ပါကစ္စတန်နိုင်ငံ ဂွာဒါ၊ ဟမ်ဘန်တိုတာနှင့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုတို့တွင် ဆိပ်ကမ်းများထူထောင်ပြီးနောက် တရုတ်နိုင်ငံသည် အိန္ဒိယကို ပိုမိုနီးကပ်စွာ ဝိုင်းပတ်လာပြီး မကြာမီတွင် မြန်မာက ဆိပ်ကမ်းများမှတဆင့် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရတော့မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံယူနန်ပြည်နယ် ကုန်တင်ပို့မှုကို အောင်မြင်စွာ စမ်းသပ်ခဲ့သည်။
အရေးယူပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရေး မြန်မာစစ်အုပ်ချုပ်သူများကို ကူညီသည့် ရှည်လျားသော သမိုင်း တရုတ်တွင်ရှိသည်။ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာဆိပ်ကမ်းအထိ ရှည်လျားသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ်၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ကြောင့် လောင်းကြေး ပိုမိုမြင့်မားလာသည်။
စိုးရိမ်စရာကောင်းသည့် ကိစ္စမှာ CMEC အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်ဖြင့် ဘင်္ဂလားပင်လယ်အော်မှ အိန္ဒိယကို ကျူးကျော်နိုင်စေမည်လား ဆိုသော ကိစ္စဖြစ်သည်။
စိုးရိမ်စရာကောင်းသည့် ကိစ္စမှာ CMEC အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်ဖြင့် ဘင်္ဂလားပင်လယ်အော်မှ အိန္ဒိယကို ကျူးကျော်နိုင်စေမည်လား ဆိုသော ကိစ္စဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုကို အမေရိကန် အမှတ် ၇ ရေတပ်မတော်က ထိန်းချုပ်ထားသည့် မလက္ကာရေလက်ကြားကို ရှောင်ရှားနိုင်စေခြင်းဖြစ်သည်။ ယူကရိန်းကို ရုရှားကျူးကျော်စစ်ကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယတို့ အဆင်မပြေဖြစ်နေပုံရသော်လည်း ထိုနှစ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို တရုတ်ရေတပ် အသုံးမပြုနိုင်ရေးအတွက် တားဆီးရာတွင် တူညီသော အကျိုးစီးပွားရှိသည်။
အိန္ဒိယသည် ကာလကြာမြင့်ပြီဖြစ်သော မဟာမိတ် ရုရှားနှင့် ကာလကြာမြင့်ပြီဖြစ်သည့် ရန်သူတရုတ်အကြား ချိန်ညှိလုပ်ဆောင်နေရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အမေရိကန် ပြည်ထောင်စုသည် လေးပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ (QUAD) နှင့် တခြားအစီအစဉ်များဖြင့် အိန္ဒိယနှင့် မဟာမိတ်ဖွဲ့ရန် အရှိန်မြှင့် လုပ်ဆောင်လာသည်။ သို့သော် ယူကရိန်းစစ်ပွဲသည် ထိုဖူးပွင့်လာသော ချစ်ကြည်ရေးကို စမ်းသပ်နေသည်။
၂၀၃၀ ပြည့်နှစ်တွင် တရုတ်ရေတပ်သည် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ရန် လုံလောက်သည့် အဓိက သင်္ဘောသစ် ၆၇ စီး၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် ၁၂ စီး ရရှိမည်ဖြစ်ကြောင်း အမေရိကန် ရေတပ် ထောက်လှမ်းရေးက ဖော်ပြသည်။ တရုတ်သည် ၂၀၃၀ ပြည့်နှစ်တွင် ပင်လယ်ပြင်များကို ထိန်းချုပ်ပြီး ၂၀၄၉ ခုနှစ်တွင် ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်ရေတပ်ကို အစားထိုးနေရာယူရန် တရုတ်ရေတပ်ကို တိုးချဲ့နေသည်။
အိန္ဒိယ၏ ရေကြောင်းနယ်ပယ်ကို တရုတ်ခြိမ်းခြောက်မှု ကြီးထွားလာနေသည်ဆိုသည့် စိုးရိမ်မှု နယူးဒေလီတွင် ရှိနေပြီး အိန္ဒိယအနေဖြင့် ထိုအခြေအနေကို တန်ပြန်ရန် ရေတပ်စွမ်းရည် တိုးမြှင့်သင့်သည်ဟု ခံစားနေရသည်။
အိန္ဒိယ၏ ရေကြောင်းနယ်ပယ်ကို တရုတ်ခြိမ်းခြောက်မှု ကြီးထွားလာနေသည်ဆိုသည့် စိုးရိမ်မှု နယူးဒေလီတွင် ရှိနေပြီး အိန္ဒိယအနေဖြင့် ထိုအခြေအနေကို တန်ပြန်ရန် ရေတပ်စွမ်းရည် တိုးမြှင့်သင့်သည်ဟု ခံစားနေရသည်။ မည်သည့်အချိန်တွင်မဆို အိန္ဒိယသမုဒ္ဒရာတွင် နိုင်ငံခြားသင်္ဘော ၁၂၅ စင်းရှိနေပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးဖြစ်ကြောင်း အိန္ဒိယ ရေတပ်က ဖော်ပြသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက သူ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဟာရီ ကူးမားက အိန္ဒိယ ရေတပ်သည် မည်သည့်အချိန်တွင်မဆို တရုတ်သင်္ဘော ၃ စီးအထိကို ခြေရာခံလိုက်နိုင်ကြောင်း ပြောသည်။
တရုတ်ရေတပ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ရန် အိန္ဒိယသည် ၎င်း၏ ရေတပ်အင်အားကို တည်ဆောက်ရန် လိုအပ်နေသည်။ သို့သော် အိန္ဒိယ စစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုတွင် ရေတပ်သည် ၎င်းတို့တောင်းခံသည့် ငွေကြေး၏ အစိတ်အပိုင်းအနည်းငယ်သာ ရသည်။ ပျမ်းမျှအားဖြင့်ဆိုရပါက အိန္ဒိယသည် ၎င်းတို့တွင် တပ်ဖွဲ့ ၃ မျိုးသာ ရှိသော်လည်း ၎င်း၏ ကာကွယ်ရေး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းကိုသာ ရေတပ်အတွက် သုံးသည်။ အမေရိကန် ပြည်ထောင်စုတွင် တပ်ဖွဲ့ ၆ မျိုးရှိပြီး ရေတပ်အတွက် ကာကွယ်ရေး အသုံးစရိတ်၏ ၃၀ ရာခိုင်နှုန်းကို သုံးသည်။ တရုတ်က ၎င်းတို့ရေတပ်အတွက် မည်မျှ သုံးသည်ကို ရှင်းလင်းစွာ မသိရပေ။ သို့သော် တရုတ်၏ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၅၂ ဘီလီယံသည် အိန္ဒိယ၏ ကာကွယ်ရေးအသုံးစရိတ် ၇၂.၉ ဘီလီယံထက် ၃ ဆကျော်ပိုနေသည်။
ထိုပြဿနာကို ကိုင်တွယ်ရန် လိုအပ်ကြောင်း သဘောပေါက်သောကြောင့် နယူးဒေလီသည် ရေတပ်အသုံး စရိတ်ကို ယခုနှစ်တွင် ၄၄.၅၃ ရာခိုင်နှုန်း တိုးမြှင့်လိုက်သည်။ လတ်တလော အိန္ဒိယရေတပ်တွင် သင်္ဘော ၁၃၀ သာရှိပြီး အများအပြားမှာ ဆယ်စုနှစ် ၂ ခု သက်တမ်းကြာပြီဖြစ်သည်။ ထို့ကြောင့် အသုံးစရိတ် မြှင့်တင်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်သလို၊ ကြိုဆိုရမည့် လုပ်ရပ်ဖြစ်သော်လည်း ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
အိန္ဒိယသမုဒ္ဒရာကို တရုတ်အသုံးပြုခွင့်မရအောင် တားဆီးရာတွင် အမေရိကန်အနေဖြင့် အိန္ဒိယ သမုဒ္ဒရာဆိုင်ရာ မူဝါဒသစ်ချမှတ်ပြီး QUAD နှင့် အခြားအစီအစဉ်များမှ တဆင့် အိန္ဒိယနှင့် ထိတွေ့မှု ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရန် လိုအပ်သည်။
အိန္ဒိယသမုဒ္ဒရာကို တရုတ်အသုံးပြုခွင့်မရအောင် တားဆီးရာတွင် အမေရိကန်အနေဖြင့် အိန္ဒိယ သမုဒ္ဒရာဆိုင်ရာ မူဝါဒသစ်ချမှတ်ပြီး QUAD နှင့် အခြားအစီအစဉ်များမှ တဆင့် အိန္ဒိယနှင့် ထိတွေ့မှု ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရန် လိုအပ်သည်။ အမေရိကန် ပြည်ထောင်စုသည် အိန္ဒိယ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးသြဇာ တိုးတက်ရေးကို ထောက်ခံခြင်းဖြင့် နယူးဒေလီနှင့် ညှိနှိုင်းဆောင်ရွက်ရမည့် အနေအထား ရှိနေသည်။
သို့သော် ဝါရှင်တန်အနေဖြင့် အိန္ဒိယနှင့် ရုရှားဆက်ဆံရေးသည် တရုတ်ကို တန်ပြန်ရာတွင် အမေရိကန်ကို အိန္ဒိယကပေးသည့် အကူအညီထက် ပို မပိုကို အကဲဖြတ်ရမည်ဖြစ်သည်။
(ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ရန်နိုင်၏ Myanmar Ports key to China’s Strategy of Controlling Indian Ocean ကို ဆီလျော်အောင် ဘာသာပြန်သည်။ ရန်နိုင်သည် တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
ရုရှား၏ ယူကရိန်းသိမ်းပိုက်ရေးတပ် ၃ ပုံ ၁ ပုံ ဆုံးရှုံးရနိုင်
ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်
KNU တပ်မဟာ ၁ နှင့် ၅ က BGF တပ်တွေ ပြန်ဆုတ်
ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး
—