ထိုင်းနိုင်ငံသည် အာရှတွင် ဆေးခြောက်ကို ပထမဆုံး တရားဝင်အဖြစ် သတ်မှတ်သည့်နိုင်ငံ ဖြစ်လာသည်။ ထိုင်းအာဏာပိုင်များသည် ဆေးခြောက်ကို မူးယစ်ဆေးဝါး စာရင်းမှ ဇွန်လ အစောပိုင်းတွင် ပယ်ဖျက်လိုက်ပြီး ဆေးခြောက်ကို နေအိမ်တွင် စိုက်ပျိုးသုံးစွဲရန် ခွင့်ပြုလိုက်သည်။
ထိုင်းနိုင်ငံသည် ‘အံ့သြဖွယ်ရာ ဆေးခြောက်ကမ္ဘာ’ ဖြစ်လာမည်ဟု ဆေးခြောက် ထောက်ခံသူများက ပြောကြသော်လည်း လက်တွေ့တွင်မူ ဆေးခြောက်ကို ဆေးဝါးအတွက် စိုက်ပျိုးသုံးစွဲနိုင်ခြင်းဖြစ်ပြီး အများပြည်သူကြားတွင် ရှူရှိုက်သူများသည် ပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မည်သည်တို့ ပြောင်းလဲသွားပြီး မည်သည်တို့သည် ဆက်လက်ပြီး တရားမဝင် ဖြစ်နေသည်ကို ယခုဆောင်းပါးက ရှင်းပြထားသည်။
ဆေးခြောက်ဆိုသည်မှာ
ဆေးခြောက်ဆိုသည်မှာ ဆေးခြောက်ပန်းဖူး သို့မဟုတ် အခြောက်ခံထားသော ဆေးခြောက်ပင်၏ အရွက်များကို ဆိုလိုသည်။ ဆေးခြောက်ပင်တွင် ပါဝင်သည့် ဓာတုပစ္စည်း ရာပေါင်းများစွာတွင် တက်ထရာ ဟိုက်ဒရို ကန်နာဘီနို (THC) ပါဝင်သည်။ ထိုဓာတုပစ္စည်းသည် ဆေးခြောက်သုံးစွဲသူများ ခံစားလိုသည့် စိတ်ကျေနပ်မှုကို ဖြစ်စေသည်။
နိုင်ငံပေါင်း ၅၀ ခန့်က လူနာများကို ဆရာဝန်ပြဋ္ဌာန်းမှ သုံးစွဲနိုင်သော ဆေးဘက်ဆိုင်ရာ ဆေးခြောက် သုံးစွဲခွင့်ပြုထားသည်။
ဆေးခြောက်သည် သက်ကြီးရွယ်အိုများ နာတာရှည် နာကျင်ခြင်းကို ကုသပေးပြီး ကင်ဆာလူနာများ ဆေးဝါးကုထုံး ခံယူပြီးသောအခါ အန်ခြင်း၊ ပျို့ခြင်းတို့ကို သက်သာစေသည်။
ဆေးခြောက်သည် သက်ကြီးရွယ်အိုများ နာတာရှည် နာကျင်ခြင်းကို ကုသပေးပြီး ကင်ဆာလူနာများ ဆေးဝါးကုထုံး ခံယူပြီးသောအခါ အန်ခြင်း၊ ပျို့ခြင်းတို့ကို သက်သာစေသည်။
ကနေဒါနှင့် ဥရုဂွေးနှစ်နိုင်ငံသာ ဆေးခြောက်ကို ပျော်ရွှင်မှုအတွက် အသုံးပြုခွင့်ပေးသည်။
ဆေးခြောက်သုံးစွဲခြင်းသည် ဦးနှောက်နှင့် အခြား ဖရိုဖရဲပြဿနာများကို ဖြစ်စေနိုင်သည်။ ဆေးခြောက် သုံးစွဲသူ ၁၀ ဦးလျှင် ၃ ဦးသည် ဆေးခြောက်သုံးစွဲမှုဆိုင်ရာ ပြဿနာတမျိုးဖြစ်သည့် စွဲလန်းမှုကို ခံစားရသည်ဟု မကြာသေးမီက သုတေသနများက ပြသနေကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန၏ အဆိုအရ သိရသည်။
ထိုင်းမှ ဆေးခြောက်နှင့် ပတ်သက်သည့် တရားဝင်မှုများနှင့် တရားမဝင်မှုများ
ထိုင်းတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်လိုက်သောကြောင့် လယ်သမားများနှင့် လူပုဂ္ဂိုလ်များသည် ဆေးအဖြစ်သုံးရန် ဆေးခြောက်ကို စိုက်ပျိုးနိုင်ကြသည်။
ဆေးခြောက်ကို ကျန်းမာရေး တိုးတက်စေရန် အတွက်လည်း သုံးနိုင်သည်။ ဝက်ဘ်ဆိုက်မှဖြစ်စေ၊ စမတ်ဖုန်း အပလီကေးရှင်းမှဖြစ်စေ ဆေးခြောက် စိုက်ပျိုးမည့်အကြောင်း အစိုးရကို ဦးစွာအကြောင်းကြားလျှင် မည်သည့် ထိုင်းနိုင်ငံသားမဆို ဆေးခြောက်ပင် စိုက်ပျိုးနိုင်သည်။
ကုမ္ပဏီများအပါအဝင် စက်မှုနှင့် စီးပွားဖြစ် ဆေးခြောက် စိုက်ပျိုးသူများသည် အစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ထံမှ လိုင်စင်ရယူရန် လိုသည်။
ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် THC ထည့်သွင်းထားသည့် အစားအသောက်များကို ရောင်းချနိုင်သော်လည်း THC ပါဝင်မှုသည် ဝ ဒသမ ၂ ရာခိုင်နှုန်းအောက်တွင်သာ ရှိရမည်ဖြစ်သည်။
ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များသည် THC ထည့်သွင်းထားသည့် အစားအသောက်များကို ရောင်းချနိုင်သော်လည်း THC ပါဝင်မှုသည် ဝ ဒသမ ၂ ရာခိုင်နှုန်းအောက်တွင်သာ ရှိရမည်ဖြစ်သည်။
ဆေးခြောက် လက်ဝယ်ထားရှိခြင်းသည် တရားမဝင်ဟု သတ်မှတ်ခြင်း မရှိသော်လည်း ပါတီပွဲ သို့မဟုတ် အခြား အပျော်အပါး ကိစ္စများအတွက် သုံးစွဲခြင်းကို ဆက်လက် တားမြစ်ထားသည်။ အများ ပြည်သူရှေ့တွင် ဆေးခြောက်ရှုခြင်းကိုလည်း ဆက်လက် ပိတ်ပင်ထားသည်။ ချိုးဖောက်သူများသည် ဘတ် ၂၅,၀၀၀ (ဒေါ်လာ ၇၂၃) ဒဏ်ငွေ နှင့် ထောင် ၃ လအထိ ချမှတ်ခံရမည် ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များ ထိုင်းတွင် ဆေးခြောက်ရှူနိုင်ခြင်း ရှိ၊ မရှိ
ရှူနိုင်သည်ဟု ပြော၍ရသကဲ့သို့ မရှူနိုင်ဟုလည်း ပြော၍ရသည်။ ဆေးအဖြစ် သို့မဟုတ် ကျန်းမာရေးအတွက် ကမ္ဘာလှည့်ခရီးသည်များ ထိုင်းတွင် ဆေးခြောက် ရှူနိုင်သည်။ အခြားကိစ္စများအတွက် သုံးလျှင် ကမ္ဘာလှည့်ခရီးသည်လည်း ထောင်ကျနိုင်သည်။
အချို့ အွန်လိုင်းမီဒီယာများက ထိုင်းနိုင်ငံသည် ဆေးခြောက်နိဗ္ဗာန်ဘုံသစ်အဖြစ် အမွှမ်းတင်နေကြသော်လည်း ကျန်းမာရေးဝန်ကြီး မစ္စတာ အနုတင် ချန်ဗီရာကူက ထိုင်းနိုင်ငံသည် ဆေးခြောက်မူဝါဒများကို ဆေးဝါးကိစ္စ အတွက်သာ အားပေးကြောင်းနှင့် ဖျော်ဖြေရေးအတွက် မည်သည့်အခါမျှ အားမပေးခဲ့ကြောင်း CNN သတင်းဌာနသို့ မကြာသေးမီက ပြောကြားခဲ့သည်။
“မလာကြပါနဲ့။ ခင်ဗျားတို့ အဲဒီကိစ္စအတွက် လာတယ်ဆိုရင် ကျနော်တို့ မကြိုဆိုပါဘူး” ဟု CNN ၏ ထုတ်လွှင့်မှုအတွင်း သူကပြောသည်။
ဂျပန်ကဲ့သို့သော နိုင်ငံအချို့တွင် ပြည်ပအထိ သက်ရောက်သည့် ဥပဒေများလည်းရှိပြီး ထိုနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များသည် မိခင်နိုင်ငံသို့ ပြန်ရောက်သောအခါ ပြင်းထန်သော ဥပဒေ အကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။
ဂျပန်ကဲ့သို့သော နိုင်ငံအချို့တွင် ပြည်ပအထိ သက်ရောက်သည့် ဥပဒေများလည်းရှိပြီး ထိုနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များသည် မိခင်နိုင်ငံသို့ ပြန်ရောက်သောအခါ ပြင်းထန်သော ဥပဒေ အကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။
“ထိုင်းနိုင်ငံ ရောက်နေသူများ အပါအဝင် ပြည်ပတွင် နေထိုင်သော ဂျပန်နိုင်ငံသားများသည် ဆေးခြောက်ကို စိုက်ပျိုး၊ တင်သွင်း၊ တင်ပို့၊ ပိုင်ဆိုင် သို့မဟုတ် လွှဲပြောင်းပေးပါက ဂျပန်တွင် နေထိုင်သကဲ့သို့ ပြစ်ဒဏ်များကို ခံစားရနိုင်သည်” ဟု ဘန်ကောက်ရှိ ဂျပန်သံရုံးက လွန်ခဲ့သောနှစ်က ကြေညာပြီး ဂျပန်နိုင်ငံသားများ အနေဖြင့် တကမ္ဘာလုံး မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ဆေးခြောက်သုံးစွဲခြင်းကို ရှောင်ရှားရန် သတိပေးသည်။
ထိုင်းနိုင်ငံက ဆေးခြောက်ကို မည်သည့်အတွက် တရားဝင်ခွင့်ပြုသနည်း
ထိုင်းအစိုးရက ဆေးခြောက်လုပ်ငန်းကို စီးပွားရေး လုပ်ငန်းသစ်ဟု မြင်သည်။ ဆေးခြောက်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်သည် ဘတ် ဘီလီယံ ၄၀ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) တန်သည်။
ထိုဈေးကွက်သည် ၂၀၂၄ ခုနှစ်တွင် ဘတ် ဘီလီယံ ၇၀ အထိ ကြီးထွားလာမည်ဟု မျှော်လင့်ရသည်ဟု ထိုင်း စက်မှုဆေးခြောက်နွယ်ဝင်အပင်များ ကုန်သွယ်ရေးအသင်း (TIHTA) က ပြောသည်။ တကမ္ဘာလုံးမှ တရားဝင် ဆေးခြောက်ဈေးကွက်သည် ဒေါ်လာ ၁၁၀ ဘီလီယံ တန်ကြေးရှိကြောင်း ကမ္ဘာ့ဆေးခြောက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံရေး နောက်ခံအကြောင်းရင်းလည်း ရှိသည်။ အာဏာရ ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ဘုမ်ဂျိုင်ထိုင်းပါတီက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲဝင်စဉ် ကတိမှာ ဆေးခြောက်ကို လာမည့်နွေဦးတွင် တရားဝင်ဖြစ်အောင် လုပ်မည်ဟု မဲဆွယ် ကတိပြုခဲ့သည်။
နိုင်ငံရေး နောက်ခံအကြောင်းရင်းလည်း ရှိသည်။ အာဏာရ ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် ဘုမ်ဂျိုင်ထိုင်းပါတီက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲဝင်စဉ် ကတိမှာ ဆေးခြောက်ကို လာမည့်နွေဦးတွင် တရားဝင်ဖြစ်အောင် လုပ်မည်ဟု မဲဆွယ် ကတိပြုခဲ့သည်။
ထိုင်းနိုင်ငံမှ ဆင်းရဲသော အရှေ့မြောက်ဒေသတွင် အမာခံဖြစ်သော ထိုပါတီက ဆေးခြောက်ကို မူးယစ်ဆေးစာရင်းမှ ပယ်ဖျက်သည့် မူဝါဒကို အဆိုပြုပြီး ငွေရှာနေသူ မည်သူမဆို စိုက်ပျိုးနိုင်ရန် လမ်းဖွင့်ပေးရေးကို တောင်းဆိုသည်။
လယ်သမားအများအပြားက လွန်စွာ ဝင်ငွေကောင်းသော ထိုအပင်ကို စိုက်ပျိုးလိုကြပြီး နောက် ၄ နှစ်ကြာသောအခါတွင် ထိုသို့လုပ်ရန် အခွင့်အလမ်း ရရှိသွားသည်။
ဆေးခြောက်စွဲမှု အလားအလာကို အစိုးရက ကိုင်တွယ်ခြင်း ရှိ မရှိ
Prince Mother National Institute on Drug Abuse Treatment မူးယစ်ဆေးဆွဲမှု ကုသရေးဌာနသည် ဒေသ ၆ ခုမှ မူးယစ်ဆေး အပြင်းအထန် စွဲနေသူများအတွက် အစီအစဉ်များ ပြုလုပ်ပေးသည်။
ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးရန်သာ တရားဝင် ခွင့်ပြုသည်ဟု ထိုင်းအစိုးရက ပြောသော်လည်း ဖျော်ဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှုကို ရှောင်လွှဲရမည် မဟုတ်ကြောင်း၊ သုံးစွဲသူ အချို့အကြားတွင် ဆေးခြောက်စွဲခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ထိုဌာန၏ အဆိုအရ ဆေးခြောက် အပြင်းအထန် စွဲနေသည့် လူနာ ၁,၁၇၀ ဦးရှိပြီး ကုသမှုခံနေကြောင်း သိရကာ အိမ်တွင်ဆေးခြောက်ကို ပျော်ရွှင်မှုအတွက် ရှူသည့် အလေ့အထရှိသော အခြားသူများလည်း ရှိကြောင်း သိရသည်။
ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးရန်သာ တရားဝင် ခွင့်ပြုသည်ဟု ထိုင်းအစိုးရက ပြောသော်လည်း ဖျော်ဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှုကို ရှောင်လွှဲရမည် မဟုတ်ကြောင်း၊ သုံးစွဲသူ အချို့အကြားတွင် ဆေးခြောက်စွဲခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
(Nikkei Asia မှ Apornrath Phoonphongphiphat ၏ Thailand’s ‘marijuana wonderland’: 5 things to know ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ဖြေရှင်းရေး မြန်မာ-ထိုင်းနှစ်နိုင်ငံ ရဲချုပ်အဆင့်ဆွေးနွေး
ဟက်ပီးဝါးတား စိတ်ကြွဆေးရည်ဆိုတာ ဘာလဲ
စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ