စစ်အုပ်ချုပ်ရေး သက်ရောက်မှုမရှိသော မြန်မာနိုင်ငံ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ကျောင်းသားကျောင်းသူများသည် ကျောင်းပြန်တက်နေသော်လည်း စစ်အစိုးရ အုပ်ချုပ်သည့် ကျောင်းများတွင် တက်ရောက်ခြင်းမဟုတ်ပေ။
အစိုးရ ကျောင်းများသို့သွားမည့်အစား ကျောင်းသားကျောင်းသူများသည် စစ်အုပ်ချုပ်ရေးအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်ပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် အစိုးရ ကျောင်းဆရာ၊ ဆရာမဟောင်းများဖြင့် ထူထောင်ထားသည့် ကျောင်းများသို့ သွားကြသည်။
ထိုကျောင်းများ၏ အများစုသည် အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လမ်းညွှန်မှုအောက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး NUG မှာ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား မဟာမိတ်များက လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုအပြီး ထူထောင်ထားသော အစိုးရဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မူလတန်းမှ အထက်တန်းအရွယ်ရှိ ကျောင်းသားကျောင်းသူများသည် စေတနာရှင်များက ထောက်ပံ့ထားသည့် လူထုအခြေပြုကျောင်းများတွင် တက်ရောက်နေကြပြီ ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မူလတန်းမှ အထက်တန်းအရွယ်ရှိ ကျောင်းသားကျောင်းသူများသည် စေတနာရှင်များက ထောက်ပံ့ထားသည့် လူထုအခြေပြုကျောင်းများတွင် တက်ရောက်နေကြပြီ ဖြစ်သည်။
NUG ၏ ပညာရေးဝန်ကြီးဌာနသည် အများပြည်သူကျောင်းများနှင့် ပတ်သက်သော အသိအမှတ်ပြု မူဝါဒများ ချမှတ်ထားပြီး သင်ကြားရေးလမ်းညွှန်များလည်း ပံ့ပိုးထားသည်။ ဖတ်စာအုပ်များနှင့် အခြားသင်ကြားရေး အထောက်အကူများကို ဒေသခံ လူမှုအသိုက်အဝန်းများက ထောက်ပံ့ပြီး အခမဲ့သင်ကြားပေးသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တခုတည်းတွင်ပင် ကျောင်းသားပေါင်း ၄,၀၀၀ နီးပါးသည် CDM ဆရာ၊ ဆရာမ ၃၈၀ သင်ကြားသည့် လူထုအခြေပြုကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေကြသည်။
၎င်းတို့အဖွဲ့အစည်းသည် ကလေးများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မတ်လကပင် ကြားဖြတ်ပညာရေး အစီအစဉ်ကို ဆောင်ရွက်ပေးနေကြောင်း မြောင် ပညာရေးကွန်ရက်မှ ကျောင်းအုပ်တဦးဖြစ်သူ ဒေါ်ထရီဇာက ပြောသည်။
“သူတို့တွေရဲ့ပညာရေးက ကပ်ရောဂါကြောင့်နဲ့ အာဏာသိမ်းမှုကြောင့် နှောင့်နှေးနေတာ။ ကျောင်းသားတွေ စာသင်ခန်းနဲ့ကင်းကွာနေတာ ၂ နှစ်ရှိပြီဟု သူကပြောသည်။
စစ်ကောင်စီပညာရေး အလိုမရှိ
ပညာရေးသည် အာဏာသိမ်းမှုကြောင့် အထိခိုက်ရဆုံး ကဏ္ဍများတွင် ပါဝင်သည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်နိုင်တင်းကြောင့် ကျောင်းများပိတ်ထားသဖြင့် ကျောင်းမတက်နိုင်သော ကျောင်းသားအများစုသည် စစ်ကောင်စီက လွန်ခဲ့သောနှစ် ဇွန်လတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားသောအခါ ကျောင်းသို့ပြန်သွားရန် ငြင်းဆန်ကြသည်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သောကြောင့် ကျောင်းသားများသာမက မိဘများကပါ လူ ၁,၈၀၀ ကျော်ကို သတ်ဖြတ်သည့် စစ်ကောင်စီပညာရေးကို သပိတ်မှောက်ကြသည်။ ထိုသို့ သပိတ်မှောက်ခြင်းကို NUG ကလည်း CDM ဆရာ၊ ဆရာမများက အွန်လိုင်းမှ သင်ကြားပေးခြင်းဖြင့် အားပေးသလို စီးပွားရေးအဆင်ပြေသော မိဘများကလည်း ၎င်းတို့၏ ကလေးများကို ပုဂ္ဂလိကကျောင်းများတွင် ထားကြသည်။
စစ်ကောင်စီအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေသည်မှာ နိုင်ငံတဝှမ်းရှိ ကျောင်းဆရာ၊ ဆရာမ ၄၃၀,၀၀၀ အနက် ၁၅၀,၀၀၀ သည် CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ကျောင်းများတွင် ဆရာ၊ ဆရာမ မလုံလောက်မှု ဖြစ်စေကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ၏ အဆိုအရ သိရသည်။
စစ်ကောင်စီအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေသည်မှာ နိုင်ငံတဝှမ်းရှိ ကျောင်းဆရာ၊ ဆရာမ ၄၃၀,၀၀၀ အနက် ၁၅၀,၀၀၀ သည် CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး ကျောင်းများတွင် ဆရာ၊ ဆရာမ မလုံလောက်မှု ဖြစ်စေကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ၏ အဆိုအရ သိရသည်။
စစ်ကောင်စီသည် ထိုအခြေအနေကို ကိုင်တွယ်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည် ဇွန်လမတိုင်မီတွင် စစ်ကောင်စီက CDM ဆရာ၊ ဆရာမများအနေဖြင့် လူသတ်မှုကဲ့သို့သော ပြင်းထန်းသည့် ရာဇတ်မှု မကျူးလွန်ထားပါက ခွင့်လွှတ်မည်ဟု ကြေညာပြီး အလုပ်ပြန်ဝင်ရန် ဖိတ်ခေါ်သည်။
သို့သော် သပိတ်မှောက်နေသည့် ဆရာ၊ ဆရာမ ၁၅၀,၀၀၀ အနက် ၂,၀၀၀ ခန့်သာ အလုပ်ပြန်ဝင်ကြောင်း စစ်ကောင်စီက ယခုအပတ်အတွင်း ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ကျောင်းသားတက်ရောက်မှုသည်လည်း စိတ်ဝင်စားစရာ မကောင်းလှပေ။ စစ်ကောင်စီ၏ အဆိုအရ ယခုနှစ်တွင် ကျောင်းသားကျောင်းသူ ၉ သန်း ကျောင်းအပ်သည်ဟု တရားဝင်ဖော်ပြသော်လည်း ကျောင်းသူကျောင်းသား ၅ ဒသမ ၂ သန်းသာ စာသင်ခန်းများသို့ ရောက်လာသောကြောင့် ကျောင်းသားကျောင်းသူ ၄ သန်းကျော်သည် စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်နေဆဲ ဖြစ်သည်။
စစ်ကောင်စီရှိနေသမျှ ကာလပတ်လုံး သူမ၏ သားကို ကျောင်းသို့လွှတ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ အထက်တန်းကျောင်းသား မိဘတဦးက ပြောသည်။
“ကျမသူ့ကို အသက်မွေးဝမ်းကြောင်းပညာ သင်ပေးမယ်။ အရပ်သားအစိုးရ အာဏာရလာရင် သူ့အသက် ဘယ်လောက်ပဲဖြစ်နေနေ ကျောင်းပြန်တက်ခိုင်းမယ်” ဟု ထိုကျောင်းသားမိဘက ပြောသည်။
စစ်ကောင်စီ၏ ကျောင်းများကိုတက်ရန် ငြင်းဆန်သော ကျောင်းသား/ ကျောင်းသူများအတွက် ယခုနှစ်တွင် NUG သည် Free Online Educational Institution Myanmar, Yangon Federal School, Nway Oo Federal School, Mandalay Federal School, Ayeyarwaddy Federal School နှင့် Kaung For You Education အပါအဝင် ကျောင်းများကို အွန်လိုင်းမှ ဖွင့်လှစ်ထားသည်။
ထိုကျောင်းများသည် မြို့ကြီးများတွင် ရေးပန်းစားသည်။ ဥပမာအားဖြင့် ဆိုရပါက Kaung For You Education သည် ကျောင်းသားလက်ခံကြောင်း ကြေညာပြီး နာရီပိုင်းအတွင်း ကျောင်းအပ်လက်ခံမှု တသိန်းကျော် ရရှိပြီး လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်။
အွန်လိုင်းပညာရေးနှင့် ပုဂ္ဂလိကကျောင်းများကို မတတ်နိုင်သော မိဘများထံမှ အဆင်မပြေကြောင်း ပြောကြားချက်များရှိနေပြီး ၎င်းတို့ကလေးများ ကျောင်းမတက်ရသည်မှာ ယခုအခါ ၂ နှစ်ရှိပြီဖြစ်ကြောင်း ပြောကြသည်။
သို့သော် အွန်လိုင်းပညာရေးနှင့် ပုဂ္ဂလိကကျောင်းများကို မတတ်နိုင်သော မိဘများထံမှ အဆင်မပြေကြောင်း ပြောကြားချက်များရှိနေပြီး ၎င်းတို့ကလေးများ ကျောင်းမတက်ရသည်မှာ ယခုအခါ ၂ နှစ်ရှိပြီဖြစ်ကြောင်း ပြောကြသည်။
သူမ၏ မိသားစုသည် ဝင်ငွေမရှိသလောက် ဖြစ်နေသောကြောင့် သမီးများကို ပုဂ္ဂလိကကျောင်းသို့ မပို့နိုင်ကြောင်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံ မြို့နယ်မှ မိခင်တဦးက ပြောသည်။ ထို့ကြောင့် သူမသည် တစုံတရာသော အတိုင်းအတာအထိ စစ်ကောင်စီအုပ်ချုပ်ရေး လည်ပတ်နေသေးသော ရန်ကုန်တွင် CDM ဆရာ၊ ဆရာမများက ဖွင့်လှစ်သည့်ကျောင်းများ မရှိသောကြောင့် သမီးများကို စစ်ကောင်စီကျောင်းများသို့ ပို့ရကြောင်း ပြောသည်။
“ဒါကြောင့် ကျမက ကလေးတွေကို ကျောင်းပို့ရပေမယ့် စစ်အုပ်ချုပ်ရေးကို ထောက်ခံတာ မဟုတ်ဘူး” ဟု သူမက ပြောသည်။
ဝင်ရောက်စီးနင်းမှု၊ မီးရှို့မှု၊ တိုက်ခိုက်မှုများအကြား ကျောင်းတက်ရခြင်း
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်မှ အချို့မြို့နယ်များတွင် လူထုအခြေပြုကျောင်းများ ပေါ်ပေါက်လာခြင်းမှာ ထိုဒေသများတွင် လွန်ခဲ့သောနှစ်မှ စတင်သည့် စစ်အုပ်ချုပ်ရေးကို မဆုတ်နစ်သော ခုခံမှုကြောင့်ဖြစ်သည်။
ထိုဒေသများမှ တိုက်ပွဲများသည် စစ်ကောင်စီကို အထိနာစေပြီး စစ်ကောင်စီသည် ထိုဒေသများ၊ အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ထိုအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီက ကျေးရွာများကို စီးနင်းတိုက်ခိုက်ပြီး နေအိမ်များကို မီးရှို့သည်။
တချိန်တည်းတွင် NUG သည်လည်း ထိုဒေသများတွင် အုပ်ချုပ်ရေးထူထောင်ရန် ကြိုးစားနေပြီး ၎င်း၏ လမ်းညွှန်မှုအောက်မှ လူထုအခြေပြုကျောင်းများမှတဆင့် ကြားဖြတ်ပညာရေးစနစ်ကို ထူထောင်နေသည်။
တချိန်တည်းတွင် NUG သည်လည်း ထိုဒေသများတွင် အုပ်ချုပ်ရေးထူထောင်ရန် ကြိုးစားနေပြီး ၎င်း၏ လမ်းညွှန်မှုအောက်မှ လူထုအခြေပြုကျောင်းများမှတဆင့် ကြားဖြတ်ပညာရေးစနစ်ကို ထူထောင်နေသည်။
ထိုဒေသများမှ လူထုအခြေပြုကျောင်း အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း ထိုကျောင်းများ၏ ရေပန်းစားမှုမှာ သိသာလှသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် CDM ဆရာ၊ ဆရာမ ၃၀၀ သည် ၎င်းတို့၏ လူထုအခြေပြုကျောင်းများမှ ကျောင်းသား ၁၀,၀၀၀ ကျော်ကို သင်ကြားပေးနိုင်ရန် ကြိုးစားနေရသည်။
စစ်ကောင်စီတပ်များနှင့် ခုခံရေးအင်အားစုများအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားသည့် နယ်မြေချင်းထိစပ်နေသော မကွေးတိုင်းတွင်လည်း ယခုပညာသင်နှစ်တွင် လူထုအခြေပြုကျောင်းပေါင်း ၇၀ နီးပါးကို မြိုင်၊ ပေါက်၊ ဂန့်ဂေါနှင့် ရေစကြိုမြို့နယ်များတွင် NUG ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ထူထောင်ထားကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။
ထိုကျောင်းများသည် အစိုးရကျောင်း အဆောက်အအုံမှသည် ဘုန်းကြီးကျောင်းများအထိ ရသည့်နေရာကို ကျောင်းအဖြစ် သုံးနေရသည်။ ကျောင်းသားများအတွက် သင်ကြားရေးပစ္စည်းများကို စစ်ကောင်စီတပ်များ မီးရှို့သည့် ရွာများမှ ဒေသခံ လူမှုအသိုက်အဝန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) တို့က ထောက်ပံ့ကြသည်။
စစ်ကောင်စီတပ်များက ရွာများကို မကြာခဏ မီးရှို့သောကြောင့် PDFs များက ကျောင်းများကို တစုံတရာသော အတိုင်းအတာအထိ လုံခြုံရေးယူပေးကြသော်လည်း စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်လာသောအခါ အားလုံးထွက်ပြေးရသည်။
“စစ်သားတွေ ရွာက ထွက်သွားပြီဆို စာသင်တာတွေ ပြန်စတယ်။ ရွာမီးလောင် ပြာကျသွားတာတောင် မိဘတွေက သူတို့ကလေးတွေကို ကျောင်းကို မပျက်မကွက် လွှတ်ကြတယ်”
ပြဿနာရှိကြောင်း မြောင်ပညာရေးကွန်ရက်မှ ဒေါ်ထရီဇာက ဝန်ခံသည်။ “စစ်သားတွေ ရွာက ထွက်သွားပြီဆို စာသင်တာတွေ ပြန်စတယ်။ ရွာမီးလောင် ပြာကျသွားတာတောင် မိဘတွေက သူတို့ကလေးတွေကို ကျောင်းကို မပျက်မကွက် လွှတ်ကြတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အမာခံဒေသဖြစ်သော မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ ကယားပြည်နယ်တွင် ကျောင်းသား ၉၀ ရာခိုင်နှုန်းသည် ယခုပညာရေးနှစ်တွင် လူထုအခြေပြုကျောင်းများ တက်နေကြောင်း ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့ (KNGY) ၏ အဆိုအရ သိရသည်။
ထိုအဖွဲ့သည် ၂၀၀၇ ခုနှစ်မှ စတင်ပြီး ဒေသခံကလေးများ ပညာရေးကို ပံ့ပိုးနေသော အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်များတွင် ကျောင်းများဖွင့်ထားသည်။
KNGY သည် ၎င်းတို့၏ သီးခြားကျောင်းများကို ၂၀၂၀-၂၁ တွင် စတင်ဖွင့်လှစ်သည်။ လက်ရှိအချိန်အထိ ၎င်းတို့သည် မူလတန်းကျောင်းသားပေါင်း ၈,၀၀၀ ကျော်ကို သင်ကြားပြီးဖြစ်သည်။ NUG ၏ ထောက်ပံ့မှုနှင့် လမ်းညွှန်မှုခံယူသည့် ကျောင်းများနှင့်မတူဘဲ KNGY က စီမံသော ကျောင်းများသည် အမှီအခိုကင်းသော ကျောင်းများဖြစ်သည်။
“ကျနော်တို့ကျောင်းတွေက လူမှုဖွံ့ဖြိုးရေးနဲ့ အမျိုးသားရေးကို အခြေခံတယ်” ဟု KNGY ပြောခွင့်ရသူ တဦးဖြစ်သော ခွန်မောင်တင်က ပြောသည်။
KNGY သည် စာသင်ခန်းများအဖြစ် ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်များကို အသုံးပြုသည်။
မြန်မာစစ်ကောင်စီက ကယားပြည်နယ်တွင် မကြာခဏ ထိုးစစ်ဆင်သောကြောင့် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များမှ ကျောင်းများကို ယခုနှစ်တွင် ပိတ်ထားရကြောင်း သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Shadow Govt Operates Network of Schools in Resistance Strongholds ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
စစ်ကိုင်းတွင် CDM ဆရာ၊ ဆရာမများ၏ ကိုယ်ထူကိုယ်ထကျောင်းများ စတင်
အာဏာသိမ်းပြီး ကျောင်းမတက်ရသည့် ကလေး ၂ ဆ တိုး
မန္တလေးက ပုဂ္ဂလိကကျောင်းအချို့ ဖွင့်နိုင်ခြင်း မရှိ
မန္တလေးတွင် ပြင်ပကျုရှင်နှင့် စာသင်ဝိုင်းများကို စစ်ကောင်စီ ခြိမ်းခြောက်
ကျောင်းတွေ ဖွင့်လိုက်တယ် ဆိုပေမယ့်