့အကြား တိုက်ပွဲများပိုမြင့်လာ၏။
RCSS ၏ အဓိကအားနည်းချက်မှာ ရှမ်းပြည်နယ်အတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မှ မဟာမိတ်စုဖွဲ့ထားနိုင်ခြင်း မရှိပေ။ RCSS နှင့် NDAA (မိုင်းလား) တို့အကြား ဆက်ဆံရေး တစုံတရာရှိသည်ဆိုနိုင်သော်လည်း နိုင်ငံရေး၊ စစ်ရေး မဟာမိတ် ဖွဲ့စည်းနိုင်ခြင်း မရှိပေ။ SSPP ကမူ TNLA၊ UWSA အပါ မြောက်ပိုင်းအဖွဲ့များနှင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ဖွဲ့စည်းမှုရှိသည်။ ထို့အပြင် ၎င်းနှင့် သဘောထားကွဲ၍ ခွဲထွက်ကာ ပသစ ဖြစ်သွားသော စိန်ဂျော့ ပသစ၊ ကာလိ ပသစ တို့နှင့်လည်း ပဋိပက္ခ ဖြစ်ပွားခြင်း မရှိပေ။ RCSS ကမူ ထို ပသစ နယ်များအပြင်၊ မိုင်းလား၏ ဒေသတချို့ကို ထိပါးသည့် အရိပ်လက္ခဏာ တွေ့ရ၍ အဖွဲ့တိုင်းက သတိထား စောင့်ကြည့်နေကြသည်။ RCSS သည် ၂၀၁၅ မှ ၂၀၂၀ အကြား၌ ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် အားကောင်းမောင်းသန် ဖြစ်လာသော်လည်း ရှမ်းပြည်နယ် လက်နက်ကိုင်တပ်ဖွဲ့များအကြားတွင် အထီးကျန်ဆန်၍ မဟာမိတ်မရှိပေ။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ရှေ့တန်း ရောက်လာချိန်တွင် SSPP/TNLA တို့သည် UWSA ၏ အကူအညီဖြင့် RCSS အား ရှမ်းမြောက်နှင့် ရှမ်းတောင်မှ တွန်းထုတ်ရန် ပြင်ဆင်လာကြ၏။ UWSA သည် မဟာမိတ်တို့အား ကူညီခြင်းအပြင်၊ တခြားသော ရည်ရွယ်ချက်များလည်း ပါနိုင်သည်ဟု ရှုမြင်ကြသည်။ သံလွင်အနောက်ခြမ်း ရှမ်းမြောက်နှင့် ရှမ်းတောင်သည် သံလွင်အရှေ့ခြမ်း ဝ နယ်ကို တိုက်ခိုက်လာနိုင်သည့် မြန်မာစစ်တပ်အား ကောင်းစွာ နှောက်ယှက် ထိန်းချုပ်နိုင်သည့် ဒေသဖြစ်၏။ သို့နှင့် ၂၀၂၁ မေလမှစ၍ သံလွင်အရှေ့ခြမ်းမှ UWSA တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ရှမ်းတောင်သို့ ဝင်ရောက်လာခဲ့သည်ဟု မြေပြင်သတင်းများအရသိရပြီး UWSA သည် SSPP/TNLA တို့နှင့် ပူးတွဲ၍ စစ်ဆင်ရေးစတင်သည်။
SSPP/TNLA ပူးပေါင်းအင်အား တချို့က ကျောက်မဲဒေသအား ထိုးစစ်ဆင်၏။ SSPP/UWSA ပူးပေါင်း အင်အားများက မိုင်းနောင်-ကျေးသီး ဒေသရှိ လွယ်ဟွန်းတောင်ကြောအား တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ဆင်ရေးစတင်၏။ လူသူလက်နက်အင်အား သာလွန်သည့် မြောက်ပိုင်းမဟာမိတ်များအား RCSS သည် ရေရှည်တွင် မယှဉ်သာဘဲ တဖြည်းဖြည်းဆုတ်ခွာသည်။
UWSA သည် မဟာမိတ်တို့အား ကူညီခြင်းအပြင်၊ တခြားသော ရည်ရွယ်ချက်များလည်း ပါနိုင်သည်ဟု ရှုမြင်ကြသည်။ သံလွင်အနောက်ခြမ်း ရှမ်းမြောက်နှင့် ရှမ်းတောင်သည် သံလွင်အရှေ့ခြမ်း ဝ နယ်ကို တိုက်ခိုက်လာနိုင်သည့် မြန်မာစစ်တပ်အား ကောင်းစွာ နှောက်ယှက် ထိန်းချုပ်နိုင်သည့် ဒေသဖြစ်၏။
၂၀၂၂ ခုနှစ်တွင် ကျောက်မဲဒေသရှိ RCSS တပ်များအား ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရန် မြောက်ပိုင်းမဟာမိတ်များက စစ်ဆင်ရေး တဆင့်တက်၏။ RCSS သည် တောင်ကြီးကားလမ်း တောင်ပိုင်း လင်းခေး၊ မိုင်းပန်နယ်မှတဆင့် မိုင်းကိုင်-ဆင်တောင်အား ဖြတ်ပြီး ဆင်တောင်အနောက်ဖက် ရပ်စောက်-ကျောက်ဂူနယ်မှ နောင်ချို-ကျောက်မဲသို့ လှုပ်ရှားသည်။ သို့ဖြစ်ရာ မြောက်ပိုင်းမဟာမိတ်များသည် မိုင်းကိုင် -ဆင်တောင်၊ ပင်လုံအနီး ဆနင်းတောင်တို့အား ဝင်ရောက်နေရာယူ သိမ်းပိုက်၏။ တဖက်ကလည်း ကျောက်မဲဖက်က ထိုးစစ်ဆင်ရာ RCSS တပ်များအား ကျောက်ဂူတဝိုက်တွင် ပိတ်မိခဲ့သည်။
၂၀၂၁ ခုနှစ် မေလ မှစ၍ ၂၀၂၂ ခုနှစ် မတ်လဆန်းအထိ ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းအဖွဲ့နှင့် RCSS အကြား တိုက်ပွဲတွင် RCSS အရေးနိမ့်ခဲ့၏။ တပ်မဟာမှူး တဦးအပါ၊ ဖမ်းမိ RCSS အင်အားတချို့ SSPP သို့ ကူးပြောင်းသွား၏။ ကျန်အင်အား အများစုကမူ ဆက်လက်၍ မည်သည့်ဘက်တွင်မှ စစ်မှုမထမ်းတော့ဘဲ၊ အိမ်ပြန်၍ အရပ်သားအဖြစ် နေထိုင်ကြသည်။ SSPP နှင့် နီးစပ်သူတဦး၏ အဆိုအရ ထိုတနှစ်နီးပါးကြာသည့် စစ်ဆင်ရေးကာလအတွင်း မပြည့်စုံသေးသည့်စာရင်းအရ RCSS အင်အား ၂၀၀၀ ခန့် ပြုန်းတီးသွားသည်ဟု သိရ၏။
လက်ရှိ တောင်ကြီးကားလမ်း မြောက်ဖက်တွင် ရပ်စောက်နယ်ထဲ၌ RCSS အင်အား ၂၅၀ ခန့်နှင့် ခိုလုံ မြောက်ဖက်တွင် RCSS အင်အား ၆၀၀ ခန့်သာ ကျန်တော့သည်ဟု မြေပြင်သတင်းများအရ သိရ၏။ RCSS အနေဖြင့် ပြန်လည်ထိုးဖောက်ရန် မျှော်လင့်နေဆဲ ဖြစ်မည်။ သို့သော် SSPP နှင့် မြောက်ပိုင်းအဖွဲ့များ၏ အခိုင်အမာ နေရာယူထားမှုအား သူ့တဖွဲ့တည်း ပြန်လည်တုန့်ပြန်ရန် မလွယ်ကူတော့ပေ။
SSPP က ကျေးသီး၊ မိုင်းကိုင်၊ ဆင်တောင်၊ ရပ်စောက်ရှေ့ခြမ်း၊ ပင်လုံ စသည့် တိုးချဲ့ရယူထားသော နေရာများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရင်း စစ်ဆင်ရေးများအား ရပ်တန့်ထား၏။ တချိန်တည်းတွင် တောင်ကြီး ကားလမ်းမြောက်ဖက်ရှိ လက်ကျန် RCSS များနှင့် လင်းခေး၊ မိုင်းပန် ဒေသရှိ RCSS တပ်များအား ၎င်းတို့နှင့်ပူးပေါင်းရန် စည်းရုံးသိမ်းသွင်းလျှက်ရှိသည်ဟု မြေပြင်သတင်းများအရ သိရသည်။ လက်ရှိအချိန်တွင် RCSS အင်အား ၃၀၀ ခန့် SSPP သို့ စတင်ကူးပြောင်းသည်ကို တွေ့ရ၏။
၂၀၂၁ မေလအတွင်း UWSA တပ်များ သံလွင်အနောက်သို့ လက်ရှိ ၎င်းတို့ထိမ်းချုပ်ထားသော ကူးတို့များမှတဆင့် ကူးလာခြင်း၊ ရှမ်းတောင်တွင် စစ်ဆင်ရေးများပြုလုပ်ခြင်းအပေါ် မြန်မာစစ်တပ် သိရှိသော်လည်း နှုတ်ဆိတ်နေခြင်းများ တွေ့ရ၏။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ချင်း တိုက်ခိုက်သည်မှာ သူအတွက် အကျိုးရှိသည်ဟု ယူဆ၍လည်း ဖြစ်နိုင်သကဲ့သို့ တဖက်ကလည်း မြန်မာပြည်အနှံ့ စစ်မျက်နှာ ဖွင့်နေရသည့် မြန်မာစစ်တပ်အတွက် စစ်မျက်နှာအသစ် မဖွင့်နိုင်၍လည်း ဖြစ်နိုင်သည်။
သို့သော် ၂၀၂၂ နှစ်ဆန်း ကျောက်ဂူအနီး ဖြစ်ပွားသော တိုက်ပွဲတွင် ၎င်းတို့၏တပ်ပါ ထိခိုက်လာသဖြင့် SSPP နှင့် မဟာမိတ်တပ်များဘက်သို့ ဗုံးကြဲသည်ကို တွေ့ရသည်။ ပြင်းပြင်းထန်ထန်တော့ မဟုတ်၊ သတိပေးသည့် သဘောဆောင်သည်ဟု ဆိုရမည်။ သို့သော် စစ်ဆင်ရေးများ ရပ်တန့်သွားသည့်အခါ မြန်မာစစ်တပ်က SSPP အား ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နေပြည်တော်၌ ခေါ်ယူဆွေးနွေးသည်ကို တွေ့ရ၏။
RCSS အနေဖြင့် ပြန်လည်ထိုးဖောက်ရန် မျှော်လင့်နေဆဲ ဖြစ်မည်။ သို့သော် SSPP နှင့် မြောက်ပိုင်းအဖွဲ့များ၏ အခိုင်အမာ နေရာယူထားမှုအား သူ့တဖွဲ့တည်း ပြန်လည်တုန့်ပြန်ရန် မလွယ်ကူတော့ပေ။
မြန်မာစစ်တပ်က သတင်းမထုတ်ပြန်သော်လည်း SSPP အသိုင်းအဝိုင်းက ရရှိသည့် သတင်းများအရ လက်ရှိ SSPP ရယူထားသည့် ကျောက်ဂူဒေသ၊ ဆင်တောင်နှင့် ပင်လုံအနီး ဆနင်းတောင်တို့အပြင် မိုင်းရှူးအနီးရှိ သံလွင်ကမ်းပါးမှ ဝ နယ်သို့ကူးသော ကူးတို့ဆိပ်အား ထိမ်းချုပ်ထားသည့် တောင်ကုန်းမှ SSPP တပ်များ ဖယ်ပေးရန် တောင်းဆိုသည်ဟုဆိုသည်။ အကယ်၍ မဖယ်ပါက မြန်မာစစ်တပ်က စစ်ဆင်ရေး ပြုလုပ်၍ ဖယ်ရှားသွားမည်ဟု ရာဇသံပေးသည်ဟု သိရ၏။ သို့သော်လည်း နောက်တနေ့မှစ၍ SSPP နှင့် မဟာမိတ်များ အဆိုပါ နေရာများတွင် တပ်အင်အားတိုးချဲ့ပြီး ခံစစ်ပြင်သည်ကိုလည်းကောင်း၊ ပတ်လည်စိုးမိုးသည့် နေရာများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည်ကိုလည်းကောင်း တွေ့ရသည်။
SSPP နှင့် မဟာမိတ်များအနေဖြင့် ထိုနေရာများမှ ဆုတ်ပေးမည်မဟုတ်ဘဲ၊ မြန်မာစစ်တပ်က စစ်ဆင်ရေး ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟုဆို၏။ ထိုသို့ခြိမ်းခြောက်မှု ပြုလုပ်သည်နှင့်အတူ ပင်လုံ၊ ရပ်စောက်၊ မိုင်းကိုင်ဒေသများတွင် မြန်မာစစ်တပ်က တပ်များတိုးမြှင့်ချထားခြင်း၊ ၎င်းတို့၏ ပြည်သူ့စစ်များ နေရာချထားခြင်းများ ပြုလုပ်ပြီး SSPP နှင့် မဟာမိတ်တပ်များနှင့် ရင်ဆိုင်ထားသော်လည်း ယနေ့အထိမူ စစ်ဆင်ရေး လုပ်နိုင်ခြင်း မရှိသေးပေ။
အမှန်မှာမူ စစ်အင်အား မလုံလောက်သည့် မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ လောလောဆယ် စစ်ပွဲအတွင်းပါမလာအောင် အောက်ဈေးဖြင့် အပစ်ရပ်ထားနိုင်ရေး ကြိုးစားနေသည်။ ဘိန်းဓားပြဟု ကင်ပွန်းတပ်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့သော၊ လက်ရှိလည်း တိုက်ခိုက်နေသော ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်း အသုဘသို့ မြန်မာစစ်တပ်ခေါင်းဆောင်ကိုယ်တိုင် လွမ်းသူ့ပန်းခွေပို့ပြီး စစ်တိုင်းမှူးတဦးကိုပင် ကိုယ်စားစေလွှတ်ခဲ့၏။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များ လက်ရှိ စစ်ပွဲအတွင်း ပါမလာအောင် အတော်လေး အောက်ကျခံပြီး ကြိုးပမ်းနေသည်။
သို့သော်လည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီ (ကယား)၊ ချင်းပြည်နယ်တို့တွင် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများကို တွေ့မြင်သိရှိနေသည့် ရှမ်းပြည်မှ တိုင်းရင်းသားတပ်ဖွဲ့များက မြန်မာစစ်တပ်ကို အယုံအကြည်မရှိကြသည့်အပြင်၊ ၎င်းတို့အား အချိုသတ်ပြီး ပြည်မတွင် ချေမှုန်းရန် ကြိုးစားနေသည်ကို သိကြသည်။ ပြည်မတွင် ငြိမ်သက်သွားပါက ၎င်းတို့ဘက်သို့ ဦးလှည့်လာမည်ကိုလည်း ကောင်းစွာ သဘောပေါက်ကြသည်။
ယေဘုယျအားဖြင့် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင်ဖြစ်ပွားသည့် SSPP မဟာမိတ်များနှင့် RCSS တိုက်ပွဲအား အကျိုးမဲ့ အချင်းချင်းတိုက်သည်ဟု ယူဆသူများလည်းရှိသည်။ သို့သော် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များအကြား ရှုပ်ထွေးမှုများကို ဖြေရှင်းပြီး ရှင်းလင်းအောင် ပြုလုပ်ခြင်းဟုလည်း ယူဆ၍ရ၏။
ရှမ်းတောင်သို့ UWSA များ ဝင်ရောက်လာခြင်း နှင့်ပတ်သက်၍ SSPP ဘက်ကရော၊ မြန်မာစစ်တပ်ဘက်ကပါ တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိပေ။ UWSA တပ်များသည် SSPP တပ်များအား ကူညီခြင်းအပြင်၊ တခြား စစ်ရေးရည်ရွယ်ချက် တခုရှိနိုင်သည်ဟု သုံးသပ်ရ၏။ ထိုအချက်မှာ သံလွင်မြစ် အရှေ့ဘက်ကမ်းသို့ ကူး၍ ဝ နယ်သို့ ထိုးစစ်ဆင်မည့် မြန်မာစစ်တပ်အား ဖြတ်တောက်ထိမ်းချုပ်ထားနိုင်သည့် အပြင်၊ ဗထူး၊ တောင်ကြီး၊ နမ့်စမ် စစ်တပ်စခန်းများအား ခြိမ်းခြောက်ထားနိုင်သည်။ ထို့အပြင် သံလွင်မြစ်အရှေ့ဘက်ကမ်း ဟိုပန်၊ ပန်လုံ၊ မန်မန်းဆိုင်၊ မော်ဖာဒေသများတွင် တပ်စွဲနေရာယူထားသော မြန်မာစစ်တပ်အားလည်း ပြန်လည်ဝိုင်းပတ်ထား နိုင်သည်။
မြန်မာစစ်တပ်က တပ်များတိုးမြှင့်ချထားခြင်း၊ ၎င်းတို့၏ ပြည်သူ့စစ်များ နေရာချထားခြင်းများ ပြုလုပ်ပြီး SSPP နှင့် မဟာမိတ်တပ်များနှင့် ရင်ဆိုင်ထားသော်လည်း ယနေ့အထိမူ စစ်ဆင်ရေး လုပ်နိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ရှမ်းပြည်တောင်ပိုင်းတွင် ဝင်ရောက်လာသည်မှာ တနှစ်ခန့်နီးပါး ရှိပြီဖြစ်သော UWSA တပ်များသည် လက်ရှိ အခင်းအကျင်းအရ လည်းကောင်း၊ ပြီးခဲ့သော အတွေ့အကြုံများအရလည်းကောင်း ရှမ်းပြည် တောင်ပိုင်းမှ အလွယ်တကူ ပြန်ထွက်သွားဖွယ်မမြင်ရပေ။ ၎င်းပြင် ဝ တပ်ဖွဲ့များသည် ဗကပ တပ်ဖွဲ့ကာလ ၁၉၇၅ မှသည် ဗကပမှ ခွဲထွက်ပြီးသည့် ၁၉၉၀ အထိ ရှမ်းတောင်တွင် လှုပ်ရှားခဲ့ဖူးရာ ထိုဒေသနှင့် အကျွမ်းတဝင်ရှိကြသည်။
ဤနေရာတွင် စဉ်းစားသုံးသပ်ကြသည့် အချက်တခုမှာ တနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် ရှမ်းတောင်စစ်ရေး လှုပ်ရှားမှုတွင် SSPP နှင့် မဟာမိတ်အင်အားစု၏ ဘဏ္ဍာ၊ ခဲယမ်းကုန်ကျစရိတ်မှာ နည်းမည်မဟုတ်ပေ။ ထိုကုန်ကျစရိတ်ကို ဘဏ္ဍာ၊ လက်နက်ခဲယမ်းအင်အား တောင့်တင်းသည့် UWSA က ကျခံသည်လား။ သို့မဟုတ် UWSA နောက်တွင် တရုတ်တို့ရှိနေသလားဟူသည့် အချက်ဖြစ်သည်။
လက်ရှိ တောင်ကြီးကားလမ်း မြောက်ဖက်မှသည် တရုတ်နယ်စပ်အထိ စိုးမိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်ပြီး တရုတ်နှင့် နီးကပ်သည့် ဆက်ဆံရေးများ ရှိသည့်အဖွဲ့များဖြစ်ရာ ဤအချက်ကို ထည့်သွင်းစဉ်းစားကြသည်မှာ အဆန်းမဟုတ်ပေ။ သို့သော် ဤအချက်သည် မှန်းဆချက် သို့မဟုတ် စွပ်စွဲချက်သက်သက်မျှသာ ရှိသေးသည်။ သက်သေအထောက်အထား လိုအပ်နေသေး၏။ သို့သော်လည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အချက်တချက်လည်း ဖြစ်နေပေသည်။
တနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် ရှမ်းတောင်စစ်ရေး လှုပ်ရှားမှုတွင် SSPP နှင့် မဟာမိတ်အင်အားစု၏ ဘဏ္ဍာ၊ ခဲယမ်းကုန်ကျစရိတ်မှာ နည်းမည်မဟုတ်ပေ။ ထိုကုန်ကျစရိတ်ကို ဘဏ္ဍာ၊ လက်နက်ခဲယမ်းအင်အား တောင့်တင်းသည့် UWSA က ကျခံသည်လား။ သို့မဟုတ် UWSA နောက်တွင် တရုတ်တို့ရှိနေသလား
လက်ရှိအခြေအနေကို ကြည့်ပါက တောင်ကြီး-ကျိုင်းတုံကားလမ်းနှင့် ပြင်ဦးလွင်- နောင်ချို-ကျောက်မဲ- သီပေါ-လားရှိုးကားလမ်းအကြားတွင် အဓိကအားဖြင့် SSPP နှင့် UWSA တပ်ဖွဲ့များသာ ရှိတော့မည်ဖြစ်၏။ တဖန် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး ကားလမ်းနှင့် နမ့်ခမ်း -မူဆယ်-ကွတ်ခိုင်-သိန္နီ-လားရှိုး ကားလမ်းအကြားတွင် အဓိက TNLA တပ်ဖွဲ့များနှင့် KIA တပ်ဖွဲ့တချို့သာ ရှိတော့သည်။ တဖန် မူဆယ်-ကွတ်ခိုင်-သိန္နီ-ကွန်လုံကားလမ်း မြောက်ဖက်နှင့် နယ်စပ်မျဉ်းကြားတွင် အဓိက KIA နှင့် MNDAA တို့သာ အဓိက ရှိတော့မည်ဖြစ်၏။ ထို့အတူ ကွန်လုံ -သိန္နီ-လားရှိုး-တန့်ယန်းအကြားရှိ မုန်းကျက်-မုန်းယော်ဂွင်တွင် KIA/MNDAA/TNLA/SSPP တို့သာ ရှိတော့မည်ဖြစ်သည်။ ထို့အပြင် ထို ၄ ဖွဲ့သည် မြောက်ပိုင်းမဟာမိတ်များ ဖြစ်ရာ နိုင်ငံရေးစစ်ရေး ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရန် လွယ်ကူသွားပြီဖြစ်သည်။
ထို့အပြင် ရှမ်းတောင် ဓနုဒေသ၊ အောင်ပန်း၊ တောင်ကြီးဒေသတို့တွင် PDF လှုပ်ရှားမှုများ စတင်တွေ့ရ၏။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF ၇ ဖွဲ့ခန့်ရှိသည်ဟု သိရသည်။ ရွာငံဘက်ရှိ PDF များအား လေကြောင်းသုံး၍ စစ်ဆင်ရေး ပြုလုပ်သည်ကို တွေ့ရ၏။ လက်ရှိအချိန်တွင် အဆိုပါ PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်လှုပ်ရှားမှုကို မတွေ့ရသေးသော်လည်း မကြာခင်တွေ့ရနိုင်သည်။ ထိုဒေသရှိ PDF အင်အားနှင့် လက်နက်တပ်ဆင်နိုင်မှုမှာ ပဟေဠိတခုဖြစ်၏။
ရှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီးအခြေစိုက် ရပခ နှင့် ခိုလန် အခြေစိုက် ရလခ ဟူ၍ မြန်မာစစ်တပ်မှ စစ်တိုင်း နှစ်ခုခွဲထားသည်။
လက်ရှိအချိန် မြန်မာစစ်တပ်က ရာဇသံပေးသကဲ့သို့ SSPP နှင့် UWSA တို့အား တိုက်ခိုက်ရန် ရှမ်းပြည် တောင်ပိုင်းတွင် စစ်အင်အား အကန့်အသတ်ရှိ၏။ သို့သော် SSPP နှင့် UWSA တို့အား မဖြစ်မနေ တိုက်မည်ဆိုပါက အခြားဒေသမှ တပ်များ ပြန်လည်ဆွဲထုတ်ရမည် ဖြစ်ရာ အချိန်တခုလိုမည်
ရပခ တိုင်းတပ်အများစုမှာ ရှမ်းပြည်တောင်ပိုင်းတွင်းမရှိဘဲ၊ တိုက်ပွဲပြင်းထန်သည့် ရပခ စစ်နယ်မြေ ကရင်နီ (ကယား) ပြည်နယ်အတွင်း ရောက်နေ၏။ ရပခ၊ ရလခ စစ်တိုင်းနယ်မြေအတွင်းရှိ စကခ ၂- မိုင်းနောင်၊ စကခ ၁၇-မိုင်းပန်၊ စကခ ၇-ဖယ်ခုံ အခြေစိုက် စကခ များနှင့် တပ်မ ၅၅ -ကလောတို့မှာလည်း အခြားစစ်တိုင်းနယ်မြေများတွင် စစ်ဆင်ရေး ဝင်နေရသည်ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်းသို့ ရှမ်းအရှေ့ရှိ တြိဂံတိုင်းမှ တပ်ရင်း ၆ ရင်းမှ ၁၀ ရင်းအကြားအား ပြောင်းရွှေ့ချထားသည်ကို တွေ့ရသည်။
ရှမ်းတောင်အတွက် လေကြောင်းပစ်ကူပေးရန် နမ့်စန် လေတပ်စခန်းရှိသည်။ ထို့အပြင် မြန်မာစစ်တပ်၏ ကျောရိုးအဖြစ် ပအိုဝ်း ပသစ၊ မတ်ကျန်း၊ နားရိုင်း၊ အက်စ်သုံးလုံး ပသစ များ ဖွဲ့စည်းထား၏။ ထို့အပြင် လက်ရှိ ဓနုဒေသတွင် PDF များ ဖွဲ့စည်းလာသည်ကို တုန့်ပြန်ရန် ဓနု ပသစ ဖွဲ့စည်းရန် ပြင်ဆင်နေသည်ကို တွေ့ရ၏။ သို့သော်လည်း လက်ရှိ SSPP/UWSA အား စစ်ဆင်ရေးပြုလုပ်ရန် လုံလောက်သည့် မြေပြင်တိုက်ခိုက်ရေး အင်အားမရှိပါ။
လက်ရှိအချိန် မြန်မာစစ်တပ်က ရာဇသံပေးသကဲ့သို့ SSPP နှင့် UWSA တို့အား တိုက်ခိုက်ရန် ရှမ်းပြည် တောင်ပိုင်းတွင် စစ်အင်အား အကန့်အသတ်ရှိ၏။ သို့သော် SSPP နှင့် UWSA တို့အား မဖြစ်မနေ တိုက်မည်ဆိုပါက အခြားဒေသမှ တပ်များ ပြန်လည်ဆွဲထုတ်ရမည် ဖြစ်ရာ အချိန်တခုလိုမည်ဟု ယူဆရ၏။ ထို့အပြင် မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်များတွင် လက်နက်ခဲယမ်း အတောင့်တင်းဆုံး အဖွဲ့နှင့် တိုက်ရမည်ဖြစ်ရာ ပြင်ဆင်ချိန် ပို၍လိုအပ်မည်။ ထိုသို့မဟုတ်ပါက မြန်မာစစ်တပ်အနေဖြင့် RCSS နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်ပြီး RCSS အား လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်းဖြင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည်။
လက်ရှိတွင် SSPP/UWSA ဘက်ကလည်း ခံစစ်အနေအထားဖြင့်နေပြီး နယ်မြေခြေကုပ်ခိုင်မာရေး၊ ဒေသ အုပ်ချုပ်ရေးတို့ကို ဆောင်ရွက်နေရာ ၎င်းတို့ဘက်က စတိုက်မည့် အခြေအနေ မရှိသေးပေ။ ထို့ပြင် SSPP/ UWSA သည် RCSS အား ဆက်လက်တိုက်ခိုက်ခြင်းထက် စည်းရုံးသိမ်းသွင်းရန်၊ ဆွေးနွေးရန် သဘောထား ပြောင်းလဲဖော်ပြနေသဖြင့် RCSS အား SSPP က စတင်တိုက်ရန် အလားအလာနည်းသည်။ သို့သော် မဖြစ်မနေ RCSS ဘက်က စတိုက်လျှင်တော့ တိုက်ပွဲများပြန်ဖြစ်လာနိုင်သည်။ သို့သော် RCSS သည် ရှမ်းပြည်နယ်တွင် မဟာမိတ်မရှိ၊ အထီးတည်းဖြစ်နေသည့် အဖွဲ့ဖြစ်ရာ လက်ရှိအကြပ်အတည်းတွင် ၎င်းအတွက် လက်တွဲစရာ မြန်မာစစ်တပ်သာ ရှိပြီး ၎င်းတဖွဲ့တည်း တိုက်သည်ထက်၊ မြန်မာစစ်တပ်နှင့် တွဲ၍လည်းကောင်း သို့မဟုတ် မြန်မာစစ်တပ်၏ ကျောထောက်နောက်ခံ ပြုမှုဖြင့်လည်းကောင်း တိုက်နိုင်သည်ဟု ရှုမြင်ကြ၏။
မြန်မာစစ်တပ်က ဂုဏ်သိက္ခာပိုင်းအရ မဖြစ်မနေတိုက်မည်ဟု ဆိုပါက၊ ထို့အပြင် RCSS က မြန်မာစစ်တပ်နှင့် တွဲ၍ဖြစ်စေ သို့မဟုတ် မြန်မာစစ်တပ်နှင့် မပေါင်းဘဲ သီးခြားအနေအထားဖြင့်ဖြစ်စေ တိုက်မည်ဆိုပါက မကြာမီအချိန်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖွယ် အခြေအနေလည်း ရှိနေသည်
သို့သော် ဤသို့ပူးပေါင်းနိုင်သည်ဟု အပ်ချမတ်ချ တွက်ဆ၍မရပါ။ လက်ရှိအချိန်တွင် SSPP က ခံစစ်ပြင်နေသည်ကို လည်းကောင်း၊ မြန်မာစစ်တပ်က စစ်အင်အားနှင့် ပသစ အင်အားများ စုဖွဲ့နေသည်ကို လည်းကောင်း၊ RCSS က အင်အားစုဖွဲ့နေသည်ကိုလည်းကောင်း ကြားသိမြင်တွေ့နေရ၏။
ဤပွဲတွင် အသံမထွက်ဘဲ၊ မြုပ်နေသည့် ဇာတ်ကောင်များကတော့ UWSA နှင့် PDF များ ဖြစ်ပေလိမ့်မည်။
သို့ဖြစ်ရာ ရှမ်းပြည်တောင်ပိုင်းတွင် လတ်တလော လက်ရှိတပ်စုဖွဲ့မှု အခြေအနေအရ မှန်တမ်းတွက်ဆလျှင် တိုက်ပွဲများဖြစ်နိုင်ခြေ နည်းပြီး လတချို့ ငြိမ်သက်နိုင်သည်ဟု ဆိုနိုင်၏။ နှစ်ဖက် အင်အားပြိုင်ဆိုင်မှုများ ဖြစ်နေပြီး မုန်တိုင်းမလာမီ လေပြေတိုက်သည့် ကာလကဲ့သို့ ဖြစ်နေမည်ဟုသုံးသပ်နိုင်သည်။ သို့သော်လည်း မြန်မာစစ်တပ်က ဂုဏ်သိက္ခာပိုင်းအရ မဖြစ်မနေတိုက်မည်ဟု ဆိုပါက၊ ထို့အပြင် RCSS က မြန်မာစစ်တပ်နှင့် တွဲ၍ဖြစ်စေ သို့မဟုတ် မြန်မာစစ်တပ်နှင့် မပေါင်းဘဲ သီးခြားအနေအထားဖြင့်ဖြစ်စေ တိုက်မည်ဆိုပါက မကြာမီအချိန်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖွယ် အခြေအနေလည်း ရှိနေပေသည်။ ထိုသို့ဖြစ်ပွားပါက လက်ရှိဖြစ်ပွားနေသော နယ်မြေများတွင်သာမက၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်နယ်အထိ တိုက်ပွဲများ ပျံ့နှံ့သွားနိုင်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် – ၂
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ
ဝ ပြည်နယ်ဟု ခေါ်ဝေါ်ခြင်းက လေးစားသမှု ပြသခြင်းဟု NUG ဆို