“ဒီအထဲက ၃ ယောက်တင် မဟုတ်ဘူး၊ အဲဒီတပ်နဲ့ အတူတူရှိတဲ့ သူတွေပါ ဒီဥစ္စာကြီးကို ကျူးလွန်တာ။ အစုအဖွဲ့ တခုလုံး ပေါင်းပြီးတော့ ကျူးလွန်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ အနီးကပ် ကြီးကြပ် ကွပ်ကဲသူတွေ အနေနဲ့လည်း သူတို့ကိုယ်တိုင်က ဒါကိုလုပ်ဆိုပြီး ခွင့်ပြုပေးထားတဲ့ ပုံစံ”
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ကျကျန်ခဲ့သည့် ဖုန်းမှတဆင့် အရပ်သား ပြည်သူများကို စိန်ပြေနပြေ သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများ ပေါ်ထွက်လာခဲ့ခြင်းနှင့် ပတ်သက်ပြီး CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောလိုက်ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း တလျှောက် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးရာတွင် ဒေသခံပြည်သူ၊ အရပ်သားများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သတ်ဖြတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှုများကို ကျေနပ်အားရဟန်ဖြင့် ကိုယ်တိုင် မှတ်တမ်း ရိုက်ကူးထားကြခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှုများကို ကျေနပ်အားရဟန်ဖြင့် ကိုယ်တိုင် မှတ်တမ်း ရိုက်ကူးထားကြခြင်းလည်း ဖြစ်သည်။
“သတ်တဲ့နေရာမှာ ကျနော်က Expert၊ ကျနော်က ငယ်ငယ်လေးကတည်းက သတ်တာကို ဝါသနာပါတာ သူများအသက်ကို”
တနိုင်ငံလုံး ထိတ်လန့်တကြား၊ အံ့ဩတကြီး ကြည့်ခဲ့ရသည့် ရုပ်သံတွင် ပါဝင်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦး၏ စကားလုံးများ ဖြစ်သည်။
ကြမ်းကြုတ်ရက်စက်မှု ပြည့်လျှမ်းနေသော ထိုစကားလုံးတို့သည် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်ပြီး ရည်ညွှန်းခြင်း မဟုတ်ပေ။
လူ့အသက်များကို ကြက်ကလေး၊ ငှက်ကလေးများ သတ်သည့်သဖွယ် မိန်ရေယှက်ရေနှင့် စားမြံ့ုပြန်ပြောဆိုနေကြခြင်းလည်း ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေး လုပ်ဆောင်နေရင်းဖြင့် အရပ်သားပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ကြောင်း အထောက်အထား များစွာ ပေါ်ထွက်ခဲ့ပြီး ဖြစ်သော်လည်း ယခုတကြိမ်တွင် ပေါ်ထွက်လာသော မှတ်တမ်းများသည် ၎င်းတို့ ကိုယ်တိုင်ဝန်ခံချက်များလည်း ဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ကြောင်း အထောက်အထား များစွာ ပေါ်ထွက်ခဲ့ပြီး ဖြစ်သော်လည်း ယခုတကြိမ်တွင် ပေါ်ထွက်လာသော မှတ်တမ်းများသည် ၎င်းတို့ ကိုယ်တိုင်ဝန်ခံချက်များလည်း ဖြစ်သည်။
အဆိုပါ မှတ်တမ်းများသည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ပြုတ်ကျခဲ့သည့် တယ်လီဖုန်းတွင် ပါဝင်လာခြင်း ဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် လူသတ်မှုများကို မိန်ရေယှက်ရေဖြင့် ကျူးလွန်နေကြောင်း ထင်ရှားသည့် အထောက်အထားများ ဖြစ်သည်။
“လူသတ်တာကို ခုံမင်နေတဲ့ လူ့အရိုင်းအစိုင်းလို၊ လူသတ်တာကို နှစ်သက်နေတဲ့ စိတ်ဝေဒနာရှင် တယောက်လို ပြုမူနေတာတွေမြင်တော့ တော်တော်လေးတော့ တုန်လှုပ်မိပါတယ်” ဟု CDM ဗိုလ်ကြီး ညီသုတက ဆိုသည်။
၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကို ရွံမုန်းစိတ်နှင့်အတူ ယင်းအဖွဲ့အစည်းတွင် တာဝန် ထမ်းဆောင်ခဲ့ဖူး သည်ကပင် ဘဝအတွက် အမှားတခုအဖြစ် ခံစားရသည်အထိ ပြင်းထန်စွာ တုန်လှုပ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
“တော်တော်လေးကိုလည်း တုန်လှုပ်သလို၊ တော်တော်လေးလည်း ရွံရှာမိပါတယ်” ဟု သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ကိုင်းတိုင်းတလျှောက် တရွာဝင် တရွာထွက် စစ်ကြောင်းထိုးရင်း အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ကို နေ့စဉ်ရက်စက် ပြုလုပ်ခဲ့ကြသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ကိုင်းတိုင်းတလျှောက် တရွာဝင် တရွာထွက် စစ်ကြောင်းထိုးရင်း အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ကို နေ့စဉ်ရက်စက် ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ သတ်ဖြတ်ရာတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ ခြေလက်အင်္ဂါ အစိတ်အပိုင်းများကို တစစီဖြစ်အောင် သတ်ဖြတ်ခြင်း၊ နည်းအမျိုးမျိုးဖြင့် ထိုးကြိတ်ရိုက်နှက် နှိပ်စက်သတ်ဖြတ်ခြင်းများလည်း ပါဝင်သည်။
“အဲဒီကောင်တွေကို မနေ့တုန်းက ငါသတ်တာ။ ငါဖမ်းတဲ့ကောင်ကို ငါသတ်တာ။ အဲဒါကို … ဆာဂျင်ကြီး သုံးပိုင်းလောက်ပိုင်းပြီး မြှုပ်ခဲ့ပါဦးတဲ့”
“ခေါင်းကိုဖြတ်တာ။ လေးငါးခြောက်ချက်လောက် ခုတ်ရတယ်။ ပြီးတော့ မြေကြီးထဲ မြှုပ်ထားခဲ့တယ်”
“နောက်စေ့ပွင့်ထွက်သွားတယ်နော်။ ပုဆိုးတွေက ဟိုဟာတွေ ခွာတာတောင် အသားတွေ ကွာထွက်ကုန်တယ်။ မီးလောင်ထားတာ။ အဲဒါကြောင့် တော်တော်လေး စိတ်ကုန်သွားတယ်။ အသားတွေ ပြဲကွဲနေတယ်”
ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသည် ၎င်းတို့ လူများကို မည်သို့ မည်ပုံ သတ်ဖြတ်ခဲ့သည်ကို ရယ်ရယ်မောမောပင် အပြုံးမပျက် စကားဝိုင်းဖွဲ့ ပြောနေကြသည်ကို တွေ့ရသည်။
ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသည် ၎င်းတို့ လူများကို မည်သို့ မည်ပုံ သတ်ဖြတ်ခဲ့သည်ကို ရယ်ရယ်မောမောပင် အပြုံးမပျက် စကားဝိုင်းဖွဲ့ ပြောနေကြသည်ကို တွေ့ရသည်။
ထွက်ပေါ်လာသည့် မှတ်တမ်းအရ အဆိုပါကာလတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည့် နေရာများတွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုံတိုင်ပင်ရွာလည်း အပါအဝင် ဖြစ်သည်။
မုံတိုင်ပင်ရွာတွင် လက်နက်ကြီး ထိမှန်သူ ၂ ဦးအပါအဝင် ၃၀ ကျော်ခန့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒေသခံ ၁ ဦးက “ဘယ်လိုပုံစံမျိုးနဲ့ သတ်ဖြတ်တယ် ဆိုတာတော့၊ အဲဒါကိုတော့ မမြင်လိုက်ရဘူး။ ဒါပေမယ့် အရိုးစုတွေ အပုံလိုက် မီးရှို့ထားတာတွေ၊ အိမ်တွေထဲမှာ ထည့်ပြီးတော့ မီးရှို့ထားတာတွေ တွေ့ရတယ်” ဟု ပြောသည်။
ရွာတွင်း မဝင်ခင်ကတည်းက လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်သကဲ့သို့ ရွာထဲသို့ ဝင်လာချိန်တွင်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့သူများထံမှ သိရသည်။
သေဆုံးသူများမှာ မပြေးလွှားနိုင်ခြင်းနှင့် သက်ကြီးရွယ်အိုများကို ငဲ့ပြီး နေခဲ့ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။
ရွာအတွင်း နေအိမ်များတွင် အစုလိုက် အပုံလိုက် မီးရှို့ခံထားရသည့် အရိုးစုများ တွေ့ရသကဲ့သို့ နှိပ်စက်ခံထားရသည့် ခြေရာလက်ရာများကိုလည်း တွေ့ရကြောင်း သိရသည်။
“အိမ်ရှေ့တွေ၊ လမ်းမတွေပေါ်မှာ သွေးကွက်တွေ၊ သေနတ်ပစ်ပြီးတော့မှ ကျည်ဖောက်လို့ ဘေးနားမှာ သွေးစွန်းထားတာတွေ၊ ချည်ထားတဲ့ ကြိုးမျိုးတွေ၊ အဝတ်စုတ်တွေ အဲဒါမျိုးတွေ တွေ့ရတယ်” ဟု ဒေသခံတဦးက ဆိုသည်။
ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါ အကြမ်းဖက်မှုများကို အနောက်မြောက်ပိုင်း စစ်ဌာနချုပ်-နမခ တပ်များနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးတွင် အခြေစိုက်သည့် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တို့ ပူးပေါင်း စစ်ဆင်ရေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်သည်။
ရုပ်သံမှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါ အကြမ်းဖက်မှုများကို အနောက်မြောက်ပိုင်း စစ်ဌာနချုပ်-နမခ တပ်များနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးတွင် အခြေစိုက်သည့် အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တို့ ပူးပေါင်း စစ်ဆင်ရေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်သည်။
“သေနတ်နံပါတ်ကတော့ မှားစရာအကြောင်း မရှိဘူး။ သေနတ်ဒင်က နံပတ်က ဒါ ခမရ (၇၀၈)၊ စကခ (၄) လက်အောက်ခံတပ်ဆိုတာတော့ လုံးဝကို မှားစရာအကြောင်း မရှိဘူး” ဟု ပြောသည်။
ယင်းသို့ အရပ်သားပြည်သူများကို စိန်ပြေနပြေ သတ်ဖြတ်ခဲ့ခြင်းသည် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ ခေါင်းဆောင်များ၏ ခွင့်ပြုချက်ဖြင့်သာ သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း CDM တပ်မတော်သားများက သုံးသပ်သည်။
“စကခ ၄ မှာလည်း တပ်မမှူး ဖြစ်တဲ့ ဗိုလ်မှူးချုပ် ကြည်သိုက်၊ DSA ၃၈ ကပေါ့။ အဲဒီလိုပဲ ၇၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်၊ သူတို့တွေကတော့ တာဝန်ရှိတဲ့ လူတွေပေါ့” ဟု CDM ဗိုလ်ကြီး မင်းမောင်မောင်က ပြောသည်။
စစ်တပ်၏ ဖွဲ့စည်းပုံအရ အမိန့်မှန်သမျှသည် အထက်မှ အောက်သို့ စီးဆင်းခြင်းသာဖြစ်ပြီး လုပ်သမျှ အားလုံးကိုလည်း သတင်းပြန်လည် ပေးပို့ရကာ ဆင့်ကဲ အုပ်ချုပ်သည့် စနစ်ကိုသာ ခိုင်ခိုင်မာမာ ကျင့်သုံး နေခြင်း ဖြစ်သည်။
ဗိုလ်ကြီး မင်းမောင်မောင်က “License to kill ပေးထားတာပဲလေ။ နဂိုကတည်းကိုက စိတ်ဓာတ်အားဖြင့် အခြေခံ မကောင်းဘူး၊ အကျင့်စာရိတ္တကလည်း မကောင်းဘူး။ ဒီလို စစ်သည်တွေကို ထိပ်ပိုင်းအရာရှိ တွေကနေပြီး ထိန်းချုပ်မှု မရှိဘဲနဲ့ သတ်ကွာ၊ ဖြတ်ကွာဆိုပြီး မြှောက်ပင့်ပေးလိုက်တဲ့ အချိန်မှာ နဂိုကတည်းက အခြေခံနည်းတော့ ဒီလိုမျိုး ဖြစ်စဉ်တွေ ဖြစ်တာ” ဟု ဆိုသည်။
CDM အရာရှိများ၏ ပြောကြားချက်များအရ စကခ ၄ သည် အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့များတွင် စစ်ဆင်ရေးပိုင်း၊ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း အရာရာတွင် ညံ့ဖျင်းသည့် တပ်မဖြစ်ပြီး အရာရှိများကလည်း လာဘ်ပေးလာဘ်ယူ၊ ဒုစရိုက် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်နေသူများသာ ဖြစ်ကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ အထက်မှ အောက်သို့ အမိန့်ပေးစနစ်ဖြင့် ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုဖြင့် သွားနေသည့် စစ်တပ်အတွက် ထိုဖြစ်စဉ်ကြီး တခုလုံး၏ အဆုံးသတ် တာဝန်ယူရမည့်သူမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အထက်မှ အောက်သို့ အမိန့်ပေးစနစ်ဖြင့် ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှုဖြင့် သွားနေသည့် စစ်တပ်အတွက် ထိုဖြစ်စဉ်ကြီး တခုလုံး၏ အဆုံးသတ် တာဝန်ယူရမည့်သူမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သာ ဖြစ်သည်။
CDM ဗိုလ်ကြီး ညီသုတက “အဆင့်အဆင့် ကွပ်ကဲမှုနဲ့ သွားနေတဲ့အခါမှာ တပ်ရင်းမှူး၊ တပ်မမှူး၊ တိုင်းမှူး၊ ပြီးရင်တော့ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူထားတဲ့ မင်းအောင်လှိုင်အထိ တာဝန်ရှိပါတယ်။ သူတို့တွေဟာ အဓိက တာဝန်ယူရမယ့်သူတွေလို့ မြင်ပါတယ်” ဟု ပြောသည်။
ထို့အပြင် စစ်တပ်သည် နိုင်ငံ့တပ်မတော် အဆင့်မဟုတ်တော့ဘဲ၊ အသိဉာဏ်နိမ့်ကျသူများနှင့် ဖွဲ့စည်း ထားသည့် အဖွဲ့အစည်းဖြစ်သဖြင့်သာ လက်ရှိဖြစ်စဉ်များကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်မှုများကို မြင်တွေ့နေရခြ င်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဲဒီအစုအဖွဲ့ကလည်း သာမန် အသိထက်တောင် နိမ့်ပါးနေသူတွေ စုဝေးနေတဲ့ အခါမှာ အခုလို ရက်စက် ကြမ်းကြုတ်မှုတွေ ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
စစ်တပ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များကတည်းက တဖြည်းဖြည်း အင်အားချိနဲ့လာခြင်း ဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များအတွက် တပ်သားသစ်များ ရှာဖွေမရသဖြင့် ကြုံရာလူများကို အင်အားစုလာရခြင်းကလည်း ယခု ဖြစ်ရပ်များ၏ အခြေခံအကြောင်းတရားဟု CDM အရာရှိများက သုံးသပ်ကြသည်။
တပ်သားသစ်များ ရရှိရန် ငွေနှင့်ဝယ်ခြင်း၊ တပ်သားသစ်ရှာဖွေရန် ခက်ခဲသဖြင့် အမှုအခင်း ကျူးလွန်ပြီးနောက် ရှောင်ပြေးသည့် အနေဖြင့် တပ်ထဲဝင်ရောက်ခြင်းကို မသိချင်ယောင်ဆောင် လက်ခံခြင်း၊ ဖုံးကွယ်ပေးခြင်း အပါအဝင် နည်းအမျိုးမျိုးဖြင့် တပ်သားသစ် ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒုစရိုက်မှု ဖြစ်ရင်ဖြစ်မယ်။ တခြားတခုလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ ကျနော်တို့ တပ်ထဲမှာလည်း ဒါကို အားလုံး သိပါတယ်။ မှတ်ပုံတင်အသစ် လုပ်ခိုင်းလိုက်တယ်။ အဲဒီလူက အသက် ၃၅ လောက်ဖြစ်မယ် ဆိုရင်လည်း သူ့ရဲ့ မှတ်ပုံတင်ထဲမှာ ၂၂၊ ၂၃ လုပ်ပစ်လိုက်တယ်။ နာမည်က အသစ်ဖြစ်သွားတယ်။ အသက် အသစ်ဖြစ်သွား တယ်။ သူ့ရဲ့ ပြစ်မှုမှတ်တမ်းကို ရှာမရတော့ဘူး” ဟု ဗိုလ်ကြီးမင်းမောင်မောင်က ပြောသည်။
လူဆိုး၊ သူခိုး၊ ခါးပိုက်နှိုက်၊ မုဒိမ်းသမားပါ မချန် လက်ခံထားရင်းဖြင့် စစ်တပ်၏ အဆင့်အတန်း နိမ့်ကျ သထက် နိမ့်ကျလာသည်။
ယင်းသို့ လူဆိုး၊ သူခိုး၊ ခါးပိုက်နှိုက်၊ မုဒိမ်းသမားပါ မချန် လက်ခံထားရင်းဖြင့် စစ်တပ်၏ အဆင့်အတန်း နိမ့်ကျ သထက် နိမ့်ကျလာခြင်းလည်း ဖြစ်သည်။ ထို့အပြင် သတင်းအမှောင်ချခံရခြင်း၊ ဝါဒမှိုင်းသွင်း ခံရခြင်းများပါ ထပ်မံ ပေါင်းစပ်လိုက်ရာ ရက်စက်ကြမ်းကြုတ်မှုများ ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းပါ သေမထူး၊ နေမထူး ပုဂ္ဂိုလ်များဖြင့် စစ်တပ်တွင် ပြည့်နှက်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။
လူအချင်းချင်း အုပ်ချုပ်ရာတွင် ကြမ်းနိုင်သမျှ ကြမ်းသည့်နည်းဖြင့် အုပ်ချုပ်ခြင်းသည်သာ စစ်တပ်၏ ပုံစံနှင့် ကိုက်ညီသည်ဆိုသည့် အယူအဆအလွဲများကလည်း အောက်ခြေစစ်သားများမှ စစ်ခေါင်းဆောင်များအထိ အဆင့်တိုင်းတွင် ရှိနေသည်။
“သေမထူး နေမထူးဆိုတာ သူတို့က ခံယူချက် တလွဲတွေ ခံယူထားတာ ပေါ့နော်။ အဓိကကတော့ လူတကာကို သတ်ရမယ်၊ ငါ့ကိုသတ်လည်း ဘာမှ မဖြစ်ဘူး၊ ငါသေသွားလည်း ဘာမှ မဖြစ်ဘူး၊ အဲဒီလိုစိတ်နဲ့ စစ်သားတွေ တော်တော်များတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
သို့သော်လည်း အဆိုပါ သေမထူး၊ နေမထူး စစ်သားများကပင် စစ်ကိုင်းတိုင်းတွင် PDF များနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲရန် ကြောက်ရွံ့ရှောင်လွှဲကာ အရပ်သား ပြည်သူများကိုသာ ရွေးချယ် သတ်ဖြတ်မှုများကို ဆက်တိုက်ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။
ထို့အပြင် အဆိုပါ စစ်သား အားလုံးလိုလိုသည် ပြည်သူလူထုကို ကာကွယ်ဖို့ မဆိုထားနှင့် ပြည်သူဟုပင် မမြင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းကြောင့်ပင် ရောက်ရှိရာ နေရာတိုင်းတွင် ပြည်သူကို ရန်သူသဖွယ်သာ ဆက်ဆံနေခြင်းလည်း ဖြစ်သည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏အာဏာ လက်မလွတ်ရေး၊ အကျိုးစီးပွား မဆုံးရှုံးရေးအတွက် အဆိုပါ စစ်သားများကို နည်းမျိုးစုံဖြင့် ဝါဒမှိုင်းများ တိုက်ထားခြင်းလည်း ဖြစ်သည်။
တနည်းအားဖြင့် ၎င်းတို့၏ စစ်ခေါင်းဆောင်များ အလိုကျ စစ်ခေါင်းဆောင်များ၏ အကျိုးစီးပွားအတွက် စတေးခံနေရသူများလည်း ဖြစ်သည်။
ဗိုလ်ကြီးမင်းမောင်မောင်ကလည်း “သူတို့မှာ ပြည်သူကို ရန်သူလို့ပဲ သဘောထားတော့တယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးနဲ့ လက်ဝေခံတွေ သူတို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကျိုးစီးပွားကို မပျက်သုဉ်းအောင်၊ တနည်းအားဖြင့် အသိဉာဏ်နုံနည်းတဲ့၊ ပညာဉာဏ်နည်းတဲ့ ရဲဘော်တွေ၊ အရာရှိတွေကို ဘာသာရေးမှိုင်း တိုက်တယ်၊ လူမျိုးရေး မှိုင်းတိုက်တယ်။ သွေးခွဲတယ်။ ဒီပုံစံတွေနဲ့ သူတို့ရှေ့မှာ စတေးခံနေတဲ့ တပ်ပဲ” ဟု ပြောသည်။
အမှန်တကယ်တွင်လည်း ယနေ့ကဲ့သို့ နည်းပညာခေတ်တွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင် တသိုက်သည် အောက်ခြေတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သိနိုင်ရန် နည်းလမ်းများစွာ ရှိပါလျှက်နှင့် မသိကျိုးကျွံ ပြုထားခြင်းသာဖြစ်သည်။
အမှန်တကယ်တွင်လည်း ယနေ့ကဲ့သို့ နည်းပညာခေတ်တွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင် တသိုက်သည် အောက်ခြေတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို သိနိုင်ရန် နည်းလမ်းများစွာ ရှိပါလျှက်နှင့် မသိကျိုးကျွံ ပြုထားခြင်းသာဖြစ်သည်။
နေ့စဉ်မြင်တွေ့နေရသော သေဆုံးမှုများ၊ ထွက်ပေါ်နေသော သက်သေအထောက်အထားများ၊ ဗီဒီယို မှတ်တမ်းများမှာ မရေမတွက်နိုင်အောင်ပင်ဖြစ်သော်လည်း စစ်ခေါင်းဆောင်မှာ အားလုံးကို လျစ်လျူရှုကာ ၎င်း၏ အတုအယောင် ငြိမ်းချမ်းရေးတွင်ပင် အာရုံစိုက်သယောင် အယောင်ပြနေခြင်းဖြစ်သည်။
တဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနေသည်ဟု ဆိုကာ တဖက်တွင်မူ အောက်ခြေတပ်များက သတ်ဖြတ်မှုများကို တိုးသထက်တိုးပြီးသာ လုပ်ကိုင်နေခြင်းလည်း ဖြစ်သည်။
ယင်းသို့လုပ်ကိုင်မှုများသည်လည်း စစ်တပ်၏ ထုံးစံနှင့် စနစ်များအရ အထက်မှ ဆင်းသက်လာသည့် အမိန့်များသာ ဖြစ်သည်။
ဗိုလ်ကြီး လင်းထက်အောင်က “မင်းတို့ကောင်တွေ လုပ်၊ မင်းတို့နောက်မှာ ငါတို့ရှိတယ်၊ ငါတို့တာဝန်ခံတယ်၊ ချသာချ၊ ကိုင်သာကိုင်ဆိုတဲ့ အထက်အရာရှိတွေရဲ့ အမိန့်ပေးမှုတွေကလည်း ဒီလိုဖြစ်စဉ်တွေကို အများကြီး ဖြစ်စေတယ်” ဟု ပြောသည်။
မည်သို့ပင်ဆိုစေ စစ်တပ်၏ လက်ရှိအကြမ်းဖက်မှု အားလုံးမှာ အောက်ခြေစစ်သားများကိုယ်တိုင်၏ ရက်စက် ကြမ်းကြုတ်မှု၊ အကြမ်းဖက်လုပ်ရပ်များတွင် ရွံရှာစက်ဆုပ်ဖွယ်ရာ ကောင်းလောက်အောင် ပျော်မွေ့မှုများ သာမက၊ စစ်အုပ်စုခေါင်းဆောင်အားလုံးနှင့်လည်း သက်ဆိုင်ပေသည်။
ထွက်ပေါ်လာသည့် မှတ်တမ်း အထောက်အထားများ အားလုံးက အာဏာသိမ်း စစ်တပ်သည် အကြမ်းဖက် လုပ်ရပ်များကို တမင်ရည်ရွယ်လုပ်ကိုင်နေကြောင်း၊ အောက်ခြေမှစ အထက်ခေါင်းဆောင်များအထိ ပါဝင် ပတ်သက်နေကြောင်း ညွှန်းဆိုနေသည်။
စစ်ကောင်စီတပ်သားများသည် လူသတ်ခြင်း၊ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ကို ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် နိစ္စဓူဝ လုပ်ငန်းသဖွယ် ရက်စက်ယုတ်မာစွာ လုပ်ကိုင်နေကြသည်။
စစ်ကောင်စီတပ်သားများသည် လူသတ်ခြင်း၊ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းတို့ကို ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် နိစ္စဓူဝ လုပ်ငန်းသဖွယ် ရက်စက်ယုတ်မာစွာ လုပ်ကိုင်နေကြသည်။
ယင်းကြောင့်ပင် ပြည်သူလူထုက ၎င်းတို့ကို အကြမ်းဖက်စစ်တပ်ဟု ပီပီပြင်ပြင် ကင်ပွန်းတပ်နေကြခြင်း ဖြစ်သည်။
“ပြည်သူကျွေးတဲ့ ထမင်းစားပြီး သူတို့ အသိစိတ် အဲဒီလောက်ခေါင်းပါးနေတာ ဆိုတော့ ကျနော်တို့ စိတ်ထဲမှာ ပြောစရာ စကားတောင် မရှိသလောက်ပါပဲ၊ သူတို့ရဲ့ ယုတ်မာမှုကတော့။ သူတို့ကို နိုင်ရာနိုင်ရာတော့ တွေ့မှာပါ။ သူတို့ကတော့ တကယ့် အကြမ်းဖက်စစ်တပ် စစ်မှန်တယ်” ဟု မုံတိုင်ပင်ရွာ ဒေသခံတဦးက ဆိုလိုက်သည်။
You may also like these stories:
မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း
ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရုပ်အလောင်း ၃၀ နီးပါထိ တွေ့လာ
စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ
မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်