၂၀၂၁ ခုနှစ် အာဏာသိမ်းမှု လက်သည်တရားခံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမိုက်မဲဆုံးစစ်ဗိုလ်ချုပ်အဖြစ် ပြည်တွင်းပြည်ပက ရှုမြင်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကိုမူ အလိမ်ညာဆုံး စစ်ဗိုလ်ချုပ်အဖြစ် ရှုမြင်ကြပါသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ဒေါ်အောင်ဆန်းစုကြည်အဂတိ လိုက်စားကြောင်းထွက်ပြောရသည်။ ပြည်သူ့ကာကွယ်ရေးတပ်တွေနှင့် ဆွေးနွေးရန်မရှိဘဲ အပြုတ်တိုက်မည်ဖြစ်ကြောင်း ထွက်ပြောရသည်။ အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် လူထုချစ်သော နိုင်ငံရေးသမားများကို သေဒဏ်စီရင်မည့် သတင်းဆိုးကို ထွက်ပြောရသည်။
အဆိုပါ စစ်ဗိုလ်ချုပ် ၂ ယောက်၏ နာမည်ရင်းများပျောက်ကုန်ပြီး မြန်မာပြည်သူများပေးထားကြသည့် နာမည်မှာ မအလ နဲ့ ဇော်မဲလုံး ဟူ၍ဖြစ်၏။
အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းရက်စက်မှုအပေါင်းကို မျက်နှာပြောင်တိုက် ဖုံးဖိပေးရန် ဗိုလ်ချုပ်ဇော်မင်းထွန်းထက် သင့်တော်သောသူကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းရက်စက်မှုအပေါင်းကို မျက်နှာပြောင်တိုက် ဖုံးဖိပေးရန် ဗိုလ်ချုပ်ဇော်မင်းထွန်းထက် သင့်တော်သောသူကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှာတွေ့နိုင်မည် မဟုတ်ပေ။
ဒါဇင်နှင့်ချီသော ဗိုလ်ချုပ်ကြီးများထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်အားကိုးမှုကို ရရှိထားသော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းတွင် လူအများမသိသည့် တခြားမျက်နှာစာများ ရှိနေသေးပေသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် အများထင်မှတ်ထားကြသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမဟုတ်ပေ။ သူသည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ သစ္စာခံသာဖြစ်သည်။
အာဏာ မသိမ်းခင်အထိ ဇော်မင်းထွန်းသည် မင်းအောင်လှိုင် နှင့် သူ့ မိသားစု မကောင်းကြောင်းကို ကွယ်ရာတွင် ပြောလေ့ရှိပြီး စိုးဝင်း နှင့် ပတ်သက်လျှင် အကောင်းသာ ပြောတတ်သူဖြစ်သည်။ ဇော်မင်းထွန်း သူ့ကို အဲဒီလို အတင်းပြောတတ်တာ နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် တယောက် သိမသိကတော့ မည်သူမျှ မသိချေ။
သို့သော် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုခြင်းက ဗိုလ်ချုပ်ဇော်မင်းထွန်းအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်မှုကို ပြသနေသည်။
CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ‘ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေသေးလျှင် မိုက်လိုက်တာ သမီးရယ်’ ဟု ပြောလိမ့်မည်ဟု မင်းအောင်လှိုင် အကြိုက် ပြောခဲ့သေးသည်။
အညာသားဗိုလ်ချုပ်
စစ်တက္ကသိုလ်အပတ်စဉ်(၃၇) ဆင်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် သမ္မတရုံးညွှန်ချုပ်ဟောင်း ကွယ်လွန်သူ ဦးဇော်ဌေးနှင့် သူငယ်ချင်းတွေဖြစ်သည်။ ဦးဇော်ဌေးက မကွေးကဖြစ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရေနံချောင်းသား ဖြစ်သည်။
သူတို့သူငယ်ချင်းနှစ်ဦးကို ကွယ်ရာမှာ ကျေးညီနောင်ဟုခေါ်ကြသည်။
NLD ဘက်ရောက်သွားသော ဦးဇော်ဌေးက လိမ္မာသော ကျေးဖြစ်သွားပြီး တပ်ဘက်က ဗိုလ်ချုပ်ဇော်မင်းထွန်းကို လူဆိုးတို့လက်ကကျေးဟု အရွှန်းဖောက်ကြသည်။
NLD ဘက်ရောက်သွားသော ဦးဇော်ဌေးက လိမ္မာသော ကျေးဖြစ်သွားပြီး တပ်ဘက်က ဗိုလ်ချုပ်ဇော်မင်းထွန်းကို လူဆိုးတို့လက်ကကျေးဟု အရွှန်းဖောက်ကြသည်။
သူသည် ကက(ပြည်)ဟု အတိုကောက်ခေါ်ကြသော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူးဖြစ်သည်။
မဲနက်သောအသားအရည်နှင့် အညာလေယူလေသိမ်းဖြင့် စကားပြောတတ်သည့် စစ်ဗိုလ်ချုပ်သည် အညာလေသံဖြင့်ပင် အင်္ဂလိပ်လိုလည်း ညှပ်ညှပ်ပြောတတ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် အာဏာသိမ်းပြီးချိန်မှစ၍ သူနှင့်ရင်းနှီးသော သတင်းထောက်တချို့ကိုသာ စိတ်လိုလက်ရ သတင်းပေးတတ်ပြီး တခြားသတင်းထောက်များနှင့် သတင်းဌာနများကို အဖက်ပင်မလုပ်ချေေ။
သူနှင့်ရင်းနှီးသော သတင်းထောက်တဦးကမူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်တပ်အတွက်ကာကွယ်ပြောကြားပေးနေလင့်ကစား ပင်ကိုစိတ်ရင်းကောင်းပြီး ကူညီတတ်သူတစ်ဦးဟု ဆိုသည်။
‘‘ပြည်တွင်းက သတင်းထောက်တချို့ အဖမ်းမခံရတာ၊ အချိန်မီထွက်ပြေးနိုင်တာ ဗိုလ်ချုပ်ရဲ့အကူအညီပေးမှုတွေအများကြီးပါတယ်’’ ဟု အဆိုပါသတင်းထောက်က ပြောသည်။
အာဏာရှင်၏ရှေ့ထွက်
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် NLD အစိုးရလက်ထက်မှာကထဲက သတင်းစာရှင်းလင်းပွဲများဖြင့် အစိုရကို အမြဲဖိအားပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NLD တင်းမာမှုအမြင့်ဆုံးအချိန်တွင် ‘အာဏာမသိမ်းဘူးလို့ မှတ်ယူ၍မရကြောင်း’ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခြိမ်းခြောက်စကားဆိုခဲ့သည်။ တကယ်လည်း သိမ်းခဲ့သည်။
အာဏာသိမ်းပြီးနောက်၂ လခန့်အကြာ ၂၀၂၁ ဧပြီလအတွင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်တပ် က လူ ၅၀၀ ကို နာရီပိုင်းအတွင်း ပစ်သတ်နိုင်ကြောင်း ပြောခဲ့သည်။
အာဏာသိမ်းပြီးနောက်၂ လခန့်အကြာ ၂၀၂၁ ဧပြီလအတွင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်တပ် က လူ ၅၀၀ ကို နာရီပိုင်းအတွင်း ပစ်သတ်နိုင်ကြောင်း ပြောခဲ့သည်။
စစ်တပ်လက်ချက်ဖြင့် လပိုင်းအတွင်း အရပ်သား ငါးရာကျော်သေဆုံးခဲ့၍ မေးခွန်းထုတ်ခြင်းကို စစ်တပ်က တကယ်သတ်ပါက ဒီ့ထက်ပိုများတဲ့အရေအတွက်ကို နာရီပိုင်းအတွင်းသတ်နိုင်၍ ယခုပမာဏလောက်သေသည့်အတွက် စစ်တပ်ကိုပင်ကျေးဇူးတင်ရမည့်သေဘာမျိုး တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူ၏ဆရာဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ တိတ်တဆိတ်မနေတတ်ဘဲ TV မင်းသားကြီးဟု တင်စားကြသည့် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်သာ ပိုတူ၏။
ည ၈ နာရီသတင်းပုံမှန်ကြည့်ပြီး သတင်းတွင်ပါသော သူ့ပုံရိပ်များကို ကြည့်ကာ ကျေနပ်နေသူဖြစ်သည်။ ၈ နာရီ သတင်းတချို့တွင် အဆီအငေါ်မတည့် အဆက်အစပ်မရှိဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အသံတချို့ တိုက်ရိုက်ပါလာတတ်သေးသည်။
နောက်နေ့မနက် သတင်းစာများတွင်လည်း မျက်နှာဖုံး၌ပါလာသော သူ့ဓာတ်ပုံ များကိုကြည့်ရင်း ပီတိဖြစ်နေသူဖြစ်၏။
ဗိုလ်ချုပ်မှူးကြီးထိုကဲ့သို့ပျော်ရွှင်အောင် စီမံပေးရသူမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းပင်ဖြစ်သည်။
သူသည် ပြန်ကြားရေးဒုဝန်ကြီးဆိုသော်ငြား ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းထက်လည်း သြဇာပိုကြီးသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ပြန်ကြားရေးဝန်ကြီးဌာနမှာ ရှိမနေတတ်ဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နားအမြဲနေရသူဖြစ်သည်။
မုသာဝါဒ သတင်းစာရှင်းလင်းပွဲများ
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် တလလျှင်တကြိမ် ပြုလုပ်လေ့ရှိသော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများကို ဦးစီးရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲများသည် နိုင်ငံတဝန်းနေ့စဉ်ဖြစ်ပွားနေသော အကြမ်းဖက်စစ်တပ်၏ ဆိုးယုတ်မှုများကို ဖုံးဖိရန်၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနှင့် PDF တွေကို အပုပ်ချရန်သာ ဖြစ်သော်လည်း ပြည်သူများက အဆိုပါသတင်းစာရှင်းလင်းပွဲများကို အယုံအကြည်မရှိပေ။
စစ်ကောင်စီကလည်း အဆိုပါအချက်ကို ဂရုစိုက်မနေဘဲ သတင်းစာရှင်းလင်းပွဲများမှာ စစ်တပ်ထောက်ခံသူများ လျော့ကျမသွားရေးသာ အဓိကဖြစ်သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် အဆိုပါ တာဝန်ကို အဓိကယူရသည်။
စစ်ကောင်စီကလည်း အဆိုပါအချက်ကို ဂရုစိုက်မနေဘဲ သတင်းစာရှင်းလင်းပွဲများမှာ စစ်တပ်ထောက်ခံသူများ လျော့ကျမသွားရေးသာ အဓိကဖြစ်သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် အဆိုပါ တာဝန်ကို အဓိကယူရသည်။
သူသည် စစ်တပ်၏ မအောင်မြင်သော အာဏာသိမ်းမှုကို မိုးလုံးပြည့်မုသာဝါဒများဖြင့် ဖုံးကွယ်ပေးရသည်။
သတင်းစာရှင်းလင်းပွဲများပြီးပါက ပထမဆုံးလုပ်သည့်အလုပ်မှာ စင်ပေါ်မှပြေးဆင်းပြီး စီးကရက်ကို အာသာငမ်းငမ်း ဖွာရှိုက်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပုံမှန်တက်နေသူ တဦးထံမှ သိရသည်။ မှုတ်ထုတ်လိုက်သည့်စီးကရက်ငွေ့များနှင့်အတူ လိမ်ညာနေရခြင်းမှ ခဏတာလွတ်မြောက်ရ၍ စိတ်သက်သာရာရဟန်တူသည်။
တနည်းအားဖြင့် အဆိုပါသတင်းစာရှင်းလင်းပွဲများမှာ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဆင့်အတန်းကိုပြသနေသည်။ သတင်းစာရှင်းလင်းပွဲဆိုသည်မှာ ပြည်သူလူထုကို အစီရင်ခံရခြင်းဆိုသည့် သဘောသဘာဝကို သူနားမလည်ချေ။
ဗိုလ်ချုပ်ဇော်မင်းထွန်းသည် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်တဦး မလုပ်သင့်မလုပ်ထိုက်သော ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများကို မကြာခဏ သုံးသည်။
‘သူက လူမိုက်လိုပြောနေတာ၊ စိန်ခေါ်သလို ပြောနေတာ၊ ဒေါသထွက်ရတယ်’ ဟု သတင်းစာရှင်းလင်းပွဲ ကို ရုပ်သံကတစ်ဆင့် ကြည့်ရှုလျှင်ရသည့် ခံစားချက်ကို ကိုထက်ဆိုသူ လူငယ်တဦးကပြောသည်။
သတင်းထောက်များကို မေးခွန်းများလည်း တခါတလေပြန်မေးတတ်သေးသည်။
စာအုပ်တွေအကြောင်းနှင့် သီချင်းစာသားတွေ၊ကဗျာစာသားတွေ ရုပ်ရှင်တွေအကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်ပြောတတ်သေးသည်။
ပရော်ဖက်ရှင်နယ် သတင်းထောက်များသည် နာရီနှင့်ချီကြာသော သတင်းစာရှင်းလင်းပွဲများကို စိတ်မသက်သာစွာဖြင့် သည်းခံနားထောင်ပြီး သတင်းထုတ်နေကြရသည်။
ပရော်ဖက်ရှင်နယ် သတင်းထောက်များသည် နာရီနှင့်ချီကြာသော သတင်းစာရှင်းလင်းပွဲများကို စိတ်မသက်သာစွာဖြင့် သည်းခံနားထောင်ပြီး သတင်းထုတ်နေကြရသည်။
သတင်းစာရှင်းလင်းပွဲလာတက်သည့် သတင်းထောက် ၃ ပုံ ၂ ပုံလောက်မှာလည်း စစ်ကောင်စီက ထောက်ပံ့ထားသည့် အွန်လိုင်းမီဒီယာများပင်ဖြစ်သည်။
နာရီနှင့်ချီသော သတင်းစာရှင်းလင်းပွဲများကို မျက်နှာပြောင်တိုက် လိမ်လည်တတ်သည်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ သူမတူသောအရည်အချင်းဖြစ်ပြီး သူကလွဲ၍ တခြားမည်သည့် စစ်ဗိုလ်ချုပ်မှ လုပ်နိုင်မည်မဟုတ်ပေ။ ထိုနေရာတွင်သူသည် ယခင်ကစစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ရဲချုပ်ဦးခင်ရီထက်ရော ဦးကျော်ဆန်းနှင့်ပါ ကောင်းကောင်းယှဉ်နိုင်သည်။
လူထုကမုန်းသော ဝါဒဖြန့်ချိရေး ဝန်ကြီးများ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် သူ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းသည် လွန်စွာ လိမ်ညာပြောဆိုတတ်သော အတွဲအဖက်အဖြစ် လူသိများခဲ့သည်။ ‘တော်စမ်းပါ ကျော်ဆန်းရာ’ ဟုပင် စကားတွင်ခဲ့သည်။
ဗိုလ်ချုပ်ကျော်ဆန်းသည် ပြည်တွင်းပြည်ပ သတင်းမီဒီယာများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းပြမြေပုံကို အခိုင်အမာရပ်တည်ပြောကြားခဲ့သော်လည်း အများကမယုံကြပေ။
သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အခြေခံဥပဒေရေးဆွဲပေးခဲ့ပြီး အာဏာစွန့်သွား၍ ဗိုလ်ချုပ်ကျော်ဆန်းသည် ဆရာသမားကြောင့် မျက်နှာမပျက်ခဲ့ရပေ။
ထို့နောက် သမ္မတဟောင်း ဦးသိန်းစိန်နှင့် သူ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တက်လာသည်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်သည်လည်း လွန်စွာ လူမုန်းများခံရပြီး ပြည်သူက အယုံအကြည်မရှိပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ အတွဲအဖက်မှာမူ သိက္ခာဆယ်စရာလည်း မရှိတော့သလို နိုင်ငံရေးထွက်ပေါက်လည်း ရှိတော့မှာမဟုတ်ပေ။
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာမလွှဲပေးနိုင်ဟု သံသယရှိခဲ့ကြသော်ငြား အာဏာလွှဲပေးခဲ့၍ မျက်နှာမပျက်ခဲ့ပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့မှာမူ အပေါ်က အတွဲအဖက်များကဲ့သို့ သိက္ခာဆယ်စရာလည်း မရှိတော့သလို နိုင်ငံရေးထွက်ပေါက်လည်း ရှိတော့မှာမဟုတ်ပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတရားအာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲပြီးရင်လည်း သမ္မတ ဆက်လုပ်ရန် ကြံရွယ်ထားသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဦးသိန်းစိန်လို အာဏာစွန့်သွားမည့် လူစားလည်း မဟုတ်ချေ။
ထို့ကြောင့် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှားသမျှ ဆက်လိမ်ပေးနေရဦးမည်သာ။
You may also like these stories:
မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်
ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား
မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ
မြက်ခင်းရိပ်သာလမ်းက အိမ်တွေလည်း စစ်ခေါင်းဆောင် လောဘတကြီး သိမ်းယူ