စားနပ်ရိက္ခာနှင့်လောင်စာအတွက် ပေးရန်ငွေမရှိတော့သောကြောင့် သီရိလင်္ကာ၏ အကြွေးပိနေသော စီးပွားရေးသည် ပြိုလဲသွားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က လွန်ခဲ့သောလ နှောင်းပိုင်းတွင် ကြေညာသည်။ ထိုသို့ မရှိမဖြစ်ပေးရန် လိုသောသွင်းကုန်များအတွက် ပေးချေရန် ငွေမရှိသလို အကြွေးများကိုလည်း ပြန်မဆပ်နိုင်တော့သောကြောင့် သီရိလင်္ကာနိုင်ငံသည် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့တို့ထံမှ အကူအညီတောင်းခံနေသည်။
မေလက စတင်တာဝန်ထမ်းဆောင်သော ဝန်ကြီးချုပ် ဝစ်ခရီမက်ဆင်းက နိုင်ငံစီးပွားရေးကို အလှည့်အပြောင်း ဖြစ်စေရန် လုပ်ဆောင်ရာတွင် သူရင်ဆိုင်ရသည့် ကြီးမားသောလုပ်ငန်းမှာ အောက်ဆုံးအဆင့်သို့ ဦးတည်နေကြောင်း ပြောသည်။ စနေနေ့တွင်မူ ဝန်ကြီးချုပ်နှင့် သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာတို့သည် ၎င်းတို့၏ နေအိမ်များကို စီးနင်းထားပြီး တလုံးကို မီးရှို့ပစ်လိုက်သည့် ဆန္ဒပြသမားများ၏ ကြီးထွားလာနေသော ဖိအားအောက်တွင် ရာထူးနုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာရသည်။
သီရိလင်္ကာနိုင်ငံသားများသည် အစားအသောက် နပ်ကျော်စားပြီး ပြတ်လပ်မှုကို သည်းခံနေရသလို ရှားပါးလှသော လောင်စာဆီဝယ်ရန်အတွက်လည်း နာရီပေါင်းများစွာ တန်းစီကြရသည်။
သီရိလင်္ကာနိုင်ငံသားများသည် အစားအသောက် နပ်ကျော်စားပြီး ပြတ်လပ်မှုကို သည်းခံနေရသလို ရှားပါးလှသော လောင်စာဆီဝယ်ရန်အတွက်လည်း နာရီပေါင်းများစွာ တန်းစီကြရသည်။ ယခုနောက်ဆုံး အကျပ်အတည်း နက်ရှိုင်းမလာမီအထိ စီးပွားရေးအလျှင်မြန်ဖွံ့ဖြိုးလာပြီး သက်တောင့်သက်သာရှိလာသော လူတန်းစားများ များပြားလာသည့် နိုင်ငံအတွက် ထိုဖြစ်ရပ်သည် ကြမ်းတမ်းလှသော အရှိတရားသာဖြစ်သည်။
အကျပ်အတည်း မည်မျှ ပြင်းထန်သနည်း
အစိုးရတွင် ပေးဆပ်ရမည့်အကြွေး ဒေါ်လာ ၅၁ ဘီလီယံရှိနေပြီး အကြွေးကို နည်းနည်းချင်းပြန်ဆပ်ရန် အသာထား အတိုးပေးချေမှုပင် မလုပ်နိုင်တော့ပေ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မောင်းနှင်အားဖြစ်သော ခရီးသွားလုပ်ငန်းသည် ကပ်ရောဂါနှင့် ၂၀၁၉ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုအပြီး လုံခြုံရေး စိုးရိမ်ပူပန်မှုများကြောင့် ထိုးရပ်သွားသည်။ နိုင်ငံ၏ငွေကြေးတန်ဖိုးသည် ၈၀ ရာခိုင်နှုန်း ပြိုလဲသွားပြီး သွင်းကုန်များဈေးကြီးကာ ထိန်းချုပ်မရဖြစ်နေသော ငွေကြေးဖေါင်းပွမှုကို ပိုမိုဆိုးရွားစေသောကြောင့် အစားအသောက်ဈေးနှုန်းများ ၅၇ ရာခိုင်နှုန်းတက်သွားကြောင်း တရားဝင်စာရင်းများအရ သိရသည်။
ရလဒ်မှာ နိုင်ငံသည် ဒေဝါလီခံရမည့်အခြေအနေသို့ အလျင်အမြန်ရောက်သွားပြီး ဓါတ်ဆီ၊ နို့၊ ထမင်းဟင်း ချက်ရန် ဓာတ်ငွေနှင့် ရေအိမ်သုံးစက္ကူအတွက်ပင် မည်သည့်ငွေကြေးမျှ မရှိတော့သည့် အခြေစိုက်သွားသည်။
နိုင်ငံရေးအကျင့်ပျက်ခြစားမှုသည်လည်း ပြဿနာတခုဖြစ်သည်။ ခြစားမှုသည် နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုများကို ဖြုန်းတီးလိုက်ရုံသာမက သီရိလင်္ကာကို ဘဏ္ဍာရေးကယ်တင်မှုလုပ်မည့် လုပ်ငန်းများကို ရှုပ်ထွေးဆိုးရွားသွားစေသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်မှ မည်သည့် အကူအညီမဆိုသည် မှားယွင်းစီမံမှု မဖြစ်စေရန် တင်းကျပ်သော စည်းကမ်းချက်များနှင့်သာ ရမည်
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်မှ မည်သည့် အကူအညီမဆိုသည် မှားယွင်းစီမံမှု မဖြစ်စေရန် တင်းကျပ်သော စည်းကမ်းချက်များနှင့်သာ ရမည်ဖြစ်ကြောင်း ဝါရှင်တန်ရှိ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မူဝါဒ သုတေသီနှင့် ဘောဂဗေဒပညာရှင် အန်နစ် မူခါဂျီပြောသည်။
သီရိလင်္ကာနိုင်ငံသည် ကမ္ဘာ့အလုပ်အများဆုံး ရေကြောင်းလမ်းပေါ်တွင် တည်ရှိနေပြီး ထိုသို့သေနင်္ဂဗျူဟာအရ အရေးပါသည့် နိုင်ငံတခု ပြိုလဲသွားစေမည့် အခြေအနေမျိုးကို ရွေးချယ်ကြမည် မဟုတ်ကြောင်း မူခါဂျီပြောသည်။
သာမန်ပြည်သူများကို မည်မျှ ထိခိုက်စေသနည်း
အပူပိုင်းဒေသဖြစ်သော သီရိလင်္ကာသည် ပုံမှန်အားဖြင့် အစားအစာ ပြတ်လပ်ခြင်းမရှိသော်လည်း ပြည်သူများ အငတ်ဘေး ကြုံနေရသည်။ မိသားစု ဆယ်စုတွင် ၉ စုသည် အစားအတာ နပ်ကျော်စားသောက် သို့မဟုတ် ရေရှည်ခံရန် လျှော့ချစားသောက်နေရသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်ပြောသည်။ လူ ၃ သန်းသည် လူသားချင်းစာနာမှု အရေးပေါ် အကူအညီရရှိနေသည်။
ဆရာဝန်များသည် အရေးပါသော ဆေးဝါးနှင့် ဆေးပစ္စည်းရရန် လူမှုကွန်ရက်ကို အားကိုးနေရသည်။ ပိုမိုများပြားလာသော သီရိလင်္ကာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်များရရှိပြီး ပြည်ပတွင် သွားရောက် လုပ်ကိုင်ရန် ကြိုးစားနေကြသည်။ ကိုယ့်အစားအစာ ကိုယ် စိုက်ပျိုးရန် အစိုးရဝန်ထမ်းများကို အားလပ်ရက် ပိုပေးထားသည်မှာ ၃ လကြာပြီဖြစ်သည်။
အကျဉ်းအားဖြင့် ဆိုရပါက ပြည်သူများ ဒုက္ခရောက်နေပြီး အခြေအနေကောင်းလာမည့် မျှော်လင့်ချက်မရှိပေ။
မည်သည့်အတွက် စီးပွားရေး ထိုမျှကျဆင်းသွားသနည်း
ထိုအကျပ်အတည်းသည် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု လွဲမှားခြင်းနှင့် အကျင့်ပျက်ခြစားခြင်း ကဲ့သို့သော ပြည်တွင်းအကြောင်းရင်းများမှ ဖြစ်လာကြောင်း ဘောဂဗေဒပညာရှင်များ ပြောသည်။
ထိုအကျပ်အတည်းသည် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု လွဲမှားခြင်းနှင့် အကျင့်ပျက်ခြစားခြင်း ကဲ့သို့သော ပြည်တွင်းအကြောင်းရင်းများမှ ဖြစ်လာကြောင်း ဘောဂဗေဒပညာရှင်များ ပြောသည်။
ပြည်သူအများစု၏ ဒေါသသည် သမ္မတ ရာဂျာပက်ဆာနှင့် သူ၏အကို ဝန်ကြီးချုပ်ဟောင်း မဟင်ဒါ ရာဂျာပက်ဆာသို့ ဦးတည်နေသည်။ မဟင်ဒါသည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ အကြမ်းဖက်မှုများ ရက်သတ္တပတ်အတန်ကြာ ဖြစ်လာသောကြောင့် မေလကမှ ရာထူးမှ နုတ်ထွက်ထားသူဖြစ်သည်။
အခြေအနေများ ပျက်စီးယိုယွင်းနေသည်မှာ လွန်ခဲ့သော နှစ်အတန်ကြာကပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ် အီစတာ ပွဲတော်တွင် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များကို အသေခံဖေါက်ခွဲတိုက်ခိုက်သောကြောင့် လူ ၂၆၀ ကျော်သေသည်။ ထိုဖြစ်ရပ်သည် အဓိက နိုင်ငံခြားငွေရင်းမြစ်ဖြစ်သော ခရီးသွားလုပ်ငန်းကို ပျက်စီးသွားစေသည်။
အခြေခံအဆောက်အအုံ စီမံကိန်းကြီးများအတွက် ပြည်ပကြွေးမြီ မြင့်မားလာသောကြောင့် အစိုးရသည် ဝင်ငွေ မြှင့်တင်ရန် လိုအပ်နေသော်လည်း ရာဂျာပက်ဆာသည် သီရိလင်္ကာသမိုင်းတွင် အကြီးမားဆုံး အခွန်ဖြတ်တောက်မှုကို တွန်းအားပေးလုပ်ဆောင်သည်။ ထိုအခွန်လျှော့ချမှုများကို မကြာသေးမီက ပြန်လည် ရုတ်သိမ်းလိုက်သော်လည်း မြီရှင်များက နိုင်ငံခြားအရန်ငွေ နည်းနေသော သီရိလင်္ကာ၏ ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှုအဆင့်ကို လျှော့ချပြီး နောက်ထပ်ချေးငွေများကို ပိတ်ပင်လိုက်သည်။ ကပ်ရောဂါအတွင်း ခရီးသွားလုပ်ငန်းသည် သေလုနီးပါး ဖြစ်သွားရပြန်သည်။
၂၀၂၁ ခုနှစ် ဧပြီလတွင် ရာဂျာပက်ဆာက ဓာတုမြေသြဇာများတင်သွင်းခြင်းကို ရုတ်တရက် ပိတ်ပင်လိုက်သည်။ လယ်သမားများသည် သြဂဲနစ်စိုက်ပျိုးရေးတွင် အငိုက်မိသွားပြီး အဓိက အစားအစာဖြစ်သော ဆန်စပါးသီးနှံများ ထွက်နှုန်းကို အကြီးအကျယ်ထိခိုက်စေကာ ဈေးနှုန်းများ တက်ကုန်သည်။ နိုင်ငံခြားငွေ ချွေတာရေးအတွက် ဇိမ်ခံပစ္စည်းဟုသတ်မှတ်သော ပစ္စည်းများကိုလည်း ပိတ်ပင်လိုက်သည်။ တချိန်တည်းတွင် ယူကရိန်းစစ်ပွဲကလည်း အစာအစာနှင့် ရေနံဈေးများ မြင့်တက်သွားစေသည်။ မေလတွင် ငွေကြေးဖေါင်းပွမှုသည် ၄၀ ရာခိုင်နှုန်းနီးပါးရှိပြီး အစားအသောက် ဈေးနှုန်းများ ၆၀ ရာခိုင်နှုန်းတက်သည်။
စီးပွားရေးပြိုလဲသွားပြီဟု ဝန်ကြီးချုပ်က မည်သည့်အတွက်ပြောသနည်း
ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သည်မှာ ၆ ကြိမ်ရှိပြီဖြစ်သော ဝစ်ခရီမက်ဆင်၏ ဆိုးရွားလှသော ကြေညာချက်သည် စီးပွားရေး အခြေအနေ အပေါ် မည်သည့်ယုံကြည်မှုမျှ မရှိစေတော့ဘဲ မည်သည့် တိုးတက်မှုကိုမျှလည်း ထင်ဟပ်ခြင်း မရှိပေ။ ဝန်ကြီးချုပ်သည် သူ၏အစိုးရ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုသာ မီးမောင်းထိုးပြပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံမှ အကူအညီတောင်းခံကာ အတန်ကြာ ရာထူးလက်ခံပြီးနောက် တိုးတက်မှုမရှိခြင်းအတွက် ဝေဖန်မှုများကိုသာ ခံနေရသည်။ သူ၏ အထက်ပါပြောကြားချက်သည် အချိန်ဆွဲရန်သာ ရည်ရွယ်ပုံရပြီး စီးပွားရေးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် သူလုပ်နေချိန်တွင် ထောက်ခံမှုရအောင် လုပ်ခြင်းသာဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် အသုံးပြုနိုင်သော နိုင်ငံခြားအရန်ငွေကြေး ဒေါ်လာ ၂၅ သန်းသာရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာသည်။ ထိုအခြေအနေကြောင့် သီရိလင်္ကာနိုင်ငံသည် ဘီလီယံနှင့် ချီသည့် အကြွေးများကို ပြန်မပေးနိုင်ရုံသာမက သွင်းကုန်အတွက်ငွေပေးချေရန်ပင် မရှိတော့ပေ။
သီရိလင်္ကာနိုင်ငံတွင် အသုံးပြုနိုင်သော နိုင်ငံခြားအရန်ငွေကြေး ဒေါ်လာ ၂၅ သန်းသာရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာသည်။ ထိုအခြေအနေကြောင့် သီရိလင်္ကာနိုင်ငံသည် ဘီလီယံနှင့် ချီသည့် အကြွေးများကို ပြန်မပေးနိုင်ရုံသာမက သွင်းကုန်အတွက်ငွေပေးချေရန်ပင် မရှိတော့ပေ။
တချိန်တည်းတွင် သီရိလင်္ကာ ရူပီးသည် အမေရိကန် တဒေါ်လာလျှင် ရူပီး ၃၆၀ အထိ အားပျော့သွားသည်။ ထို့ကြောင့် သွင်းကုန်များအတွက် ကုန်ကျစရိတ်သည် အတားအဆီးသဖွယ် ပိုမိုဖြစ်လာသည်။ သီရိလင်္ကာသည် ၂၀၂၆ ခုနှစ်တွင် ပြန်ပေးရန် အချိန်စေ့သည့် ဒေါ်လာ ၂၅ ဘီလီယံအနက် ယခုနှစ်တွင် အချိန်စေ့သည့် ဒေါ်လာ ၇ ဘီလီယံ ပြန်လည်ပေးချေမှုကို ဆိုင်းငံ့ထားရသည်။
အကျပ်အတည်းကို အစိုးရက မည်သို့ ကိုင်တွယ်နေသနည်း
ယခုအချိန်အထိ သီရိလင်္ကာသည် အိန္ဒိယထံမှ ရရှိထားသောချေးငွေ ဒေါ်လာ ၄ ဘီလီယံကို အဓိက အားကိုးကာ စမ်းတဝါးဝါး လုပ်ကိုင်နေသည်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် မြို့တော် ကိုလံဘိုသို့ ဇွန်လတွင်ရောက်လာပြီး နောက်ထပ်အကူအညီများပေးရန် ဆွေးနွေးသည်။ သို့သော် ဝစ်ခရီမက်ဆင်က သီရိလင်္ကာနိုင်ငံ ဆက်လက်ရပ်တည်နိုင်ရေး အိန္ဒိယကို ရေရှည်အားကိုးရခြင်းနှင့်ပတ်သက်ပြီး သတိပေးသည်။
“သီရိလင်္ကာနိုင်ငံသည် နောက်ဆုံးမျှော်လင့်ချက်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကို အားကိုးနေ” ဆိုသည့် ခေါင်းစဉ်တခု ကိုလံဘိုတိုင်းမ်းတွင် ဇွန်လက ပါလာသည်။ အစိုးရသည် အကူအညီများ ရရှိရေးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဆွေးနွေးနေပြီ ဝစ်ခရီမက်ဆင်က ယခုနွေရာသီ နှောင်းပိုင်းတွင် မဏာမသဘောတူညီချက်ရမည်ဟု မျှော်လင့်ကြောင်းပြောသည်။
သီရိလင်္ကာသည် တရုတ်ထံမှလည်း အကူအညီများ ထပ်မံတောင်းဆိုသည်။ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျ ကဲ့သို့သော အခြားအစိုးရများကလည်း ဒေါ်လာသန်း ရာဂဏန်းအနည်းငယ် ထောက်ပံ့ကြသည်။
ဇွန်လအစောပိုင်းတွင် ကုလသမဂ္ဂသည် သီရိလင်္ကာအကူအညီအတွက် ကမ္ဘာတဝှမ်းမှ အကူအညီများကို လူသိရှင်ကြားတောင်းခံသည်။ လက်ရှိအချိန်အထိ သီရိလင်္ကာနိုင်ငံ နောက်ထပ် ၆ လ ဆက်လက်ရပ်တည်ရန် လိုသည့် ဒေါ်လာ ၆ ဘီလီယံ၏ အပိုင်းအစပင် မရသေးပေ။
ဇွန်လအစောပိုင်းတွင် ကုလသမဂ္ဂသည် သီရိလင်္ကာအကူအညီအတွက် ကမ္ဘာတဝှမ်းမှ အကူအညီများကို လူသိရှင်ကြားတောင်းခံသည်။ လက်ရှိအချိန်အထိ သီရိလင်္ကာနိုင်ငံ နောက်ထပ် ၆ လ ဆက်လက်ရပ်တည်ရန် လိုသည့် ဒေါ်လာ ၆ ဘီလီယံ၏ အပိုင်းအစပင် မရသေးပေ။
လောင်စာဆီပြတ်တောက်မှုကို တုံ့ပြန်နိုင်ရန်အတွက် ရုရှားမှ ရေနံကို ပိုမိုများပြားသော လျှော့ဈေးဖြင့်ဝယ်ရန် စဉ်းစာမည်ဖြစ်ကြောင်း ဝစ်ခရီမက်ဆင်ဂီက Associated Press နှင့် မကြာသေးမီက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။
( Associated Press မှ Sri Lanka crisis: Why the country’s economy collapsed and what’s next? ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ
ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ
စစ်ခေါင်းဆောင်သားနှင့် ခရိုနီတချို့ပေါင်းပြီး ရုရှားဆီ တင်သွင်းရန် ကြံစည်နေ