ဆောင်းပါး

ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စ နန်စီ ပေလိုစီသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း ထိုင်ဝမ်သို့ သွားရောက်လည်ပတ်သည့် အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိဖြစ်လာသည်ကို တရုတ်နိုင်ငံက ဒေါသတကြီး တုံ့ပြန်သည့်အနေဖြင့် ယခုအပတ်အတွင်း ထိုင်ဝမ်ပတ်ဝန်းကျင်တွင် အဓိက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်က ခြိမ်းခြောက်ခဲ့သည်။

အင်္ဂါနေ့တွင် မစ္စ ပေလိုစီ ထိုင်ဝမ်သို့ ခြေချပြီးနောက် တရုတ်နိုင်ငံက ပြည်သူ့တပ်မတော်သည် ကျည်အစစ်နှင့် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု ၅ ခုကို မကြာသေးမီကာလက တရုတ်စစ်တပ် လှုပ်ရှားမှုများလာသည့် အရှေ့ဘက် ကမ်းခြေအပါအဝင် ထိုင်ဝမ်ပတ်ဝန်းကျင် နေရာအများအပြားတွင် ပြုလုပ်မည်ဟု ကြေညာသည်။

မစ္စ ပေလိုစီ ထိုင်ဝမ်သို့ မရောက်မီ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားတွင် ရေကြောင်း၊ လေကြောင်း စစ်ရေးလေ့ကျင့်မှုများနှင့် အခြားကမ်းရိုးတန်း ဒေသအများအပြားတွင်မှ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

“သြဂုတ်လ ၂ ရက်နေ့ညနေပိုင်းမှ စတင်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ပူးတွဲစစ်ရေး လေ့ကျင့်မှုအများအပြားကို ပြုလုပ်မည်ဖြစ်သည်” ဟု တရုတ်စစ်တပ်က ကြေညာသည်။

“ထိုစစ်ဆင်ရေးများသည် အမေရိကန်က ထိုင်ဝမ်ပြဿနာနှင့် ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်သည့် လှုပ်ရှားမှုများ အလွန်အမင်း တိုးတက်လုပ်ဆောင်လာခြင်းကို ပြတ်ပြတ်သားသား တားဆီးရန်နှင့် လွတ်လပ်ရေး ကြံစည်နေသော အင်အားစုများကို ပြင်းထန်သော သတိပေးချက်အဖြစ် ရည်ရွယ်သည်”

“ထိုစစ်ဆင်ရေးများသည် အမေရိကန်က ထိုင်ဝမ်ပြဿနာနှင့် ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်သည့် လှုပ်ရှားမှုများ အလွန်အမင်း တိုးတက်လုပ်ဆောင်လာခြင်းကို ပြတ်ပြတ်သားသား တားဆီးရန်နှင့် လွတ်လပ်ရေး ကြံစည်နေသော အင်အားစုများကို ပြင်းထန်သော သတိပေးချက်အဖြစ် ရည်ရွယ်သည်” ဟုလည်း ဖော်ပြသည်။

အမေရိကန် ဒီမိုကရက်တစ်ပါတီမှ အသက် ၈၂ နှစ်ရှိပြီဖြစ်သော အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ ပေလိုစီသည် ထိုင်ဝမ်ကို ပြည်ပထောက်ခံမှုနှင့် ပတ်သက်ပြီး ဘေဂျင်းက မည်မျှအထိ သည်းခံနိုင်သည်ကို စမ်းသပ်သူ ဖြစ်လာသည်။ နှစ်နိုင်ငံတို့ ၁၉၇၉ ခုနှစ်တွင် ဆက်ဆံရေး ထူထောင်ပြီးနောက် အဆိုးဆုံးအမှတ် ရောက်နေသည့် ပိုမိုတင်းမာလာသော ဆက်ဆံရေးတွင် အကျပ်အတည်းကို စီမံနိုင်သည့် တရုတ်နှင့်အမေရိကန်တို့၏ စွမ်းရည်ကိုလည်း စစ်ဆေးလိုက်ခြင်းဖြစ်သည်။

ထိုင်ဝမ်သို့ ရောက်ပြီးနောက် မစ္စ ပေလိုစီက ကြေညာချက်တစောင် ထုတ်ပြန်ပြီး သူမ၏ ခရီးစဉ်သည် ကမ္ဘာတွင် ပဒေသရာဇ်စနစ်နှင့် ဒီမိုကရေစီအကြား ရွေးချယ်မှုကို ရင်ဆိုင်နေရစဉ် ထိုင်ဝမ်၏ ရှင်သန်သော ဒီမိုကရေစီကို ထောက်ခံရန် အမေရိကန်၏ မတွန့်ဆုတ်သော ကတိကဝတ်ကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း ပြောသည်။

တရုတ်လေယာဉ်တင်သင်္ဘော Liaoning (အလယ်)ကို ခြံရံလျက် တရုတ်စစ်သင်္ဘောအုပ်စု တောင်တရုတ်ပင်လယ်ပြင်အတွင်း ၂၀၁၇ ခုနှစ်က စစ်ရေးလေ့ကျင့်ခဲ့စဉ်

အကျပ်အတည်းတခု ပေါ်ပေါက်လာနိုင်သောကြောင့် အိမ်ဖြူတော်ကလည်း ဆန့်ကျင်ခဲ့သည့် ထိုခရီးစဉ်ကို တရုတ်အစိုးရလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချင်ကောင်းက ထိုခရီးစဉ်သည် သတိတရားမရှိသော ရန်စမှုဖြစ်သည်ဟု ပြောပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေမည်ဟု ပြောသည်။

မစ္စ ပေလိုစီသည် ၁၉၉၇ ခုနှစ်တွင် ထိုစဉ်က အောက်လွှတ်တော်ဥက္ကဋ္ဌ နယူအင့်ဂရစ် တိုင်ပေသို့ သွားရောက်ပြီးနောက် ထိုင်ဝမ်သို့ သွားရောက်သည့် အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိဖြစ်လာသည်။

တရုတ်က ထိုင်ဝမ်သည် ၎င်းတို့၏ အချုပ်အခြာပိုင်နက်ဖြစ်ကြောင်း ကြေညာထားပြီး မစ္စ ပေလိုစီ ထိုင်ဝမ်သို့ လာရောက် လည်ပတ်ပါက လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း တရုတ်စစ်တပ်က ပြောခဲ့သည်။ အင်္ဂါနေ့တွင်မူ တရုတ်စစ်တပ်က ထိုင်ဝမ်၏ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက် ရေပိုင်နက်နှင့် လေပိုင်နက်များတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ တာဝေးပစ် ဒုံးကျည်အစစ်များဖြင့် လေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်အရှေ့ဘက် ကမ်းခြေရေပိုင်နက်များတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာသည်။

ပညာရှင်အဖွဲ့ တခုဖြစ်သော CNA မှ တရုတ်နှင့် အင်ဒို-ပစိဖိတ်ဌာနခွဲကို ဦးဆောင်သည့် တရုတ်စစ်တပ်ရေးရာ ကျွမ်းကျင်သူ ဒေးဗစ် ဖင်ကယ်စတိန်းက တရုတ်သည် ထိုင်ဝမ်အရှေ့ဘက် ကမ်းခြေတွင် စစ်ရေးလေ့ကျင့်မှု ယခင်က မလုပ်ဖူးကြောင်း ပြောသည်။

တရုတ်စစ်တပ်က ထိုင်ဝမ်၏ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက် ရေပိုင်နက်နှင့် လေပိုင်နက်များတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ တာဝေးပစ် ဒုံးကျည်အစစ်များဖြင့် လေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်အရှေ့ဘက် ကမ်းခြေရေပိုင်နက်များတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာသည်။

“တရုတ်စစ်တပ်က ဒီစစ်ရေးလေ့ကျင့်မှုတွေ တကယ်လုပ်တယ်ဆိုရင် သူတို့က သူတို့စကားနဲ့သူတို့ လုပ်ရတာဆိုတော့ အံ့သြစရာတော့ မဟုတ်ပေမယ့် ဒါဟာ ဂန္ထဝင်မြောက် အင်အားပြတာလို့တော့ ပြောလို့ရတယ်” ဟု ဖင်ကယ်စတိန်းက ပြောသည်။ တရုတ်စစ်တပ်သည် ၎င်းတို့ အရှေ့ပိုင်းစစ်ဌာနချုပ်က ကြေညာထားသည့်အတိုင်း စစ်ရေးလေ့ကျင့်မှုများကို လုပ်၊ မလုပ်ကို အတည်မပြုနိုင်သေးပေ။ တရုတ်သည် ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုလုပ်သည်ဟု မကြာခဏ ပြောသော်လည်း ထိုင်ဝမ်က ထိုအချက်ကို ငြင်းဆိုရသည်များ ရှိခဲ့သည်။

ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု ဒေသများကို တရုတ်က ကြေညာခြင်းသည် ထိုင်ဝမ်၏ အဓိက ဆိပ်ကမ်းများနှင့် မြို့ပြဒေသများကို ခြိမ်းခြောက်ရန် ရည်ရွယ်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို တဘက်သတ် ဖျက်ဆီးခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။

တရုတ်၏ ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုများနှင့် ပတ်သက်သည့် ပူပန်မှုကို ဖော်ပြသည့်အနေဖြင့် မစ္စ ပေလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်လာသော အမေရိကန် လေတပ် လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်ဝမ်သို့ တိုက်ရိုက်ပျံသန်းခြင်း မပြုဘဲ ဘော်နီယိုနှင့် ဖိလစ်ပိုင် ကျွန်းစုများကို ပတ်ကာ ပျံသန်းခဲ့သည်။

“ထိုလုပ်ရပ်သည် တရုတ်၏ နိုင်ငံတကာ ဂုဏ်သတင်းကို အထောက်အကူ မပြုရုံသာမက ရေလက်ကြား ၂ ဘက်လုံးမှ ပြည်သူများ၏ စိတ်ခံစားချက်များကိုလည်း ထိခိုက်စေသည်” ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။

“တရုတ်၏ စစ်ပွဲလှုံ့ဆော်သော လှုပ်ရှားမှုသည် မိမိတို့နိုင်ငံသားများကို စိတ်ဓာတ်စစ်ဆင်ရေးအရ ခြိမ်းခြောက်ရန် ရည်ရွယ်သည်” ဟုလည်း ဖော်ပြသည်။ တရုတ်၏ ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုများနှင့် ပတ်သက်သည့် ပူပန်မှုကို ဖော်ပြသည့်အနေဖြင့် မစ္စ ပေလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့ကို တင်ဆောင်လာသော အမေရိကန် လေတပ် လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ထိုင်ဝမ်သို့ တိုက်ရိုက်ပျံသန်းခြင်း မပြုဘဲ ဘော်နီယိုနှင့် ဖိလစ်ပိုင် ကျွန်းစုများကို ပတ်ကာ ပျံသန်းခဲ့သည်။

သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျု (IISS) မှ တရုတ်စစ်တပ်ရေးရာ ကျွမ်းကျင်သူ မီယာ နိုဝန်က တရုတ်စစ်တပ်သည် လေယာဉ်ကို ခြိမ်းခြောက်နိုင်သည့် ဒုံးကျည်များအား ကျွန်းတုများတွင် ချထားသောကြောင့် အမေရိကန် စစ်ဘက်သည် တောင်တရုတ်ပင်လယ် ကောင်းကင်ကို ရှင်းလင်းအောင် လုပ်ထားနိုင်ခဲ့ကြောင်း ပြောသည်။ ထိုနေရာသည် တရုတ်က စစ်ရေး ပိုမိုပြင်ဆင်လာသည့် ဒေသဖြစ်သည်။

မစ္စ ပေလိုစီသည် တရုတ်နှင့် တင်းမာမှု မြင့်မားခြင်းကို ရှောင်ကျဉ်ရန် ခရီးစဉ်ကို အတိုချုံးပြီး မထင်မရှားဖြစ်အောင် လုပ်မည်ဟု သုတေသီများက အစောပိုင်းတွင် ခန့်မှန်းထားသော်လည်း လက်တွေ့တွင် မစ္စ ပေလိုစီသည် တညတာ သွားရောက်ရုံသာမက ဗုဒ္ဓဟူးနေ့ တနေ့လုံးတွင်လည်း ထိုင်ဝမ်တွင် လုပ်မည့်အစီအစဉ်များ ပြည့်နေသည်။

မစ္စ ပေလိုစီ မရောက်မီ အချိန်အတန်ကြာက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက အမေရိကန်ပြည်ထောင်စုသည် ပြဿနာရှာနေကြောင်း၊ ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်သည့် တရုတ်၏ ‘တပြည်ထောင်တည်း’ မူဝါဒကို ဖျက်ဆီးနေကြောင်း စွပ်စွဲသည်။

ထိုင်ဝမ်က အချိန်အကန့်အသတ်မရှိ ၎င်းတို့ထိန်းချုပ်မှုကို စွန့်လွတ်ရန် ငြင်းဆန်နေပါက ကျူးကျော်တိုက်ခိုက်မည်ဟု တရုတ်က ခြိမ်းခြောက်နေသော်လည်း အချို့ စစ်ရေးကျွမ်းကျင်သူများက တရုတ်ဘက်မှ စစ်ရေးအင်အားပြမှုများသည် ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးကို အားမပေးကြောင်း ပြရန်သာ ရည်ရွယ်ပြီး ကျူးကျော်ဝင်ရောက်ရန် မရည်ရွယ်ကြောင်း ပြောသည်။ တရုတ်နှင့် အမေရိကန်တို့သည် တင်းမာမှု မြင့်မားခြင်းကို ရှောင်ကျဉ်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းတို့ပြောသည်။

မစ္စ ပေလိုစီသည် အိမ်ဖြူတော်က ကန့်ကွက်သည့်ကြားမှ ထိုင်ဝမ်သို့ သွားရောက်ခြင်းဖြစ်သည်။ သူမ၏ ခရီးစဉ်သည် လွန်စွာမြင့်မားနေပြီဖြစ်သော ဘေဂျင်းနှင့် တင်းမာမှုများကို မလိုအပ်ဘဲ မြင့်မားစေမည်ဟု အိမ်ဖြူတော်က ပြောသည်။ မစ္စ ပေလိုစီ၏ ခရီးစဉ်ကြောင့် တင်မားမှုမြင့်မားစေသည့် လုပ်ရပ်မျိုး မတုံ့ပြန်ရန် မစ္စ ပေလိုစီ ထိုင်ဝမ်သို့ မရောက်မီက တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်ကလည်း ဘေဂျင်းကို သတိပေးထားသည်။

၁၉၉၅-၁၉၉၆ ခုနှစ်က ကြီးမားသော ထိုင်ဝမ် အကျပ်အတည်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်ရေလက်ကြားတွင် ဒုံးကျည်များ ပစ်ခတ်ခြင်း အပါအဝင် စစ်ရေးတုံ့ပြန်မှုများကို တရုတ်က ပြင်ဆင်နေသည့် လက္ခဏာရှိကြောင်း အိမ်ဖြူတော်ကပြောသည်။ မစ္စ ပေလိုစီသည် တရုတ်နှင့် တင်းမာမှု မြင့်မားခြင်းကို ရှောင်ကျဉ်ရန် ခရီးစဉ်ကို အတိုချုံးပြီး မထင်မရှားဖြစ်အောင် လုပ်မည်ဟု သုတေသီများက အစောပိုင်းတွင် ခန့်မှန်းထားသော်လည်း လက်တွေ့တွင် မစ္စ ပေလိုစီသည် တညတာ သွားရောက်ရုံသာမက ဗုဒ္ဓဟူးနေ့ တနေ့လုံးတွင်လည်း ထိုင်ဝမ်တွင် လုပ်မည့်အစီအစဉ်များ ပြည့်နေသည်။

ဗုဒ္ဓဟူးနေ့ နံနက်တွင် မစ္စ ပေလိုစီသည် ထိုင်ဝမ်ပါလီမန်သို့ သွားရောက်ခဲ့သည်။ ထို့နောက်တွင် ထိုင်ဝမ် သမ္မတ မစ္စ ဆိုင်အင်ဝမ်နှင့်လည်း တွေ့ဆုံသည်။ ထို့နောက်သူသည် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပဂုဏ်သရေရှိ ဧည့်သည်တော်များကို ဧည့်ခံလေ့ရှိသည့် ဂျပန်ကိုလိုနီခေတ် အိမ်တော်ဖြစ်သည့် ထိုင်ဝမ်ဧည့်ဂေဟာတွင် နေ့လည်စာ သုံးဆောင်ပြီး လူ့အခွင့်အရေး အထိမ်းအမှတ်နေရာ တခုသို့ သွားရောက်သည်။ ထိုသို့လုပ်ဆောင်မှသာ မစ္စ ပေလိုစီ၏ ခရီးသည် ဂရစ်၏ ထိုင်ဝမ်ခရီးထက် ပိုမိုကြီးကျယ်သည်။ ဂရစ်သည် လွန်ခဲ့သော ၂၅ နှစ်က ထိုင်ဝမ်သို့ သွားရောက်သောအခါ နာရီအနည်းငယ်သာ နေထိုင်ခဲ့သည်။

(Financial Times မှ Kathrin Hille နှင့် Demetri Sevastopulo တို့၏ China threatens major military exercises around Taiwan over Pelosi visit ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ

ယူကရိန်း စစ်ပွဲမှ အမြတ်ထွက်ရန် တရုတ် မူချ

ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ

Loading