နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ကိုယ့်တွင်းကိုယ်တူးပြီးနောက် မြန်မာ အာဏာသိမ်း စစ်ကောင်စီသည် ဘဏ္ဍာရေးအရ ၎င်းတို့ကိုယ် ၎င်းတို့သေကြောင်း ကြံစည်နေသည်။
မြန်မာနိုင်ငံသားများ ကိုင်ဆောင်ထားသော၊ သို့မဟုတ် ပြည်ပမှ လွှဲပို့သော နိုင်ငံခြားငွေကြေး အားလုံးကို အစိုးရက လိုင်စင်ချထားပေးသော ဘဏ်များတွင် ကျပ်ငွေသို့ လဲလှယ်ရန် မြန်မာနိုင်ငံသားအားလုံး လိုက်နာရမည့် ညွှန်ကြားချက် တစောင်ကို မြန်မာဗဟိုဘဏ်က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ဆိုးရွားသော ငွေကြေးလုယက်မှုဟု ဝေဖန်သူများက သတ်မှတ်သည့် နိုင်ငံပိုင် မီဒီယာပါ ထိုညွှန်ကြားချက်က ဒေါ်လာကို ကျပ်ငွေဖြင့် လဲလှယ်ခြင်းကို ရုံးဖွင့်ရက် တရက်တည်းအတွင်း လုပ်ဆောင်ရမည်ဟု ဆိုသည်။
ဆိုးရွားသော ငွေကြေးလုယက်မှုဟု ဝေဖန်သူများက သတ်မှတ်သည့် နိုင်ငံပိုင် မီဒီယာပါ ထိုညွှန်ကြားချက်က ဒေါ်လာကို ကျပ်ငွေဖြင့် လဲလှယ်ခြင်းကို ရုံးဖွင့်ရက် တရက်တည်းအတွင်း လုပ်ဆောင်ရမည်ဟု ဆိုသည်။
ထိုသို့ အကြမ်းအားဖြင့်သာ ဖော်ပြထားသည့် အစီအမံကို မည်သို့ ကျင့်သုံး အကောင်အထည်ဖော်မည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း နောက်ဆက်တွဲ ညွှန်ကြားချက်တွင်မူ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁,၈၅၀ နှုန်းဖြင့် လဲလှယ်ရမည် ဆိုသောကြောင့် ဗဟိုဘဏ်သည် ပြင်ပပေါက်ဈေး ၁ ဒေါ်လာလျှင် ၂,၀၁၅ ကျပ်နှုန်းမှ ပွပေါက်တိုးနေသည်။
အခြား ငွေကြေးများကိုလည်း မြန်မာဗဟိုဘဏ်က သတ်မှတ်သည့် လက်ခံနိုင်ဖွယ် မရှိသော အလားတူနှုန်းဖြင့် တွက်ချက်မည် ဖြစ်သည်။ ကမ္ဘာဘဏ်၏ တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ နိုင်ငံခြားသုံး အရံငွေကြေးသည် စစ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်မီ တလအလို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလက အမေရိကန် ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိကြောင်း သိရသည်။ ထိုစာရင်းများသည် မြန်မာ၏ နိုင်ငံခြား အရံငွေကြေးနှင့် ပတ်သက်ပြီး အများပြည်သူကို နောက်ဆုံးထုတ်ပြန်သည့် ယုံကြည်နိုင်စရာ စာရင်းဖြစ်သည်။
မြန်မာ၏ ပြည်ပကြွေးမြီသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံမှ ၁၁ ဘီလီယံကြားတွင်ရှိကြောင်း ခန့်မှန်းရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းလိုက်သောကြောင့် ဒဏ်ခတ်သည့် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများသည် စစ်အုပ်စု၏ အဓိက စီးပွားရေး အကျိုးစီးပွားများနှင့် ထိပ်တန်းပုဂ္ဂိုလ်များကို ပစ်မှတ်ထားသည်။
ထိုအစီအမံနှင့် ပတ်သက်သည့် ဗဟိုဘဏ်၏ ပထမဆုံး ထုတ်ပြန်ကြေညာချက်အရ နိုင်ငံခြားငွေကြေး လွှဲပြောင်းမှုအားလုံးကို နိုင်ငံခြားငွေကြေး လဲလှယ်မှု ကော်မရှင်၏ ခွင့်ပြုချက်အရ လုပ်ပိုင်ခွင့်ရှိသော ဘဏ်များမှတဆင့် လုပ်ဆောင်ရမည်ဖြစ်သည်။
နိုင်ငံခြားငွေစာရင်းရှိသူ အာလုံး ဧပြီလ ၃ ရက်နေ့ မတိုင်မီက ရရှိထားသော နိုင်ငံခြားငွေများကို ကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ထိုစည်းမျဉ်းသစ်မှ ကင်းလွတ်ခွင့်ရမည့် နည်းလမ်းကိုလည်း ရှင်းလင်းစွာ မသိရပေ။ အချို့ နိုင်ငံခြားငွေများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ခွင့်ပြုထားသော ဘဏ်များတွင် ထားနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ထိုရုတ်တရက် ထုတ်ပြန်လိုက်သည့် ဖိနှိပ်သော အမိန့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသိုက်အဝန်းက ဆန့်ကျင်သည်။
ထိုရုတ်တရက် ထုတ်ပြန်လိုက်သည့် ဖိနှိပ်သော အမိန့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသိုက်အဝန်းက ဆန့်ကျင်သည်။
ထိုလုပ်ထုံးလုပ်နည်းသစ်ကို လိုက်နာရန် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများအတွက် လွန်စွာခက်ခဲကြောင်း၊ မြန်မာတွင် ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများကို ဖြစ်စေကြောင်း စာတစောင်ကို ဂျပန်သံရုံးက စစ်ကောင်စီထံ ဧပြီလ ၄ ရက်နေ့တွင် ပေးပို့လိုက်သည်။ ဂျပန်သံရုံးနှင့် အခြား တရားဝင် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများကိုလည်း အနှောင့်အယှက် ဖြစ်စေသည်ဟု ထိုစာတွင် ဖော်ပြထားသည်။
နောက် ၂ ရက်ကြာသောအခါ စင်ကာပူသံရုံးကလည်း အလားတူကြေညာချက် ထုတ်ပြန်ပြီး ထုတ်ပြန်ချက်မှာ ဂျပန်သံရုံးထုတ်ပြန်ချက်နှင့် လုံးဝနီးပါးတူနေသောကြောင့် “ဂျပန်ကုမ္ပဏီများ” ဆိုသည့် စကားလုံးတွင် “စင်ကာပူ ကုမ္ပဏီများ” ဟု အစားထိုးရေးသားပြီး ထုတ်ပြန်ကြေညာသည်နှင့်ပင် တူနေသည်။ ထိုသံရုံးနှစ်ခုလုံးက ၎င်းတို့ နိုင်ငံအသီးသီးမှ ကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်များ တောင်းခံကြသည်။ ထိုကုမ္ပဏီများသည် မြန်မာတွင် ထိပ်ဆုံးတန်းမှ ပါဝင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဖြစ်သည်။

ဧပြီလ ၈ ရက်နေ့တွင် French Myanmar Chamber of Commerce, AustCham Myanmar, EuroCham Myanmar, British Chamber of Commerce နှင့် German Myanmar Business Chamber အပါအဝင် မြန်မာမှ ပြည်ပကုန်သည်အသင်း တဒါဇင်က ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ထို နိုင်ငံခြားငွေကြေးဆိုင်ရာ စည်းမျဉ်းသစ်သည် မြန်မာပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မလိုအပ်ဘဲ နိမ့်ကျစေပြီး ပြည်ပစီးပွားရေး လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းစေကာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုကို ဟန့်တားပြီး အခြားနိုင်ငံများနှင့် ကုန်သွယ်ရေး တင်းမာမှုများကို ဖြစ်စေသည်ဟု ဖော်ပြကြသည်။
နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ကန့်သတ်ခြင်းသည် “မြန်မာကို ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်မှ အဆက်ဖြတ်လိုက်သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ထိုစည်းမျဉ်းများက မည်သည့် သဘောဆောင်သည်၊ ၎င်းတို့ကို စစ်ကောင်စီ အာဏာပိုင်များက မည်သို့ အကောင်အထည်ဖော်မည်နှင့် စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်ခံရပါက ဘဏ်များသည် မည်သို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို ပြည်တွင်းမှ ဘဏ်များပင် နားမလည်ကြောင်း ရန်ကုန်မှ အဆက်အသွယ် ကောင်းသည့် သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
စစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ တနိုင်ငံလုံး ကန့်ကွက် ဆန့်ကျင်မှုကြောင့် ပြည်တွင်းစီးပွားရေး လဲပြိုလုနီးပါး ဖြစ်နေချိန် ထိုစည်းမျဉ်းများ၏ နောက်ကွယ်တွင် အကြောင်းရင်း ၃ ခု ရှိသည်ဟု သုတေသီများနှင့် လေ့လာသူများက ယူဆသည်။
ပထဆုံးနှင့် အထင်ရှားဆုံး အကြောင်းရင်းမှာ စစ်ကောင်စီတွင် နိုင်ငံခြား အရံငွေကြေး ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး နိုင်ငံခြားငွေရရန် အသည်းအသန် လိုနေသည်၊ သို့မဟုတ် ပြည်ပကြွေးမြီများ ပြန်လည် မပေးဆပ်နိုင်ခြင်းမှ ရှောင်ရှားရန် နိုင်ငံခြားငွေများကို သိမ်းယူလိုက်သည် ဆိုသည့်အချက် ဖြစ်သည်။
ပထဆုံးနှင့် အထင်ရှားဆုံး အကြောင်းရင်းမှာ စစ်ကောင်စီတွင် နိုင်ငံခြား အရံငွေကြေး ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး နိုင်ငံခြားငွေရရန် အသည်းအသန် လိုနေသည်၊ သို့မဟုတ် ပြည်ပကြွေးမြီများ ပြန်လည် မပေးဆပ်နိုင်ခြင်းမှ ရှောင်ရှားရန် နိုင်ငံခြားငွေများကို သိမ်းယူလိုက်သည် ဆိုသည့်အချက် ဖြစ်သည်။
အခြားအကြောင်းတခုမှာ နိုင်ငံတွင်းမှ စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများသို့ ပြည်ပအလှူရှင်များနှင့် အဝေးရောက် အုပ်စုများထံမှ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ရန်၊ ဖြစ်နိုင်လျှင် ဖြတ်တောက်နိုင်ရန် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်။
ထိုအစီအမံသစ်ကြောင့် နိုင်ငံခြားငွေကြေး ကိုင်ဆောင်ခြင်းသည် လုံးဝ တရားမဝင် ဖြစ်သွားစေပြီး အထက်ပါ အုပ်စုများသို့ ငွေကြေးလွှဲပြောင်းမှုများကို အာဏာပိုင်များက ခြေရာခံတားဆီးရန် လွယ်ကူသွားစေသည်။
အာဏာပိုင်များထံတွင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများသည် ပြည်ပမှ ရန်ပုံငွေ လက်ခံခွင့်ရမည်ဖြစ်ပြီး ထိုစည်းမျဉ်းမှ ကင်းလွတ်ခွင့် မရပါက ထိုရန်ပုံငွေကို ကျပ်ငွေဖြင့် လဲလှယ်ရမည် ဖြစ်သည်။
ထိုနိုင်ငံခြားငွေများ အားလုံးကို ကျပ်ငွေအဖြစ် လဲလှယ်ပေးရန် ဗဟိုဘဏ်တွင် ကျပ်ငွေ အလုံအလောက် ရှိ၊ မရှိဆိုသည့် မေးခွန်း ထွက်ပေါ်လာသည်။ (ငွေစက္ကူ ၂ သောင်းတန်များ အသစ်ထပ်မံရိုက်ထုတ်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။)
သို့သော် ကျပ်ငွေ ငွေစာရင်း ကိုင်ဆောင်သူများသည် စစ်ကောင်စီ၏ စည်မျဉ်းအရ တပတ်လျှင် ငွေ ၅ သိန်း၊ သို့မဟုတ် ဒေါ်လာ ၂၅၀ နှင့် ညီမျှသော ငွေကိုသာ ထုတ်ယူနိုင်သည်။ ထို့ကြောင့် ထိုနိုင်ငံခြားငွေများ အားလုံးကို ကျပ်ငွေအဖြစ် လဲလှယ်ပေးရန် ဗဟိုဘဏ်တွင် ကျပ်ငွေ အလုံအလောက် ရှိ၊ မရှိဆိုသည့် မေးခွန်း ထွက်ပေါ်လာသည်။ (ငွေစက္ကူ ၂ သောင်းတန်များ အသစ်ထပ်မံရိုက်ထုတ်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။)
ဂျပန်နှင့် စင်ကာပူ သံရုံးများက ၎င်းတို့ကို ထိုစည်မျဉ်းသစ်များမှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုသည့် ကြေညာချက် ထွက်လာသောအခါ တတိယအကြောင်းရင်းသည် ထင်ရှားလာသည်။
ထိုတောင်းဆိုမှုများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုခြင်း ဖြစ်နိုင်သောကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူထားပြီး ဝိုင်းကျဉ်ခံထားရသည့် အာဏာသိမ်း အစိုးရကို မရည်ရွယ်ဘဲ တရားဝင် အသိအမှတ်ပြုလိုက်ရသည့် သဖွယ်ဖြစ်စေသည်။
မည်သည့်အကြောင်းကြောင့် ထိုစည်းမျဉ်းများကို ထုတ်ပြန်သည်ဖြစ်စေ ထိုစည်းမျဉ်းသစ်များကြောင့် စစ်ကောင်စီက ရကောင်းရနိုင်သည့် စီးပွားရေးနှင့် သံတမန်ရေး အကျိုးအမြတ်သည် စီးပွားရေးကို စစ်အုပ်စုက ပိုမိုထိန်းချုပ်ရန် ကြိုးစားသည့် ညံ့ဖျင်းလှသော အစီအမံကြောင့် ပေါ်ပေါက်လာသည့် ဆိုးကျိုးများနှင့် နှိုင်းယှဉ်ပါက ပြောပလောက်မည် မဟုတ်ပေ။
၎င်းတို့တောင်းဆိုသည့် ကင်းလွတ်ခွင့်မရပါက အာဏာသိမ်းပြီးနောက် မြန်မာတွင် ဆက်လက် လုပ်ကိုင်နေသော ဂျပန်နှင့် စင်ကာပူ ကုမ္ပဏီများ မြန်မာမှ ထွက်ခွာမည်၊ မထွက်ခွာမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
စည်းမျဉ်းသစ်များသည် နိုင်ငံခြားကုမ္ပဏီများ မြန်မာတွင် ရင်းနှီးမြှုပ်နှံခြင်းကိုလည်း တားဆီးနေသည်။ နိုင်ငံခြားကုမ္ပဏီများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရေးမှာ အာဏာသိမ်းကာလအလွန် နိုင်ငံရေးအုံကြွမှုနှင့် ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများကြောင့် ခက်ခဲနေပြီး ဖြစ်သည်။
စည်းမျဉ်းသစ်များသည် နိုင်ငံခြားကုမ္ပဏီများ မြန်မာတွင် ရင်းနှီးမြှုပ်နှံခြင်းကိုလည်း တားဆီးနေသည်။ နိုင်ငံခြားကုမ္ပဏီများ မြန်မာတွင် ရင်းနှီးမြှုပ်နှံရေးမှာ အာဏာသိမ်းကာလအလွန် နိုင်ငံရေးအုံကြွမှုနှင့် ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများကြောင့် ခက်ခဲနေပြီး ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသည် စီးပွားရေးကို ပြန်လည် အသက်သွင်းရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပိုမိုလိုအပ်နေသည်။
စစ်အာဏာသိမ်းပြီးနောက် တနှစ်အကြာတွင် မြန်မာသည် စီးပွားရေး ပြိုလဲလုနီးပါး ဖြစ်နေကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်သည့် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ (ILO) အစီရင်ခံစာတွင် ဖော်ပြထားသည်။
ILO ၏ အဆိုအရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ဆုံးရှုံးမှုသည် လုပ်သားအင်အားစု၏ ၈ ရာခိုင်နှုန်း သို့မဟုတ် အလုပ်အကိုင်ပေါင်း ၁ ဒသမ ၆ သန်းရှိသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းကို အပြင်းထန်ဆုံး ထိခိုက်သကဲ့သို့ ကျေးလက်နေ လယ်သမားများကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေသည်။

အလားတူစွာပင် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ကလည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၂၀၂၂ နှစ်ဦးတွင် မြန်မာနိုင်ငံလူဦးရေ ၅၅ သန်း၏ ထက်ဝက်ဖြစ်သော လူ ၂၅ သန်းခန့်သည့် နိုင်ငံ့ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်သွားမည်ဖြစ်ကြောင်း ပြောသည်။
ယခုအခါ မြန်မာ၏ ဆင်းရဲနွမ်းပါးမှု အဆင့်သည် ၂၀၀၅ ခုနှစ်နောက်ပိုင်း မကြုံဖူးသည့် အဆင့်သို့ရောက်ပြီး ကပ်ရောဂါကာလမတိုင်မီ ၁၅ နှစ်အတွင်း ရရှိထားသော စီးပွားရေးတိုးတက်မှုများကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ထင်ရှားလာသည်။
“ထိုမျှသော အတိုင်းအတာအထိ ဆင်းရဲနွမ်းပါးမှု ကျရောက်ခြင်းသည် လူလတ်တန်းစား ပျောက်ကွယ်သွားသည့် သဘောဖြစ်ပြီး ယခုအကျပ်အတည်းမှ အလျင်အမြန် ပြန်လည် နာလန် မထနိုင်တော့မည့် နိမိတ်ဆိုးဖြစ်သည်” ဟု UNDP ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ကန်နီ ဝစ်နာရာဂျာက ပြောသည်။
မြန်မာနိုင်ငံစီးပွားရေး၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းကဲ့သို့ ပြည်ပနှင့် ထိတွေ့ဆက်ဆံရသော ကဏ္ဍများသည် ပြည်တွင်းငွေနှင့် မဟုတ်ဘဲ နိုင်ငံခြားငွေဖြင့်သာ ငွေပေးငွေယူလုပ်ကြပြီး လက်ရှိအချိန်အထိပင် ဒေါ်လာအခြေပြု စီးပွားရေးများ ဖြစ်နေသေးသည်။
မြန်မာနိုင်ငံစီးပွားရေး၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းကဲ့သို့ ပြည်ပနှင့် ထိတွေ့ဆက်ဆံရသော ကဏ္ဍများသည် ပြည်တွင်းငွေနှင့် မဟုတ်ဘဲ နိုင်ငံခြားငွေဖြင့်သာ ငွေပေးငွေယူလုပ်ကြပြီး လက်ရှိအချိန်အထိပင် ဒေါ်လာအခြေပြု စီးပွားရေးများ ဖြစ်နေသေးသည်။
ထိုသို့သော စီးပွားရေးကို ချက်ခြင်း သုတ်သင်ဖယ်ရှားရန် ကြိုးစားခြင်းသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့သွားသော စီးပွားရေးကို ပိုမို ကျပ်တည်းသွားစေမည်မှာ သေချာကြောင်း လေ့လာသူများနှင့် သုတေသီများက ခန့်မှန်းသည်။
ထိုသို့ ကျုံ့သွားသည့် အတိုင်းအတာထက် ၁ ရာခိုင်နှုန်းသာ ၂၀၂၂ ခုနှစ်တွင် တိုးတက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ သို့သော် ထို ၁ ရာခိုင်နှုန်း တိုးတက်မည်ဆိုသည့် ခန့်မှန်းချက်မှာ ဒေါ်လာစနစ် ဖျက်သိမ်းသည့် စည်းမျဉ်းသစ် မထုတ်ပြန်မီက ခန့်မှန်းချက်သာ ဖြစ်သည်။
ပိုမို အထီးကျန်လာသော မြန်မာဗိုလ်ချုပ်များသည် ထိုသို့သော အခြေအနေကို ဂရုစိုက်မည် မဟုတ်ပေ။ အထူးသဖြင့် တရုတ်ကဲ့သို့သော ၎င်းတို့ကို လိုလားသည့် မဟာမိတ်များက ထိုနိုင်ငံခြားငွေကြေး အစီအမံ ဆိုးကျိုးများကို ခံနိုင်အောင်လုပ်ပေးပြီး စီးပွားပိုမိုကျပ်တည်းလျှင် ငွေထုတ်ပေးမည်ဟု ထင်ပါက မြန်မာဗိုလ်ချုပ်များသည် အထက်ပါအခြေအနေကို ဂရုစိုက်မည် မဟုတ်ပေ။
ဒေါ်လာစနစ်ဖျက်သိမ်းရန် စစ်ကောင်စီကကြိုးစားခြင်းသည် တရုတ်ယွမ်ငွေအခြေပြု ဘဏ္ဍာရေးစနစ် ပေါ်ပေါက်ခြင်းကို ဖြစ်စေနိုင်ပြီး ဘေဂျင်းကို ပိုမို မှီခိုလာရမည် ဖြစ်သည်။
(Asia times မှ Bertil Lintner ၏ Myanmar’s de-dollarization looks like financial suicide ကို ဘာသာပြန် ဖော်ပြသည်။ Bertil Lintner သည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories :
ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်
ကျပ် နှစ်သောင်းတန် ငွေစက္ကူ ဗဟိုဘဏ် ရိုက်ထုတ်မလား
အင်ဒိုနီးရှား တင်ပို့မှု ရပ်ဆိုင်းပြီးနောက် မြန်မာ့စားအုန်းဆီဈေး မြင့်တက်
ရွှေနှင့် စက်သုံးဆီဈေးကွက် ကောင်းစွာ မလည်ပတ်နိုင်သေး
အမှတ် ၁၄ အင်းလျားလမ်း ရောင်းရန် ရှိသည်