• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ အလိုကျ မသင်္ကာဖွယ် ရန်ကုန် ဗုံးပေါက်ကွဲမှု

by ဧရာဝတီ
6 June 2022
in ဆောင်းပါး
A A
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင် ဗုံးပေါက်ကွဲမှု မြင်ကွင်း

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင် ဗုံးပေါက်ကွဲမှု မြင်ကွင်း

12.9k
VIEWS
Share on FacebookShare on Twitter

တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ နိုင်ငံတကာတွင် ထင်ရှားသူတဦး စစ်တပ်အုပ်ချုပ်သော မြန်မာတွင် ရောက်သောအခါ ထူးဆန်းသည်များ ဖြစ်ပျက်တတ်သည်။ အထူးသဖြင့် ထိုသို့သောသူများသည် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် လာရောက်လျှင် ထိုသို့ ပိုမိုဖြစ်တတ်သည်။

လွန်ခဲ့သောနှစ် ဧပြီလက ရန်ကုန်ရှိ စစ်တပ်ပိုင် ဈေးဝယ်စင်တာနှစ်ခု ထူးဆန်းစွာ မီးလောင်သည်ကို ပြန်လည် သတိရပါ။ တနိုင်ငံလုံးမှ စစ်ကောင်စီ ဆန့်ကျင်သူများသည် ၎င်းတို့လက်လှမ်းမီသည့် စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေချိန်တွင် အဘယ်ကြောင့် ထိုဖြစ်ရပ် ဖြစ်ပွားရသနည်း။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.7k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
601
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.1k

ထိုမီးလောင်မှုများမှာ CNN သတင်းထောက် ကလာရစ်ဆာ ဝါ့ဒ်သည် စစ်ကောင်စီက လိုက်ပါပို့ဆောင်သည့် နေရာများသို့သွားရန် မြန်မာသို့ ရောက်နေချိန်ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသောအချက်မှာ ထိုမီးလောင်မှုများသည် ညမထွက်ရအမိန့် သတ်မှတ်ထားသည့်အချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူများအား ခေါ်လေ့ရှိသည့် “ဆူပူအကြမ်းဖက်သမားများ” က နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟု CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ်ကို အယုံသွင်းရန် ထိုဈေးဝယ်စင်တာများကို စစ်ကောင်စီကိုယ်တိုင် မီးရှို့သည်ဟု လူအများအပြားက ယူဆသည်။

စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူများအား ခေါ်လေ့ရှိသည့် “ဆူပူအကြမ်းဖက်သမားများ” က နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟု CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ်ကို အယုံသွင်းရန် ထိုဈေးဝယ်စင်တာများကို စစ်ကောင်စီကိုယ်တိုင် မီးရှို့သည်ဟု လူအများအပြားက ယူဆသည်။

ထိုသို့သော ခန့်မှန်းမှုများကို ပိုမိုဖြစ်ပေါ်စေသည်မှာ အစိုးရရုံးများ၊ ဒေသအဆင့် အုပ်ချုပ်ရေးရုံးများနှင့် ရဲစခန်းများကို ဆူပူအကြမ်းဖက်သမားများက တိုက်ခိုက်နေသည်ဟု စစ်ကောင်စီထိန်းချုပ်သည့် ရုပ်သံမှ သတင်းကြေညာသူက နေ့စဉ် ကြေညာနေခြင်း ဖြစ်သည်။

CNN သတင်းထောက်ချုပ်က မြန်မာသတင်းကို ထုတ်လွှင့်သောအခါ စစ်ကောင်စီအတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်မှာ အထက်ပါ မီးလောင်မှုများအကြောင်း မဖော်ပြခြင်း ဖြစ်သည်။ ထိုမီးလောင်မှုများ အပြီးတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ထိုအချိန်မှ စတင်ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားရတော့ပေ။

ရန်ကုန်မြို့လယ်ခေါင်မှ ဘတ်စ်ကားမှတ်တိုင်တခုတွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဗုံးပေါက်ကွဲသည်။ လူ ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက ကြေညာပြီး သေဆုံးသူသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင် ဖြစ်ကာ ဗုံးဖောက်ခွဲရန် ကြိုးစားစဉ် သေဆုံးခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။

လွန်ခဲ့သောနှစ်မှ စတင်ပြီး နိုင်ငံတဝှမ်းတွင် စစ်ကောင်စီကို တိုက်နေသော PDF တွင် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လက်နက်ကိုင်တပ်များလည်း ပါဝင်သည်။ NUG နှင့် PDF တို့သည် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်။

PDF များကို ကွပ်ကဲသော NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထိုတိုက်ခိုက်မှုကို ရှုတ်ချပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်တွင် အရပ်သားများကို ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားခြင်းကို တားမြစ်ထားပြီး “စစ်တပ်နှင့် စစ်တပ်၏ စနစ်များသည်သာ တရားဝင်ပစ်မှတ်များ” ဖြစ်ကြောင်း ပြောသည်။

ခုခံရေးလှုပ်ရှားမှုကို အယုံအကြည် ကင်းမဲ့စေရန်အတွက် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားသည့် အစဉ်အလာရှိကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပြီး စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုကို ယခင်က အလားတူ ကိစ္စများအတွက် အပြစ်ပုံချခဲ့ကြောင်းလည်း ပြောသည်။

ရန်ကုန်မှ စစ်ကောင်စီ ပစ်မှတ်များကို သတ်ဖြတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းတို့ ဆောင်ရွက်သော ခုခံရေး အင်အားစုများကို ကွပ်ကဲသည့် NUG ရန်ကုန်စစ်ဌာနချုပ်က ထိုပေါက်ကွဲမှုသည် မြို့ပြပြောက်ကျားအဖွဲ့များနှင့်သာမက PDFs များနှင့်လည်း သက်ဆိုင်ခြင်း မရှိကြောင်း ကြေညာသည်။

ရန်ကုန်တွင် လှုပ်ရှားနေသည့် မြေအောက် ခုခံရေးအင်အားစုများအနက် တဖွဲ့ဖြစ်သော မြို့ပြပြောက်ကျားတပ်ဖွဲ့-ရန်ကုန် (CGF–YNG) ကလည်း အဆိုပါ ဖောက်ခွဲမှုကို စစ်ကောင်စီ၊ ၎င်းတို့နှင့် ပတ်သက်သည့် အဖွဲ့အစည်းများက စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများကို နိုင်ငံတကာတွင် အသရေဖျက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာသည်။

ခုခံရေးလှုပ်ရှားမှုကို အယုံအကြည် ကင်းမဲ့စေရန်အတွက် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားသည့် အစဉ်အလာရှိကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပြီး စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုကို ယခင်က အလားတူ ကိစ္စများအတွက် အပြစ်ပုံချခဲ့ကြောင်းလည်း ပြောသည်။

မှတ်သားစရာကောင်းသော အချက်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်းသည် စစ်ကောင်စီ ခေါင်းဆောင်၏ ဖိတ်ကြားမှုကြောင့် မြန်မာသို့ လာမည်ဆိုသည့် သတင်းထွက်လာပြီးနောက် ရန်ကုန် ဘတ်စ်ကားမှတ်တိုင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းပင် ဖြစ်သည်။

မြန်မာတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် မကောင်းသော ကိစ္စအားလုံးအတွက် စွပ်စွဲပြီး ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ NUG နှင့် PDFs တို့ကို အယုံအကြည် ကင်းမဲ့အောင်လုပ်ရန် ကြိုးစားသည့် စစ်ကောင်စီ၏ ဖန်တရာတေနေသော နည်းလမ်းကြောင့် ပြည်သူများက အထက်ပါ ဖောက်ခွဲမှု နောက်ကွယ်တွင် စစ်ကောင်စီ ပါဝင်ပတ်သက်နေသည်ဟု ထင်ကြသည်။

PDFs များသည် အရပ်သားများကို သတ်ဖြတ်သည့် အကြမ်းဖက်သမားများ ဖြစ်သည်ဟု ပုံဖော်ပြီး အထူးသံတမန်များ၏ ခရီးစဉ်မတိုင်မီ အာရုံစိုက်မှုရရန်နှင့် အထက်ပါ အဖွဲ့အစည်းများကို နိုင်ငံတကာတွင် အသရေဖျက်ရန် ကြိုးစားသည့် ကောက်ကျစ်သော နောက်ထပ် လှည့်ကွက်တခုဟု ယူဆကြသည်။

ထိုမျှသာ မကသော အချက်တခုမှာ ထိုပေါက်ကွဲမှုသည် အမေရိကန်-အာဆီယံ (US-ASEAN) ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်နှင့် မလေးရှားအရာရှိများက NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အစည်းအဝေးများ ကျင်းပပြီးနောက် ဖြစ်ပွားခြင်း ဖြစ်သည်။

ထိုထိပ်သီး ဆွေးနွေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်မရပေ။ NUG နိုင်ငံခြားရေးဝန်ကြီးသည် ASEAN အဖွဲ့ဝင် နိုင်ငံများမှ အရာရှိများနှင့်လည်း လျှို့ဝှက်အစည်းအဝေးများ ကျင်းပခဲ့သည်ဟု သိထားကြသည်။

၎င်းတို့၏ နှစ်နှင့်ချီလာပြီဖြစ်သော သမိုင်းကြောင်းတွင် စစ်ကောင်စီနှင့် မပတ်သက်သည့် မည်သည့် အရပ်သားကိုမျှ ပစ်မှတ်ထားခြင်း မရှိသောကြောင့် ထိုဖောက်ခွဲမှုကို PDF သို့မဟုတ် အခြားပြောက်ကျား အင်အားစုများက ကျူးလွန်သည်ဆိုသည့်အချက်ကို လူအများအပြားက မယုံကြည်ကြပေ။ ထို့အပြင် ထိုအင်အားစုများသည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ရပ်တည်နေခြင်းဖြစ်သည်။

“အနီးတွင်ရှိသော အရပ်သားများ၏ လုံခြုံရေးအတွက် စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်မည့် ယခင်က စစ်ဆင်ရေး အချို့ကို ရပ်ဆိုင်းထားခဲ့သည်ကိုပင် ပြည်သူများ ကောင်းစွာသိသည်” ဟု CGF–YNG က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်-ရန်ကုန် (PDF–YGN) ဆိုသည့် အဖွဲ့တခုက အွန်လိုင်းတွင် ကြေညာချက် တစောင်ထုတ်ပြန်ပြီး ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟုဆိုကာ အရပ်သား ထိခိုက်သေဆုံးမှုများအတွက် တောင်းပန်လိုက်သောအခါ ထိုတိုက်ခိုက်မှုအတွက် မည်သူ့တွင် တာဝန်ရှိသည်ဆိုသည့် ပြဿနာမှာ ပိုမိုရှုပ်ထွေးသွားသည်။

ထိုနေ့က တိုက်ခိုက်မှုသည် စစ်ကောင်စီ ယန္တရားကို ပစ်မှတ်ထားရန် ရည်ရွယ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသည်ကို သိရသောကြောင့် ဝမ်းနည်းသည်ဟု ကြေညာချက်က ဖော်ပြသည်။

သို့သော် ထိုကြေညာချက်ကို အသေးစိတ် ဖတ်လိုက်သောအခါ မသမာမှုများကို တွေ့ရသည်။

ပထမအချက်မှာ ဗုံးကွဲသည့် ဘတ်စ်ကားမှတ်တိုင်ရှိသော နေရာအနီးတွင် မည်သည့် စစ်ကောင်စီပစ်မှတ်မျှ မရှိကြောင်း ထိုရပ်ကွက်မှ လူတိုင်း သိနေခြင်းဖြစ်သည်။ ထိုနေရာသည် ဈေးဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များနှင့် ပြည့်နေသည့် စည်ကားသော နေရာတခုသာ ဖြစ်သည်။ လူစည်ကားသော ဘတ်စ်ကားမှတ်တိုင်တွင် စစ်ဆေးရေးဂိတ်များ ထူထောင်ခြင်းသည် ၎င်းတို့အတွက် အန္တရာယ်များလွန်းသောကြောင့် စစ်ကောင်စီတပ်များသည် ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။

ဒုတိယအချက်မှာ PDF–YGN ဆိုသည့်အဖွဲ့နှင့် ပတ်သက်သည့် သံသယများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သောကြောင့် လွန်ခဲ့သောနှစ် အောက်တိုဘာလက လူထုသတိထားမိလာသော အဖွဲ့ဖြစ်သည်။

တတိယအချက်မှာ ထိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖုန်းနံပါတ်တခုကို ဖော်ပြထားခြင်းမှာ လွန်စွာ ထူးဆန်းနေခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်သည် စစ်ကောင်စီက ယင်းအဖွဲ့ကို ချေမှုန်းရန် အထောက်အကူ ဖြစ်စေသောကြောင့် ထိုသို့သော လုပ်ရပ်များကို တော်လှန်ရေးအင်အားစုများက ရှောင်ရှားကြသည်။

ဒေသဆိုင်ရာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အဆိုအရ ရန်ကုန်တွင် စစ်ကောင်စီကို ပြောက်ကျားပုံစံ တိုက်ခိုက်မှုများ ပြုလုပ်ရန် ထူထောင်ထားသည့် မြေအောက်ခုခံရေး အင်အားစုများသာရှိပြီး PDF အများစုသည် ကျေးလက်ဒေသများတွင် ရှိကြကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်ကြသည်။

တတိယအချက်မှာ ထိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖုန်းနံပါတ်တခုကို ဖော်ပြထားခြင်းမှာ လွန်စွာ ထူးဆန်းနေခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်သည် စစ်ကောင်စီက ယင်းအဖွဲ့ကို ချေမှုန်းရန် အထောက်အကူ ဖြစ်စေသောကြောင့် ထိုသို့သော လုပ်ရပ်များကို တော်လှန်ရေးအင်အားစုများက ရှောင်ရှားကြသည်။

သို့သော် PDF–YGN ဆိုသူတို့ ထုတ်ပြန်ချက်တွင်မူ ဖုန်းနံပါတ်တခုကို ပရဟိတအဖွဲ့သဖွယ် ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြထားသည်။ ထိုဖုန်းကို ဆက်သွယ်ရန် ကြိုးစားကြသော်လည်း ဆက်သွယ်၍ မရပေ။ ထိုအဖွဲ့က လွန်ခဲ့သောနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကို ခြိမ်းခြောက်စဉ်က မည်သည့် ဖုန်းနံပါတ်မျှ ဖော်ပြထားခြင်း မရှိပေ။

ထိုကြေညာချက်ကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်ချိန်မှ စတင်ပြီး ထိုအဖွဲ့သည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ထိခိုက်စေရန် စစ်ကောင်စီက ထူထောင်ထားသည့် အတုအယောင်အဖွဲ့ဟု လူအများက ယူဆကြသည်။ ထိုအဖွဲ့သည် သောကြာနေ့အထိ မည်သည့်ပြောဆိုချက်မျှ မလုပ်တော့ဘဲ အခြားအဖွဲ့များနှင့် မတူသောအချက်မှာ ၎င်းတို့တွင် ဖေ့စ်ဘွတ်စာမျက်နှာ မရှိပေ။ ၎င်းတို့၏ ကြေညာချက်ကို စစ်ကောင်စီ လိုလားသည့် Facebook နှင့် Telegram အကောင့်များမှ စတင်ဖြန့်ချိခြင်း ဖြစ်သည်။

“အဲဒီကြေညာချက်က အဓိပ္ပာယ်မရှိဘူး။ ဖုန်းနံပါတ်တောင် ထည့်ပေးထားတော့ အတုဆိုတာ ထင်ရှားတယ်” ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပါ Timing of Deadly Yangon Blast Suspiciously Convenient for Myanmar Junta ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

စစ်ကောင်စီ လက်ပိုက်ကြည့်နေတဲ့ မြို့ပြများက ခိုး ဆိုး လုယက်မှုတွေ

ဘားလမ်းဗုံးကွဲမှု NUG ရှုတ်ချ

အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား

မြေလှန်မီးတိုက် အစုလိုက် အသတ်ခံရမှုများကြောင့် အိမ်မပြန်ရဲကြတော့သူများ

Your Thoughts …
Tags: CGF–YNGNLDNUGPDFPDF–YGNစစ်ကောင်စီပြည်သူ့ကာကွယ်ရေးတပ်-ရန်ကုန်ဗုံးပေါက်ကွဲမှုမစ္စ နိုလင်းဟေဇာရန်ကုန်အကြမ်းဖက်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ခုနှစ် ဧပြီလအတွင်း သံလျင်ရေနံချက်စက်ရုံသို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်စစ်ဆေးစဉ်

ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား

မန္တလေးမြို့ရှိ ကားဝင်းတချို့  /  ဧရာဝတီ

လောင်စာဆီ အကျပ်အတည်းကြောင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲလာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate