• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄

by ဧရာဝတီ
16 July 2022
in ဆောင်းပါး
A A
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိသည့် ခြံအမှတ် ၅၄  / ဧရာဝတီ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိသည့် ခြံအမှတ် ၅၄ / ဧရာဝတီ

23k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ လက်အောက် ထောင်သွင်းအကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်လည်ထားရှိရေး မျှော်လင့်ချက်နဲ့ တကျော့ပြန်ပေါ်လာတဲ့ အမွေဆိုင်အမှုတွေကြောင့် ခြံအမှတ် ၅၄ ဟာ သတင်းစာမျက်နှာတွေထက် ပြန်ပြီးတော့ နေရာယူလာခဲ့ပါတယ်။

စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိမှာ နေပြည်တော် အချုပ်ထောင်အတွင်း ပို့ဆောင် အကျဉ်းချထားပေမယ့် အကျယ်ချုပ်ထားစဉ်က အတူနေခဲ့သူတွေကို မကြာသေးမီကပဲ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ ကို ပို့ဆောင်ခဲ့ပါတယ်။

RelatedPosts

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
287
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.2k
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

17 June 2025
1.7k

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်အတွင်းမှထုတ်ကာ နေအိမ်အကျယ်ချုပ် ပြန်လည်ထားရှိဖို့ တိုက် တွန်းတောင်းဆိုမှုတွေ ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာရှိတဲ့ သူ့ရဲ့နေအိမ် ခြံအမှတ် ၅၄ ကို ရွှေ့ပြောင်းလိုက် ပြီဆိုတဲ့ ကောလာဟလ သတင်းမှားတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အကြံပေးတဦးက “ နိုင်ငံရေးအပြောင်းအလဲက မျိုးစုံဖြစ်နိုင်တော့ ဒါက ကြိုပြီး ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်က အိမ်ကို တကယ်ရွှေ့ပြောင်းခဲ့ရင်လည်း ဟိုတုန်းက ဗိုလ် သန်းရွှေ သွားခဲ့သလို ပြန်သွားချင်တဲ့ သဘောပါပဲ” လို့ မှတ်ချက်ပြုပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကစလို့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ ဆယ်စုနှစ် ၂ ခုအတွင်း ၁၅ နှစ်လောက်ဟာ ခြံအမှတ် ၅၄ ထဲမှာပဲ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်အချုပ်ချခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကစလို့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ ဆယ်စုနှစ် ၂ ခုအတွင်း ၁၅ နှစ်လောက်ဟာ ခြံအမှတ် ၅၄ ထဲမှာပဲ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်အချုပ်ချခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အကျယ်ချုပ်ကာလတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေးအတွက် စွန့်လွှတ်အနစ်နာခံမှုတွေ၊ စစ်အာ ဏာရှင်ကို ကြံ့ကြံ့ခံရင်ဆိုင် အံတုခဲ့ပုံတွေနဲ့အတူ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အဖြစ်နဲ့ ကမ္ဘာက အတူယှဉ်တွဲ သိရှိခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ်က ခြံအမှတ် (၅၄) နေအိမ်၏ မြောက်ဘက်မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ

တကယ်တမ်း ခြံအမှတ် ၅၄ ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ မတိုင်မီကတည်းက မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဒွန်တွဲ လာခဲ့ပြီး လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ကတော်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် ကွယ်လွန်သည်အထိ နေထိုင်သွားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

အင်းယားကန်ကို နောက်ခံထားပြီး ကိုလိုနီခေတ်လက်ရာဆန်တဲ့ ခြံအမှတ် ၅၄ ထဲက နှစ်ထပ်နေအိမ်ကြီးကို လွတ်လပ်ရေး မရမီအချိန်က တည်ဆောက်ခဲ့ပုံရပြီး ဒေါ်ခင်ကြည်တို့ မိသားစုကို ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီက အတူနေထိုင်ခဲ့ကြတဲ့ တာဝါလိန်းလမ်း နေအိမ် (ယခု ဗိုလ်ချုပ်ပြတိုက်) ကနေ ခြံအမှတ် ၅၄ နေအိမ်ကို ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ဖဆပလ အစိုးရကနေ ဝယ်ယူ ပေးခဲ့တာလို့ သိရပါတယ်။

မူလပိုင်ရှင်မှာ ပုလင်းတံဆိပ် အာယုဒီဃ ဆေးတိုက်နဲ့ စာပုံနှိပ်တိုက်ပိုင်ရှင် ဦးတန်ဆိုင်ဖြစ်ပြီး ကွယ်လွန်တဲ့အခါ သမီးနဲ့ သားမက်တို့က ဘဏ်မှာ အပေါင်ထားရာမှ ပြန်မရွေးနိုင်ဘဲ ဆုံးခါနီး သခင်နုက ကြားဖြတ်ရွေးယူကာ ဗိုလ်ချုပ်ကတော်ကို ဝယ်ပေး ပေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဒေါ်ခင်ကြည် အနေနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ကာ ခြံအမှတ် ၅၄ မှာ နေထိုင်ရင်း လွှတ်တော် အမတ်တာဝန်၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်တွေအပြင် ကျန်းမာရေးနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ အတွက် နိုင်ငံကိုယ်စားပြုကာ ပြည်ပနိုင်ငံတွေအထိ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒီအတွက် နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရရှိခဲ့သလို မြန်မာဆန်စွာဝတ်စားပြီး ရိုးရှင်းစွာ ပြုမူနေထိုင်ပုံတွေကြောင့်လည်း အတုယူဖွယ် စံပြအမျိုးသမီးတဦး အနေနဲ့ လေးစားအသိအမှတ်ပြုခဲ့ကြသလို တိုင်းပြည်ရဲ့မိခင်အဖြစ်ပါ တင်စားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၆၇ ခုနှစ်မှာ အငြိမ်းစားယူခဲ့တဲ့ ဒေါ်ခင်ကြည် အနေနဲ့ ခြံအမှတ် ၅၄ ထဲမှာ ပန်းပင်တွေစိုက်ရင်း အစ်မဖြစ်သူ ‌ဒေါ်ခင်ကြီး (ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်း ဇနီး) တို့ မိသားစုနဲ့အတူနေ ထိုင်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးတဲ့နောက် ၁၉၆၇ ခုနှစ်မှာ အငြိမ်းစားယူခဲ့တဲ့ ဒေါ်ခင်ကြည် အနေနဲ့ ခြံအမှတ် ၅၄ ထဲမှာ ပန်းပင်တွေစိုက်ရင်း အစ်မဖြစ်သူ ‌ဒေါ်ခင်ကြီး (ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်း ဇနီး) တို့ မိသားစုနဲ့အတူနေ ထိုင်ခဲ့ကြပါတယ်။

ထိုစဉ် ကာလတွေကတည်းက ဒေါ်ခင်ကြည်နေထိုင်ရာ ခြံအမှတ် ၅၄ ဟာ နိုင်ငံရေးသမားတွေ ဝင်ထွက်သွားလာရာ နေရာ တခုဖြစ်ခဲ့ပြီး အစိုးရအပေါ် ဝေဖန်သုံးသပ် ဆွေးနွေးမှုတွေ ပြုလုပ်ကြရာ နေရာတခု ဖြစ်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားမှုနဲ့အတူ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့ ကာလ အတွင်းမှာ ဒေါ်ခင်ကြည်ဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့တဲ့အတွက် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိခင်ဖြစ်သူကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ ပြည်ပကနေ ပြန်လာခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်၊ အသက် ၇၆ နှစ်အရွယ်မှာပဲ ဒေါ်ခင်ကြည် ကွယ်လွန်သွားခဲ့ပြီး ခြံအမှတ် ၅၄ မှာပဲ ပြုလုပ်ခဲ့တဲ့ ဈာပနအခမ်းအနားကို ထိုစဉ်က စစ်အစိုးရခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်မှူးချုပ် ခင်ညွန့်တို့ နာရေးသတင်း လာမေးခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား သူမ၏နေအိမ်သို့ လာရောက်သည်ကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုဆိုနေပုံ

ဒေါ်အောင်ဆန်းစုကြည်ကတော့ မိခင်ဖြစ်သူ မဆုံးပါးမီ ပိုမိုပြင်းထန်လာတဲ့ လူထုအရေးတော်ပုံနဲ့အတူ နိုင်ငံရေးထဲ ပါဝင်နေခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှု နိုင်ငံရေးခရီးကြမ်းကို ခြံအမှတ် ၅၄ ထဲကနေပဲ စတင်ခဲ့ပါတယ်။

၁၉၈၈ ဩဂုတ် ၂၆ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြံအမှတ် ၅၄ ကထွက်ပြီး လူသိန်းချီ တက်ရောက်ခဲ့တဲ့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ် လူထုအစည်းအဝေးပွဲကို တက်ရောက်ကာ မိန့်ခွန်းဟောပြောခဲ့ပါတယ်။

“မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုသမိုင်းမှာ ဒီခြံအမှတ် ၅၄ က အရေးပါခဲ့တဲ့၊ အထောက်အကူပြုခဲ့တဲ့ နေရာပေါ့။ အဲဒီကနေပဲ စည်းရုံးတယ်။ အခမ်းအနားတွေ လုပ်ကြတယ်။ NLD ပါတီ ပေါ်ပေါက်လာဖို့ စတင်အခြေတည်ရာ နေရာလို့လည်း ပြောလို့ရတယ်” လို့ NLD ပါတီ အကြံပေးတဦးက ပြောပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် “မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံသည်ပင်လျှင် ခြံအမှတ် ၅၄ ထဲကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် “မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံသည်ပင်လျှင် ခြံအမှတ် ၅၄ ထဲကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဒီမိုကရေစီအတွက် ရပ်တည်ရင်း ဖခင်ဖြစ်သူတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ မောင်နှမပါလို့ ထုတ်ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စစ်အာဏာရှင် အဆက်ဆက်ကတော့ ရန်သူသဖွယ် ကြမ်းတမ်းတဲ့ ဖိနှိပ်မှုတွေနဲ့သာ တုံ့ပြန်ဆက်ဆံခဲ့ပါတယ်။

၁၉၈၉ ခုနှစ်ကစလို့ ၂၀၁၀ ခုနှစ်ထိ ဆယ်စုနှစ် ၂ ခုကြာ ကာလအတွင်း အကြောင်းအမျိုးမျိုးပြပြီး ခြံအမှတ် ၅၄ နေအိမ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်အဖြစ်နဲ့ စစ်အာဏာရှင်တွေက ချုပ်နှောင်ခဲ့ပါတယ်။

အဲဒီကာလတွေအတွင်း ချို့တဲ့အထီးကျန်စွာ ဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ပွန်းဖြစ်သူ ကွယ်လွန်ခါနီး အထိ သွားရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့သလို သား ၂ ဦးကိုလည်း ခွဲခွာချန်ထားရစ်ကာ ကြမ်းတမ်းတဲ့ နိုင်ငံရေးဖိနှိပ်မှုတွေ ကို အံတုရင်ဆိုင်ခဲ့ပါတယ်။

ဒီအခြေအနေကို ထင်ဟပ်တဲ့ ထုတ်ဖော်ပြောဆိုမှု အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီမှာ သူ့ရဲ့မိသားစု အိမ်ထောင်စု စာရင်းထဲ သူတယောက်ထဲသာ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးပါတယ်။

စစ်အစိုးရကနေ အရပ်သားတပိုင်း အစိုးရကို ပြောင်းလဲဖို့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ် ၅၄ ကို လာရောက်တွေ့ဆုံ ဆွေးနွေးမှုတွေ များစွာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အစိုးရကနေ အရပ်သားတပိုင်း အစိုးရကို ပြောင်းလဲဖို့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ခြံအမှတ် ၅၄ ကို လာရောက်တွေ့ဆုံ ဆွေးနွေးမှုတွေ များစွာ ပြုလုပ်ခဲ့ကြပါတယ်။

ခြံအမှတ် ၅၄ ကို လာရောက်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲ အမေရိကန်သမ္မတ အိုဘားမား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဟီလာရီကလင်တန် တို့လည်း ပါဝင်ခဲ့ပါတယ်။
ထိုကာလတွေအတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတင်းစာရှင်းလင်းပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ စည်းရုံးဆွေး နွေးမှုတွေကို ခြံအမှတ် ၅၄ ထဲမှာပဲ ပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခြံအမှတ် ၅၄ မှာ နေထိုင်ခြင်း မရှိတော့ဘဲ နေပြည်တော်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

ထိုအချိန်ကစလို့ ခြံအမှတ် ၅၄ ရဲ့ သတင်းတွေက သတင်းစာမျက်နှာတွေထက် နည်းပါးသွားခဲ့ပေမယ့် အာဇာနည်နေ့ ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ခြံအမှတ် ၅၄ မှာ အလှူအတန်း ပြုလုပ်လေ့ ရှိပါတယ်။

ဗြိတိန် နိုင်ငံခြားရေးရာ အတွင်းရေးမှူး William Hague (ယာ) ခြံအမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်းသို့ လာခဲ့စဉ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ ပထမဆုံး နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်တဲ့ ၂၀၁၆ တုန်းက ခြံအမှတ် ၅၄ မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကျွေးအလှူကို လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့ပါသေးတယ်။

အခြားတဖက်မှာလည်း ခြံအမှတ် ၅၄ နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ် ၂၀၀၁ ခုနှစ် ကတည်းက အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အမွေခွဲလိုမှု တရားစွဲဆိုထားမှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ခြံအမှတ် ၅၄ ရဲ့ အမွေဆိုင်မှုဟာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ယနေ့ထိတိုင် ပြီးပြတ်ခြင်း မရှိသေးပေ။

၂၀၁၂ ခုနှစ်မှာ တယောက်တဝက် ခွဲဝေယူဖို့ တရားရုံးက ကနဦး အမိန့်ချခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံတက်ခဲ့လို့ ၂၀၁၆ ခုနှစ်မှာတော့ အနောက်ပိုင်းခရိုင်တရားရုံးကနေ ဦးအောင်ဆန်းဦးကို ပေ ၁၀၀၊ ပေ ၇၀ ခန့် အကျယ်ရှိတဲ့ နေအိမ်အရှေ့ဘက်အား ယူစေပြီး နှစ်ထပ်အိမ် ပါဝင်တဲ့ အနောက်ဘက်ခြမ်းကိုမူ ဒေါ်အောင် ဆန်းစုကြည်က ယူစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်မှာ တယောက်တဝက် ခွဲဝေယူဖို့ တရားရုံးက ကနဦး အမိန့်ချခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံတက်ခဲ့လို့ ၂၀၁၆ ခုနှစ်မှာတော့ အနောက်ပိုင်းခရိုင်တရားရုံးကနေ ဦးအောင်ဆန်းဦးကို ပေ ၁၀၀၊ ပေ ၇၀ ခန့် အကျယ်ရှိတဲ့ နေအိမ်အရှေ့ဘက်အား ယူစေပြီး နှစ်ထပ်အိမ် ပါဝင်တဲ့ အနောက်ဘက်ခြမ်းကိုမူ ဒေါ်အောင် ဆန်းစုကြည်က ယူစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦးက “တဝက်ထက် နည်းတယ်။ အိမ်မကြီးကိုလည်း မျှမျှတတ မရဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦးဘက်က ကျေနပ်မှု မရှိဘဲ အဆင့်ဆင့် အယူခံတက်ရာမှာ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး အဆင့်ဖြစ်တဲ့ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၂၀ အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးထံ ၂၀၁၉ ခုနှစ်မှာ အထူးအယူခံ အနေနဲ့ လျှောက်ထားခဲ့ပါတယ်။

ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၂၀ မှာ “အထူးအယူခံခုံရုံး (သို့မဟုတ်) စုံညီခုံရုံးဖြင့် စစ်ဆေးစီရင်ထားသည့် အမှုမှအပ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အပြီးသတ် စစ်ဆေးစီရင်ထားသည့် မည်သည့်အမှုကိုမဆို အများပြည်သူအကျိုးငှာ အရေးယူလောက်သော ပြဿနာတရပ်ရပ် ပေါ်ပေါက်သည်ဟု ပြည်ထောင်စုတရားသူကြီးချုပ်က မိမိသဘော အရ ထင်မြင်ယူဆလျှင် ထိုပြဿနာကို အယူခံခုံရုံး (သို့မဟုတ်) စုံညီခုံရုံးဖြင့် ပြည်လည်စစ်ဆေး စီရင်စေနိုင်သည်” လို့ ပြဋ္ဌာန်းထားပါတယ်။

ထို့အတွက် ဦးအောင်ဆန်းဦးဘက်က လျှောက်ထားချက်ဟာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးရဲ့ သဘောထားနဲ့ပဲ ပြန်လည် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

“ထူးထူးဆန်းဆန်းပါပဲ။ ပြည်ထောင်စု တရားစီရင်မှု ပုဒ်မ ၂၀ ဆိုတာက အင်မတန်ဖွင့်ခဲတဲ့ ကိစ္စပဲ။ ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင် ဖွင့်ဖို့ဆိုတာက အမှုပွင့်ခဲတယ်။ ဟိုတုန်းကဆို အဲဒီလို အမှုတွေက အိမ်နဲ့ နှစ်လုံးစာလောက် ရှိနေတာပဲ။ တနိုင်ငံလုံး တင်နေကြတာ။ အဲဒီထဲကမှ၊ နှစ်ပေါင်းများစွာမှ တမှုနှစ်မှု ပွင့်ဖို့ဆိုတာ မလွယ်ဘူး” လို့ ရှေ့နေတဦးက မှတ်ချက်ပြုပါတယ်။

သို့သော် ဦးအောင်ဆန်းဦးရဲ့ လျှောက်ထားချက်ဟာ ၂ နှစ်ကျော်ကြာ ပျောက်ကွယ်နေခဲ့ပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနဲ့အတူ ဒေါ်အောင်ဆန်စုကြည်ကို ဖမ်းဆီးချုပ်နှောင် အပြီးမှာတော့ အမှုဟာ ပြန်ပွင့်လာခဲ့ပြီး ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ နှစ်ဖက် ပြန်လည် ကြားနာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဦးအောင်ဆန်းဦး ဘက်ကတော့ ခြံအမှတ် ၅၄ နဲ့ ပတ်သက်လို့ လေလံတင် ထုခွဲရောင်းချပြီး ရလာတဲ့ပိုက်ဆံကို အညီအမျှ ခွဲဝေယူဖို့ပဲ တောက်လျှောက် တောင်းဆိုလျက် ရှိပါတယ်။ ခြံအမှတ် ၅၄ ရဲ့ ကာလတန်ဖိုးအရ အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တန်ကြေးရှိတယ်လို့ ခန့်မှန်းပြောဆိုတာတွေ ရှိပါတယ်။

ဦးအောင်ဆန်းဦး ဘက်ကတော့ ခြံအမှတ် ၅၄ နဲ့ ပတ်သက်လို့ လေလံတင် ထုခွဲရောင်းချပြီး ရလာတဲ့ပိုက်ဆံကို အညီအမျှ ခွဲဝေယူဖို့ပဲ တောက်လျှောက် တောင်းဆိုလျက် ရှိပါတယ်။
ခြံအမှတ် ၅၄ ရဲ့ ကာလတန်ဖိုးအရ အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တန်ကြေးရှိတယ်လို့ ခန့်မှန်းပြောဆိုတာတွေ ရှိပါတယ်။

လက်ရှိ ရန်ကုန်မြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း လုပ်ကိုင်နေသူတဦးကတော့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်း ပတ်ဝန်းကျင် နေရာတွေမှာ ၁ စတုရန်းပေကို ဈေးနှုန်း အနိမ့်ဆုံး ကျပ် ၃ သိန်းခွဲမှ ကျပ် ၆ သိန်း၊ ၇ သိန်းအထိ ပေါက်ဈေး ရှိနေပြီး အရောင်းအဝယ်ကတော့ သိပ်မဖြစ်ဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဆိုပါက ၁ စတုရန်းပေလျှင် ကျပ် ၆ သိန်းခန့် ရှိတယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။

ဒီအတွက် အကျယ်အဝန်း ၁ ဒသမ ၉၂၃ ဧကရှိတဲ့ ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် (၅၄/၅၆) ရဲ့ တန်ဖိုးအနေနဲ့ စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးအရ တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်သာ ရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မြေရောင်း/ဝယ်ခြင်းတွေအပေါ် အခွန် စည်းကြပ်ရန် သတ်မှတ်နှုန်းထားမှာတော့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ၁ စတုရန်းပေလျှင် ကျပ် ၂ သိန်းသာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ နိုင်ငံခြားသားခံယူထားသူဟာ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ရှေ့နေတွေက ဆိုပါတယ်။

ဦးအောင်ဆန်းဦးကိုလည်း အမေရိကန်နိုင်ငံသား ခံယူထားသူအဖြစ် လူအများက သိနားလည်ထားကြတာ ဖြစ်ပါတယ်။

“ဦးအောင်ဆန်းဦးက နိုင်ငံခြားသားဖြစ်လို့ ပစ္စည်းပိုင်ဆိုင်ခွင့် မရှိဘူး။ ရောင်းပြီး ငွေယူရင်ယူပေါ့။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတော့ ယူလို့မရဘူး။ မင်းအောင်လှိုင်က လုပ်ချင်ရာလုပ်တာဆိုတော့ လုပ်ချင်ရင်လည်း ဥပဒေဖျက်ပေါ့” လို့ ရှေ့နေတဦးက ဆိုပါတယ်။

“ဦးအောင်ဆန်းဦးက နိုင်ငံခြားသားဖြစ်လို့ ပစ္စည်းပိုင်ဆိုင်ခွင့် မရှိဘူး။ ရောင်းပြီး ငွေယူရင်ယူပေါ့။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတော့ ယူလို့မရဘူး။ မင်းအောင်လှိုင်က လုပ်ချင်ရာလုပ်တာဆိုတော့ လုပ်ချင်ရင်လည်း ဥပဒေဖျက်ပေါ့” လို့ ရှေ့နေတဦးက ဆိုပါတယ်။

၂၀၁၁ ခုနှစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်အရှေ့ဘက် မြက်ခင်းပြင်တွင် တွေ့ဆုံနေပုံ

ပြည်သူတွေ အနေနဲ့ကတော့ ခြံအမှတ် ၅၄ နဲ့ ပတ်သက်ပြီး လေလံတင် ထုခွဲရောင်းချမှာကို မလိုလားကြောင်း ပြောဆိုကြသလို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုတွေ နေထိုင်ခဲ့တဲ့ နေရာလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ် ရှားမှုတွေနဲ့ ခွဲခြားထားလို့မရတဲ့ သမိုင်းဝင်နေရာတခုဖြစ်လို့ အနာဂတ်လူငယ်တွေ လေ့လာသိရှိနိုင်မယ့် သမိုင်းပြတိုက်တခု အဖြစ်သာ ထားရှိဖို့ ဆန္ဒရှိကြပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်သူတဦးက “ဒီလိုပုဂ္ဂိုလ်တွေ နေခဲ့တဲ့နေရာက ဒီတိုင်းပြည်ရဲ့ နောင်အနာဂတ်အတွက် သမိုင်းမော်ကွန်း ထားရမယ့် နေရာတွေပဲဟာ။ သမိုင်းမှတ်တမ်း ထားရမယ့် နေရာမျိုးပါ” လို့ သူ့ရဲ့ ယူဆချက်ကို ပြောပါတယ်။

ခြံအမှတ် ၅၄ ကို သမိုင်းပြတိုက်အဖြစ် ထားရှိရေး ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဦးအောင်ဆန်းဦး အနေနဲ့ ယတိပြတ် ငြင်းဆန်းတာမျိုး မရှိပေမယ့် သူ ပိုင်ဆိုင်ခွင့်ရှိတဲ့ တန်ရာတန်ကြေးပေးဖို့ကိုတော့ ၂၀၁၉ ခုနှစ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတင်သွင်းစဉ်က ပြောဆိုခဲ့ပါတယ်။

“ကျနော်က တဝက်ပိုင်တာ။ ကျနော့်ကို ကျေနပ်အောင် ကျနော့်ပိုင်ဆိုင်မှုကို ဝယ်ပြီးတော့ သူတို့ဘာသူတို့ တဝက် ကို Monument (အထိမ်းအမှတ် အဆောက်အအုံ) လုပ်ချင်ရင်‌တော့ ရပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ဟာကို တန်ရာတန်ဖိုးကို မပေးဘဲ အမျိုးမျိုး အကြောင်းတွေပြပြီးတော့၊ လျှော့ချပြီးတော့ အကုန်လုံး အပိုင်စီးတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် “ကျနော့်အဖေ ပြတိုက်က ရှိပြီးနေပြီ။ မိခင် ဒေါ်ခင်ကြည်လည်း သူလည်း အဲဒီပြတိုက်နဲ့ ပတ်သက်လို့ ပါသင့်တဲ့နေရာမှာ ရှိနေပြီ။ ကျနော်တို့က မိသားစုအနေနဲ့ ပါနေပြီ။ အခု ပြတိုက်ဆိုတာက ကျနော်က လုံးဝ မိသားစုနဲ့ ပါမယ့်ပုံလည်း မပေါ်ဘူး။ အမေကရော ပါလားဆိုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါကြီးက သမိုင်းဝင်တယ်ဆိုတာ ဘာဖြစ်လို့ သမိုင်းဝင်လဲ။ ဟီလာရီကလင်တန်နဲ့ အိုဘားမား လာတယ်။ အဲဒီ သမိုင်းဝင်တယ်ဆိုတဲ့ ဟာကြီးကလည်း ဒေါ်ခင်ကြည်နဲ့ သူတို့တွေ့တာ မဟုတ်ဘူး။ ဒေါ်ခင်ကြည်ပြတိုက် အနေနဲ့ ဘာမှ သမိုင်းဝင်တာ မဟုတ်ဘူး” လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ခြံအမှတ် ၅၄ မှာ နာမကျန်းတဲ့မိခင်ကို ပြုစုရင်း နေထိုင်ခဲ့ရသလို နှစ်ပေါင်းများစွာ အကျယ်ချုပ်အဖြစ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရရှိမယ့် အိမ်နဲ့ခြံကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ သမိုင်းပြခန်းအဖြစ် ထားရှိဖို့ ဆန္ဒရှိတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

ခြံအမှတ် ၅၄ မှာ နာမကျန်းတဲ့မိခင်ကို ပြုစုရင်း နေထိုင်ခဲ့ရသလို နှစ်ပေါင်းများစွာ အကျယ်ချုပ်အဖြစ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရရှိမယ့် အိမ်နဲ့ခြံကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ သမိုင်းပြခန်းအဖြစ် ထားရှိဖို့ ဆန္ဒရှိတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

“အန်တီကတော့ ဒါကို သူ့မိခင်ဆန္ဒအရ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ပဲ ရည်ရွယ်ပြီး လုပ်သွားမှာ။ ရောင်းမှာလည်း မဟုတ်ဘူး။ သူလည်း ဆက်ခံမှာ မဟုတ်ဘူး။ လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ဖို့ ဘိုးဘွားပိုင်အနေနဲ့ပဲ ဒီအိမ်ကို ဆက်ထားဖို့ ဆန္ဒရှိတယ်” လို့လည်း ၎င်းက ပြောပြပါတယ်။

သို့သော် ကိုယ်တိုင်က အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်အကျဉ်းချခံထားရချိန်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထိ အတည်ပြု ချမှတ်ပြီးဖြစ်တဲ့ အမွေဆိုင်ခွဲဝေမှုကို တရားသူကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ ပြန်လည် ကြားနာစစ်ဆေးဖို့ ဖြစ်လာခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ခေါင်းဆောင်ရဲ့ အငြိုးအတေးနဲ့ ဖိအား ပေးလိုမှုသာ ဖြစ်တယ်လို့ လေ့လာသူအချို့က ရှုမြင်ကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီ အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကျူးကျော်စီးနင်းကာ ဖောင်ဒေးရှင်းပိုင် အလှူငွေတွေ နဲ့ ပစ္စည်းတွေကို မောင်ပိုင်စီးထားသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အမှုတွေအပြင် အမှုပေါင်းများစွာနဲ့ စွပ်စွဲတရားစွဲဆိုပြီး ထောင်သွင်း အကျဉ်းချထားပါတယ်။

ထို့အတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ ခြံအမှတ် ၅၄ ကို မိခင်ဆန္ဒအတိုင်း ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်နိုင်မလား၊ စစ်အာဏာရှင်တွေ လက်အောက်မှာ သူကိုယ်တိုင် ဒီခြံထဲမှာပဲ တကျော့ပြန်ပြီး ချုပ်နှောင်ခံရမလား၊ အမွေဆိုင်အမှုကို အသုံးချပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု သမိုင်းမှတ်တိုင်တွေ ဖြိုချဖျက်ဆီးခံရ မလား ဆိုတာကိုတော့ ကံသေကံမ မပြောနိုင်သေးတဲ့ အခြေအနေ ဖြစ်လို့နေပါတယ်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နှင့် အကျယ်ချုပ်နေခဲ့သူများအား ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှပြန်ရွှေ့ပေးမည် မဟုတ်ဟု စစ်ကောင်စီဆို

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ

Your Thoughts …
Tags: ခြံအမှတ် ၅၄စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်အမွေဆိုင်အမှုဦးအောင်ဆန်းဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း

စာပေသူပုန်ကြီး သခင်ကိုယ်တော်မှိုင်း

ဒီပဲယင်းတွင် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးနေရ  / ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဒီပဲယင်းတွင် စစ်တပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်နေ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate