ယူကရိန်း စစ်ပွဲကာလအတွင်း အမေရိကန်ပြည်ထောင်စုသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နှင့်ပတ်သက်သည့် ၎င်း၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည်။ ASEAN သည် စီးပွားရေး ဆက်ဆံမှုနှင့် နိုင်ငံတကာ စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေသည်။
အိမ်ဖြူတော်သည် အမေရိကန် – ASEAN ထိပ်သီးဆွေးနွေးပွဲအတွက် အရှေ့တောင်အာရှနိုင်ငံများကို ယခုအပတ်အတွင်း ဧည့်ခံမည် ဖြစ်သည်။ ထိုထိပ်သီးဆွေးနွေးပွဲသည် ASEAN အတွက် အမေရိကန် ပြည်ထောင်စု၏ ကာလကြာမြင့်ပြီဖြစ်သော ကတိကဝတ်များကို ဖော်ပြပြီး အင်ဒို-ပစိဖိတ်ဒေသသည် အမေရိကန် အမျိုးသားလုံခြုံရေး၏ ဦးစားပေးဖြစ်ကြောင်း ပြသသည်ဟု နိုင်ငံတကာအာရုံစိုက်မှုကို ရုရှား-ယူကရိန်း စစ်ပွဲကသာ လွှမ်းမိုးနေချိန်တွင် သမ္မတ ဘိုင်ဒင်အစိုးရက ပြောသည်။
အရှေ့တောင်အာရှတွင် တရုတ်သြဇာအာဏာ ထူထောင်ခြင်းသည် ထိုထိပ်သီးဆွေးနွေးပွဲတွင် အရေးပါသော အစိတ်အပိုင်းတခု ဖြစ်မည်ဖြစ်သော်လည်း ထိုနှစ်ရက်ကြာ စည်းဝေးပွဲသည် ASEAN နှင့် စီးပွားရေးအရ ဆက်ဆံမှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။
အရှေ့တောင်အာရှတွင် တရုတ်သြဇာအာဏာ ထူထောင်ခြင်းသည် ထိုထိပ်သီးဆွေးနွေးပွဲတွင် အရေးပါသော အစိတ်အပိုင်းတခု ဖြစ်မည်ဖြစ်သော်လည်း ထိုနှစ်ရက်ကြာ စည်းဝေးပွဲသည် ASEAN နှင့် စီးပွားရေးအရ ဆက်ဆံမှုကိုလည်း ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော ဒေသဆိုင်ရာအဖွဲ့အစည်း ASEAN သည် ကမ္ဘာတွင် သတ္တမမြောက် အကြီးမားဆုံး စီးပွားရေးဖြစ်သည်။ ကိုဗစ်နိုင်တင်းနှင့် ရာသီဥတုပြောင်းလဲမှုမှသည် မြန်မာအကျပ်အတည်းအထိ အခြားအရေးပါသော ပြဿနာများကို ဆွေးနွေးကြမည်ဖြစ်သည်။
သမ္မတ ဘိုင်ဒင်အစိုးရ၏ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာတွင် ASEAN က မည်သို့အရေးပါသည်၊ ASEAN နိုင်ငံများက အမေရိကန် ပြည်ထောင်စုထံမှ မည်သည်တို့ကို လိုချင်သည်၊ ယူကရိန်းစစ်ပွဲနှင့် ယိုယွင်းနေသော မြန်မာနိုင်ငံ အခြေအနေကို ထိပ်သီးဆွေးနွေးပွဲတွင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်တို့ကို အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ ဘရိုင်ယန် ဟာ့ဒင်းက ရှင်းပြထားသည်။
ဘိုင်ဒင်အစိုးရ၏ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာတွင် ASEAN ပါဝင်နေသော အခန်းကဏ္ဍ
အမေရိကန် ပြည်ထောင်စုသည် ပိုမိုဆက်စပ်၊ ကြွယ်ဝချမ်းသာ၊ လုံခြုံရေး ခံနိုင်ရည်ရှိသော လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် ဒေသကို အားပေးတည်ဆောက်ရန် ကြိုးစားနေသည်ဟု ဖေဖော်ဝါရီလက ထုတ်ပြန်သည့် အိမ်ဖြူတော်၏ အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာတွင် ဖော်ပြထားသည်။
သြဇာအာဏာကြီးမားသော ASEAN သည် လေးပွင့်ဆိုင် မဟာမိတ် (Quad) (အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်) ကဲ့သို့သော ခေတ်သစ်မဟာမိတ်များနှင့်အတူ အောင်မြင်မှုအတွက်၊ အမေရိကန် ပြည်ထောင်စု ကတိကဝတ်များ၊ ရင်းမြစ်များနှင့် အခြားနည်းလမ်းများ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်ဟု ထိုသေနင်္ဂဗျူဟာက သတ်မှတ်ထားသည်။
အမေရိကန် ပြည်ထောင်စု၏ ဒေသတွင်းသေနင်္ဂဗျူဟာတွင် တရုတ်နှင့်အားပြိုင်မှုကို ဗဟိုပြုထားသော်လည်း ညီညွတ်ပြီး ခံနိုင်ရည်ရှိသော ASEAN ကို ထောက်ခံခြင်းသည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို တိုးတက်အောင် လုပ်ဆောင်ရာတွင် အရေးပါသော နည်းလမ်းတခု ဖြစ်သည်။
ASEAN သည် ဘုံသဘောတူညီချက်ဖြင့် လုပ်ငန်းဆောင်ရွက်သည့် လွန်စွာကွဲပြားသော နိုင်ငံ ၁၀ နိုင်ငံအဖွဲ့အစည်း ဖြစ်သောကြောင့် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အချိန်တွင်ပင် သွက်လက်ရဲတင်းခြင်း မရှိသလောက်ပင် ဖြစ်သည်။
သို့သော် အင်အားရှိသော ASEAN ကို အလွယ်တကူ တည်ဆောက်နိုင်မည် မဟုတ်ပေ။ ASEAN သည် ဘုံသဘောတူညီချက်ဖြင့် လုပ်ငန်းဆောင်ရွက်သည့် လွန်စွာကွဲပြားသော နိုင်ငံ ၁၀ နိုင်ငံအဖွဲ့အစည်း ဖြစ်သောကြောင့် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အချိန်တွင်ပင် သွက်လက်ရဲတင်းခြင်း မရှိသလောက်ပင် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံတခုဖြစ်သော မြန်မာတွင် အကျပ်အတည်း ကျရောက်နေသောကြောင့် ASEAN အင်အားတောင့်တင်းရေးမှာ ယခင်ထက်ပင် ပိုမိုဖြစ်နိုင်ခြေနည်းနေသည်။
မြန်မာနှင့်ပတ်သက်သော ကိစ္စအပါအဝင် သဘောထားကွဲလွဲမှုများ ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား ရှင်းရှင်းလင်းလင်း သဘောတူနိုင်သော နယ်ပယ်တခုမှာ ASEAN သည် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာဝါဒတွင် ဗဟိုချက်ကြသည့် အခြေခံအစိတ်အပိုင်းဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များတို့သည် ထိုအမြင်ကို ယုံကြည်ပြီး အင်ဒို-ပစိဖိတ်ဒေသ ဖွဲ့စည်းတည်ဆောက်ပုံကို အင်အားကြီးနိုင်ငံများက လမ်းညွှန်ခြင်းသည် မှန်ကန်ခြင်းမရှိကြောင်း အသိအမှတ်ပြုသည်။ ထိုအမြင်ကို တရုတ်နိုင်ငံကလည်း တစုံတရာသော အတိုင်းအတာအထိ ယုံကြည်သည်။
ထို့ကြောင့် ASEAN နှင့် ဆက်ဆံရေးတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဒေသတွင်းကိစ္စများတွင် ASEAN ၏ ဗဟိုချက်ကျမှုကို ထောက်ခံရန် တတ်နိုင်သမျှ လုပ်ကိုင်ခြင်းသည် အမေရိကန် ပြည်ထောင်စု၏ အကျိုးစီးပွားဖြစ်သည်။
သို့သော် အဓိကကျသည့် မဟာမိတ်များနှင့် မိတ်ဘက်များနှင့် နှစ်နိုင်ငံ၊ သုံးနိုင်ငံ၊ လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းသည် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုအတွက် အခြေခံဖြစ်ပြီး ထိုဒေသကို အင်အားတောင့်တင်းစေသည်ဟု အမေရိကန် ပြည်ထောင်စုက ရှင်းလင်းစွာမြင်သည်။
သမ္မတ ဘိုင်ဒင်အစိုးရက Quad အဖွဲ့အပေါ် အထူးသဖြင့် အလေးထားမှုကြောင့် ASEAN သည် ဒေသတွင်းတွင် မောင်းနှင်သူနေရာတွင် ရှိ မရှိ၊ အမေရိကန် ပြည်ထောင်စုက စကားအားဖြင့် ထောက်ခံသည့် ASEAN ၏ ဗဟိုချက်ကျမှု ရှိ မရှိ ဆိုသည့် မေးခွန်းကို ပေါ်ပေါက်စေသည်။
သမ္မတ ဘိုင်ဒင်အစိုးရက Quad အဖွဲ့အပေါ် အထူးသဖြင့် အလေးထားမှုကြောင့် ASEAN သည် ဒေသတွင်းတွင် မောင်းနှင်သူနေရာတွင် ရှိ မရှိ၊ အမေရိကန် ပြည်ထောင်စုက စကားအားဖြင့် ထောက်ခံသည့် ASEAN ၏ ဗဟိုချက်ကျမှု ရှိ မရှိ ဆိုသည့် မေးခွန်းကို ပေါ်ပေါက်စေသည်။ ASEAN သည် ထိုသို့ မောင်းနှင်သူ အခန်းကဏ္ဍကို လွန်ခဲ့သော နှစ်အနည်းငယ်က ခိုင်မာအောင် လုပ်နိုင်ခဲ့ပုံရသည်။ ထိုသို့သော အရေးပါမှုကို အင်ဒို-ပစိဖိတ် သေနင်္ဂဗျူဟာက အသိအမှတ်ပြုပြီး အမေရိကန် ပြည်ထောင်စုသည် Quad နှင့် ASEAN ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ဘိုင်ဒင်အစိုးရ၏ သက်တမ်း ပထမနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများ၊ ASEAN တဖွဲ့လုံးနှင့် ထိတွေ့ဆက်ဆံခြင်းသည် ကိုဗစ်နိုင်တင်းနှင့် ပတ်သက်သည့် ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ASEAN အတွင်း အကွဲအပြဲများကြောင့် ထူးထူးခြားခြား ခက်ခဲကြောင်း ပြသနေသည်။
ယခုအထူးထိပ်သီးဆွေးနွေးပွဲသည် ဆုံးရှုံးသွားသော အချိန်များကို ပြန်လည်ဖြည့်ဆည်းရန် ကြိုးစားပြီး ASEAN အဖွဲ့ဝင်နိုင်ငံများနှင့် နက်ရှိုင်းလာသော ဆက်ဆံရေး အတွက် ကတိကဝတ်နှင့် အမေရိကန်၏ အကျိုးစီးပွားကို ရှင်းလင်းစွာ ပြသသည်။
ASEAN နိုင်ငံများသည် ဝါရှင်တန်ထံမှ မည်သည်တို့ကို မျှော်လင့်သနည်း။ ASEAN အင်အားရှိရန်နှင့် ခံနိုင်ရည် တိုးတက်စေရန် ဝါရှင်တန်က မည်သို့ လုပ်ဆောင်နိုင်သနည်း။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် ၎င်းတို့အတွက် အရေးပါသော သက်ရောက်မှုများ ရှိကြောင်း ASEAN နိုင်ငံများ ကောင်းစွာသိကြသည်။ မတူကွဲပြားမှုများ ရှိသော်လည်း ASEAN နိုင်ငံအားလုံးတို့သည် တရုတ်၏ အလားအလာရှိသော သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိရန် အရှေ့တောင်အာရှတွင် အမေရိကန်နှင့် ထိတွေ့ဆက်ဆံတည်ရှိမှုကို လိုလားကြသည်။
ASEAN နိုင်ငံများ မလိုလားသည်မှာ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား အတင်းအကျပ် ရွေးချယ်ခိုင်းခြင်းဖြစ်သည်။
ဒေသတွင်းတွင် အာဏာချိန်ခွင်လျှာတခု ထူထောင်ရန်အတွက် ဂျပန်၊ အိန္ဒိယ၊ သြစတေးလျနှင့် အခြားပြင်ပ အင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံလိုကြသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မာတီနာလီဂါဝါက ပိုမိုအကောင်းမြင်သည့် အမြင်ဖြင့် ပြောသည့်အတိုင်းဆိုပါက ရှင်သန်လှုပ်ရှားနေသော မျှခြေအခြေအနေကို လိုချင်ကြသည်။ ASEAN နိုင်ငံများ မလိုလားသည်မှာ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား အတင်းအကျပ် ရွေးချယ်ခိုင်းခြင်းဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများသည် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ နှင့် ASEAN ဒေသဆိုင်ရာ ဖိုရမ် စသည့် ASEAN အခြေပြု နိုင်ငံစုံ အဖွဲ့အစည်းများတွင် အမေရိကန် ပြည်ထောင်စု ပါဝင်စေရန်လည်း ကြိုးစားကြသည်။ ထိုသို့သော အဖွဲ့အစည်းများကို ASEAN က အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှု၏ ဗဟိုချက်တွင် နေရာချထားရန် ကြိုးစားသည်။
ဒေသတွင်းတွင် အမေရိကန် ပြည်ထောင်စု ရှိနေခြင်းအပြင် ASEAN ဒေသက အမေရိကန် ပြည်ထောင်စုကို ပိုမိုခိုင်မာသည့် စီးပွားရေးမိတ်ဘက် ဖြစ်စေလိုပြီး အဖွဲ့ဝင်နိုင်ငံအများအပြားက ဘိုင်ဒင်အစိုးရ အဆိုပြုထားသည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် အသေးစိတ်များ သိရှိရန် စိတ်အားထက်သန်နေကြသည်။
ASEAN သည် ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုမှသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအထိ နိုင်ငံဖြတ်ကျော် စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း နည်းလမ်းရှာဖွေကြသည်။ ASEAN အခြေပြု နိုင်ငံတကာစနစ်ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံခြင်းသည် ASEAN ကို အင်အား ရှိစေပြီး ခံနိုင်ရည်ကို တောင့်တင်းစေသည်။
အထူးသဖြင့် တရုတ်၏ ASEAN သွေးကွဲအောင် လုပ်ဆောင်မှုများကို ရင်ဆိုင်ရချိန်တွင် အမေရိကန်က ASEAN အခြေပြု နိုင်ငံတကာစနစ်ကို ထောက်ခံမှု လိုလားကြသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်မှ တရုတ်ကျူးကျော်မှုကို တွန်းလှန်နိုင်သည့်စွမ်းရည် လျော့ကျအောင် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်း စစ်ပွဲသည် မည်သည့် အခန်ကဏ္ဍမှ ပါဝင်လာမည်နည်း။
သမ္မတ ဘိုင်ဒင်က ASEAN ခေါင်းဆောင်များကို အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံခြင်းသည် ယူကရိန်း အကျပ်အတည်း ဖြစ်နေသည့်ကြားမှ အင်ဒို-ပစိဖိတ်ဒေသအပေါ် အာရုံစူးစိုက်သည့် ကတိကဝတ်ကို ဖော်ပြခြင်းဖြစ်သည်။
မည်သို့ဆိုစေကာမူ ယူကရိန်းကိစ္စကို ထည့်သွင်းမဆွေးနွေးဘဲ နေမည်မဟုတ်ပေ။ ပထမအချက်အနေဖြင့် ရုရှားကျူးကျော်စစ်သည် နိုင်ငံတကာစနစ် ထိခိုက်ပျက်စီးလွယ်မှုကို ပြသနေကြောင်း အမေရိကန် အရာရှိများ ပြောကြားမည်ဖြစ်ပြီး ဒုတိယအနေဖြင့် အမေရိကန် ပြည်ထောင်စု၏ စည်းဘောင်ရှိသော ရပ်တည်မှုကို ဆန့်ကျင်ရန် တရုတ်က ထိုကျူးကျော်စစ်ကို တိတ်တဆိတ် ထောက်ခံနေကြောင်း ပြောကြားမည်ဖြစ်သည်။
ယေဘုယျအားဖြင့် အရှေ့တောင်အာရှနိုင်ငံများသည် အေးအေးဆေးဆေးနေပြီး အင်အားကြီးနိုင်ငံများ၏ အငြင်းပွားမှုများ ကြားညပ်မည့် ပြဿနာများကို ရှောင်ရှားလိုကြသည်။ သို့သော် စင်ကာပူနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၊ ဥရောပတို့နှင့် ညှိနှိုင်းပြီး ရုရှားကို ဝေဖန်မှု၊ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ယေဘုယျအားဖြင့် အရှေ့တောင်အာရှနိုင်ငံများသည် အေးအေးဆေးဆေးနေပြီး အင်အားကြီးနိုင်ငံများ၏ အငြင်းပွားမှုများ ကြားညပ်မည့် ပြဿနာများကို ရှောင်ရှားလိုကြသည်။ သို့သော် စင်ကာပူနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၊ ဥရောပတို့နှင့် ညှိနှိုင်းပြီး ရုရှားကို ဝေဖန်မှု၊ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ယူကရိန်းပြဿနာသည် ယခုထိပ်သီးဆွေးနွေးပွဲတွင် အဓိက အာရုံစိုက်သည့် ပြဿနာ မဟုတ်သော်လည်း ထိုကိစ္စသည် ယခုနှစ်နှောင်းပိုင်းတွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများတွင် အသီးသီး ကျင်းပမည့် G-20 ၊ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး စသည်တို့တွင် ဆွေးနွေးမည့်ကိစ္စ ဖြစ်လာဖွယ်ရှိသည်။
မြန်မာနိုင်ငံအခြေအနေ ယိုယွင်းပျက်စီးနေခြင်ကို ကိုင်တွယ်ရန် ဘိုင်ဒင်အစိုးရက ASEAN ကို ဖိအားပေးမည်ဟု ထင်မြင်ခြင်း ရှိ မရှိ။
ထိပ်သီးအစည်းအဝေး၏ အစီအစဉ်အများစုသည် သန့်ရှင်းသော စွမ်းအင်၊ ကျန်းမာရေးလုံခြုံမှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေး ကဲ့သို့သော နိုင်ငံရေးနှင့် မသက်ဆိုင်ဘဲ အမေရိကန်ပြည်ထောင်စုနှင့် ASEAN ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို အာရုံစူးစိုက်စေကာမူ ပျက်စီးယိုယွင်းနေသော မြန်မာနိုင်ငံ အခြေအနေကိုလည်း ကိုင်တွယ်မည်ဖြစ်သည်။
သူကဲ့သို့သော အလားတူ နိုင်ငံအကြီးအကဲ အများအပြားသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး စိတ်ပျက်နေကြောင်း သမ္မတ ဘိုင်ဒင်တွေ့ရမည် ဖြစ်သော်လည်း ASEAN ခေါင်းဆောင်များသည် ရေရှည်တွင် မြန်မာစစ်ကောင်စီကို မည်မျှ အထီးကျန်ထားမည် သို့မဟုတ် ဖိအားပေးလိုသည်နှင့် ပတ်သက်သည့် သဘောထား ကွဲလွဲမှုများကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ASEAN သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် သက်တမ်းကြာမြင့်နေသော မူကြောင့် ဖြစ်သည်။
သံတမန်ရေးရာအောင်ပွဲ အကြီးအကျယ်ရရှိမည့် အလားအလာ မှေးမှိန်နေသောကြောင့် သမ္မတ ဘိုင်ဒင်သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံရေးကို တဆင့်ချင်း မြှင့်တင်ရေးနှင့် မြန်မာသို့ လူသားချင်းစာနာမှု အကူအညီပေးရေး မူဘောင်ထူထောင်ရေးကိုသာ မျှော်လင့်နိုင်မည်ဖြစ်သည်
သို့သော် သမ္မတ ဘိုင်ဒင်သည် စစ်ကောင်စီ၏ ခေါင်းမာမှုကို ပိုမိုစိတ်ပျက်လာနေသော၊ မြန်မာစစ်ကောင်စီကို ပိုမိုအထီးကျန်ထားလိုသော၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို လမ်းဖွင့်ပေးနေသော အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူမှ ခေါင်ဆောင်များနှင့် သဘောတူညီမှု ရရှိမည် ဖြစ်သည်။
ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင် ထိုင်းတို့ဘက်က စိတ်အားထက်သန်ခြင်း မရှိသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ သံတမန်ရေးရာအောင်ပွဲ အကြီးအကျယ်ရရှိမည့် အလားအလာ မှေးမှိန်နေသောကြောင့် သမ္မတ ဘိုင်ဒင်သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံရေးကို တဆင့်ချင်း မြှင့်တင်ရေးနှင့် မြန်မာသို့ လူသားချင်းစာနာမှု အကူအညီပေးရေး မူဘောင်ထူထောင်ရေးကိုသာ မျှော်လင့်နိုင်မည်ဖြစ်သည်။
(USIP မှ Brian Harding ၏ What to Expect From the U.S.-ASEAN Summit ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ခွင့်မရနိုင် ဟု NLD ဆို
စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချနေကြ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်
ယူကရိန်းစစ်ပွဲကြောင့် တရုတ် စဉ်းစားပုံပြောင်းသွားနိုင်ဟု CIA ညွှန်မှူးပြော
အထူးသံတမန် ခန့်ခြင်းဖြင့် မြန်မာအကျပ်အတည်း ထိုင်းကိုင်တွယ်မည်