ဆောင်းပါး

ဗားစလပ်ဗ် ဟာဗဲလ်နှင့် ရနံ့မပြယ်သော နှင်းဆီပွင့်များ

ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားစလပ်ဗ် ဟာဗဲလ်ဟာ နာမည်ကြီး ပြဇာတ်ရေးဆရာတယောက်၊ အတွေးအခေါ် ပညာရှင်တယောက်အနေနဲ့ ချက်ကိုစလိုဗက်ကီးယားမှာ ထင်ရှားခဲ့ပါတယ်။

သူ့ရဲ့ ပြဇာတ်တွေကတဆင့် နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းအကြောင်း အခြေခံအတွေးအခေါ်တွေကို လူထုကြား ပြန့်ပွားလာအောင် လုပ်တဲ့နည်းလမ်းကို လက်နက်သဖွယ်သုံးပြီး အာဏာရှင် ကွန်မြူနစ်အစိုးရကို တော်လှန်ဖို့ ကြိုးစားခဲ့တာကြောင့် ၁၉၆၀ နှစ်ကာလများကို ဟာဗဲလ်ရဲ့ ရွှေရောင်ကာလများလို့ တင်စားကြပါတယ်။

ကွန်မြူနစ်အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ စလုပ်ဖို့ကြိုးစားလာတဲ့ ၁၉၆၈ ခုနှစ်ကာလများကိုတော့ ပရာ့ဂ် (ပရာဟာ) နွေဦးကာလများလို့ ရည်ညွှန်းကြပါတယ်။ အဲဒီကာလမှာပဲ နယူးယောက်မြို့မှာ ထင်ရှားတဲ့ Public Theater မှာ Memorandum လို့အမည်ရတဲ့ သူ့ပြဇာတ်ကိုပြဖို့ အမေရိကန်ကို ပထမဆုံးအကြိမ် အနေနဲ့ ဟာဗဲလ်ရောက်ဖူးခဲ့ပါတယ်။

နယူးယောက် Central Park ထဲမှာ ဗီယက်နမ်စစ်ပွဲကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဆန္ဒပြကြတဲ့ အရောင်အသွေးစုံ၊ အလွှာစုံ အမေရိကန် ခေတ်ပြိုင် ပညာတတ် စာရေးဆရာ အနုပညာသမား အသိုင်းအဝိုင်းရဲ့ နှလုံးရည်တိုက်ပွဲက ဟာဗဲလ်ကို ဖမ်းစားခဲ့ပါတယ်

နယူးယောက် Central Park ထဲမှာ ဗီယက်နမ်စစ်ပွဲကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဆန္ဒပြကြတဲ့ အရောင်အသွေးစုံ၊ အလွှာစုံ အမေရိကန် ခေတ်ပြိုင် ပညာတတ် စာရေးဆရာ အနုပညာသမား အသိုင်းအဝိုင်းရဲ့ နှလုံးရည်တိုက်ပွဲက ဟာဗဲလ်ကို ဖမ်းစားခဲ့ပါတယ်။

ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး အချိန်တိုအတွင်းမှာပဲ ပရာ့ဂ် နွေဦးကာလ ပြီးဆုံးခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်လောက်ကစပြီး ဟာဗဲလ်ရဲ့ ပြဇာတ်တွေနဲ့ နိုင်ငံရေးအတွေးအမြင် အက်ဆေးမှန်သမျှ ဆင်ဆာတည်းဖြတ်ခံရ၊ ပိတ်ခံရပါတယ်။ ဟာဗဲလ်ဟာ သူ့ပြဇာတ်တွေ၊ သူ့အက်ဆေးတွေကို သူနဲ့နီးစပ်ရာ စာပေအနုပညာရှင် အသိုက်အဝန်းလေးထဲမှာပဲ ဝေမျှခွင့်ရခဲ့တယ်။ အဲဒီကာလတုန်းက သူ့ခံစားချက်ကို သတင်းထောက်တယောက်ကို သူပြန်ပြောပြခဲ့ပါတယ်။

“ကျနော်တို့ဟာ တချိန်က ကျနော်တို့ရခဲ့ဖူးတဲ့ နေရာတွေကနေ အဖယ်ရှားခံလိုက်ရတယ်။ ကျနော့်ကို ရန်သူတယောက်လို လူသိရှင်ကြား သတ်မှတ်လိုက်ကြတယ်။ ကျနော့်ကို အဖျက်သမားတယောက်လို စွဲချက်တင်ခဲ့ကြတယ်။ ကျနော့်မှာ တခြားရွေးချယ်စရာ မရှိဘူးဗျ။ ကိုယ့်နိုင်ငံထဲမှာတင် ဖယ်ကျဉ်ခံထားရတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ပဲရှိတယ်”။

ဟာဗဲလ်နဲ့ သူ့ဇနီး အော်လ်ဂါတို့ဟာ Krkonose တောင်တန်းတွေနားက သူတို့အပန်းဖြေအိမ်ကလေးမှာ သွားနေပြီး သူတို့ဘဝကို ပြန်လည် ဆောက်တည်ခဲ့ကြတယ်။ နွေရာသီဆိုရင် သူတို့အပန်းဖြေအိမ်ကလေးကို မိတ်ဆွေစာရေးဆရာတွေ ရောက်လာကြပြီး စာရေးဆရာညီလာခံ အသေးစားလေးတွေ လုပ်ကြတယ်။

တယောက်စာတွေ တယောက် ဖတ်ကြ၊ ဖလှယ်ကြ၊ ဆွေးနွေးကြတယ်။ တချိန်တုန်းက ဟာဗဲလ်နဲ့ ဆန့်ကျင်ဖက်ဖြစ်ခဲ့တဲ့ ကွန်မြူနစ်ဟောင်း စာရေးဆရာတချို့တောင် ပါဝင်ခဲ့တယ်။

“တချိန်က ကျနော်တို့ကြား သဘောထား မတိုက်ဆိုင်လို့ တဖွဲ့စီဖြစ်ခဲ့ကြပေမယ့် အဲဒီအချိန်မှာတော့ ကျနော်တို့ဟာ အာဏာရှင်စနစ်ဆိုးအောက်က တလှေတည်းစီး ခရီးသွားတွေပဲဗျ”။

ဘယ်လို အခက်အခဲတွေ ကန့်သတ်မှုတွေပဲရှိရှိ ဟာဗဲလ်ဟာ သူ့အနုပညာဖန်တီးမှုတွေကို ရပ်မထားခဲ့ဘူး။ ပြဇာတ်တွေ ဆက်ရေးတယ်။ သူ့မိတ်ဆွေတွေနဲ့အတူ ပြဇာတ်ကို အသံသွင်းပြီး ဆွီဒင်ရေဒီယိုကတဆင့် လွှင့်တယ်။ သူ့ပြဇာတ်တွေကို မိတ္တူကူးပြီး မိတ်ဆွေတွေကတဆင့် ဖြန့်ဝေတယ်။

“ဘားသွားထိုင်တဲ့အခါမှာလည်း ကျနော့်ပြဇာတ်ထဲက စာသားတွေကို လူငယ်လေးတွေက အပြန်အလှန် ပြောဆိုရွတ်ဖတ်နေကြတယ်။ တကယ့်ကို စိတ်အားတက်စရာပဲဗျ။ ကျနော့်ပြဇာတ်တွေကို စင်တင်ခွင့်မရပေမယ့် လူထုကြားရောက်တယ်ဆိုရင် ဒါ ကျနော့် အနုပညာအလုပ် ပြီးမြောက်တာပဲ”

“အရေးကြီးတာက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျနော့်ပြဇာတ်တွေ လူတွေကြားရောက်ဖို့ပဲဗျ။ အသိအမြင် နိုးကြားဖို့ပဲဗျ။ တခါက ကျနော်တွေ့တဲ့ကားတစီးကို တားစီးပြီး မြို့ကိုသွားတယ်ဗျ။ ကားဆရာက ကျနော့်ကို ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် ကျနော့်ပြဇာတ်ထဲက စာသားတွေကို ရွတ်ပြတယ်။ ဘားသွားထိုင်တဲ့အခါမှာလည်း ကျနော့်ပြဇာတ်ထဲက စာသားတွေကို လူငယ်လေးတွေက အပြန်အလှန် ပြောဆိုရွတ်ဖတ်နေကြတယ်။ တကယ့်ကို စိတ်အားတက်စရာပဲဗျ။ ကျနော့်ပြဇာတ်တွေကို စင်တင်ခွင့်မရပေမယ့် လူထုကြားရောက်တယ်ဆိုရင် ဒါ ကျနော့် အနုပညာအလုပ် ပြီးမြောက်တာပဲ”။

တကြိမ်မှာတော့ ဟာဗဲလ်ပြဇာတ်တပုဒ်ကို အခြားသူနာမည်သုံးပြီး တင်ဆက်ချင်တယ်လို့ ပရာ့ဂ် သီရေတာက တောင်းဆိုကမ်းလှမ်းခဲ့ပါတယ်။ အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် ဟာဗဲလ်ရဲ့ မိတ်ဆွေဟောင်း အန်ဒရေခရော့ဘ်က အပျော်တမ်းမိတ်ဆွေတွေ၊ ကျောင်းသားလူငယ်လေးတွေနဲ့ ပြဇာတ်တိုက်ဖို့ စီစဉ်ခဲ့တယ်။

ပြဇာတ်စာရေးဆရာ ဗားစလပ်ဗ် ဟာဗဲလ်ရဲ့နာမည်ကို အာဏာပိုင်တွေက တားမြစ်ထားမှန်း သိသိကြီးနဲ့ပဲ သူ့ပြဇာတ်တပုဒ်ကို စားသောက်ဆိုင်တဆိုင်ထဲမှာ အစမ်းလေ့ကျင့်ခဲ့တယ်။ ဟာဗဲလ်ရဲ့ မိတ်ရင်းဆွေရင်းတွေနဲ့ စာပေအနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေ စုစုပေါင်း လူသုံးရာလောက် အစမ်းလေ့ကျင့်မှုကို လာအားပေးခဲ့ကြတယ်။

“ကျနော့်စိတ်ထဲ လွန်ခဲ့တဲ့ ၁၉၆၀ ကာလတုန်းက လူတွေအများကြီး လာကြည့်တဲ့ ပြဇာတ်ရုံကြီးထဲ ရောက်နေသလို ခံစားမှုမျိုး ပြန်ရခဲ့တယ်ဗျ။ အဲဒီနေ့က အဖွဲ့လိုက်ရိုက်ထားတဲ့ ဓာတ်ပုံကို ဒီကနေ့ ပြန်ကြည့်မိတော့မှ နောင်တချိန် ကျနော်တို့ရဲ့ ချာတာ ၇၇ လှုပ်ရှားမှုမှာ ပါဝင်လာကြမယ့် ခေါင်းဆောင်တွေ၊ လက်မှတ်ရေးထိုးကြမယ့်သူတွေကို အဲဒီဓာတ်ပုံထဲမှာ သွားတွေ့ရတယ်”။

ချာတာ ၇၇

ချာတာ ၇၇ လှုပ်ရှားမှု ဆိုတာက ဟာဗဲလ်နဲ့ သူ့မိတ်ဆွေတွေ ပူးပေါင်းပြီး လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အာဏာရှင်အစိုးရကို တိုက်တွန်းနှိုးဆော်ခဲ့တဲ့ သမိုင်းဝင်လှုပ်ရှားမှုတခု ဖြစ်ခဲ့ပါတယ်။ ချက်ကိုစလိုဗက်ကီးယားက အသိပညာရှင်၊ အတတ်ပညာရှင် စာပေအနုပညာသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းရေးထိုးထားတဲ့ လက်မှတ်ပေါင်း ၂၄၀ ကျော်ပါဝင်တဲ့ ချာတာ ၇၇ ကို ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။

ချာတာ ၇၇ ရေးဆွဲပြီး နောက်ပိုင်းကာလတွေမှာတော့ ဟာဗဲလ်ဟာ ထောင်နဲ့အိမ် အမြဲကူးနေခဲ့ရသလို မကြာခဏလည်း အကျယ်ချုပ်ချခံရပါတယ်။ သူ့နောက်က ထောက်လှမ်းရေးတွေ အမြဲတကောက်ကောက် လိုက်နေခဲ့တယ်။

“လူစိမ်းတွေက ကျနော့်အိမ်တံခါးကို အချိန်မရွေး ချိုးဖျက်ဝင်တယ်။ ကျနော့်ကားကို ထုရိုက်ဖျက်ဆီးတယ်။ ရဲတွေက ကျနော့်အိမ်နားမယ် မှောင်ရိပ်ခိုပြီး စောင့်တယ်။ စာရွက်စာတမ်းတွေကို ထင်သလို မွှေနှောက်တယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းခံရပြီဆိုရင်တော့ ဘယ်ပြောကောင်းမလဲ စိတ်ထိခိုက်ရတာပေါ့ဗျာ”

“လူစိမ်းတွေက ကျနော့်အိမ်တံခါးကို အချိန်မရွေး ချိုးဖျက်ဝင်တယ်။ ကျနော့်ကားကို ထုရိုက်ဖျက်ဆီးတယ်။ ရဲတွေက ကျနော့်အိမ်နားမယ် မှောင်ရိပ်ခိုပြီး စောင့်တယ်။ စာရွက်စာတမ်းတွေကို ထင်သလို မွှေနှောက်တယ်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းခံရပြီဆိုရင်တော့ ဘယ်ပြောကောင်းမလဲ စိတ်ထိခိုက်ရတာပေါ့ဗျာ”။

ဒါပေမယ့်လည်း ဟာဗဲလ်ဟာ သူ့အလုပ်ကို တစိုက်မတ်မတ် ဆက်လုပ်နေခဲ့တယ်။ ပိုလန်နယ်စပ်မှာ ပိုလန်နိုင်ငံရေးသမားတွေနဲ့ သွားတွေ့တယ်။ ချက်ကိုစလိုဗက်ကီးယားက နိုင်ငံရေးသမားတွေ၊ စာပေအနုပညာ အသိုင်းအဝိုင်းက လူတွေနဲ့လည်း အဆက်မပြတ် ထိတွေ့နေတယ်။ ဒီလိုလုပ်နေရင်းနဲ့ သူတနေ့ ထောင်ထဲရောက်တော့မယ် ဆိုတာကိုလည်း အသေအချာသိနေခဲ့တယ်။

ချာတာ ၇၇ တွင် ပါဝင်သော ဗားစလပ်ဗ် ဟာဗဲလ်ကို ရဲမှတ်တမ်းတွင် တွေ့ရစဉ်

“ကျနော်ဘာမှ တွေးကြောက်မနေတော့ဘူးဗျ။ ထောင်ထဲသွားနေတော့ရော ဘာကောင်းကျိုးရှိမလဲ ဆိုတာက ကျနော့်အပေါ်ပဲ လုံးလုံးမူတည်တယ်။ ကျနော်ဒါကို စမ်းသပ်ရမှာပဲ။ လူ့ဂုဏ်သိက္ခာမဲ့ ရှင်သန်နေမယ့်အစားတော့ သေတာကမှ ကောင်းသေးတယ်လို့ ကျနော်နောက်ဆုံး တွေးမိတော့တယ်”။

၁၉၇၉ ခုနှစ်၊ မေလမှာ အာဏာပိုင်တွေက ဟာဗဲလ်ကို ထောင်ထဲပို့လိုက်ကြတယ်။ ဟာဗဲလ်လိုပဲ ထောင်သွင်း အကျဉ်းချခံရတဲ့သူတွေထဲမှာ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ထောင်ချီပြီးရှိခဲ့တယ်။

သူတို့ဟာ မိသားစုဆီကို တပတ်တကြိမ် စာမျက်နှာ လေးမျက်နှာလောက် စာရေးခွင့်ရတယ်။ ဒါပေမယ့် မိသားစုအရေးသက်သက်ကလွဲပြီး ဘာမှရေးခွင့်မရအောင် ရယ်စရာကောင်းတဲ့ ကန့်သတ်ချက်တွေကို ထောင်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ မိသားစုထံ ရေးစာထဲမှာ quotation mark (“-“) မထည့်ရ။ စာလုံးအောက်မှာ လိုင်းမတားရ။ နိုင်ငံခြားဘာသာစကားတွေ ထည့်မရေးရ၊ ရယ်စရာ ပြက်လုံးတွေ အထေ့အငေါ့တွေ ထည့်မရေးရ၊ စသဖြင့်ပေါ့။

နိုင်ငံတော်သမ္မတအဖြစ် လူထုကို ဗားစလပ်ဗ် ဟာဗဲလ် ပထမဆုံး မိန့်ခွန်းပြောချိန်

ဒါကြောင့်လည်း အကျဉ်းထောင်ထဲကနေ သူ့ဇနီး အော်လ်ဂါဆီကို ရေးတဲ့ ဟာဗဲလ်စာတွေဟာ အေးစက်မာကျောနေခဲ့တယ်။ လိုင်းတားပြီး အလေးအနက်ပြုထားတဲ့ စာသား တလုံးတလေမှတောင် မပါခဲ့ဘူး။ ဘယ်လိုပဲ သူတို့စာတွေကို ကန့်သတ်ပါစေ။ ထောင်ဝါဒါလက်ထဲကနေ စာပို့သမားလက်ထဲ၊ အဲဒီကမှ မိသားစုဝင်တွေ လက်ထဲကိုရောက်ဖို့က ဟာဗဲလ်တို့အုပ်စုအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ခဲ့တယ်။

စာတွေကို ထောင်ဝန်ထမ်းတွေ အဓိပ္ပာယ်ဖေါ်လို့မရအောင် အမျိုးမျိုးလှည့်ပတ်ရေးကြတယ်။ ထောင်ဝါဒါရဲ့ ဆင်ဆာဘုတ်အဖွဲ့ နားမလည်အောင် ရေးကြတယ်။ ဥပမာ ‘အာဏာပိုင်’ လို့ တိုက်ရိုက်သုံးစွဲမယ့်အစား ‘လူတိုင်းသိတဲ့ ကျနော်မဟုတ်တဲ့လူ’ လို့ ရေးတာမျိုးပေါ့။ အူတိအူကြောင်နိုင်တဲ့ အသုံးအနှုန်းမျိုးစုံကို သုံးခဲ့ကြတယ်။

အစကတော့ မိသားစုဆီရေးတဲ့စာတွေပါပဲ။

ဟာဗဲလ်တို့လို နိုင်ငံရေးအကျဉ်းသား မိသားစုတွေအကြား ဝေငှဖတ်ကြတဲ့စာတွေက တဖြည်းဖြည်းနဲ့ လူထုကြားရောက်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသံကို သူတို့ကြားလာရတယ်။

ဟာဗဲလ်တို့လို နိုင်ငံရေးအကျဉ်းသား မိသားစုတွေအကြား ဝေငှဖတ်ကြတဲ့စာတွေက တဖြည်းဖြည်းနဲ့ လူထုကြားရောက်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသံကို သူတို့ကြားလာရတယ်။ “နောက်တော့ ဒီစာတွေဟာ အကျဉ်းထောင်ထဲက ကျနော်တို့ရဲ့ သဘောထားတွေ အခြေအနေတွေကို ကမ္ဘာကသိအောင် သတင်းပို့သလိုမျိုး ဖြစ်လာတယ်”။

၁၉၈၃ ခုနှစ်မှာ ဟာဗဲလ်ထောင်က လွတ်လာခဲ့ပြီး ထောင်ထဲကပေးစာတွေကိုပေါင်းပြီး အော်လ်ဂါသို့ပေးစာများ ဆိုတဲ့နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။

၁၉၈၈ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့ချီတက်ပွဲတွင်တွေ့ရသော ဗားစလပ်ဗ် ဟာဗဲလ်

တချိန်တုန်းကတော့ ဒီစာတွေဟာ အကျဉ်းထောင်ထဲက ဟာဗဲလ်ကို ရှင်သန်စေခဲ့တဲ့ အကြောင်းရင်းခံတွေ ဖြစ်ခဲ့ပါတယ်။ အကျဉ်းထောင်အပြင်ဖက်က လူတွေအတွက်ရော ဘယ်လိုအဓိပ္ပာယ်မျိုး ရခဲ့ပါလိမ့်။ အပြင်မှာပြန်ဖတ်ရတော့ သူ့စာတွေထဲက တချို့စာပိုဒ်တွေရဲ့ အဓိပ္ပာယ်ကို သူကိုယ်တိုင်တောင် နားမလည်တော့ဘူးလို့ ဟာဗဲလ်က ဝန်ခံခဲ့ဖူးပါတယ်။

ဟာဗဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

၁၉၈၉ ခုနှစ်မှာ လူထုဖိုရမ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဟာဗဲလ်ကို ချက်သမ္မတအဖြစ် တင်မြှောက်ခံရတဲ့သတင်းကို နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရေဒီယို သေးသေးလေးထဲကနေ နားထောင်လိုက်ရတယ်။

သူနဲ့အဝေးကြီးမှာရှိနေတဲ့ ကွန်မြူနစ်နိုင်ငံတနိုင်ငံက ဒီမိုကရေစီနိုင်ငံသစ်တခုအဖြစ် အသွင်ကူးပြောင်းလာတဲ့ သတင်းဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အင်မတန်ဝမ်းသာစရာ သတင်းတခု ဖြစ်ခဲ့တယ်။ တချိန်မှာ ချက်သမ္မတ ဗားစလပ် ဟာဗဲလ်ဟာ သူနဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတယောက်ဖြစ်လာလိမ့်မယ် သူထင်မထားခဲ့ဘူး။

ကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ပျော့ပျောင်းငြင်သာစွာ ပြောင်းလဲနိုင်ခဲ့တဲ့အတွက် ကတ္တီပါတော်လှန်ရေးလို့ ကမ္ဘာမှာသမိုင်းတွင်ခဲ့တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ချက်သမ္မတ ဗားစလပ်ဗ် ဟာဗဲလ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုတင်သွင်းဖို့ အခိုင်အမာထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့တယ်။

ကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ပျော့ပျောင်းငြင်သာစွာ ပြောင်းလဲနိုင်ခဲ့တဲ့အတွက် ကတ္တီပါတော်လှန်ရေးလို့ ကမ္ဘာမှာသမိုင်းတွင်ခဲ့တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ချက်သမ္မတ ဗားစလပ်ဗ် ဟာဗဲလ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုတင်သွင်းဖို့ အခိုင်အမာထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့တယ်။

သူနဲ့တခါမှ လူချင်းမဆုံဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆုပေးဖို့ ဘာကြောင့် ထောက်ခံရသလဲဆိုတဲ့ အကြောင်းပြချက်ကို ဟာဗဲလ်က အခုလိုရေးခဲ့ပါတယ်။

“ဘေးဒုက္ခပေါင်းစုံ ကျရောက်နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ လူတွေရဲ့အာရုံစိုက်မှုက ပါရှန်ပင်လယ်ကွေ့နဲ့ ဘောလ်တစ်နိုင်ငံတွေဘက် ရောက်နေတဲ့အတွက် ဗမာပြည် ဒီမိုကရေစီလှုပ်ရှားမှုကြီးထဲမှာ အဖမ်းဆီးခံ အညှဉ်းပန်းအနှိပ်စက်ခံပြီး ဒုက္ခပင်လယ်ဝေနေကြတဲ့သူတွေကို လျစ်လျူရှုထားသလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း စစ်အာဏာရှင်တွေက ဒီမိုကရေစီအင်အားစုတွေအပေါ် အဆုံးစွန် ဖိနှိပ်မှုတွေ လုပ်ပိုင်ခွင့် ပိုရနေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ခြင်းဟာ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် လုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတခု ဖြစ်တဲ့အတွက် ဒီမိုကရေစီလှုပ်ရှားမှုအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်ပါလိမ့်မယ်”။

၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရသွားပေမယ့်လည်း သူ့အပေါ် ဟာဗဲလ်ရဲ့ ထောက်ခံမှုက ကျဆင်းမသွားခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်က ဝါရှင်တန်ပို့စ် သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့အတွက် သူရေးခဲ့တဲ့ဆောင်းပါးတပုဒ်မှာ “ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်တွေ့ပြီး နှင်းဆီပန်းတပွင့် ပေးချင်မိတယ်။ ဓာတ်ပုံထဲမှာ မြင်ဖူးနေကျ သူပန်ထားတဲ့ ပန်းတပွင့်လိုမျိုးပေါ့” လို့ ထည့်ရေးခဲ့ဖူးပါတယ်။ နေအိမ်အကျယ်ချုပ်ကျနေဆဲ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်လာပြီး သူကိုယ်တိုင် နှင်းဆီပန်းတပွင့် သွားပေးနိုင်တဲ့နေ့ကို အမြန်ဆုံးရောက်စေချင်တယ်လို့ ဟာဗဲလ်က ဆုတောင်းပေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ချက်သမ္မတနိုင်ငံခြားဝန်ကြီး မစ္စတာ ကာရယ် ရှဝါဇင်ဘာ့ဂ်က ကာလရှည်ကြာ သိမ်းဆည်းထားသည့် နှင်းဆီပန်း ပေးအပ်စဉ် / ခင်မောင်ဝင်း

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည် လွတ်လာပေမယ့်လည်း ဟာဗဲလ်ဟာ အတော်လေး မကျန်းမမာဖြစ်နေခဲ့ပြီမို့ ခရီးဝေးမသွားနိုင်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းမဆုံတွေ့ရခင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်စဉ်မှာ အသက် ၇၅ နှစ် ရှိခဲ့ပါပြီ။

ဟာဗဲလ်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးချင်တဲ့ နှင်းဆီပန်းတပွင့်ကိုတော့ ဟာဗဲလ်ရဲ့မိတ်ဆွေတွေက ဒေါ်အောင်ဆန်းစုကြည်ရှိရာ မြန်မာပြည်ကို သယ်ဆောင်လာခဲ့ပါတယ်။ ဟာဗဲလ်ရဲ့ သက်မဲ့ခန္ဓာပေါ်မှာ တင်ထားခဲ့တဲ့ နှင်းဆီပန်းကလေးတွေထဲက တပွင့်ကို ဟာဗဲလ်မိတ်ဆွေတွေက ဒေါ်အောင်ဆန်းစုကြည် လက်ထဲ အရောက်ပို့ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က ပရာ့ဂ်မြို့မှာ ကျင်းပတဲ့ Forum 2000 ကို ဟာဗဲလ် မကွယ်လွန်ခင်က ဖိတ်ကြားခဲ့ဖူးတာကို လေးစားသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဟာဗဲလ်နဲ့ ပါတ်သက်တဲ့ အမှတ်တရစကားပြောတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်ပြောခဲ့ပါတယ်။

“သူသာ ဒီကနေ့ ကျမတို့နဲ့အတူ ရှိနေဦးမယ်ဆိုရင်တော့ သူ ကျမကို (ရှင်တို့အားလုံးကို) ပြောလိမ့်မယ်။ ဒါက လွယ်လှတဲ့ကိစ္စတော့ မဟုတ်ဘူး ဒါပေမယ့် မဆုတ်မနစ်သာ ဆက်သွား၊ တနေ့တော့ ခင်ဗျားရောက်သွားလိမ့်မယ် လို့”

“ကျမ နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန်တုန်းက ကျမ လွတ်မြောက်ရေးအတွက် အရေးဆိုခဲ့တဲ့သူတယောက် ဒီမြေမှာရှိခဲ့တယ်လို့ ကျမသိခဲ့တယ်။ သူဟာ ကျမကို လွတ်မြောက်ခြင်းအရသာကို ခံစားရအောင် လုပ်ပေးခဲ့တဲ့သူပါပဲ။ သူသာ ဒီကနေ့ ကျမတို့နဲ့အတူ ရှိနေဦးမယ်ဆိုရင်တော့ သူ ကျမကို (ရှင်တို့အားလုံးကို) ပြောလိမ့်မယ်။ ဒါက လွယ်လှတဲ့ကိစ္စတော့ မဟုတ်ဘူး ဒါပေမယ့် မဆုတ်မနစ်သာ ဆက်သွား၊ တနေ့တော့ ခင်ဗျားရောက်သွားလိမ့်မယ် လို့”။

ဒီကနေ့တော့ တကျော့ပြန် အကျဉ်းစံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အရေးဆိုပေးမယ့် ဟာဗဲလ်ကိုယ်တိုင် မရှိတော့ပေမယ့်၊ ဟာဗဲလ်ရဲ့ မိတ်ဆွေတွေက မြန်မာပြည်အရေးကို မဆုတ်မနစ် ကူညီနေကြတုန်းပဲ ဖြစ်ပါတယ်။ ဟာဗဲလ်ရဲ့ နှင်းဆီတွေဟာ အခုထိ ရနံ့မပြယ် မွှေးပျံ့နေတုန်းပါပဲ။

(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)

You may also like these stories:

အကြမ်းဖက်မှုအဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ASEAN အထူးသံတမန် အားကိုးမည်

အာဇာနည်နေ့ကို ထောင်အတွင်းကသာ ဖြတ်သန်းရဦးမယ့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ

ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု

Loading