• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

by ဧရာဝတီ
18 June 2022
in ဆောင်းပါး
A A
စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားသည့် ဒီပဲယင်းဒေသခံရွာများ  / CJ

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားသည့် ဒီပဲယင်းဒေသခံရွာများ / CJ

7k
VIEWS
Share on FacebookShare on Twitter

ခုခံတော်လှန်စစ် အားကောင်းရာ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ နေ့စဉ်နဲ့အမျှ ဒေသခံရွာသားတွေ ဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ခံနေရပါတယ်။

ဧရာဝတီက အတည်ပြုနိုင်တဲ့ စာရင်းတွေအရ ယခု ဇွန်လ ၁ ရက်ကနေ ၁၅ ရက်ထိ လဝက်အတွင်းမှာ သေဆုံးသူ ၄၃ ဦး ရှိပြီဖြစ်ပြီး တချို့ဒေသတွေမှာ စစ်ကောင်စီက အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မြေပြင်မှာ ဒီထက်ပိုများနိုင်ခြေ ရှိပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
573
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.4k
အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

21 June 2025
1.9k

ဒီကိန်းဂဏန်း အချက်အလက်တွေအရ စစ်ကောင်စီဟာ အရပ်သား ၃ ယောက်နီးပါးကို နေ့စဉ် သတ်ဖြတ်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ စိတ်ဝေဒနာရှင်တွေ၊ မသန်စွမ်းတွေနဲ့ အသက် ၆၀ ကျော် အဘိုး၊ အဘွားအရွယ်တွေပါ ပါဝင်နေတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းများစွာနဲ့ ထိုးစစ်ဆင်နေပြီး ဒေသတချို့မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိသလို ပစ်ခတ်မှုတွေနဲ့မဆိုင်တဲ့ ကျေးရွာတွေကိုလည်း ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေဟာ ဒေသခံတွေကို ဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဂန့်ဂေါမှာ သံကြိုးနဲ့ချည်ပြီး အရှင်လတ်လတ် မီးရှို့သတ်

“ကျမသားက ရူးနေတာပါ။ ရူးနေတဲ့သားကို သံကြိုးက လက်တွေရော ကြိုးနဲ့တုပ်ပြီးတော့မှ မီးရှို့ပြီး သတ်ပစ်ပါတယ်။ အတော်ကြေကွဲ ဝမ်းနည်းပါတယ်။ သတ်ပြီးမှ မီးရှို့တယ်ဆို တော်သေးတယ်။ အရှင်လတ်လတ် မီးရှို့တယ်။ တအား ကြေကွဲရတယ်။ ရူးနေတဲ့လူကို သတ်တာပါ” လို့ မိခင်ဖြစ်သူက ဝမ်းနည်းစွာနဲ့ ပြောပြနေတာပါ။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ရွာသားတဦးရဲ့ မိခင်ဖြစ်သူ ရင်ဖွင့်ပြောပြချက် ရုပ်သံ ဗီဒီယိုဖိုင်တခုကို ဂန့်ဂေါ PDF (တောင်ပိုင်း) က ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာ အများအပြားမှာလည်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်က ရေမျက်နီရွာမှ ဂန့်ဂေါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ညောင် လယ်ရွာက နေအိမ်တလုံးမှာ ပြည်သူ ၅ ဦးကို သံကြိုးနဲ့ချည်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ထဲမှာ စိတ်ဝေဒနာရှင် ၁ ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဘိုမှာ လူသားဒိုင်းအဖြစ်သုံးပြီး သတ်ဖြတ်

မကြာသေးခင် ဇွန် ၉ ရက်တုန်းကလည်း စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က တအုံကျေးရွာကို အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက် စီးနင်းခဲ့ပါတယ်။

ရွာထဲကို သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတဲ့အတွက် ထွက်ပြေးချိန်မရဘဲ ပိတ်မိနေတဲ့ ဒေသခံ အမြောက် အမြားကို ကျေးရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားခဲ့သလို အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံ ၁ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ပြီး ရွာတွင်းမှာပဲ မီးရှို့ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားသည့် ဒီပဲယင်းဒေသခံရွာများ (ဓာတ်ပုံ – CJ)

အဲဒီနောက် တအုံရွာက ဒေသခံ ၉ ဦးကို ဓားစာခံ၊ လူသားဒိုင်း အနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နီးစပ်ရာရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာ ပစ္စည်းတွေ သယ်ပိုးခိုင်းတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အနီးဝန်းကျင်က ရွာတွေကို စိတ်ကြိုက်စီးနင်းပြီးနောက် ဇွန် ၁၂ ရက်မှာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဇွန် ၁၃ ရက်မှာတော့ တအုံရွာအနီးက ဘောနှောဆည်ထဲမှာ ဖမ်းဆီးခံရတဲ့ ဒေသခံ ၇ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ ကြပါတယ်။

အမဲလိုက် သတ်ဖြတ်ခံလိုက်ရတဲ့ မြင်းမူဒေသခံတွေ

ဇွန် ၆ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားရွာမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

အင်အား ၈၀ နီးပါး ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၆ ရက် မွန်းလွဲပိုင်းကတည်းက ရွာကို ဝင်ရောက်စီးနင်း ခဲ့ပြီး အမျိုးသား ၃၀ ကျော်ကို ပြေးခိုင်းကာ နောက်ကနေ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် ၆ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

အဲဒီ ဒေသခံတွေဟာ ရွာအနောက်မြောက်ဘက်က မြတ်စောညီနောင်ဘုရားဝင်းအတွင်း တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေလည်း ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေလည်း သတ်ဖြတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တောင်ပလူရွာမှာ စစ်ကောင်စီက ဒေသခံ အများအပြားကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့မှု အတွင်း အသက် ၆၅ နှစ်အရွယ် ဦးစိုးဟန်ဟာ ထိုးကြိတ်ခံရတဲ့ အတွင်းကြေဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။

ထို့အတူ ပခုက္ကူမြို့နယ်၊ အရှေ့ကမ်းဖြူရွာက လေဖြတ်နေတဲ့ အသက် ၇၀ နှစ်အရွယ် ဒေါ်အေးမေဟာ အိမ်နဲ့အတူ မီးရှို့ သတ်ဖြတ်ခံခဲ့ရပြီး ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဇွန် ၉ ရက်က ဝင်ရောက်စီးနင်းမှုမှာ လည်း ကျေးရွာနေ အသက် ၇ဝ နှစ်အရွယ် ဒေါ်အေးကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားသည့် ဒီပဲယင်းဒေသခံရွာများ (ဓာတ်ပုံ – CJ)

ထို့ပြင် ခင်ဦးမြို့နယ်၊ သာဂရကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့တာကြောင့် ထွက်မပြေးနိုင်တဲ့ အသက် ၇၈ နှစ်အရွယ် အဘွားအို ၁ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ကို ခုခံနိုင်စွမ်းမရှိတဲ့ သက်ကြီးရွယ်အိုတွေကိုသာမက မသန်စွမ်းသူတွေနဲ့ အရွယ်မရောက် သေးတဲ့ ကလေးတွေကိုပါမချန် တရားလက်လွတ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အခုလို အရပ်သားပြည်သူတွေအပေါ် နှိပ်စက်၊ သတ်ဖြတ်၊ လုယက်၊ မီးရှို့တာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူကို ဧရာဝတီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရခဲ့သလို စစ် ကောင်စီဘက်ကလည်း ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန် ပြောဆိုတာမျိုး မရှိပါ။

စစ်ကိုင်းနဲ့ မကွေးမှာ အရပ်သား သတ်ဖြတ်ခံရမှု အများဆုံးဖြစ်နေ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု အများဆုံးဒေသဟာ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

၁ နှစ်ကျော် ကာလအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၄၆၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး မကွေးတိုင်းမှာ ၁၂၄ ဦး သတ် ဖြတ်ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီက အရပ်သားတွေအပေါ် နှိပ်စက်ညှဉ်းပန်း၊ သတ်ဖြတ်မှုတွေကို တလ ထက်တလ ပိုတိုးလုပ်လာနေသလို ရွာတွေကိုလည်း ဆက်တိုက်မီးရှို့ပြီး နှိပ်ကွက်နေတာ ဖြစ်ပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “PDF ကို ပြည်သူလူထုက မုန်းတီးအောင်၊ PDF ကြောင့် မီးရှို့ခံရတဲ့ သဘောမျိုး ဖြစ်အောင် လူတွေသတ်တာ၊ မီးရှို့နေတာပဲ” လို့ စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားသည့် ဒီပဲယင်းဒေသခံရွာများ (ဓာတ်ပုံ – CJ)

စစ်ကောင်စီက တရွာဝင်တရွာထွက်ပြီး မြေလှန်မီးတိုက်၊ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ပြုလုပ်နေပေမယ့် စစ်ကိုင်းတတိုင်းလုံးနဲ့ မကွေးတိုင်း ဒေသတချို့ဟာ စုဖွဲ့မှုအားကောင်းကောင်းနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက် ခိုက်နေကြဆဲ ဖြစ်ပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေ၊ ပြောက်ကျားစစ်တွေ၊ ရင်ဆိုင်တိုက်ခိုက်မှုတွေကြောင့် စစ် ကောင်စီတပ်တွေကို အထိနာစေတဲ့ ဒေသတွေလည်း ဖြစ်နေပြန်တာကြောင့် စစ်ကောင်စီဟာ စစ်ကိုင်းနဲ့ မကွေးကို ပစ်မှတ်ထားပြီး တောက်လျှောက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ် PDF တပ်ဖွဲ့တဦးက “ရွာတွေကို မီးရှို့၊ လူတွေကို သတ်တာက သူတို့ (စစ်ကောင်စီ) ရှုံးမဲ မဲတဲ့ သဘော ပေါ့” လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက “နောက်ပိုင်း ဝင်လာတဲ့ စစ်ကြောင်းတွေက တော်တော်လေး ဆိုးတယ်။ မသွားနိုင်၊ မလာနိုင်၊ မရှောင်တိမ်းနိုင်တဲ့ လူတွေကိုလည်း ဒုက္ခိတတွေကအစ သတ်ပစ်တဲ့ အနေအထား ရှိတယ်” လို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ လူသတ်ဗျူဟာ အောင်မြင်မလား

စစ်ကောင်စီရဲ့ ရက်ရက်စက်စက် လူသတ်ဗျူဟာဟာ ပြည်သူလူထုကို ကြောက်ရွံ့ခြောက်ခြားပြီး နွေဦးတော်လှန်ရေး အားလျော့သွားအောင် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးလေ့လာသူ တွေက သုံးသပ်ပြောဆိုပါတယ်။

သို့သော်လည်း ဒီဖြစ်ရပ်တွေကို ကြုံတွေ့ခံစားနေရတဲ့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ ကြောက်ရွံ့မှုအစား နာ ကျည်းမုန်းတီးစိတ်တွေကိုသာ ပိုလို့တိုးလာစေတယ်လို့ ဆိုပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတဦးက “ကျမတို့မှာ နေစရာထိုင်စရာ မရှိတော့ပါဘူး။ စားဖို့သောက်ဖို့ ဆိုတာလည်း သူများ တွေပေးလို့ စားနေရတာပါ။ နေထိုင်စရာကလည်း သူများအိမ်မှာ နေထိုင်ရပါတယ်။ စစ်ခွေးတွေကိုလည်း မုန်းတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ နေအိမ်တွေကို မီးရှို့၊ ဆွေမျိုးတွေကို သတ်ဖြတ်နေတဲ့ ဆိုးရွားလွန်းတဲ့ ရန်သူဖြစ်ပြီး ပြာကျ သွားတဲ့ နေအိမ်တွေ၊ အရိုးစုတွေဟာ ဒေသခံတွေရဲ့ တော်လှန်စိတ်ဓာတ်ကို အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေ စေပါတော့တယ်။ ။

You may also like these stories:

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

ရေဦး၌ ၉ လအတွင်း သတ်ခံရသည့် အလောင်း ၁၀၀ ကျော် ကောက်ယူ သဂြိုဟ်ပေးခဲ့ရဟုဆို

မြေလှန်မီးတိုက် အစုလိုက် အသတ်ခံရမှုများကြောင့် အိမ်မပြန်ရဲကြတော့သူများ

Your Thoughts …
Tags: စစ်ကိုင်းစစ်ကောင်စီမကွေးလူသားဒိုင်းသတ်ဖြတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာရှင် အဆက်ဆက် ကြောက်ရွံ့ရတဲ့ လူထုခေါင်းဆောင် (ရုပ်/သံ)

အာဏာရှင် အဆက်ဆက် ကြောက်ရွံ့ရတဲ့ လူထုခေါင်းဆောင် (ရုပ်/သံ)

ဖရဲစိုက်တောင်သူများ / ဧရာဝတီ

ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့်အတူ ဈေးကွက်ပျက်သွားသော မြန်မာ့သီးနှံများ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

7 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate