နိုင်ငံတကာ ဖက်ရှင်ကုန်အမှတ်တံဆိပ်များသည် မြန်မာမှ ကုန်စည်ထုတ်လုပ်သည့် ကွင်းဆက်များမှ အထည်ချုပ်လုပ်သားများကို အကာကွယ်ပေးရန် ပျက်ကွက်နေကြပြီး လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှ စတင်ပြီး နိုင်ငံတဝှမ်းတွင် အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မြင့်မားလာကြောင်း သတင်းများက ဖော်ပြသည်။
ကုမ္ပဏီများ၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုကို လေ့လာနေသည့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် စီးပွားရေးနှင့် လူ့အခွင့်အရေး ရင်းမြစ်ဌာန Business & Human Rights Resource Centre က ပြီးခဲ့သည့်အင်္ဂါနေ့တွင် အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ၏ ကုန်ထုတ်လုပ်ရေး ကွင်းဆက်များမှ ကျယ်ပြန့်ပြီး စနစ်ကျသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်လိုက်သည်။ ထိုသို့ချိုးဖောက်ရာတွင် လုပ်အားခ ခိုးယူမှုများ၊ အလွဲသုံးစားလုပ်မှုများ၊ မလုပ်မနေရ အခမဲ့ အချိန်ပိုအလုပ်ချိန်များ သာမက လိင်အခြေခံသည့် အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများအထိ ပါဝင်သည်။
ထိုအကျိုးအမြတ်မယူသည့် အဖွဲ့သည် အခြားမိတ်ဖက်များနှင့်အတူ မြန်မာအထည်ချုပ် လုပ်ငန်းကဏ္ဍမှ အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှု ၁၀၄ မှုကို အလုပ်သမား အနည်းဆုံး ၆၀,၈၀၀ ကို လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့နောက်ပိုင်း ကျူးလွန်ထားကြောင်း လူသိရှင်ကြား မှတ်တမ်းတင်ထားသော သတင်းအချက်အလက်များအရ သိရသည်။
“စစ်တပ်က အဆောင်တွေ၊ အိမ်တွေကို တအိမ်တက်ဆင်း လိုက်ရှာမနေရင် စက်ရုံတွေက သူတို့ကို ခေါ်ထားပြီး အလုပ်သမားတွေ အသံမထွက် ခြိမ်းခြောက် ခိုင်းစေတယ်” ဟုလည်း သူကပြောသည်။
ထိုသတင်းအရ adidas, Inditex (Zara and Bershka)၊ Fast Retailing (Uniqlo)၊ နိုင်ငံစုံ ဖက်ရှင်လက်လီ အရောင်းလုပ်ငန်း Hennes & Mauritz (H&M) နှင့် Primark အပါအဝင် ကမ္ဘာ့ဖက်ရှင် ကုန်အမှတ်တံဆိပ် အနည်းဆုံး ၃၂ ခုကို ပံ့ပိုးနေသည့် သို့မဟုတ် မကြာသေးမီကအထိ ပံ့ပိုးနေသော စက်ရုံပေါင်း ၇၀ တွင် ခန့်ထားသည့် အလုပ်သမားများ ပါဝင်နေသည်။
“ကျမတို့ အကြိမ်ကြိမ်ပြောခဲ့တဲ့အတိုင်း ကုန်အမှတ်တံဆိပ်တွေအနေနဲ့ မြန်မာမှာ သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းခွင် အခြေအနေတွေ မရှိတော့ဘူးဆိုတာနဲ့ စီးပွားရေးကို အရင်ပုံမှန်အတိုင်း လုပ်နေတာဟာ အလုပ်အကိုင်နဲ့ အလုပ်သမားတွေကို ကာကွယ်ရာ မရောက်တော့ဘူးဆိုတဲ့ ကြမ်းတမ်းတဲ့ အမှန်တရားကို သိဖို့လိုပြီ” ဟု စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ရင်းမြစ်ဌာနမှ အလုပ်သမား အခွင့်အရေးဆိုင်ရာ အကြီးအကဲ မစ္စ အလီရှာခမ်ဘေးက ပြောသည်။
“စစ်တပ်က အဆောင်တွေ၊ အိမ်တွေကို တအိမ်တက်ဆင်း လိုက်ရှာမနေရင်တောင်မှ စက်ရုံတွေက သူတို့ကို ခေါ်ထားပြီး အလုပ်သမားတွေ အသံမထွက်အောင် ခြိမ်းခြောက်ခိုင်းတယ်” ဟုလည်း သူကပြောသည်။
ရရှိထားသော အချက်အလက်များသည် အာဏာသိမ်းပြီးနောက် ၁၈ လတာ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အတိုင်းအတာနှင့် နယ်ပယ်ကို မီးမောင်းထိုးပြနေရုံသာမက ကျူးလွန်သူများ အပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေကြောင်းကိုပါ ပြသနေသည်။
အတွေ့ရအများဆုံး ချိုးဖောက်မှုပုံစံမှာ လစာခိုးယူခြင်း ၅၅ မှု၊ လုပ်အားခနှုန်း ချိုးဖောက်ခြင်း၊ အချိန်ပို မဆင်းမနေရ ဆင်းခိုင်းခြင်း ၃၅ မှုနှင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို တိုက်ခိုက်ခြင်း ၃၁ မှုတို့ ပါဝင်သည်။
စစ်တပ်က အလုပ်သမား ၇ ဦးကို သတ်ဖြတ်ခြင်းနှင့် အလုပ်သမားများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးချုပ်နှောင်မှု ၁၅ မှုကိုလည်း လေ့လာသူများ မှတ်တမ်းတင်ထားသည်။
မှတ်တမ်းတင်ထားသည့် အမှုတခုစီတွင် စက်ရုံတရုံ၌ ခန့်ထားသည့် အလုပ်သမားများကို ထိခိုက်စေသော စွပ်စွဲချက်တခု သို့မဟုတ် တခုမက ပါဝင်ကြောင်း မစ္စ ခမ်ဘေးက ပြောသည်။ အချို့အမှုများသည် အလုပ်သမား တဦးတည်းကိုသာ ထိခိုက်သောအမှုများရှိသလို အလုပ်သမား ထောင်ချီ ထိခိုက်စေသော အမှုများလည်း ရှိသည်။
“ချိုးဖောက်မှုဖြစ်ရပ် ဘယ်လောက်ရှိတယ်ဆိုတာ ကျမတို့ သိတယ်။ ဒါပေမယ့် အလုပ်သမား ဘယ်လောက်ကို ထိခိုက်စေတယ်ဆိုတာကို ကျမတို့ မသိရဘူး။ ဒါကြောင့် အမှန်တကယ် စုစုပေါင်း ထိခိုက်တဲ့ အလုပ်သမား အရေအတွက်ဟာ ၆၀,၈၀၀ ထက် အများကြီးပိုနိုင်တယ်” ဟုလည်း သူက ပြောသည်။
လူမှုလွတ်လပ်ခွင့်များကို အပြင်းအထန် ကန့်သတ်ထားခြင်း၊ စစ်အုပ်ချုပ်ရေးအောက်တွင် တိုင်ကြားရခြင်းနှင့် ချိုးဖောက်မှုများကို ထုတ်ဖော်ပြောဆိုသူများကို လက်စားချေမည့် အန္တရာယ်များကြောင့် မှတ်တမ်းတင်နိုင်သော အမှုအရေအတွက်သည် အဖျားအနားမျှသာ ဖြစ်ကြောင်း မစ္စ ခမ်ဘေးက ပြောသည်။
အမျိုးသမီးများကို အကြမ်းဖက်ခြင်း
အရေအတွက်အားဖြင့် လူ ၇ သိန်းရှိသော အထည်ချုပ် အလုပ်သမားများ၏ ၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး စစ်တပ်ကိုဆန့်ကျင်သည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူများ ဖြစ်သည်။
၎င်းတို့သည် စစ်ကောင်စီအောက်တွင် ကျား/မ ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုနှင့် ထိပါးမှု အဆင့်အမျိုးမျိုး ရင်ဆိုင်နေရကြောင်း သုတေသီများက ပြောသည်။
ကျား/မ ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှု ၂၈ မှုကို အစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုအမှုများတွင် အမျိုးသမီးများကို လိင်ပိုင်ဆိုင်ရာထိပါးမှုနှင့် စကားအားဖြင့်နှင့် ကိုယ်ထိလက်ရောက် ချိုးဖောက်မှုများလည်း ပါဝင်သည်။ သို့သော် အခြားအမှု အများစုတွင်လည်း ကျား/မ ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုများလည်း ပါဝင်ကြောင်း ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များနှင့် တိုင်းတာမှုအရ သိရသည်။
“ချိုးဖောက်မှုဖြစ်ရပ် ဘယ်လောက်ရှိတယ်ဆိုတာ ကျမတို့ သိတယ်။ ဒါပေမယ့် အလုပ်သမား ဘယ်လောက်ကို ထိခိုက်စေတယ်ဆိုတာကို ကျမတို့ မသိရဘူး။ ဒါကြောင့် အမှန်တကယ် စုစုပေါင်း ထိခိုက်တဲ့ အလုပ်သမား အရေအတွက်ဟာ ၆၀,၈၀၀ ထက် အများကြီးပိုနိုင်တယ်”
စက်ရုံမန်နေဂျာများနှင့် ကြီးကြပ်သူများက အမျိုးသမီးအလုပ်သမားများကို ရင်ဘတ်နှင့် ဦးခေါင်း ထိုးကြိတ်ခံစေခြင်း၊ အကန်ခံစေခြင်း၊ အော်ဟောက်ခံစေခြင်းနှင့် ‘ခွေး’ ဟု အခေါ်ခံစေခြင်းတို့ ပါဝင်သော အမှုများကိုလည်း ထိုလေ့လာမှုတွင် ဖော်ပြထားသည်။
၎င်းတို့သည် အမြဲလိုလို အချိန်နာရီများစွာ အလွန်အကျွံ အလုပ်လုပ်ရန် စေခိုင်းခံရကြောင်း၊ မကြာခဏဆိုသလို ညသန်းခေါင်အထိ လုပ်ရကြောင်း၊ အချို့စက်ရုံများသည် အိမ်ပြန်ရန် စီစဉ်မပေးသောကြောင့် အဓမ္မပြုကျင့်မှုများ ဖြစ်စေကြောင်း၊ အနည်းဆုံး အမျိုးသမီးတဦး အဓမ္မ ပြုကျင့်ခံရကြောင်း အလုပ်သမားများက ပြောသည်။
ချိုးဖောက်မှု စွပ်စွဲချက် အများအပြားကို ကုန်အမှတ်တံဆိပ်များသို့ ပေးသွင်းသည့် စက်ရုံများက တိုက်ရိုက် သို့မဟုတ် ထိုစက်ရုံများနှင့် ပူးပေါင်းကြံစည်သည့် စစ်တပ်က ကျူးလွန်ခြင်းဖြစ်ကြောင်း သုတေသီများက ပြောသည်။
ချိုးဖောက်မှု စွပ်စွဲချက်အများစုနှင့် ပတ်သက်သည့် အမှုများတွင် Inditex group ၏ Zara and Bershka ၉ မှု၊ Bestseller ၉ မှု၊ Lidl ၈ မှုနှင့် H&M ၆ မှု စသည့် ထင်ရှားသော အမှတ်တံဆိပ်များ ပါဝင်သည်။
စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဌာနသည် ထိုစက်ရုံများနှင့် ပတ်သက်သော ဝယ်ယူသူ ၃၂ ဦးကို ၎င်းတို့၏ ကုန်စည်ပေးသွင်းသည့် ကွင်းဆက်မှ အလုပ်သမားများ အခွင့်အရေးချိုး ဖောက်ခံရမှုအတွင်း တုံ့ပြန်ပြောကြားရန် အခွင့်အလမ်းပေးခဲ့သည်။ သုံးပုံနှစ်ပုံက အကြောင်းပြန်ကြားကြသည်။
အစီရင်ခံစာတွင် ဖော်ပြထားသော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် စပိန် ဖက်ရှင်လက်လီ အရောင်းလုပ်ငန်း Inditex မှ ပြောခွင့်ရသူတဦးက ၎င်းတို့သည် ထိုပြဿနာကို စောင့်ကြည့်နေကြောင်း သုတေသီများကို ပြောသည်။
ဆွီဒင်ဖက်ရှင်လုပ်ငန်း H&M Group ကလည်း ၎င်းတို့သည် မြန်မာနိုင်ငံ အခြေအနေကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း၊ သင့်တင့်လျောက်ပတ်သော အားထုတ်မှု စဉ်ဆက်မပြတ် လုပ်နေပြီး ချိုးဖောက်မှုများကို ဖော်ထုတ်ကာ သင့်လျော်သလို ပြန်လည် ပြင်ဆင်အောင်လုပ်ပေးကြောင်း ပြောသည်။
“မိမိတို့ထံ ပစ္စည်းပေးသွင်းသူများနှင့် အဓိက စီးပွားဖက်များကို အနီးကပ် စောင့်ကြည်နေသည်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အလုပ်သမားများကို မျှတသော ဆက်ဆံမှုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကို ခွဲခြားဆက်ဆံမှု မရှိခြင်းသည် ဦးစားပေးများ ဖြစ်ကြောင်းလည်း ပြောသည်။
ဆွီဒင်ဖက်ရှင်လုပ်ငန်း H&M Group ကလည်း ၎င်းတို့သည် မြန်မာနိုင်ငံ အခြေအနေကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း၊ သင့်တင့်လျောက်ပတ်သော အားထုတ်မှု စဉ်ဆက်မပြတ် လုပ်နေပြီး ချိုးဖောက်မှုများကို ဖော်ထုတ်ကာ သင့်လျော်သလို ပြန်လည် ပြင်ဆင်အောင်လုပ်ပေးကြောင်း ပြောသည်။
အခြေခံလူ့အခွင့်အရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှုများ ပိုမိုများပြားလာသည်ကို သိပြီး စိုးရိမ်ပူပန်မှုများနှင့် ပစ္စည်းပေးသွင်းသူများကို သာမက အလုပ်သမားသမဂ္ဂများကိုလည်း ပြောကြားထားကြောင်း ပြောသည်။
ဒိန်းမတ်အခြေစိုက် Bestseller ကလည်း ၎င်းတို့သည် သင့်တင့်လျောက်ပတ်သော အားထုတ်မှု ပြုလုပ်နေကြောင်းနှင့် အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေးများကို လေးစားစေရန် ရင်းမြစ်များကို ပိုမိုသုံးစွဲနေကြောင်း သုတေသီများကို ပြောကြားခဲ့သည်။
“မြန်မာမှ ကုန်ပစ္စည်း ရယူခြင်းအတွက် ရိုးရှင်းသော ကျင့်ဝတ်ဆိုင်ရာ အဖြေမရှိဘဲ သီးခြားလွတ်လပ်သော အကဲဖြတ်ချက်ကို စောင့်ဆိုင်းရန် မိမိတို့၏တာဝန်ကို အကျပ်အတည်း၏ လေးနက်မှုက အရေးကြီးကြောင်း ဖော်ပြနေသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ Bestseller ၏ မြန်မာအနာဂတ်ကို ကျွမ်းကျင်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများနှင့် အခြားသက်ဆိုင်သူများနှင့် ဆွေးနွေး ဆုံးဖြတ်သွားမည်ဟုလည်း ဆက်လက်ဖော်ပြသည်။
အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကို ခြိမ်းခြောက်ခြင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်နှင့် ကိုယ်ဝန်ဆောင် အလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းစသည့် စွပ်စွဲချက်များကို လွန်စွာ အလေးအနက်ထားကြောင်း လက်လီအရောင်းလုပ်ငန်း Lidl က ပြောသည်။
“မိမိတို့သည် စည်းကမ်းလိုက်နာမှု စစ်ဆေးသည့် လုပ်ငန်းကို ချက်ခြင်း ဆောင်ရွက်ခဲ့ပြီး ချိုးဖောက်မှုကိစ္စများကို မိမိတို့ထံ ပစ္စည်းပေးသွင်းသူအား အကြောင်းကြားကာ ထိုပစ္စည်းပေးသွင်းသူက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ထိုနစ်နာမှုကို ဖြေရှင်းကုစားမှု မပြီးမချင်း ထိုစက်ရုံသို့ ပစ္စည်အမှာစာ ပေးမည်မဟုတ်” ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးထက် အမြတ်ကို ဦးစားပေး
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အလုပ်သမား သမဂ္ဂများက ခက်ခက်ခဲခဲ ရယူထားရသည့် အလုပ်သမား အခွင့်အရေးများကို ပြန်လည် ရုတ်သိမ်းရန်အတွက် စက်ရုံများသည် အာဏာရှင်စနစ်ကို အခွင့်ကောင်းယူသည်ဟု မစ္စ ခမ်ဘေးက ပြောသည်။
“လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို လုံးဝနီးပါး ဖြတ်တောက်လိုက်သောအခါ ကုန်အမှတ်တံဆိပ်များသည် ကုန်စည်ပေးသွင်းမှု ကွင်းဆက်များ သို့မဟုတ် အလုပ်သမားများ ရင်ဆိုင်ရသည့် အန္တရာယ်နှင့် ချိုးဖောက်မှုများကို ကောင်းစွာကြီးကြပ်ခြင်း မရှိတော့ပေ။ မြန်မာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ထိရောက်သော၊ သင့်တင့်လျောက်ပတ်သော လုံးလစိုက်ထုတ်မှုကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်လာသည်” ဟု မစ္စ ခမ်ဘေးက မှတ်ချက်ချသည်။
Inditex နှင့် Mango ကဲ့သို့သော အုပ်စုများနှင့် ကုန်အမှတ်တံဆိပ်များက ၎င်းတို့သည် အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားသော စက်ရုံများနှင့် အဆက်အသွယ် ဖြတ်ထားသည်ဟု ပြောသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် လုံလောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းသည့် အချိန်အထိ မြန်မာမှ ဆုတ်ခွာရန် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များကို တောင်းဆိုမှုများ ရှိသော်လည်း Tesco နှင့် Aldi South နှစ်ခုသာ မြန်မာမှ ထွက်ခွာကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။
ကျန်ကုန်အမှတ်တံဆိပ်များသည် “စစ်အုပ်ချုပ်ရေးအောက်တွင် ၎င်းတို့၏ အမျိုးသမီးအများစုပါသော အထည်ချုပ် လုပ်သားများကို ဖိနှိပ်မှုမှရသည့် အမြတ်အစွန်းရရန် လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်များကို ဖြေရှင်းရမည်” ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
Primark နှင့် H&M ကဲ့သို့သော ကုန်အမှတ်တံဆိပ်များသည် စစ်အာဏာသိမ်းမှု အပြီးတွင် အမှာစာများကို ဆိုင်းငံ့ခဲ့သော်လည်း နောက်ပိုင်းတွင် အမှာစာများ ပြန်လည်ပေးပို့နေပြီး ထိုသို့ဆုံးဖြတ်ရခြင်းမှာ အလုပ်အကိုင်များကို အကာအကွယ်ပေးရန် ဖြစ်ကြောင်း ပြောသည်ဟု သုတေသီများ ဖော်ပြသည်။
“သို့သော် ကိုဗစ်နိုင်တင်း ကပ်ရောဂါဖြစ်ပွားမှု အစတွင် ထိုကုန်အမှတ်တံဆိပ်များအနက် အချို့နှင့် မြန်မာမှ ပစ္စည်းရယူသော အခြားလုပ်ငန်း အများအပြားသည် အမှာစာများကို ဖျက်သိမ်းကြပြီး ၎င်းတို့ထံ ကုန်စည်ပေးသွင်းမှု ကွင်းဆက်မှ အလုပ်သမားများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ နောက်ကြောင်းပြန် လျှော့ဈေး တောင်းဆိုကြသည်။ အလုပ်သမားများမှာ လစာကျွေးကျန်များ မရဘဲ ထောင်နှင့်ချီ အလုပ်ဖြုတ်ခံကြရသည်” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်အာဏာမသိမ်းမီက အထည်ချုပ်စက်ရုံ အလုပ်သမားများသည် တနေ့လျှင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၀ ခန့် မျှော်လင့်နိုင်သည့်တိုင် လက်ရှိ စစ်ကောင်စီအောက်တွင် စက်ရုံအများအပြားသည် လုပ်အားခများ လျှော့ချကြသော်လည်း တိုးမြှင့်ထုတ်လုပ်မှု ရည်မှန်းချက် အောင်မြင်ရေးအတွက် တွန်းအားပေးကြကြောင်း အလုပ်သမားများက ပြောသည်။ ယခုအခါ အလုပ်သမားများသည် တနေ့လျှင် ၂ ဒေါ်လာအောက်သာ ရရှိကြတော့သည်။
Inditex နှင့် Mango ကဲ့သို့သော အုပ်စုများနှင့် ကုန်အမှတ်တံဆိပ်များက ၎င်းတို့သည် အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားသော စက်ရုံများနှင့် အဆက်အသွယ် ဖြတ်ထားသည်ဟု ပြောသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် လုံလောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ကမ္ဘာ့ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ သြဇာကိုသုံးပြီး အခွင့်အရေး ချိုးဖောက်မှုများကို သည်းခံမည် မဟုတ်ကြောင်း သို့မဟုတ် အလုပ်သမားများ ဆက်လက် ဒုက္ခရောက်နေခြင်းအတွက် တရားစွဲခံရမည့် အန္တရာယ်ရှိကြောင်း အာဏာရှင်စနစ်ကို ပြသရမည်ဟု မစ္စ ခမ်ဘေးက ပြောသည်။
“ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ သူတို့ဆီကို ကုန်ပစ္စည်းပေးသွင်းတဲ့ ကွင်းဆက်ထဲက အလုပ်သမား အခွင့်အရေးကို အကာအကွယ် မပေးနိုင်ရင် တခုတည်းသော ရှေ့ဆက်လုပ်ရမယ့် နည်းလမ်းကတော့ ဒီနိုင်ငံကနေ ထွက်ခွာဖို့သာဖြစ်တယ်” ဟု သူက ပြောသည်။
(SCMP မှ Raquel Carvalho ၏ Fashion brands from Zara to H&M urged to make ‘responsible exit’ from Myanmar ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ
သီရိလင်္ကာ ကျဆုံးခန်း
ပျောက်ဆုံးသွားသော အလုပ်သမား အခွင့်အရေး
စစ်အာဏာသိမ်းမှုအောက် ဆိတ်သုဉ်းသွားတဲ့ အလုပ်သမားထုအသံ