အမေရိကန် ကာကွယ်ရေးဝန်ကြီး မစ္စတာ လွိုက် အော်စတင်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာတို့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးပြီး ထိုသို့တွေ့ဆုံခြင်းမှာ မဟာမိတ် ၂ နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အဆိုးဆုံး အနေအထားသို့ ရောက်ရှိသွားရာမှ ပြန်လည် ကောင်းမွန်စပြုလာကြောင်း ပြသနေသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဒေသတွင်း လုံခြုံရေးပြဿနာများတွင် အမြင်ဖလှယ်ပြီး အမေရိကန်-ထိုင်း မဟာမိတ်ဖွဲ့စည်းမှု ပိုမိုတောင့်တင်းကြံ့ခိုင်ရေး အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း ထိုအစည်းအဝေးအပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်နှင့် ထိုင်းတပ်ဖွဲ့များအကြား ပူးပေါင်းစစ်ဆင်နိုင်စွမ်း တောင့်တင်းရေးနှင့် ထိုင်း၏ ခေတ်မီရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝါရှင်တန်က စိတ်ဝင်စားကြောင်း မစ္စတာ အော်စတင်က ပြောခဲ့သည်
အမေရိကန်နှင့် ထိုင်းတပ်ဖွဲ့များအကြား ပူးပေါင်းစစ်ဆင်နိုင်စွမ်း တောင့်တင်းရေးနှင့် ထိုင်း၏ ခေတ်မီရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝါရှင်တန်က စိတ်ဝင်စားကြောင်း မစ္စတာ အော်စတင်က ပြောခဲ့သည်ဟု ထိုကြေညာချက်တွင် ဖော်ပြသည်။
ထိုကြေညာချက်အရ မစ္စတာ အော်စတင်နှင့် မစ္စတာ ပရာယွတ်တို့သည် ဆိုက်ဘာနှင့် အာကာသနည်းပညာ ကဏ္ဍများကဲ့သို့ ထွန်းသစ်စ နည်းပညာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းကို ဦးစားပေးရေးသာမက ကာကွယ်ရေး စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ထိုင်းနိုင်ငံ၏ ဆန္ဒကိုလည်း ဆွေးနွေးကြောင်း သိရသည်။
နှစ်နိုင်ငံတို့သည် ကိုဗစ်နိုင်တင်းကြောင့် အဆင့်လျှော့ချထားရသည့် အမေရိကန်-ထိုင်း ရွှေမြွေဟောက် (Cobra Gold) ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို လာမည့်နှစ်တွင် အပြည့်အဝ ပြန်လည်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ထိုင်းစစ်ဘက်ပြောခွင့်ရသူက အစည်းအဝေးအပြီးတွင် ပြောသည်။
ဝါရှင်တန်တွင် ကျင်းပသည့် US-ASEAN အထူးထိပ်သီးဆွေးနွေးပွဲ၏ သီးခြားအစည်းအဝေးတွင် တကြိမ် တွေ့ဆုံပြီးနောက် ကျင်းပသည့် ယခု အော်စတင်-ပရာယွတ် ဆွေးနွေးပွဲသည် ဝါရှင်တန်နှင့် ဘန်ကောက်အကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာခြင်းကို ပြသနေသည်။
အမေရိကန်အစိုးရသည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သော မစ္စတာ ပရာယွတ်နှင့် မည်သို့ဆက်ဆံရမည်ကို နားလည်လာပြီး ထိုင်းမူဝါဒ ချမှတ်သူများသည် ၎င်းတို့နိုင်ငံအပေါ် တရုတ်၏ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ ထိုးဖောက်မှုများကို စိုးရိမ်ပူပန်လာချိန်တွင် ယခုကဲ့သို့ ဆက်ဆံရေး နွေးထွေးလာခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သော မစ္စတာ ပရာယွတ်နှင့် မည်သို့ဆက်ဆံရမည်ကို နားလည်လာပြီး ထိုင်းမူဝါဒ ချမှတ်သူများသည် ၎င်းတို့နိုင်ငံအပေါ် တရုတ်၏ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ ထိုးဖောက်မှုများကို စိုးရိမ်ပူပန်လာချိန်တွင် ယခုကဲ့သို့ ဆက်ဆံရေး နွေးထွေးလာခြင်းဖြစ်သည်။
မစ္စတာ အော်စတင်သည် စင်ကာပူတွင် သုံးရက်ကြာကျင်းပသည့် IISS ရှန်ဂရီလာ လုံခြုံရေး ဆွေးနွေးပွဲမှ ထိုင်းနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။
ဇွန်လ ၁၁ ရက်နေ့က ပြောကြားသော မိန့်ခွန်းတွင် မစ္စတာ အော်စတင်က အရှေ့နှင့် အရှေ့တောင်အာရှတွင် တရုတ်က ရေကြောင်းသြဇာ ထူထောင်လာခြင်းကို ဝေဖန်သည်။ ထိုသို့ သြဇာထူထောင်လာခြင်းသည် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝမှုကို ထိပါးရန် ခြိမ်းခြောက်နေကြောင်း သူကပြောသည်။
ဒေသတွင်းမှ နိုင်ငံများသည် ရေကြောင်း တပ်ဖွဲ့များ၏ နိုင်ငံရေးအရ ခြိမ်းခြောက်မှု၊ စီးပွားရေးအရ နိုင်ထက်စီးနင်းပြုလုပ်မှု သို့မဟုတ် နှောက်ယှက်ထိပါးမှုကို မရင်ဆိုင်သင့်ကြောင်းလည်း သူကပြောသည်။
သူ၏မိန့်ခွန်းအတွင်း မစ္စတာ အော်စတင်က ၂၀၂၁ ခုနှစ် အစောပိုင်တွင် မစ္စတာ ဂျိုးဘိုင်ဒင် သမ္မတ ဖြစ်လာပြီးနောက် ဝါရှင်တန်၏ ပြိုင်ဘက်ကင်းသော မဟာမိတ်နှင့် ပူးပေါင်းဆောင်ရွက်မှု ကွန်ရက်သည် ပိုမိုနက်ရှိုင်းလာကြောင်း ချီးကျူးပြောကြားသည်။
ထိုင်းနိုင်ငံသည် အမေရိကန်၏ မဟာမိတ်ကွန်ရက်တွင် အရေးပါသည့် ဆုံမှတ်တခု အစဉ်အလာအားဖြင့် ဖြစ်နေသည်။ သို့သော် ၂၀၁၄ ခုနှစ် ထိုင်းစစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် မတည်မငြိမ်ဖြစ်လာသည်။
ထိုင်းနိုင်ငံသည် အမေရိကန်၏ မဟာမိတ်ကွန်ရက်တွင် အရေးပါသည့် ဆုံမှတ်တခု အစဉ်အလာအားဖြင့် ဖြစ်နေသည်။ သို့သော် ၂၀၁၄ ခုနှစ် ထိုင်းစစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် မတည်မငြိမ်ဖြစ်လာသည်။
စစ်အေးတိုက်ပွဲ နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး အေးစက်လာမှုနောက်ခံတွင် ထိုသို့ဆက်ဆံရေး မတည်ငြိမ်မှု ဖြစ်လာသည်။ ထိုကာလအတွင်း ဘန်ကောက်နှင့် ဘေဂျင်းအကြား စီးပွားရေးဆက်ဆံမှု ပိုမိုများပြားလာသည်။
သို့သော် Asia Times ၏ မကြာသေးမီက ဆောင်းပါးတပုဒ်တွင် ဝါရင့်ထိုင်းရေးရာလေ့လာသူ ရှောင်ခရစ္စပင်က ထိုင်းနှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် တရုတ် ထိုးဖောက်ဝင်ရောက်မှုသည် ဘန်ကောက်၏ လွတ်လပ်စွာ လှုပ်ရှားမှုကို ကန့်သတ်ရန် ခြိမ်းခြောက်လာသည်ဟု ထိုင်းသံတမန်နှင့် လုံခြုံရေး အသိုက်အဝန်းများက ပူပန်လာပြီး အမေရိကန်ဘက်သို့ သိသိသာသာ ပြန်လှည့်သွားကြောင်း ရေးသားသည်။
အမည်မဖော်လိုသည့် ထိုင်းအရာရှိ အများအပြားကို ကိုးကားပြီး ခရစ္စပင်က ထိုင်း၏ စိုးရိမ်ပူပန်မှုဖြစ်ရသည့် အကြောင်းရင်းများစွာကို ထောက်ပြသည်။ ထိုပူပန်မှုများတွင် မဲခေါင်မြစ် အထက်ပိုင်းတွင် တရုတ်က ဆည်တည်ဆောက်ခြင်း၊ ထိုမြစ်အတွင်း ကင်းလှည့်ခြင်းနှင့် ထိရောက်မှုအရ သံသယဖြစ်ဖွယ်ရှိသော ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများကို တရုတ်ကလှူဒါန်းနေခြင်းတို့ ပါဝင်သည်။
တရုတ်နိုင်ငံသည် ကိုဗစ်နိုင်တင်းကြောင့် နယ်စပ်များပိတ်ခြင်းနှင့် နိုင်ငံပြင်ပ ခရီးသွားလာမှုကို ကန့်သတ်ခြင်းတို့ကြောင့် ထိုင်း-တရုတ် ဆက်ဆံရေး၏ အခြေခံဖြစ်သော စီးပွားရေးအချိတ်အဆက်များကို အင်အားချိနဲ့သွားစေခဲ့သည်။
တချိန်တည်းတွင် တရုတ်နိုင်ငံသည် ကိုဗစ်နိုင်တင်းကြောင့် နယ်စပ်များပိတ်ခြင်းနှင့် နိုင်ငံပြင်ပ ခရီးသွားလာမှုကို ကန့်သတ်ခြင်းတို့ကြောင့် ထိုင်း-တရုတ် ဆက်ဆံရေး၏ အခြေခံဖြစ်သော စီးပွားရေးအချိတ်အဆက်များကို အင်အားချိနဲ့သွားစေခဲ့သည်။
အထူးပွတ်တိုက်မှု ဖြစ်စေသောကိစ္စမှာ တရုတ်က ငွေကြေးစိုက်ထုတ်ပြီး ဘန်ကောက်နှင့် လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်း၏ မဲခေါင်မြစ်တဘက်ကမ်းမှ နောင်ခိုင်ကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်း ရပ်ဆိုင်းနေခြင်းနှင့် ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် တရုတ်သံအမတ်သစ် ဟန်ကျယ်ချောင်၏ အတင်းအကျပ် အားထုတ်မှုဖြစ်ကြောင်း ခရစ္စပင်က ထောက်ပြသည်။
ထိုင်း-တရုတ် ရထားလမ်း၏ ပထမအဆင့်သည် ဘန်ကောက်မှ နခွန် ရတ်ချစီမာသို့ ဆက်သွယ်သည့် ရထားလမ်းပိုင်းဖြစ်ပြီး လတ်တလောတွင် တည်ဆောက်မှုများ ပြုလုပ်နေပြီး ၂၀၂၆ ခုနှစ်တွင် အသုံးပြုနိုင်မည်ဟု မျှော်လင့်ရသည်။
သို့သော် ထိုရထားလမ်း စီမံကိန်းသည် ၂၀၁၄ ခုနှစ်တွင် စတင်ချိန်မှစပြီး ဒီဇိုင်းနှင့် ငွေကြေးစိုက်ထုတ်မှု ကိစ္စများအတွက် နှောင့်နှေးမှု အကြိမ်ကြိမ် ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဗျူရိုကရေစီဆိုင်ရာ စွမ်းဆောင်ရည် ကင်းမဲ့မှုကြောင့်ထက် ထုတ်ဖော်ပြောဆိုခြင်း မပြုသည့် မူဝါဒကြောင့်ဖြစ်ကြောင်း ခရစ္စပင်က ထောက်ပြသည်။
“သံအမတ် ဟန်၏အောက်တွင် ဘေဂျင်းသည် သိမ်မွေ့သော သံတမန်ရေးမှ တင်းမာသော သံတမန်ရေးသို့ ပြောင်းလာသောကြောင့် ထိုင်းတို့သည် သံတမန်ရေး ချိန်ခွင်လျှာညှိရန်နှင့် ရွေးချယ်စရာအဖြစ် အမေရိကန်နှင့် အစဉ်အလာ ဒေသတွင်းမဟာမိတ် ဂျပန်ဘက်သို့ သိသိသာသာ ပြန်လှည့်သွားသည်” ဟု ခရစ္စပင်က ကောက်ချက်ချသည်။
“ထိုင်းနိုင်ငံ၏ ကျော်ကြားလှသော လေယူရာတိမ်းသည့် ဝါးပင်သံတမန်ရေးသည် မည်သည့်နည်းဖြင့် တိုင်းတာသည်ဖြစ်စေ ယခုအခါတွင် အနောက်နိုင်ငံများဘက်သို့ သိသိသာသာ ယိမ်းလာသည်”
“ထိုင်းနိုင်ငံ၏ ကျော်ကြားလှသော လေယူရာတိမ်းသည့် ဝါးပင်သံတမန်ရေးသည် မည်သည့်နည်းဖြင့် တိုင်းတာသည်ဖြစ်စေ ယခုအခါတွင် အနောက်နိုင်ငံများဘက်သို့ သိသိသာသာ ယိမ်းလာသည်” ဟု သူက ရေးသားသည်။
လေယူရာယိမ်းသည့် ဝါးပင်သဘောသဘာဝသည် အလယ်ဗဟိုသို့ ပြန်မရောက်မီ ယိမ်းနေခြင်းသာဖြစ်သည်။ ထို့ကြောင့် မိမိတို့ ယခုတွေ့နေရသော အခြေအနေသည် အခြေခံကျကျ ပြန်လည်ပြင်ဆင်ရေးထက် အမှားပြင်ဆင်ချက်သာဖြစ်သည်။ ချိန်ခွင်လျှာ ထိန်းနိုင်ရေးသည် ပိုမိုပြင်းထန်လာသော တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုခေတ်တွင် ထိုင်းသံတမန်ရေး၏ အနှစ်သာရတွင် ဆက်တည်ရှိစေမည် ဖြစ်သည်။
(The Diplomat သတင်း Thai PM Meets US Defense Secretary in a Bid to Advance Security Ties ကို ဘာသာပြန်သည်။)
You may also like these stories:
ယခုလကုန် ASEAN အထူးသံတမန် မြန်မာသို့ ထပ်လာမည်
မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး
နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို
NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို
—