စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏လက်ထောက် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြီးလျှင် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်ကောင်စီ ဗိုလ်ချုပ်များတွင် အဓိကကျသော ဗိုလ်ချုပ်တဦး ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်ကောင်စီအတွင်းရေးမှူးဖြစ်ပြီး လွှတ်တော် မရှိသောကြောင့် စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်နှင့် ကြေညာချက်များ အားလုံးကို သူကလက်မှတ်ရေးထိုး ထုတ်ပြန်သည်။
စစ်တပ်ထောက်ခံသူများက သူရထားသည့် ရာထူးကြောင့် အထင်ကြီးကြသည်။ သို့သော် သူ့ကို ဦးသန်းရွှေ ခေါင်းဆောင်သည့် ယခင်စစ်အုပ်စု အတွင်းရေးမှူး (၁) ခင်ညွန့်နှင့် နှိုင်းယှဉ်မည်ဆိုပါက မှားယွင်းမည် ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ကောင်စီအတွင်းရေးမှူး ဖြစ်လာသည်မှာ တော်သောကြောင့်မဟုတ်ဘဲ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အနီးစပ်ဆုံး၊ အယုံကြည်ရဆုံးလူ ဖြစ်သောကြောင့်ဖြစ်သည်။
မေလက အသက် ၆၀ ပြည့်ခဲ့သော ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်အာဏာသိမ်းခေါင်းဆောင် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်လုပ်စဉ်က လက်ထောက်တယောက် ဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်က တနိုင်ငံလုံးကို မနှိပ်စက်မီ အောင်လင်းဒွေးသည် မင်းအောင်လှိုင်၏ အနိုင်ကျင့်မှုကို ပထမဆုံး ခံရသူများတွင် ပါဝင်သည်။
ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ကောင်စီအတွင်းရေးမှူး ဖြစ်လာသည်မှာ တော်သောကြောင့်မဟုတ်ဘဲ သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အနီးစပ်ဆုံး၊ အယုံကြည်ရဆုံးလူ ဖြစ်သောကြောင့်ဖြစ်သည်။
“မင်းအောင်လှိုင်က သူဒေါသထွက်ရင် လက်အောက်ငယ်သားတွေကို ရိုက်နှက်ထိုးကြိတ်တတ်တယ်။ အဲဒီတုန်းက အောင်လင်းဒွေးပဲ အမြဲတမ်း အရိုက်အနှက်ခံရတယ်” ဟု DSA အပတ်စဉ် ၂၅ နှင့် ရင်းနှီးသော သတင်းရင်းမြစ်တခုက ပြောသည်။ ထိုအပတ်စဉ်တွင် အောင်လင်းဒွေးနှင့် လက်ရှိ ကြည်း၊ ရေ၊ လေ ပူးပေါင်း ညှိနှိုင်းရေးမှူး မောင်မောင်အေးတို့ တက်ရောက်ခဲ့သည်။
အနာဂတ် စစ်ကောင်စီခေါင်းဆောင်က နှိပ်စက်သမျှ မညည်းညူသော သူ၏တပည့်ကို မင်းအောင်လှိုင်က ကောင်းစွာ မြှောက်စားထားသည်။ အပတ်စဉ် ၂၅ တွင် သူ့ထက်တော်သောသူ များစွာရှိသော်လည်း အောင်လင်းဒွေးသည် မင်းအောင်လှိုင်၏ မြှောက်စားမှုကြောင့် ရာထူးအဆင့်ဆင့် တက်လာသည်။
အောင်လင်းဒွေး၏ တပ်တွင်းဘဝ
အလယ်အလတ်တန်းအရာရှိများ ရာထူးပိုမိုမြင့်မားစွာရရန် တက်ရောက်ရသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ ဘွဲ့ရသောအခါ သူ၏မှတ်တမ်းမှာ ထူးထူးခြားခြား မရှိလှသောကြောင့် အောင်လင်းဒွေးသည် တပ်မမှူး ဖြစ်မလာခဲ့ပေ။
သို့သော် ထိုစဉ်က အထူးစစ်ဆင်ရေး အဖွဲ့မှူးဖြစ်နေသော မင်းအောင်လှိုင်က အောင်လင်းဒွေးကို ရာထူးတက်ပေးရန် စစ်ရာထူးခန့် ဗိုလ်ချုပ်ကို ပြောသည်။
ထို့ကြောင့် သူသည် ဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှု ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။ ထိုရာထူးသည် တပ်မမှူးနှင့် စစ်ဆင်ရေးအဖွဲ့မှူးတို့ထက် တဆင့်နိမ့်သော ရာထူးဖြစ်သည်။
“သူ အနောက်ပိုင်းတိုင်း တိုင်းမှူးလုပ်နေတုန်း ရက္ခိုင့်တပ်တော် (AA) က သိသိသာသာ သြဇာကြီးမားလာတယ်။ တခြားလူဆိုရင် ပြုတ်သွားမှာ။ ဒါပေမယ့် အောင်လင်းဒွေးက မင်းအောင်လှိုင် တပည့်ဆိုတော့ သူ့ကို ဒု ဗိုလ်ချုပ်ကြီး အဆင့် တိုးပေးလိုက်တယ်”
မင်းအောင်လှိုင် ကြည်း၊ ရေ၊ လေ ပူးပေါင်းညှိနှိုင်းရေးမှူး ဖြစ်လာသောအခါ သူ့ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေးကွပ်မှုဌာနချုပ်တွင် စစ်ဆင်ရေးမှူးအဖြစ် ရာထူးတိုးပေးသည်။ ထိုနောက် သူ့ကို ပြင်ဦးလွင်ရှိ စစ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ခန့်သည်။
၂၀၁၄ ခုနှစ်တွင် အောင်လင်းဒွေးသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ကြီးကြပ်ရသည့် အနောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာသည်။
“သူ အနောက်ပိုင်းတိုင်း တိုင်းမှူးလုပ်နေတုန်း ရက္ခိုင့်တပ်တော် (AA) က သိသိသာသာ သြဇာကြီးမားလာတယ်။ တခြားလူဆိုရင် ပြုတ်သွားမှာ။ ဒါပေမယ့် အောင်လင်းဒွေးက မင်းအောင်လှိုင် တပည့်ဆိုတော့ သူ့ကို ဒု ဗိုလ်ချုပ်ကြီး အဆင့် တိုးပေးလိုက်တယ်” ဟု အငြိမ်းစား စစ်အရာရှိတဦးက ပြောသည်။
ထို့ကြောင့် သူသည် ၂၀၁၆ ခုနှစ်တွင် စစ်ဥပဒေချုပ် ဖြစ်လာသည်။
မင်းအောင်လှိုင်သည် စစ်တပ်သို့မဝင်မီက ဥပဒေပညာကို တနှစ်ခွဲခန့် လေ့လာဖူးသည်။ အရာရာကို ဥပဒေနှင့်အညီ လုပ်ရမည်ဟု သူက အမြဲတမ်း အမိန့်ထုတ်သည်။ သူက စစ်အာဏာသိမ်းမှုသည် ဥပဒေနှင့်ညီကြောင်း ခုခံပြောဆိုတတ်သည်။
စစ်ကောင်စီ အတွင်းရေးမှူးအနေဖြင့် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်ကောင်စီက ချမှတ်သည့် ဆုံးဖြတ်ချက်များသည် ဥပဒေနှင့်ညီကြောင်းပြောရန် တာဝန်ယူရသည်။
“အောင်လင်းဒွေး ရာထူးကြီးကြီးရထားတာ မင်းအောင်လှိုင်က သူ့ကိုယုံလို့။ သူက အဲဒီလောက် မတော်ဘူး။ သူက စာရေးချုပ်လောက်ပဲ အဆင့်ရှိတယ်။ တပ်ချုပ်ဆီက အမိန့်တွေကို လက်မှတ်ထိုးတာပဲ လုပ်ရတာ” ဟု DSA အပတ်စဉ် ၂၅ နှင့် ရင်းနှီးသော ရင်းမြစ်တခုက ဆိုသည်။
မိသားစု အကျိုးစီးပွား
စစ်သားတယောက်အနေဖြင့် ထူးချွန်ခြင်း မရှိသော်လည်း သူသည် မိသားစုအကျိုးစီးပွားကို ရှေ့တန်းတင်ရာတွင် အခြားဗိုလ်ချုပ်များကဲ့သို့ တော်သည်။
စစ်ကောင်စီ၏ ကန်ထရိုက်များကို တင်ဒါခေါ်သောအခါ ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် အဓိက ကိုင်တွယ်ရသူ ဖြစ်လာသည်။
ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ကောင်စီ အတွင်းရေးမှူး ဖြစ်လာသောအခါ သူ့မိသားစုပိုင် စီးပွားရေးလုပ်ငန်း ၃ ခုသည် တမဟုတ်ချင်း ကြီးထွားလာသည်။ မင်္ဂလာအောင်မြေ ကုမ္ပဏီ၊ အောင်မြင့်မိုရ်လင်း ကုမ္ပဏီနှင့် ရွှေရည်ဖြိုးပြည့် ကုမ္ပဏီတို့ကို သူ၏ဇနီး ဒေါ်ဥမ္မာမြင့်နှင့် ၎င်းတို့ သားသမီး ၃ ဦးက စီမံသည်။
“ယုံကြည်ရမယ့်သူတွေကိုသာ ကန်ထရိုက်တွေ ပေးရမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက အမိန့်ပေးထားတယ်။ အဲဒီကိစ္စကို ဆုံးဖြတ်ဖို့ အောင်လင်းဒွေးက သူ့သြဇာကို သုံးတယ်” ဟု နေပြည်တော်မှ စီးပွားရေးသမားတဦးက ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ကောင်စီ အတွင်းရေးမှူး ဖြစ်လာသောအခါ သူ့မိသားစုပိုင် စီးပွားရေးလုပ်ငန်း ၃ ခုသည် တမဟုတ်ချင်း ကြီးထွားလာသည်။ မင်္ဂလာအောင်မြေ ကုမ္ပဏီ၊ အောင်မြင့်မိုရ်လင်း ကုမ္ပဏီနှင့် ရွှေရည်ဖြိုးပြည့် ကုမ္ပဏီတို့ကို သူ၏ဇနီး ဒေါ်ဥမ္မာမြင့်နှင့် ၎င်းတို့ သားသမီး ၃ ဦးက စီမံသည်။
ကုမ္ပဏီရုံးခန်းများကို နေပြည်တော်ရှိ ၎င်းတို့နေထိုင်ရာ ရာဇသင်္ဂဟ အိမ်ယာတွင် ဖွင့်ထားပြီး စစ်ကောင်စီ၏ စီမံကိန်းများကို လုပ်ခွင့်ရလိုသော စီးပွားရေးသမားများသည် ထိုရုံးများသို့ အလုံးအရင်း လာရောက်ကြသည်ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
“စီးပွားရေးသမားတွေဆိုတာ ဗိုလ်ချုပ်တွေနဲ့ ကင်းလို့မရဘူး။ ဝန်ကြီးတွေ၊ ညွှန်ချုပ်တွေဆိုတာ သူတို့နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကိုပဲ ကန်ထရိုက်တွေ ချထားပေးတာ။ ဒါပေမယ့် သူတို့က နပ်တယ်။ စစ်ကောင်စီဝင်တွေရဲ့ သားသမီးတွေလုပ်မယ့် စီမံကိန်းတွေဆို သူတို့က လက်ရှောင်တယ်” ဟု ၎င်းက ပြောသည်။
အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ကုမ္ပဏီ ၃ ခုလုံးကို အမည်ပျက်စာရင်း သွင်းထားသည်။ ထိုကုမ္ပဏီများသည် ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။
တချိန်တည်းတွင် သူ၏နှမ ဒေါက်တာ စုစုဒွေးသည် မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ဘဝမှ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူချုပ်အဖြစ် ရာထူးတက်သွားသည်။
တချိန်တည်းတွင် သူ၏နှမ ဒေါက်တာ စုစုဒွေးသည် မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ဘဝမှ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူချုပ်အဖြစ် ရာထူးတက်သွားသည်။ ထိုသို့ရာထူးတိုးပေးခြင်းသည် ဒေါက်တာ စုစုဒွေးကို အဆင့်မြင့်ရာထူးပေးရန် ပထမဆုံး ခြေလှမ်းဖြစ်သည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန အရာရှိများ မြင်ကြသည်။
“ဒါက အာဏာရှင် လုပ်နည်းလုပ်ဟန်ပဲ။ တော်စရာ မလိုဘူး။ သူတို့ကို သစ္စာခံရင် ရပြီ။ ဒီကိစ္စမှာ အောင်လင်းဒွေးက အကောင်းဆုံး ဥပမာပဲ” ဟု သူနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
You may also like these stories:
လေးနှစ်ပြည့်တဲ့ ဗိုလ်ချုပ်ကြီးတိုင်း မနားရပါ
စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ
လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ