• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ

by နိုရာအောင်
3 June 2022
in ဆောင်းပါး
A A
ကယားပြည်နယ်၊ ဒီမောဆိုးမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည် တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် သေနတ်ပြုလုပ်နေစဉ်

ကယားပြည်နယ်၊ ဒီမောဆိုးမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည် တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် သေနတ်ပြုလုပ်နေစဉ်

8k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီကို ဆန့်ကျင်ရန် ဆန္ဒပြသူများ လမ်းမများပေါ် ထွက်လာသောအခါ ၎င်းတို့သည် နောင်လအနည်းငယ် အကြာတွင် လက်နက်စွဲကိုင်ရမည် သို့မဟုတ် လက်နက်များကို ထုတ်လုပ်ပြီး အသက်အန္တရာယ် ရင်ဆိုင်ရမည်ကို မည်သူမျှ မတွေးမိကြပေ။

စစ်အာဏာသိမ်းပြီးနောက် ပထမရက်သတ္တပတ်များအတွင်း ဆန္ဒပြပွဲများသည် ငြိမ်းချမ်းရုံသာမက တီထွင်ဆန်းသစ်ပြီး အနုပညာလည်း မြောက်သည်။ မြန်မာလူငယ်များက စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသည့် တီထွင်ဆန်းသစ်သော နည်းလမ်းများကို တကမ္ဘာလုံးကလည်း နှစ်ခြိုက်သဘောကျသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
974
မြိတ်မြို့

မြိတ်မြို့

11 May 2025
492

သို့သော် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နှိမ်နင်းသောအခါ ဆန္ဒပြပွဲများသည် ခုခံရေးလှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားပြီး နိုင်ငံတဝှမ်း သွေးချောင်းစီးရသည်။ ယခုအခါ မြန်မာ့နွေဦးတော်လှန်ရေးသည် နောက်အဆင့်တဆင့်သို့ဖြစ်သည့် အခြေခံကျသော တော်လှန်ရေးအဆင့်သို့ ရောက်ရှိသွားသည်။

ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် / Photo: Supplied

၎င်းတို့၏ ဘဝတူ ဆန္ဒပြသူ ရာပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်သည်ကို မြင်ရပြီး မည်သည့်နိုင်ငံတကာ အကူအညီမျှရမည် မဟုတ်သည်ကို သဘောပေါက်သောအခါ ပြတ်သားသော စစ်ကောင်စီ ဆန့်ကျင်သူများသည် အရပ်သားများကို ကာကွယ်ရန်နှင့် စစ်ကောင်စီကို ဖြုတ်ချရေးအတွက် လက်နက်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

လက်နက်များရရှိအောင် ကြိုးစားရင်း PDFs များသည် ကိုယ့်လက်နက် ကိုယ်ထုတ်လုပ်လာပြီး ခေတ်သစ်သမိုင်းတွင် မည်သူမျှမလုပ်ဖူးသော လုပ်ငန်းကို လုပ်ကိုင်လာကြသည်။

မတ်လနှောင်းပိုင်းတွင် ၎င်းတို့သည် လက်နက်ကိုင် ခုခံရေးအင်အားစုများ ဖွဲ့စည်းကြပြီး ထိုအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) ဟု နောင်တွင် သိလာကြသည်။ အချို့သည် မြန်မာစစ်တပ်ကို နယ်စပ်တွင် တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် တိုက်ပွဲအတွေ့အကြုံရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များနှင့် ပူးပေါင်းလိုက်ကြသည်။

သို့သော် ခုခံရေးအင်အားစုများအတွက် လက်နက်ရရှိရေးသည် မလွယ်ကူလှဘဲ အထူးသဖြင့် နယ်စပ်မှ ဝေးကွာသော စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ပိုမိုခက်ခဲသည်။ နယ်စပ်ဒေသများတွင် လက်နက်ကို ပြည်ပမှ တင်သွင်းနိုင်သလို EAO တို့၏ စက်ရုံများမှလည်း ထုတ်လုပ်နိုင်သည်။ ထိုလက်နက်များ မြန်မာနိုင်ငံတွင်းသို့ ရောက်လာသောအခါ ဈေးနှုန်းမှာ နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားကြောင်း ဒေသခံ ခုခံရေးအင်အားစုများ၏ အဆိုအရ သိရသည်။

လက်နက်များရရှိအောင် ကြိုးစားရင်း PDFs များသည် ကိုယ့်လက်နက် ကိုယ်ထုတ်လုပ်လာပြီး ခေတ်သစ်သမိုင်းတွင် မည်သူမျှမလုပ်ဖူးသော လုပ်ငန်းကို လုပ်ကိုင်လာကြသည်။

ထိုသို့ လက်နက်ထုတ်လုပ်သူများတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ သူငယ်ချင်းများနှင့်အတူ ယင်းမာပင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDA) ကိုဖွဲ့စည်းခဲ့သူ သတင်းနည်းပညာ အင်ဂျင်နီယာဘွဲ့ရ ကိုကျော်ထင်လည်း ပါဝင်သည်။

ဒေါင်းလုလင် ပြည်သူ့ကာကွယ်ရေးတပ်က မော်တာဒုံးကျည်များ ထုတ်လုပ်နေစဉ် / Photo: Supplied

လွန်ခဲ့သောနှစ် မတ်လနှောင်းပိုင်းတွင် ဖွဲ့စည်းပြီးနောက် ကျေးရွာများကို ဝင်ရောက် စီးနင်းတိုက်ခိုက်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီတပ်များကို ရင်ဆိုင်ရန် ယင်းမာပင် PDA ကို ကနဦးတွင် လုပ်သေနတ်များဖြင့်သာ လက်နက်တပ်ဆင်ထားသည်။

စစ်ကောင်စီ တပ်များကမူ တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ အမြောက်များ၊ ရဟတ်ယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များဖြင့် လက်နက်တပ်ဆင်ထားသည်။ ထို့ကြောင့် လက်နက်အင်အားနည်းသော PDFs များသည် လက်လုပ်မိုင်း (IED) များ စတင်ထုတ်လုပ်ကြသည်။

“ကျနော်တို့ စတင်တော့ တူမီးသေနတ်တွေက ကျနော်တို့မှာရှိတဲ့ အကောင်းဆုံးလက်နက်ပဲ” ဟု ယင်းမာပင်မြို့နယ် Yoma Fighter ခုခံရေးတပ်ဖွဲ့ဝင် ကိုဖီးနစ်က ပြောသည်။

သံပိုက်များ၊ ခဲများ၊ ယမ်းများကို အသုံးပြုကြပြီး လက်နက်များ၊ ခဲယမ်းများနှင့် IEDs များ ထုတ်လုပ်ရန် ရရာပစ္စည်းကို အသုံးပြုကြသည်။

ကိုဖီးနစ်သည် ငြိမ်းချမ်းသော လူမှုအာဏာဖီဆန်ရေး လုပ်ရှားမှုဖြင့် စစ်ကောင်စီဆန့်ကျင်ရေးတွင် ပါဝင်ရန် အလုပ်မှထွက်ခဲ့သော ကျောင်းဆရာဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများကြောင့် သူသည် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်လာသည်။

ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ခြင်း

YouTube ကိုသုံးပြီး ၎င်းတို့သိရှိထားသည့် ဗဟုသုတများကို ဖလှယ်ကာ တော်လှန်ရေး အုပ်စုများသည် စစ်ကောင်စီယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ရန် အခြေခံအဆင့် ရိုင်ဖယ်များမှသည် ဗုံးများ၊ မိုင်းများအထိ ထုတ်လုပ်ကြကြောင်း ကိုဖီးနစ်က ပြောသည်။

သံပိုက်များ၊ ခဲများ၊ ယမ်းများကို အသုံးပြုကြပြီး ထိုအဖွဲ့များသည် လက်နက်များ၊ ခဲယမ်းများနှင့် IEDs များ ထုတ်လုပ်ရန် ရရာပစ္စည်းကို အသုံးပြုကြကြောင်းလည်း သူကပြောပြသည်။

သံများနှင့် ရေတွင်းတူးသည့် ကိရိယာများ သယ်ယူပို့ဆောင်ခြင်းကို စစ်ကောင်စီက လွန်ခဲ့သော ဒီဇင်ဘာလမှ စတင်ပြီး ပိတ်ပင်ကန့်သတ်လိုက်ကြောင်း ကိုဖီးနစ်က ပြောသည်။ သို့သော်လည်း တော်လှန်ရေးသမားများသည် ကုန်ကြမ်းရရန် အခြားနည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး နည်းလမ်းတခုမှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်များကို ဖြိုချပြီး ထိုတာဝါတိုင်များမှ သတ္တုများကို အသုံးပြုခြင်းဖြစ်သည်။

PDFs များသည် မော်တာများ၊ လက်လုပ်ဒုံးကျည်စနစ်များနှင့် လက်နက်ငယ်အမျိုးမျိုး အပါအဝင် ပိုမိုအဆင့်မြင့်သော လက်နက်များကို စတင်ထုတ်လုပ်လာပြီး စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည့်တိုင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နိုင်ခဲ့ကြသည်။

“စစ်ကောင်စီတပ်တွေကို ယှဉ်ဖို့ခက်တဲ့ လုပ်သေနတ်တွေပဲ ကျနော်တို့မှာရှိတော့ မိုင်းတွေက အထိရောက်ဆုံး လက်နက်တွေဖြစ်တယ်” ဟု ကိုဖီးနစ်က ပြောသည်။

နိုင်ငံတွင်း အခြားဒေသများမှ ခုခံရေးအင်အားစုများသည်လည်း စစ်ကောင်စီယာဉ်တန်းနှင့် စခန်းများကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ရာတွင် IEDs များကို အသုံးပြုကြပြီး စစ်ကောင်စီတပ်များကို အကြီးအကျယ် ထိခိုက်သေဆုံးစေသည်။

ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့က တီထွင်ထုတ်လုပ်သည့် စက်သေနတ်များ / Photo: Supplied

တခါက ချင်းပြည်နယ်မှ ခုခံရေးအင်အားစုများသည် တင့်ကား ၂ စီးအပါအဝင် အစီးရေ ၇၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းများဖြင့် အကြိမ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ပြီး အကြီးအကျယ် ထိခိုက်သေဆုံးစေခဲ့သည်။

စစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ်၊ မတူပီမှ မင်းတပ်သို့ သွားနေခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ထိုခရီးသည် တရက်ပင်မကြာသော ခရီးဖြစ်သည်။ သို့သော် ခြုံခိုတိုက်ခိုက်မှုများကြောင့် ထိုယာဉ်တန်းသည် ခရီးကို ဆယ်ရက်ခန့်ကြာအောင် သွားရောက်ခဲ့ရသည်။

အချိန်အနည်းငယ် ကြာလာသောအခါ PDFs များသည် မော်တာများ၊ လက်လုပ်ဒုံးကျည်စနစ်များနှင့် လက်နက်ငယ်အမျိုးမျိုး အပါအဝင် ပိုမိုအဆင့်မြင့်သော လက်နက်များကို စတင်ထုတ်လုပ်လာပြီး စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည့်တိုင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နိုင်ခဲ့ကြသည်။

ကိုကျော်ထင်၏ ယင်းမာပင် PDA သည် ၉ မိုင်ခန့်အကွာအဝေးအထိ ပစ်နိုင်သည့် အဝေးပစ် အမြောက်စနစ်တခုကို တီထွင်ခဲ့သည်။ သူတို့အဖွဲ့သည် ထိုလက်နက်ကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မေလ ၁၂ ရက်နေ့က အသုံးပြုခဲ့သည်။

“ကျနော်တို့က စစ်ကောင်စီ ခံကတုတ်တခုကို အမြောက်နဲ့ပစ်ပြီး ဗိုလ်မှူးတယောက် အပါအဝင် စစ်သား ၁၀ ယောက်လောက် သေဆုံးစေခဲ့တယ်။ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစီး ရောက်လာတဲ့အခါ ကျနော်တို့ဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ကိုကျော်ထင်က ပြောသည်။

စက်သေနတ်ငယ်များ

၂၀၂၁ ခုနှစ်ကုန်သို့ ရောက်သောအခါ လက်နက်ကျွမ်းကျင်သူများ ပါဝင်သည့် စစ်ကောင်စီဘက်မှ ဘက်ပြောင်းလာသူများသည် စနစ်ကျသည့် လက်နက်များမရှိသော PDFs များအတွက် လက်နက်များ ထုတ်လုပ်ရန် ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

Federal Wings ခုခံရေးတပ်ဖွဲ့သည် ကြီးမားသော မောင်းသူမဲ့လေယာဉ်များတွင် တပ်ဆင်ထားသည့် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများကို စမ်းသပ်ကျဲချသည့် ဗီဒီယိုကို လူမှုကွန်ရက်တွင် ပြသခဲ့ပြီး ထိုဗီဒီယိုသည် ပြည်သူများအကြား ပျံ့နှံ့ခဲ့သည်။

“ပထမတော့ လက်နက်တွေကို အလွယ်တကူ ဝယ်လို့ရမယ်လို့ ကျနော်တို့ထင်ခဲ့တာ။ ဒါပေမယ့် အဲဒီလို ဖြစ်မလာဘူး။ ဒါကြောင့် စစ်အင်ဂျင်နီယာ ကျွမ်းကျင်သူတွေက လက်နက်တွေကို ဒီဇိုင်းစတင် ရေးဆွဲတယ်” ဟု ဗိုလ်ကြီးဟောင်း ညီသုတ ပြောသည်။ သူသည် စစ်အာဏာသိမ်းပြီးနောက် ဘက်ပြောင်းလာသူဖြစ်ပြီး ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့၏ ပြောခွင့်ရသူလည်းဖြစ်သည်။

ထိုအဖွဲ့သည် SR-1 စက်သေနတ်ကို ၎င်းတို့၏ Facebook စာမျက်နှာတွင် မေလ ၁၃ ရက်နေ့က ဖော်ပြခဲ့သည်။ SR သည် နွေဦးတော်လှန်ရေး (Spring Revolution) ကို ကိုယ်စားပြုသည်။

“SR-1 က စစ်မြေပြင်သုံးလက်နက် အဆင့်ရှိပြီး အဲဒီလို စက်သေနတ်မျိုး အလက် ၃ သိန်းကနေ ၅ သိန်းအထိ ထုတ်လုပ်နိုင်ရင် အဆုံးအဖြတ်ကျတဲ့ အပြောင်းအလဲဖြစ်ပြီး တော်လှန်ရေး မြန်မြန်ပြီးသွားနိုင်တယ်” ဟု ဗိုလ်ကြီးဟောင်း ညီသုတ ပြောသည်။

Federal Wings ခုခံရေးအင်အားစုက အရွယ်အစားကြီးသည့် ဒရုန်းများတွင် တပ်ဆင်ရန် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများ တပ်ဆင်ထားစဉ်

မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု

ခုခံရေးအင်အားစုများသည် စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် ဝေဟင်ရိုက် ကင်မရာအတွက် ထုတ်လုပ်ထားသည့် မောင်းသူမဲ့လေယာဉ် (ဒရုန်း) များကို ဗုံးများသယ်ဆောင်ရန်လည်း အသုံးပြုကြသည်။ ဖော်ပြထားခြင်း မရှိသည့် နေရာတခုတွင် လှုပ်ရှားနေသည့် Federal Wings ခုခံရေးတပ်ဖွဲ့သည် ကြီးမားသော မောင်းသူမဲ့လေယာဉ်များတွင် တပ်ဆင်ထားသည့် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများကို စမ်းသပ်ကျဲချသည့် ဗီဒီယိုကို လူမှုကွန်ရက်တွင် ပြသခဲ့ပြီး ထိုဗီဒီယိုသည် ပြည်သူများအကြား ပျံ့နှံ့ခဲ့သည်။

ထိုစီမံကိန်းကို လုပ်ဆောင်ရသည်မှာ နှစ်လခန့်ကြာကြောင်း Federal Wings အဖွဲ့က ပြောသည်။ သို့သော် မောင်းသူမဲ့လေယာဉ်များသည် ဈေးနှုန်းမြင့်မားသောကြောင့် ထုတ်လုပ်ရာတွင် အကန့်အသတ်ရှိသည်။ မောင်းသူမဲ့လေယာဉ်တစီးလျှင် ကျပ် သိန်း ၃၀ (အမေရိကန်ဒေါ်လာ ၁,၆၀၀) မှ ကျပ်သိန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၁၆,၀၀၀) အထိ ကုန်ကျပြီး ၎င်းတို့သယ်ဆောင်သော ဗုံးများမှာ တလုံးလျှင် ကျပ် ၁ သိန်းခန့် ကုန်ကျသည်။

ငွေကြေးအထောက်အပံ့ မရှိတဲ့အခါ ခက်ခဲတယ်။ မြေပြင်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေအတွက် အထောက်အပံ့ လိုတယ်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလှူရှင်တွေ သိစေချင်တယ်။ အခုတော့ များသောအားဖြင့် ကျနော်တို့ အထောက်အပံ့မရဘူး

လတ်တလောအချိန်တွင် PDFs များသည် လက်နက်များ ထုတ်လုပ်ရန်အတွက် ၎င်းတို့၏ ရပ်ရွာလူမှု အသိုက်အဝန်းများမှ လှူဒါန်းငွေများ၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချရငွေများအပေါ် မှီခိုနေရသည်။ ရန်ပုံငွေရရှိရေးသည် ၎င်းတို့အတွက် အကြီးမားဆုံး ပြဿနာဖြစ်ကြောင်း အဖွဲ့အားလုံးက ပြောသည်။

“ကျနော်တို့မှာ နည်းပညာရှိတယ်။ ကျနော်တို့မှာ အသုံးစရိတ် များများရှိရင် လက်နက်တွေ အလုံအလောက် ထုတ်လုပ်နိုင်မယ်” ဟု ခုခံရေးအင်အားစု တိုက်ခိုက်ရေးသမား ကိုဖီးနစ်က ပြောသည်။ သူ၏ Yoma Fighter အဖွဲ့သည် မော်တာများ ထုတ်လုပ်နေသည်။

သို့သော် ရန်ပုံငွေ အကန့်အသတ်ရှိသောကြောင့် ၎င်းတို့သည် တပ်ဖွဲ့ဝင်များ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ လက်နက်တပ်ဆင်နိုင်သည်။ ယင်းမာပင် PDA သည် ၎င်းတို့၏ တပ်ဖွဲ့ဝင် ထက်ဝက်ခန့်ကိုသာ လက်နက်တပ်ဆင်ပေးနိုင်သည်။

“ငွေကြေးအထောက်အပံ့ မရှိတဲ့အခါ ခက်ခဲတယ်။ မြေပြင်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေအတွက် အထောက်အပံ့ လိုတယ်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလှူရှင်တွေ သိစေချင်တယ်။ အခုတော့ များသောအားဖြင့် ကျနော်တို့ အထောက်အပံ့မရဘူး” ဟု ကိုကျော်ထင်က ပြောသည်။

၎င်းတို့၏ ကွပ်ကဲမှုအောက်တွင် PDF အဖွဲ့ဝင် ၈ သောင်းမှ ၁ သိန်းအထိရှိပြီး အသုံးစရိတ်များ၏ ၈၀ ရာခိုင်နှုန်းကို ထိုတပ်ဖွဲ့ဝင်များအတွက် သုံးနေသော်လည်း အားလုံးအတွက် အပြည့်အဝ လုပ်မပေးနိုင်သေးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

NUG သည် ခုခံတိုက်ခိုက်ရေးသမားများကို ထောက်ပံ့လိုသော်လည်း သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု ပြဿနာများနှင့် အခြား အတားအဆီးများကြောင့် ထိုအားထုတ်မှုများ နှောင့်နှေးနေကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီ သတင်းဌာနသို့ မကြာသေးမီက ပြောခဲ့သည်။ ဝန်ကြီးဌာနသည် လက်နက်များ ထုတ်လုပ်ရေးအတွက် သီးခြားဌာနတခု ထားရှိပြီး PDFs များအတွက် ဘဏ္ဍာရေး၊ ရုပ်ဝတ္တုပစ္စည်းနှင့် နည်းပညာအကူအညီများ ပေးနေကြောင်းလည်း သူကပြောသည်။ သို့သော် လုံခြုံရေး အကြောင်းရင်းများကြောင့် လက်နက်ထုတ်လုပ်မှု အသေးစိတ်ကို သူက ပြောကြားခြင်း မရှိပေ။

အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းက ရုရှားကို ခုခံတိုက်ခိုက်ရာတွင် ထောက်ပံ့သည့်နည်းတူ PDFs များကိုလည်း လက်နက်များပေးရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အနောက်နိုင်ငံများကို လွန်ခဲ့သောလ အစောပိုင်းက တိုက်တွန်းသည်။ စစ်ကောင်စီကို ဖြုတ်ချရေးအတွက် ခုခံစစ်ဆင်နွဲရန် NUG က လွန်ခဲ့သော စက်တင်ဘာလတွင် ကြေညာပြီးနောက် ၈ လကြာသောအခါတွင် အထက်ပါအတိုင်း တိုက်တွန်းခြင်းဖြစ်သည်။

“ယူကရိန်းပြည်သူတွေနဲ့ မြန်မာက ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ လွတ်လပ်မှုနဲ့ သူတို့ဘဝတွေအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒါပေမယ့် လက်နက်ကောင်းကောင်း တပ်ဆင်ထားတဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့အတွက် နိုင်ငံတကာ သွေးစည်းချစ်ကြည်မှုထက်မက လိုအပ်တာတွေရှိတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Reuters သတင်းဌာနသို့ ပြောသည်။

အနောက်နိုင်ငံများက တုံ့ပြန်လာသည်ကို စောင့်နေခြင်းထက် ခုခံရေးအင်အားစုများသည် ၎င်းတို့ကိုယ်၎င်းတို့ ငွေကြေးထောက်ပံ့ရန်နှင့် လက်နက်များ ထုတ်လုပ်ရန် နည်းလမ်းရှာဖွေနေကြသည်။

“အဲဒီလို အထောက်အပံ့ရမှ တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု သက်သာမယ်” ဟုလည်း သူက ဆက်ပြောသည်။

သို့သော် အနောက်နိုင်ငံများက တုံ့ပြန်လာသည်ကို စောင့်နေခြင်းထက် ခုခံရေးအင်အားစုများသည် ၎င်းတို့ကိုယ်၎င်းတို့ ငွေကြေးထောက်ပံ့ရန်နှင့် လက်နက်များ ထုတ်လုပ်ရန် နည်းလမ်းရှာဖွေနေကြသည်။

လက်နက်ရရန် စွန့်လွှတ် အနစ်နာခံ

လက်နက်များ ထုတ်လုပ်ခြင်းသည် တော်လှန်ရေးသမားများအတွက် မကြာခဏဆိုသလို အန္တရာယ်များ ဖြစ်စေသည်။ စစ်ရေးအဆင့်မီ ကုန်ကြမ်းများ၊ နည်းပညာများနှင့် လက်နက်ထုတ်လုပ်သည့် အတွေ့အကြုံ မရှိခြင်းတို့က လက်နက်ထုတ်လုပ်ခြင်းသည် အန္တရာယ်များသည်ဟု ဗိုလ်ကြီးဟောင်း ညီသုတက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသဆိုင်ရာ PDF အတွက် လက်နက်များ ထုတ်လုပ်ပေးသော အဖွဲ့ခေါင်းဆောင် အသက် ၂၄ နှစ်အရွယ် ကိုအောင်ဆန်းဌေးသည် ဒေသထုတ် လက်နက်ကြီးတလက်ကို စမ်းသပ်စဉ် ဒဏ်ရာရရှိခဲ့ပြီး တလအကြာတွင် ကွယ်လွန်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသဆိုင်ရာ PDF အတွက် လက်နက်များ ထုတ်လုပ်ပေးသော အဖွဲ့ခေါင်းဆောင် အသက် ၂၄ နှစ်အရွယ် ကိုအောင်ဆန်းဌေးသည် ဒေသထုတ် လက်နက်ကြီးတလက်ကို စမ်းသပ်စဉ် ဒဏ်ရာရရှိခဲ့သည်။ ထိုစမ်းသပ်မှုပြုလုပ်သည့် ဗီဒီယိုသည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ရရှိသောဒဏ်ရာကြောင့် နောက်တလခန့်အကြာတွင် ကွယ်လွန်သွားသည်။

ယင်းမာပင်မြို့နယ် တခုတည်းတွင်ပင် လက်နက်များထုတ်လုပ်ရင်း ခုခံတိုက်ခိုက်ရေးသမား ၄၀ ခန့်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရကြောင်း Yoma Fighter အဖွဲ့ကပြောသည်။ ထိုသို့သေဆုံးသူများတွင် ၁၀ ဦးခန့်သည် ပေါက်ကွဲမှုကြောင့် သေဆုံးခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုများကို နေ့စဉ် ရင်ဆိုင်နေရသောကြောင့် PDFs များသည် အန္တရာယ်ရှိသော်လည်း မလုံလောက်မှုကို ဖြည့်ဆည်းရန် လက်နက်များကို ဆက်လက် ထုတ်လုပ်နေကြသည်။

“PDFs တွေက ဒီလိုအန္တရာယ်များတဲ့ နည်းလမ်းနဲ့ လက်နက်တွေ ဘာကြောင့် ထုတ်လုပ်နေတာလဲလို့ ကျနော်မေးတော့ မထုတ်လုပ်ရင် ပြည်သူတွေ ရာပေါင်း၊ ထောင်ပေါင်းများစွာ အသတ်ခံရမယ်လို့ သူတို့က ပြန်ဖြေတယ်”

“PDFs တွေက ဒီလိုအန္တရာယ်များတဲ့ နည်းလမ်းနဲ့ လက်နက်တွေ ဘာကြောင့် ထုတ်လုပ်နေတာလဲလို့ ကျနော်မေးတော့ မထုတ်လုပ်ရင် ပြည်သူတွေ ရာပေါင်း၊ ထောင်ပေါင်းများစွာ အသတ်ခံရမယ်လို့ သူတို့က ပြန်ဖြေတယ်” ဟု ဗိုလ်ကြီးဟောင်း ညီသုတက ပြောသည်။

ခုခံတိုက်ခိုက်ရေးသမားများသည် ၎င်းတို့၏ လက်နက်ကိုင်တိုက်ပွဲကို ဆက်လက် ဆင်နွဲရေးအတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

“စစ်ကောင်စီက ကျနော်တို့ကို ကျွန်ပြုတာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဘယ်အခက်အခဲကိုမဆို ကျော်လွှားပြီး တိုက်ပွဲကို အဆုံးတိုင်တိုက်မယ်” ဟု သူက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နိုရာအောင်၏ Myanmar Resistance Groups Get Creative to Manufacture Weapons ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော

စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော

လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများက NUG ကိုပြော

မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်

Your Thoughts …
Tags: EAOFederal WingsIEDNUGPDAPDFYoma Fighterကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ခုခံရေးအင်အားစုများစက်သေနတ်စစ်ကောင်စီစစ်လက်နက်ထုတ်လုပ်မှုစစ်အာဏာသိမ်းမှုနွေဦးတော်လှန်ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့လက်လုပ်မိုင်း
နိုရာအောင်

နိုရာအောင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ ရန်ကုန်မြို့ထဲသို့ ရဟန်းပျိုများ ချီတက်လာစဉ် / AFP

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

ယနေ့ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရန် ကော့သောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ရုံးတွင် Border Pass ပြုလုပ်နေသူများ / ဧရာဝတီ

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ယနေ့ တရားဝင် ပြန်ဖွင့်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate