• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

    စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ

          by ဧရာဝတီ
          25 May 2022
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          (ဝဲမှယာ) - ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘန်းနိစ်၊ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနှင့် အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီတို့ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ဂျပန် ဝန်ကြီးချုပ်ရုံးတွင် တွေ့ရစဉ်

          4.5k
          VIEWS
          Share on FacebookShare on Twitter

          ပထမဆုံး အာရှခရီးစဉ် ပြီးဆုံးသောအခါ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံသို့ မမှားယွင်းနိုင်သော သတင်းစကားတခု ပေးပို့ရန် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်သည့် ကိစ္စအား အသုံးပြုလိုက်သည်။ အလားတူ နိုင်ငံတကာစနစ်ကို ချိုးဖျက်ခြင်းသည် အမေရိကန်ထံမှ အလွန်ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်စေမည်ဆိုသည့် သတင်းစကား ဖြစ်သည်။

          အင်ဒိုပစိဖိတ် ခေါင်းဆောင်များနှင့် အဆင့်မြင့် ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားရာတွင် သမ္မတ ဘိုင်ဒင်က အများအားဖြင့် ညီညွတ်သော အနောက်နိုင်ငံများက ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ရှိသော်လည်း ဆက်လက် အရှိန်အဟုန်မြင့်နေသည့် ယူကရိန်းစစ်ပွဲ၏ ပြင်းထန်သော အကျိုးဆက်များကို အလေးထားပြောသည်။

          RelatedPosts

          အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

          အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

          26 September 2023
          2k
          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          26 September 2023
          424
          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          26 September 2023
          7.8k

          တရုတ်ကျူးကျော်တိုက်ခိုက်မှုကို အမေရိကန်က မည်သို့ တုံ့ပြန်လာနိုင်သည်ကို အနီးကပ်စောင့်ကြည့်နေသည့် ဒေသတွင် ထိုသတင်းစကားသည် ဆုံးဖြတ်ချက် ပြတ်သားမှုတခု ဖြစ်သည်။

          “ကျနော်တို့ဟာ ကျနော်တို့အားလုံးနဲ့ ပတ်သက်နေတဲ့ ဘုံသမိုင်းရဲ့ မှောင်မိုက်တဲ့ကာလကို ဖြတ်သန်းနေရတယ်” ဟု သမ္မတ ဘိုင်ဒင်က အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်မှ ခေါင်းဆောင်များကို ပြောသည်။

          ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယဉ်ကျေးမှုတခုကို ဖျောက်ဖျက်ရန် ကြိုးစားနေကြောင်း သတိပေးလိုက်ပြီး ရုရှားက ယူကရိန်းကျောင်းများ၊ ဘုရားကျောင်းများ၊ ပြတိုက်များကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ထောက်ပြသည်။ ထိုပဋိပက္ခသည် တကမ္ဘာလုံးကို ထိခိုက်စေကြောင်း သူက ဆက်လက် ပြောကြားသည်။

          “ဒီပြဿနာက ဥရောပပြဿနာတခုထက် ပိုတယ်။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်” ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။

          ယူကရိန်းမှ စစ်ပွဲသည် သမ္မတ ဘိုင်ဒင်၏ အာရှခရီးစဉ်အတွက် စိတ်မသက်သာစရာ နောက်ခံကားချပ် ဖြစ်နေသည်။

          ယူကရိန်းမှ စစ်ပွဲသည် သမ္မတ ဘိုင်ဒင်၏ အာရှခရီးစဉ်အတွက် စိတ်မသက်သာစရာ နောက်ခံကားချပ် ဖြစ်နေသည်။ ပြီးခဲ့သည့် အပတ် အင်္ဂါနေ့တွင် Air Force One သည် ရှည်လျားသောခရီးကို စတင်ထွက်ခွာပြီး အမေရိကန် ပြည်ထောင်စုသို့ ပျံသန်းသွားသောအခါ သမ္မတ ဘိုင်ဒင်၏ အာရှခရီး ပြီးဆုံးသည်။

          အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပစိဖိတ်ဒေသသို့ ပြန်လည် ဦးတည်အောင်လုပ်မည့် ရည်မှန်းချက်ကို အတည်ပြုပြောကြားရန် လုပ်ဆောင်နေရချိန်တွင်ပင် သမ္မတ ဘိုင်ဒင်သည် ယူကရိန်း ပဋိပက္ခကို အာရုံစူးစိုက်မှုနှင့် အချိန်ပေးနေရသည်။

          တချိန်တည်းတွင် သမ္မတ ဘိုင်ဒင်က ထိုစစ်ပွဲအပေါ် အမေရိကန် ဦးဆောင်သည့် တုံ့ပြန်မှုနှင့် စစ်မြေပြင်တွင် ရုရှားနိုင်ငံ တုံ့ဆိုင်းနေခြင်းတို့ကို ဘေဂျင်းက သတိပြုမိစေရန် မျှော်လင့်နေသည်။ ယခုအပတ်အတွင် သမ္မတ ဘိုင်ဒင် သွားရောက်ခဲ့သည့် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသည် အမေရိကန်က ယူကရိန်းစစ်ပွဲကို တုံ့ပြန်မှုတွင် ပါဝင်အရေးယူသော နိုင်ငံများဖြစ်ကြသည်။

          ထိုင်ဝမ်အရေး တရုတ်ကို သတိပေး

          တနင်္လာနေ့တွင် သမ္မတ ဘိုင်ဒင်သည် တရုတ်အတွက် သူ၏ အရှင်းလင်းဆုံး သတိပေးမှုပြုလုပ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး ကျင့်သုံးနေသည့် ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်ပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် စစ်ရေးအရာ တုံ့ပြန်ရန် စိတ်အားထက်သန်ကြောင်း ပြောသည်။

          သမ္မတ ဘိုင်ဒင်၏ ထိုပြောကြားချက်သည် တိုကျိုခရီးစဉ် နောက်ဆုံးနေ့ကို လွှမ်းမိုးနေသည်။ တိုကျိုတွင် သူသည် အားသစ်မွေးထားသည့် Quad အဖွဲ့ ထိပ်သီးဆွေးနွေးပွဲ တစိတ်တပိုင်းအဖြစ် ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

          အမေရိကန် ပြည်ထောင်စုသည် တရုတ် တနိုင်ငံတည်း မူဝါဒကို ဆက်လက်သဘောတူဆဲ ဖြစ်သော်လည်း ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်သည့် ကိစ္စသည် သင့်မြတ်လျော်ကန်သည့် ကိစ္စမဟုတ်ကြောင်း ဘိုင်ဒင်က ပြောသည်။

          အမေရိကန် ပြည်ထောင်စုသည် တရုတ် တနိုင်ငံတည်း မူဝါဒကို ဆက်လက်သဘောတူဆဲ ဖြစ်သော်လည်း ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်သည့် ကိစ္စသည် သင့်မြတ်လျော်ကန်သည့် ကိစ္စမဟုတ်ကြောင်း တနင်္လာနေ့တွင် သမ္မတ ဘိုင်ဒင်က ပြောသည်။

          သေနင်္ဂဗျူဟာ နှစ်ခွထားသည့် အမေရိကန် ပြည်ထောင်စု၏ မူဝါဒ ပြောင်းလဲခြင်း မရှိကြောင်း သမ္မတ ဘိုင်ဒင်က နောက်တနေ့တွင် သတင်းထောက်များကို ပြောသည်။ သို့သော် သူသည် အစောပိုင်းသူ၏ ပြောကြားချက်နှင့် ပတ်သက်သည့် မည်သည့် ရှင်လင်းချက်ကိုမျှ မပေးဘဲ အမေရိကန် ရပ်တည်ချက်သည် ယခင်အတိုင်း ဖြစ်ကြောင်း ပြောသည်။

          “အဲဒီမူဝါဒက လုံးဝမပြောင်းလဲဘဲ အဲဒီအချက်ကို ကျနော်ပြောကြားစဉ်ကလည်း ဖော်ပြခဲ့ပါတယ်” ဟု သမ္မတ ဘိုင်ဒင်က Quad ခေါင်းဆောင်များ တက်ရောက်သည့် အခမ်းအနားတခုတွင် ပြောသည်။

          တနင်္လာနေ့က မှတ်ချက်ကြောင့် သမ္မတ ဘိုင်ဒင်အစိုးရမှ ထိပ်တန်းအရာရှိများ အံ့အားသင့် သွားခဲ့ရပြီး သမ္မတ ဘိုင်ဒင်အနေဖြင့် ထိုမျှအထိ ဗြောင်ကျကျပြောမည်ဟု မျှော်လင့်မထားကြောင်း သူ၏ အရာရှိ အများအပြား CNN သတင်းဌာနသို့ ပြောသည်။

          အိမ်ဖြူတော်ကလည်း သမ္မတ ဘိုင်ဒင်၏ မှတ်ချက်ကို အလေးမထားရန် ပြောကြားပြီး ထိုမှတ်ချက်များသည် အမေရိကန် မူဝါဒ ပြောင်းလဲမှုကို ထင်ဟပ်ခြင်း မရှိကြောင်း ပြောသည်။

          တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာလျှင် ထိုင်ဝမ်ကို အမေရိကန် ပြည်ထောင်စုက အကာအကွယ်ပေးမည်ဟု သမ္မတ ဘိုင်ဒင် ပြောကြားနေသည်မှာ မကြာသေးမီ လများအတွင်း ၃ ကြိမ်ရှိပြီ

          တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာလျှင် ထိုင်ဝမ်ကို အမေရိကန် ပြည်ထောင်စုက အကာအကွယ်ပေးမည်ဟု သမ္မတ ဘိုင်ဒင် ပြောကြားနေသည်မှာ မကြာသေးမီ လများအတွင်း ၃ ကြိမ်ရှိပြီဖြစ်ပြီး အိမ်ဖြူတော်က ထိုမှတ်ချက်များကို ပြန်လည် ရုတ်သိမ်းနေရသည်။ သမ္မတ ဘိုင်ဒင်သည် အောက်တိုဘာလက CNN town hall အစီအစဉ်အတွင်းကလည်း ထိုသို့သောစကားများကို ပြောခဲ့သည်။

          တရုတ်တနိုင်ငံတည်း မူဝါဒအရ အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်သည်ကို အသိအမှတ်ပြုသော်လည်း လူဦးရေ ၂၃ သန်းရှိသည့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုကျွန်းကို တရုတ်က တောင်းခံခြင်းအား မည်သည့်အခါကမျှ တရားဝင် အသိအမှတ်မပြုပေ။ အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်သို့ လက်နက်များ ထောက်ပံ့ပြီး တရုတ်က တိုက်ခိုက်လာလျှင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်၊ မစွက်ဖက်မည်နှင့် ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ အဓိပ္ပါယ် ဒွိဟဖြစ်နေသည်။

          ဘိုင်ဒင်မှတ်ချက် တရုတ်ဒေါသထွက်

          ဘေဂျင်းနှင့် တိုင်ပေအကြား တင်းမာမှုများသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း အမြင့်မားဆုံးဖြစ်နေပြီး တရုတ်စစ်တပ်က စံချိန်တင်များပြားသော စစ်လေယာဉ်များကို ထိုင်ဝမ်ကျွန်းအနီးသို့ စေလွှတ်လာသည်။

          သမ္မတ ဘိုင်ဒင်၏ မှတ်ချက်ကို တရုတ်အစိုးရက ချက်ခြင်း အာရုံစိုက်မိပြီး ထိုမှတ်ချက်ကို အပြင်းအထန် မကျေနပ်ကြောင်းနှင့် အခိုင်အမာ ဆန့်ကျင်ကြောင်း ဖော်ပြကာ ၎င်းတို့ ပြည်တွင်းရေးတွင် ပြင်ပမှ စွက်ဖက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောသည်။

          “တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အခြား အဓိက အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး အပေးအယူ လုပ်စရာ မရှိဘူး” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝန်ဘင်က ပြောသည်။

          “ထိုင်ဝမ်ရေလက်ကြားနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေတွေ အကြီးအကျယ် ထိခိုက်ခြင်း မရှိအောင်လို့ အမေရိကန်အနေနဲ့ တရုတ်တနိုင်ငံတည်းမူကို တက်တက်ကြွကြွ လိုက်နာဖို့၊ ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ စကားတွေ၊ အလုပ်တွေကို သတိထားဖို့၊ ထိုင်ဝမ်က လွတ်လပ်ရေး လိုလားသူတွေကို မှားယွင်းတဲ့ သတင်းစကား မပေးဖို့ ကျနော်တို့ တိုက်တွန်းတယ်” ဟု သူက ပြောသည်။

          တရုတ်၏ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရသူ ဇူဖန်လျံကလည်း “အမေရိကန် ပြည်ထောင်စုအနေနဲ့ တရုတ် တနိုင်ငံတည်းမူနဲ့ အမေရိကန်-တရုတ် ပူးတွဲကြေညာချက် ၃ စောင်ကို ချိုးဖောက်တဲ့ စကားတွေပြောတာ၊ လုပ်ရပ်တွေလုပ်တာ ရပ်ဖို့ ကျနော်တို့ တိုက်တွန်းတယ်။ မီးနဲ့ကစားတဲ့သူတွေဟာ အပူလောင်ခံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

          အားသစ်လောင်း Quad

          Quad အဖွဲ့သည် အင်ဒို-ပစိဖိတ် နေတိုးအဖွဲ့အဖြစ်ကြောင်း ဘေဂျင်းက ဝေဖန်လိုက်ပြီး ထိုအဖွဲ့သည် စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို အားပေးပြီး ပထဝီနိုင်ငံရေး အားပြိုင်မှုကို မီးထိုးပေးကြောင်း စွပ်စွဲသည်။

          Quad အဖွဲ့သည် အင်ဒို-ပစိဖိတ် နေတိုးအဖွဲ့အဖြစ်ကြောင်း ဘေဂျင်းက ဝေဖန်လိုက်ပြီး ထိုအဖွဲ့သည် စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို အားပေးပြီး ပထဝီနိုင်ငံရေး အားပြိုင်မှုကို မီးထိုးပေးကြောင်း စွပ်စွဲသည်။

          ထိုအဖွဲ့အစည်းသည် ဗဟို အတွင်းရေးမှူးချုပ်ရုံး သို့မဟုတ် ဌာနချုပ်မရှိဘဲ သမားရိုးကျ မဟာမိတ်အဖွဲ့ မဟုတ်ကြောင်း အမေရိကန် အဆင်မြင့်အရာရှိတဦးက အင်္ဂါနေ့က ဆွေးနွေးပွဲများ မတိုင်မီက ပြောသည်။

          “ရည်ရွယ်ချက်က အစဉ်အလာ ဖွဲ့စည်းတည်ဆောက်မှု များများမလုပ်ဖို့ဘဲ ဖြစ်တယ်။ ရည်မှန်းချက် ပန်းတိုင်က ဒေသအတွက် အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အတူဖြေရှင်းဖို့ နည်းလမ်းရှာတာပဲ ဖြစ်တယ်” ဟု ထိုအရာရှိက ပြောကြားပြီး လက်ရှိအဖွဲ့ဝင် ၄ နိုင်ငံထက် ပိုမိုတို့ချဲ့ရေး ဆွေးနွေးရန် စောလွန်းသေးကြောင်းလည်း သူက ပြောသည်။

          သို့တိုင် သမ္မတ ဘိုင်ဒင်နှင့် အခြားခေါင်းဆောင်များသည် ရေကြောင်း သတင်းအချက်အလက် မျှဝေရေး၊ ကိုဗစ်ကာကွယ်ဆေးများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်သစ်များကို အစည်းအဝေးတွင် ပြောကြားခဲ့သည်။ Quad အဖွဲ့သည် အာရှနှင့် ဆက်ဆံရေး ပြုစုပျိုးထောင်ရေးအပေါ် အကြီးအကျယ် အလေးထားသော နိုင်ငံခြားရေးမူဝါဒ သေနင်္ဂဗျူဟာ၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း သမ္မတ ဘိုင်ဒင် အစိုးရ အရာရှိများက ပြောသည်။

          “ခေါင်းဆောင်တွေ တယောက်နဲ့တယောက် အဆင်ပြေပြေနဲ့ အရမ်းလေးနက်တဲ့ ဆွေးနွေးမှုတွေကို သက်သောင့်သက်သာ လုပ်သွားတာကို မြင်ရလို့ အားလုံးသဘောကျမယ်လို့ ကျနော်ထင်တယ်” ဟု ထို အရာရှိက ပြောသည်။

          ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘန်းနိစ် သည် သြစတြေးလျ ခေါင်းဆောင်သစ် ဖြစ်လာသည်မှာ ရက်ပိုင်းသာရှိသေးပြီး Quad ထိပ်သီးဆွေးနွေးပွဲကို သူ၏ ပထမဆုံး လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် စိတ်အားထက်သန်သောကြောင့် အမေရိကန် အရာရှိများ အားတက်ကြသည်။

          သမ္မတ ဘိုင်ဒင်သည် ဝါရှင်တန်သို့ မပြန်မီ အင်္ဂါနေ့တွင် အိန္ဒိယနှင့် သြစတြေးလျ ဝန်ကြီးချုပ်များကိုလည်း တဦးစီ တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘန်းနိစ် သည် သြစတြေးလျ ခေါင်းဆောင်သစ် ဖြစ်လာသည်မှာ ရက်ပိုင်းသာရှိသေးပြီး Quad ထိပ်သီးဆွေးနွေးပွဲကို သူ၏ ပထမဆုံး လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် စိတ်အားထက်သန်သောကြောင့် အမေရိကန် အရာရှိများ အားတက်ကြသည်။

          “ခင်ဗျား ဘယ်လို လုပ်လိုက်တယ်ဆိုတာကို ကျနော်တောင် နားမလည်နိုင်ဘူး” ဟု သမ္မတ ဘိုင်ဒင်က သြစတြေးလျ ဝန်ကြီးချုပ်ကို ပြောသည်။

          အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ပြစ်တင်ရှုတ်ချရန် အမေရိကန် ဖိအားကို ခုခံနေသောကြောင့် သူ့ဆွေးနွေးပွဲများသည် ပိုမိုစိုးရိမ်စရာ ဖြစ်နိုင်သည်။ အိန္ဒိယသည် ၎င်း၏ စစ်လက်နက် ပစ္စည်းအများစုအတွက် ရုရှားကို မှီခိုနေရပြီး သမိုင်းဝင်ဆက်ဆံရေးကို ထိခိုက်စေလိုခြင်း မရှိပေ။

          သူနှင့် ဝန်ကြီးချုပ် မိုဒီတို့သည် ထိုစစ်ပွဲကြောင့် ကမ္ဘာ့စနစ်တခုလုံးအပေါ် သက်ရောက်မှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း အစည်းအဝေးအစတွင် သမ္မတ ဘိုင်ဒင်က ပြောသည်။

          “အဲဒီဆိုးကျိုးတွေကို ဘယ်လိုလျှော့ချမယ်ဆိုတာကို အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယတို့ အနီးကပ် ဆက်လက် ဆွေးနွေးနေမှာဖြစ်ပါတယ်” ဟု သမ္မတ ဘိုင်ဒင်က ပြောသည်။

          အာရှ မဟာမိတ်များကို ဘိုင်ဒင် အားဖြည့်

          သမ္မတသည် အာရှခရီးအတွင်း တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု မြှင့်တင်မည့် အလားအလာကို ဆွေးနွေးကာ အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်ကို ကြေညာသည်။ ထိုအစီအစဉ်သည် ကာလကြာမြင့်စွာ မျှော်လင့်ထားသည့် နိုင်ငံ ၁၃ နိုင်ငံတို့ စီးပွားရေး အစီအစဉ်ဖြစ်သည်။

          ထိုခရီးစဉ်သည် သမ္မတ ဘိုင်ဒင် ဆန္ဒရှိသည်ထက် နောက်ကျပြီး သွားရောက်ရသော ခရီးစဉ်ဖြစ်ကြောင်း အရာရှိများက ပြောသည်။ ကိုဗစ်ကန့်သတ်ချက်များနှင့် အခြား အကျပ်အတည်းများကြောင်း ထိုခရီးစဉ်ကို စီစဉ်ရန် ခက်ခဲခဲ့ကြောင်း ထိုအရာရှိများက ပြောသည်။

          သမ္မတ ဘိုင်ဒင်သည် နိုင်ငံခြားရေးမူဝါဒက အာရှသို့ ဗဟိုပြုရန် ပြန်လည် လုပ်ဆောင်သည့် တတိယမြောက် သမ္မတဖြစ်သည်။

          သမ္မတ ဘိုင်ဒင်သည် နိုင်ငံခြားရေးမူဝါဒက အာရှသို့ ဗဟိုပြုရန် ပြန်လည် လုပ်ဆောင်သည့် တတိယမြောက် သမ္မတဖြစ်သည်။ သို့သော် အခြားဖြစ်ရပ်များကြောင်း ထိုလုပ်ငန်းများ အဟန့်အတား ဖြစ်ရသည်လည်း ရှိသည်။

          ယူကရိန်းကို အာရုံစိုက်နေသော်လည်း သမ္မတ ဘိုင်ဒင်သည် လာမည့်ဆယ်စုနှစ်များတွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများအတွက် အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ချိန်ညှိရန် စိတ်အားထက်သန်ကြောင်း အမေရိကန် အရာရှိများက ပြောသည်။

          ထိုစိန်ခေါ်မှုများတွင် အတ္တလန္တိတ် မဟာမိတ်များအကြား တည်ရှိပြီးဖြစ်သော မဟာမိတ်ဖွဲ့စည်းမှုမျိုး အာရှတွင် တည်ဆောက်ရေးနှင့် ယူကရိန်းစစ်နောက်ပိုင်း ရုရှားကို ခုခံမည့် ညီညွတ်သော အင်အားစု တည်ဆောက်ရေးတို့ ဖြစ်သည်။

          သို့သော် လတ်တလောတွင် နေတိုးနှင့်တူညီသည့် အာရှမဟာမိတ် ဖွဲ့စည်းမှု မရှိသေးပေ။ နေတိုးသည် ရုရှားကျူးကျော်ရန်စမှုကို အနောက်တိုင်း တုံ့ပြန်မှုအတွက် အရေးပါသော ဖွဲ့စည်းမှုဖြစ်သည်။ တရုတ် နိုင်ငံသည်လည်း ဒေသတွင်းတွင် အင်အားပြသပြီး ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးကို မကြာသေးမီ နှစ်များအတွင်း ပြုစုပျိုးထောင်နေသည်။

          ထိုသို့သော လုပ်ရပ်များကို တန်ပြန်ရန် သမ္မတ ဘိုင်ဒင်က အများအပြား လုပ်ဆောင်ပြီးဖြစ်သည်။ Quad အဖွဲ့ကို အားသစ်လောင်းခြင်း၊ အရေးပါသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော နည်းပညာကို သြစတြေးလျသို့ ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ခြင်းနှင့် ကုန်သွယ်ရေးနှင့်လုံခြုံရေး ဆွေးနွေးရန် အရှေ့တောင်အာရှ ခေါင်းဆောင်များကို လွန်ခဲ့သော အပတ်က အိမ်ဖြူတော်သို့ ဖိတ်ခေါ်ခြင်း စသည့် လုပ်ဆောင်မှုများ ပါဝင်သည်။

          သို့သော် ထိုသို့သော လုပ်ဆောင်ချက်များသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ထိန်းချုပ်နိုင်မည်၊ မထိန်းချုပ်နိုင်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။ ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းနှင့် ထိုင်ဝမ် အနာဂတ်အတွက် စိုးရိမ်ခြင်းတို့သည် အပြိုင်ဖြစ်နေကြောင်း သုတေသီအချို့ကလည်း ထောက်ပြကြသည်။

          (CNN မှ Kevin Liptak နှင့် Maegan Vazquez ၏ 4 takeaways from Biden’s first presidential trip to Asia ကို ဘာသာပြန် ဖော်ပြသည်။)

          You may also like these stories:

          အထူးသံတမန်ခန့်အပ်ခြင်းဖြင့် အာဆီယံကို အလေးထားကြောင်း ဘိုင်ဒင်ပြသ

          ယူကရိန်းစစ်ပွဲကြောင့် တရုတ် စဉ်းစားပုံပြောင်းသွားနိုင်ဟု CIA ညွှန်မှူးပြော

          အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဂျိုးဘိုင်ဒင် ဧည့်ခံမည်

          မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်

          အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နိုင်ငံရေးနှင့် မဆိုင်သည့် မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်မည်

          Your Thoughts …
          Tags: Quadဂျပန်တရုတ်တောင်ကိုရီးယားထိုင်ဝမ်ယူကရိန်းရုရှားသမ္မတ ပူတင်သမ္မတ ဘိုင်ဒင်အမေရိကန်အိန္ဒိယဩစ‌တြေးလျ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          16.9k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

          စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

          by ဧရာဝတီ
          22 July 2023
          14.1k

          မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ သွားသည်ဟု အာရှထောက်လှမ်းရေး သတင်းများနှင့် နေပြည်တော်မှ အခြားရင်းမြစ်များက ပြောသည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          11.8k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

          by မိုးစက်ငြိမ်းချမ်း
          22 July 2023
          11.3k

          ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

          ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

          ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

          by ဧရာဝတီ
          26 August 2023
          8.5k

          ပရီဂိုဇင်သည် ဝဂ္ဂနာ အဆင့်မြင့် ခေါင်းဆောင်များနှင့်အတူ မော်စကို အနီးရှိ တီဗာဒေသသို့ သွားနေစဉ် သူ၏ ပုဂ္ဂလိကလေယာဉ် ပျက်ကျခြင်း ဖြစ်သည်။

          “သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

          “သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

          by Bertil Lintner
          22 July 2023
          8k

          တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

          Next Post
          ပြည်သူတွေကို မီးရှို့ရင် ငါတို့နိုင်ပြီဆိုပြီး ယုတ်ညံ့တဲ့စိတ်ဓာတ်နဲ့ သတ်နေတာ (ရုပ်/သံ)

          ပြည်သူတွေကို မီးရှို့ရင် ငါတို့နိုင်ပြီဆိုပြီး ယုတ်ညံ့တဲ့စိတ်ဓာတ်နဲ့ သတ်နေတာ (ရုပ်/သံ)

          ရခိုင့်တပ်ဖွဲ့ဝင်တဦးထံမှ လက်မောင်းတံဆိပ် / ဧရာဝတီ

          ရခိုင်စစ်ပွဲ ပြန်ဖြစ်တဲ့အခါ

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          1 day ago
          11.8k
          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          1 week ago
          13.1k

          Most Read

          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

            shares
            Share 0 Tweet 0
          • ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved