သူချစ်မြတ်နိုးသော အသက်မွေးဝမ်းကြောင်း ချန်ထားခဲ့ပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ပေးရန် လက်နက်ကိုင်တိုက်ပွဲတွင် ကိုဂျက် (အမည်လွှဲ) ပါဝင်ခဲ့သည်မှာ တနှစ်ကျော်ကြာပြီ ဖြစ်သည်။
ရန်ကုန်မှ သတင်းဌာနများအတွက် ဓာတ်ပုံသတင်းသမားအဖြစ် လုပ်ကိုင်ရင်း ဓာတ်ပုံပညာကို လိုက်စားခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခကို အထူး စိတ်ဝင်စားသောကြောင့် ကိုဂျက်သည် ပိုမိုကျယ်ပြန့်သော အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသား ပြည်နယ် အများအပြားသို့ သွားရောက်ခဲ့ပြီး ထိုတိုင်းရင်းသားများ၏ ဇာတ်လမ်းများကို သူ၏ ကင်မရာ မှန်ဘီလူးမှတဆင့် တင်ပြခဲ့သည်။
ယနေ့တွင်မူ သူသည် သူ့ကိုယ်သူ သတင်းသမားအဖြစ် မမြင်တော့ဘဲ လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချသည့် စစ်တပ်ကို ပြန်လည် တိုက်ခိုက်နေသူအဖြစ်သာ မြင်တော့သည်။

ယခုအခါ ကရင်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးဖြစ်နေသော အသက် ၂၉ နှစ်အရွယ် ကိုဂျက်သည် စစ်ကောင်စီကို တိုက်နေသည့် တိုင်းရင်းသားတပ်များနှင့်အတူ ပြင်းထန်သော တိုက်ပွဲကြီး ၅ ခု တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး တဒါဇင်ခန့်ကို ဖမ်းမိသည်။
ယခုအခါ ကရင်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးဖြစ်နေသော အသက် ၂၉ နှစ်အရွယ် ကိုဂျက်သည် စစ်ကောင်စီကို တိုက်နေသည့် တိုင်းရင်းသားတပ်များနှင့်အတူ ပြင်းထန်သော တိုက်ပွဲကြီး ၅ ခု တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး တဒါဇင်ခန့်ကို ဖမ်းမိသည်။
ကင်မရာ မှန်ဘီလူးမှ သေနတ်သို့
ကိုဂျက်က သူ၏ ပထမဆုံးတိုက်ပွဲ အတွေ့အကြုံကို မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတွင် ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ လအတန်ကြာ စစ်သင်တန်းတက်ထားသော်လည်း ရှေ့တန်း စစ်မြေပြင် တိုက်ပွဲနှင့် ရင်ဆိုင်ရသောအခါ သူ၏ဗီဇဟောင်း ပြန်ရောက်လာပြီး သူမြင်တွေ့ရသည်များကို စိတ်တွင် ဓာတ်ပုံရိုက်မိသည်ဟု သူက ပြောသည်။
“သေနတ်ပစ်တာနဲ့ ဓာတ်ပုံရိုက်တာမှာ တူညီတာတွေရှိတယ်။ လက်ညှိုးကို အဆင်သင့်ဖြစ်အောင် ပြင်ထားရတာပဲ။ ဒါပေမယ့် သေနတ်ပစ်တာနဲ့ ဓာတ်ပုံရိုက်တာကို တပြိုင်တည်း လုပ်လို့မရဘူး” ဟု သူကပြောသည်။
“ကျနော် ဓာတ်ပုံတွေရိုက်ရင် ကျနော်ကိုင်တဲ့သေနတ်က အသုံးမဝင်တော့သလို ကျနော့်ရဲဘော်တွေအတွက် အထောက်အကူ မပြုနိုင်တော့ဘူး” ဟု သူက ပြောသည်။
ထိုအချိန်မှစတင်ပြီး ကိုဂျက်သည် ကင်မရာကို မကိုင်တော့ဘဲ သူ၏ ရိုင်ဖယ်သည် သူ့အတွက် ထိပ်တန်း ဦးစားပေး ဖြစ်လာသည်။ ဓာတ်ပုံကောင်းများကို ရိုက်ကူးရန် ချိန်ကိုက်မှန်ကန်မှုနှင့် အာရုံစူးစိုက် ကျွမ်းကျင်မှုကို အားထားရသကဲ့သို့ပင် သူသည် စစ်မြေပြင်တွင်လည်း သေနတ်ပစ်ကောင်းသူတဦး ဖြစ်လာသည်။
သူ့ကို တပ်စိတ်မှူးအဆင့်သို့ ရာထူးတိုးပေးသော်လည်း ထိုရာထူးအတွက် သူအသင့်မဖြစ်သေးဟု ထင်သောကြောင့် ငြင်းပယ်ခဲ့သည်။
သူ့ကို တပ်စိတ်မှူးအဆင့်သို့ ရာထူးတိုးပေးသော်လည်း ထိုရာထူးအတွက် သူအသင့်မဖြစ်သေးဟု ထင်သောကြောင့် ငြင်းပယ်ခဲ့သည်။
ရှေ့တန်းစစ်မျက်နှာတွင် သူသည် စစ်သားကောင်းတဦးဖြစ်ပြီး အခြားရဲဘော်များနှင့် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်သလို သူ၏ တပ်မှူးကိုလည်း အမိန့်နာခံသည်။ အခြေစိုက် စခန်းသို့ ရောက်ချိန်တွင် သူသည် တပ်ဖွဲ့ဝင်သစ်များကို ကောင်းစွာ လေ့ကျင့်ပေးနိုင်ပြီး သူတတ်မြောက်ထားသည်များကို ပြန်လည်မျှဝေနိုင်သည်။
ဘဝကိုပြောင်းလဲစေသောနေ့
အာဏာသိမ်းပြီးနောက် တလခန့်ကြာသောအခါ ကိုဂျက်သည် အလုပ်ကိုသာ အာရုံစိုက်နိုင်ရန်အတွက် စစ်အာဏာသိမ်းမှုအပေါ် သူ၏ ပုဂ္ဂလိက ဒေါသကို ဖယ်ခွာပြီး စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲများနှင့် အတိုက်အခံများကို စစ်ကောင်စီက ဖြိုခွဲမှုများအား မှတ်တမ်းတင်ရန် လမ်းမများပေါ်သို့ ကင်မရာနှင့်အတူ ထွက်လာခဲ့သည်။
လုပ်ဖော်ကိုင်ဘက် သတင်းသမားများနှင့်အတူ အာဏာသိမ်းခံထားရသော နိုင်ငံတွင် ဖြစ်ပျက်နေသည်များကို ကမ္ဘာကသိအောင် ဆက်လက်လုပ်ဆောင်ပြီး စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှု အထောက်အထားများကို တင်ပြသည်။
သို့သော် မတ်လ၏ နေ့တနေ့တွင်မူ ရန်ကုန်မြို့စွန်တခုတွင် စစ်ကောင်စီတပ်များ၏ သွေးချောင်းစီး သတ်ဖြတ်မှုကို မြင်ရပြီးနောက် လက်နက်ကိုင် တိုက်ပွဲဝင်မှသာ ဖြစ်တော့မည်ဟု သူယုံကြည်သွားသည်။

အာဏာသိမ်းမှုအပြီး ရန်ကုန်နှင့် အခြားမြို့များတွင် များပြားလှသော ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်နှိမ်နင်းမှု၊ အသေပစ်သတ်ခြင်းများဖြင့် တုံ့ပြန်သည်။
ယမန်နှစ် မတ်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီက အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအနက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ အဆိုးရွားဆုံးသတ်ဖြတ်မှု ကျူးလွန်ပြီး နောက်တနေ့တွင် ကိုဂျက်သည် ထိုမြို့နယ်တွင် ရှိနေသည်။
ယမန်နှစ် မတ်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီက အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအနက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ အဆိုးရွားဆုံးသတ်ဖြတ်မှု ကျူးလွန်ပြီး နောက်တနေ့တွင် ကိုဂျက်သည် ထိုမြို့နယ်တွင် ရှိနေသည်။
သင်္ချိုင်းသို့ ပို့ဆောင်ရသော အလောင်းများသည် များပြားလွန်းသောကြောင့် မီးသင်္ဂြိုဟ်စက်သည် မနာတမ်း အလုပ်လုပ်နေရပြီး ဈာပနကို အလျင်အမြန် ကျင်းပနေရသဖြင့် မိသားစုများသည် ပူဆွေးချိန်ပင် မရကြကြောင်း သူက ပြန်ပြောပြသည်။
ထိုနေရာတွင် သူ တနေကုန်နေသည်။ အချို့အလောင်းများမှာ ဦးခေါင်းများကို ကျည်ဆံထိမှန်ပြီး မျက်နှာများကြေမွ၊ ကိုယ်လက်အင်္ဂါများ မပါတော့ဘဲ မမှတ်မိနိုင်တော့လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သည်။
သတ်ဖြတ်ခံရသူများမှာ ထိုမြို့နယ်မှ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ သွေးချောင်းစီးဖြိုခွဲခံရစဉ် ပစ်သတ်ခံရသော ဆန္ဒပြသူများ၊ ဘေးမှ ရပ်ကြည့်သူများ၊ ဒဏ်ရာရသူများကို ကူညီသူများ ဖြစ်သည်။
ထို ဖြိုခွဲမှုအတွင်း တိုက်ခိုက်ရေး ရိုင်ဖယ်များနှင့် စနိုက်ပါ သေနတ်များ ကိုင်ဆောင်ထားသည့် စစ်ကောင်စီ စစ်သားများသည် ဆန္ဒပြသူများအား ချောင်ပိတ်ကာ မြင်တွေ့သမျှ သက်ရှိများကို ပစ်သတ်သည်။ စစ်ကောင်စီ တပ်များသည် ထိုနေ့က လူပေါင်း ၈၀ ခန့်ကို ပစ်သတ်ခဲ့သည်။
“ကျနော့်ရှေ့မှဖြစ်နေတဲ့ မတရားမှုတွေကို ရပ်ကြည့်မနေနိုင်တော့ဘူး။ အာဏာသိမ်းလိုက်တာရယ်၊ အဲဒီနေ့က ဖြစ်ပျက်တာတွေရယ်ကြောင့် ရပ်ကြည့်မနေနိုင်တော့ဘူး” ဟု သူက ပြောသည်။
နောက် ရက်အနည်းငယ် ကြာသောအခါ ရန်ကုန်နေအိမ်မှ ထွက်လာခဲ့ပြီး တနိုင်ငံလုံးမှ ထောင်ပေါင်းများစွာသော လူငယ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လေ့ကျင့်ရေး စခန်းများသို့ သွားရောက်သည်။
စစ်ကောင်စီသည် ပြည်သူကို သတ်ဖြတ်ခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်း၊ မီးရှို့ခြင်း၊ ဗုံးကြဲခြင်းကို ပြုလုပ်ကာ ဆက်လက် အကြမ်းဖက်နေသည်။
သူ၏ နေအိမ်သစ်မှာ တဲတခုသာ ဖြစ်သည်။ သူသည်တောထဲတွင် မည်သည့်ဆွေးမျိုးမျှ အနီးတွင်မရှိဘဲ နေထိုင်သည်။ တနှစ်ကျော်ကြာလာသောအခါ သူသည် အိမ်ကို တခါတရံ သတိရသည်။ အထူးသဖြင့် ဖျားနာချိန်တွင် သတိရသည်။
သူသည် တောတွင်း စခန်းတခုတွင် နေထိုင်စဉ်အတွင်း မကြာသေးမီက ငှက်ဖျားမိသည်။ ထိုစဉ်က သူ၏ အကြီးမားဆုံး ဆန္ဒမှာ သူအကြိုက်ဆုံး နံနက်စာဖြစ်သည့် ခေါက်ဆွဲသုပ် အစပ်ကို ထမင်းနှင့် စားချင်ခြင်းဖြစ်သည်။
သူသည် တောတွင်း စခန်းတခုတွင် နေထိုင်စဉ်အတွင်း မကြာသေးမီက ငှက်ဖျားမိသည်။ ထိုစဉ်က သူ၏ အကြီးမားဆုံး ဆန္ဒမှာ သူအကြိုက်ဆုံး နံနက်စာဖြစ်သည့် ခေါက်ဆွဲသုပ် အစပ်ကို ထမင်းနှင့် စားချင်ခြင်းဖြစ်သည်။
တူညီသော လုပ်ငန်းတာဝန်
သို့သော် ရဲဘော်များ၏ တူညီသော ခံယူချက်ဖြစ်သော တော်လှန်ရေး မအောင်မြင်မချင်း အိမ်ပြန်မည် မဟုတ်ကြောင်း ပြတ်သားလှသည့် တော်လှန်ရေးသမား ကိုဂျက်က ပြောသည်။
၎င်းတို့အဖွဲ့မှ တိုက်ခိုက်ရေးသမား အများစုသည် အသက် ၂၀ နှင့် ၃၀ ကြား အရွယ်များဖြစ်ကြပြီး မတူညီသော တိုင်းနှင့်ပြည်နယ်များမှ လာသလို နောက်ခံဘဝများလည်း ကွဲပြားကြသည်။ အလုပ်သမားများ၊ သတင်းသမားများ၊ အနုပညာသမားများ၊ ပြည်သူ့ဝန်ထမ်းများ၊ သပိတ်မှောက်သော ရဲနှင့် စစ်သားများပင် ပါဝင်သည်။

ကိုဂျက် ကဲ့သို့သော ဘူမိဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူများအပြင် စစ်ကောင်စီပညာရေး စနစ်ကို သပိတ်မှောက်သည့် အသက် ၂၀ အောက် ဘွဲ့မရသေးသည့် ကျောင်းသားများလည်း ၎င်းတို့အဖွဲ့သို့ ဝင်ရောက်လာကြသည်။
ကိုဂျက်ကဲ့သို့ပင် ထိုသူများအနက် မည်သူမျှ စစ်သားဖြစ်ရန် ရွေးချယ်ခဲ့ခြင်း မရှိကြပေ။ စစ်ကောင်စီက ပြည်သူ တရပ်လုံးကို ဖိနှိပ်သောကြောင့်သာ လက်နက်ကိုင်ရန် လိုအပ်သည်ဟု ခံစားကြရသူများသာ ဖြစ်သည်။ ၎င်းတို့သည် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ရန် လက်နက်ကိုင်ခဲ့ရသော တနိုင်ငံလုံးမှ ၈ သောင်းနှင့် ၁ သိန်းကြားရှိ ပြည်သူ့ကာကွယ်ရေးတပ်များတွင် ပါဝင်သူများသာ ဖြစ်သည်။
၎င်းတို့အားလုံး၏ တူညီသော လုပ်ငန်းတာဝန်မှာ နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်ကြာ ဖိနှိပ်ခဲ့သော စစ်အုပ်စုကို အမြစ်ဖြတ်ရန်နှင့် မြန်မာပြည်သူအားလုံးက မုန်းတီးသော အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် ဖြစ်သည်။
ကိုဂျက်၏ ရဲဘော်ရဲဘက်အချို့သည် ထိုလုပ်ငန်းတာဝန်အတွက်ပင် အသက်စွန့်သွားကြပြီး ဖြစ်သည်။ တိုက်ပွဲ တခုအတွင် ကိုဂျက်သည် သူ၏ရဲဘော်နှစ်ယောက် ဆုံးရှုံးသည်ကို ကြုံခဲ့ဖူးပြီး ထိုသူ နှစ်ဦးစလုံးသည် သူ့ထက် အသက်များစွာ ပိုမိုငယ်ရွယ်သူများ ဖြစ်သည်။
သူတို့နှစ်ဦး ကျဆုံးခြင်းကြောင့် သူသည် နှလုံးကြွေကွဲ စိတ်ဓာတ်ကျ သွားစေနိုင်သော်လည်း ထိုသို့မဖြစ်ဘဲ ပိုမို ကြံ့ခိုင်သည့် တိုက်ခိုက်ရေးသမားပင် ဖြစ်လာပြီး သူတို့ကိုယ်စား အောင်ပွဲအရယူပေးရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာကြောင်း သူက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ရှိစစ်တပ်ကို ချေမှုန်းပစ်မှသာ ၎င်းတို့၏ အနာဂတ်သည် တောက်ပမည်ဟု ကိုဂျက်ကဲ့သို့ပင် တော်လှန်ရေး တပ်ဖွဲ့ဝင် အားလုံး ယုံကြည်ကြသည်။
သူသည် ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင်အနေဖြင့် ချစ်မြတ်နိုးကြောင်း၊ တိုက်ပွဲဝင်နေခြင်းသည် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာမက သူနှင့် သူ့ရဲဘော်များ၏ အနာဂတ်အတွက် ဖြစ်ကြောင်းနှင့် လက်နက်စွဲကိုင် တော်လှန်နေသည့် အခြားလူငယ်များလည်း အလားတူခံစားရမည်ဟု ယုံကြည်ကြောင်း ကိုဂျက်က ပြောသည်။
“ကျနော်တို့က နောက်မျိုးဆက်ဖြစ်တဲ့အတွက် ကျနော်တို့အနာဂတ်မှာ စစ်အုပ်ချုပ်ရေး နိဂုံးချုပ်ရေးအတွက် ကျနော်တို့လူငယ်တွေ တိုက်ပွဲဝင်နေကြတယ်” ဟု သူက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးရန် မကြာသေးမီက ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး ကိုဂျက်က စစ်ကောင်စီက ပြုလုပ်သည့် ညှိနှိုင်းမှုများကို လူငယ်တော်လှန်ရေး သမားများက အယုံအကြည် မရှိကြောင်း ပြောသည်။
“သူတို့ရဲ့ အလိမ်အညာတွေကို တွေ့ခဲ့လို့ သူတို့ကို မယုံဘူး။ ကျနော်တို့က အဆုံးသတ်တဲ့အထိ၊ စစ်ကောင်စီ လက်နက်ချတဲ့အထိ၊ စစ်တပ်က နိုင်ငံရေးနဲ့ မပတ်သက်တဲ့အထိ ဆက်လက် တိုက်ပွဲဝင်နေမှာဖြစ်တယ်” ဟုလည်း ကိုဂျက်က ပြောသည်။
ကိုဂျက်နှင့် သူ၏ ရဲဘော်ရဲဘက်များသည် စစ်ကောင်စီတပ်များကို အနိုင်ရမည်ဟု ယုံကြည်ကြသည်။ စစ်ကောင်စီတပ်များသည် စိတ်ဓာတ်ကျဆင်းပြီး မညီမညွတ် ဖြစ်နေကြသည်။
လက်ရှိအချိန်တွင် လက်နက်ခဲယမ်း မလုံလောက်မှုကို ရင်ဆိုင်နေရသော်လည်း တနိုင်ငံလုံးမှ စိတ်ဓာတ် ပြတ်သားသည့် တိုက်ခိုက်ရေးသမားများ ပါဝင်သော တော်လှန်ရေး အင်အားစုများသည် စစ်ကောင်စီ စခန်းများကို ပြောက်ကျားနည်းဖြင့် သိမ်းပိုက်ပြီး တချိန်က အင်အား အလွန်ကောင်းသည်ဆိုသော စစ်ကောင်စီတပ်များကို အပြင်းအထန် ခြိမ်းခြောက်နိုင်ကြသည်။
တိုင်းရင်းသားတပ်များက ၎င်းတို့ဒေသတွင် အသေမိ သို့မဟုတ် ဖမ်းမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသည် မူးယစ်ဆေးများ သုံးစွဲထားသည်ကို သတိထားမိကြောင်း၊ စစ်မြေပြင်ရောက်သောအခါ ၎င်းတို့တပ်မှူးများ၏ အမိန့်ကို မနာခံကြောင်း သတိထားမိသည်ဟု ကိုဂျက်က ပြောသည်။
တချိန်တည်းတွင် လက်နက်ခဲယမ်း မလုံလောက်သောကြောင့် တော်လှန်ရေး စစ်ဆင်ရေးများ ခရီးမရောက် ဖြစ်ရသည်။ လက်ရှိအချိန်အထိ ၎င်းတို့အဖွဲ့ဝင် ထက်ဝက်ခန့်ကိုသာ လက်နက်တပ်ဆင်ပေးနိုင်သေးသည်။
PDFs များကို လက်နက်အပြည့်အဝ တပ်ဆင်မပေးနိုင်သေးသောကြောင့် ကိုဂျက်သည် AK-47 ရိုင်ဖယ် အဟောင်း တလက်ကို သူ့ငွေဖြင့် သူဝယ်ပြီး သူ့အတွက်နှင့် ရဲဘော်ရဲဘက်များအတွက် ကျည်ဆံဝယ်ရန် ရန်ပုံငွေလည်း ရှာရသည်။

တော်လှန်ရေး အင်အားစုများသည် လက်နက်ခဲယမ်း အလုံအလောက်ရပါက အောင်ပွဲကို အချိန်တိုအတွင်း ရမည်ဖြစ်ကြောင်း ကိုဂျက်က ပြောသည်။
“လက်နက်ခဲယမ်း အလုံအလောက်ရရင် ပြည်သူတွေ မျှော်လင့်ထားသလို ကျနော်တို့က မြို့ကြီးတွေကို ၃ လကနေ ၆ လအတွင်း သိမ်းပိုက်နိုင်တယ်။ စစ်နိုင်ဖို့ ကျနော်တို့က တင့်ကားတွေ၊ တိုက်လေယာဉ်တွေ မလိုဘူး။ လက်နက်ခဲယမ်းပဲ လိုတယ်” ဟု သူက ပြောသည်။
သူတို့အောင်ပွဲခံသောနေ့သည် အိမ်ပြန်ပြီး သူတို့၏ အခွင့်အရေးများကို ပြန်လည်ရယူမည့်နေ့ပင် ဖြစ်သည်။
“တော်လှန်ရေး ပြီးသွားရင် အိမ်ကို စစ်ဝတ်စုံနဲ့ ပြန်ချင်တယ်” ဟု ကိုဂျက်က ပြောသည်။ “တော်လှန်ရေးမှာ ပါဝင်တုန်းက ဝတ်တဲ့ တိုက်ပွဲဝင် စစ်ဝတ်စုံနဲ့ မိဘတွေကို တွေ့ချင်တယ်။ သူတို့ရဲ့သားဟာ သူတို့ ဂုဏ်ယူစရာကို လုပ်ခဲ့တယ်ဆိုတာကို ပြချင်တယ်” ဟုလည်း သူက ပြောသည်။
ထို့အပြင် သူသည် သူ့ကင်မရာဆီသို့ ပြန်သွားပြီး သေနတ်မောင်းအစား ကင်မရာခလုတ်ကိုလည်း ပြန်နှိပ်နေမည်လည်း ဖြစ်သည်။
(ဧရာတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Myanmar Journalist-Turned-Resistance Fighter Swapped His Camera for a Gun ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများက NUG ကိုပြော
စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော
နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး
စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ