မြန်မာမှ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို မကြာသေးမီက ကွပ်မျက်လိုက်ခြင်းသည် လွန်ခဲ့သောနှစ် အစောပိုင်းက ရွေးကောက်ခံအစိုးရကို ဖြုတ်ချသည့် စစ်ခေါင်းဆောင်များကို နောက်ထပ်အရေးယူ ပိတ်ဆို့ရန် အမေရိကန်နှင့် အခြားနိုင်ငံများ၏ အားထုတ်မှုကို ပိုမိုပြင်းထန်စေသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အမေရိကန် ကွန်ဂရက်အမတ်များ၏ ပြောကြားချက်များအရ အထက်လွှတ်တော်သည် အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်သော ဘားမားအက်ကို အတည်ပြုရန် နီးကပ်လာနေပြီဖြစ်ကြောင်း ပြသနေသည်။
ထိုဥပဒေသည် ဆင်းရဲသော မြန်မာအတွက် ငွေမာရှာဖွေရာတွင် အဓိကရင်းမြစ်ဖြစ်သည့် နိုင်ငံပိုင်လုပ်ငန်း မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့ရန် လမ်းဖွင့်ပေးသည်။
MOGE သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုကို လူထုက ကျယ်ပြန့်စွာ ဆန့်ကျင်သည်ကို ဖိနှိပ်ရန် စစ်တပ်၏ အားထုတ်မှုများအတွင်း ငွေကြေးဖြတ်တောက်ရန် အားထုတ်မှုတွင် အဓိက ပစ်မှတ် ဖြစ်လာသည်။
ထို့ကြောင့် MOGE သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုကို လူထုက ကျယ်ပြန့်စွာ ဆန့်ကျင်သည်ကို ဖိနှိပ်ရန် စစ်တပ်၏ အားထုတ်မှုများအတွင်း ငွေကြေးဖြတ်တောက်ရန် အားထုတ်မှုတွင် အဓိက ပစ်မှတ် ဖြစ်လာသည်။
လွန်ခဲ့သောနှစ် ၇၀ အတွင်း မြန်မာနိုင်ငံကို အများအားဖြင့် စစ်တပ်ကသာ အုပ်ချုပ်နေသည်။ လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းလိုက်ခြင်းသည် ဒီမိုကရေစီ အရပ်သားအစိုးရနှင့် ပိုမိုခေတ်မီ ပွင့်လင်းသော စီးပွားရေးသို့ မှန်မှန်ပြောင်းလဲမှုများကို ဖြတ်တောက်လိုက်ပြီး နိုင်ငံမှလုပ်ငန်း အများအပြားကို ထိန်းချုပ်ထားသည့် စစ်တပ်၊ စစ်တပ်မိသားစုများနှင့် ခရိုနီများအပေါ် အရေးယူ ပိတ်ဆို့မှု အများအပြားကို ဖြစ်စေသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ဇူလိုင်လနှောင်းပိုင်းတွင် ကွပ်မျက်လိုက်ခြင်းသည် အမေရိကန်ကွန်ဂရက် အမတ်များနှင့် အခြားသူများက မြန်မာ၏ အိမ်နီးချင်းများ၊ အထူးသဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အနေဖြင့် မြန်မာစစ်အုပ်ချုပ်သူများကို ပြစ်တင်ရှုတ်ချရန်နှင့် ပိုမိုဖိအားပေးရန် ပြင်းထန်စွာ တောင်းဆိုမှုများကို ဖြစ်စေသည်။
“လူတွေသတ်ပြီး လွတ်မြောက်နေတဲ့ မြန်မာက စစ်ကောင်စီအပေါ် သူတို့အနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အရေးယူမှုချမှတ်ဖို့ အချိန်ရောက်နေပြီ” ဟု ဖြုတ်ချခံ မြန်မာအရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတဦးဖြစ်သည့် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ် က မကြာသေးမီက ကြေညာချက်တစောင်တွင် ပြောသည်။ မြန်မာ့အိမ်နီးချင်းများနှင့် ASEAN တို့က ပိုမိုအရေးယူခြင်း မရှိလျှင် အမေရိကန် ပြည်ထောင်စုသည် စစ်တပ်နှင့် ၎င်းတို့ငွေကြေးရင်းမြစ်များကို အရေးယူသင့်သည်ဟု သူကပြောသည်။
“ဒီလိုအရေးယူရာမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းလည်း ပါဝင်သင့်တယ်” ဟု မက်ကွန်းနဲလ်က ပြောသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလက ဥရောပသမဂ္ဂသည် MOGE ကို အရေးယူပိတ်ဆို့လိုက်ပြီး ထိုလုပ်ငန်းကို စစ်တပ်က ထိန်းချုပ်ထားခြင်းသည် မြန်မာတွင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှုကို အင်အားချိနဲ့စေသည့် လုပ်ရပ်များကို လုပ်နိုင်သည့် စွမ်းရည်ကို အကျိုးပြုခြင်းသာဖြစ်သည်ဟု ကြေညာသည်။
စစ်တပ်ပိုင်လုပ်ငန်းများအနက် အကြီးဆုံး ၂ ခုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းတို့ကို အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ပြီး ဖြစ်သည်။
စစ်တပ်ပိုင်လုပ်ငန်းများအနက် အကြီးဆုံး ၂ ခုဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းတို့ကို အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့ပြီး ဖြစ်သည်။
ထိုအရေးယူ ပိတ်ဆို့မှုများကို ကောင်းစွာပစ်မှတ်ထား အကောင်အထည်ဖော်ပါက ထူးခြားမှုရှိနိုင်ကြောင်း ပိတ်ဆို့အရေးယူမှုကို ထောက်ခံသူများက ပြောသည်။ လက်ရှိအချိန်အထိ မြန်မာ့စီးပွားရေးသည် စစ်အာဏာသိမ်းမှု နောက်ပိုင်း အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ချမှတ်သည့် အရေးယူပိတ်ဆို့မှုများမှ တစုံတရာ အကာအကွယ် ရနေသည်။
မြန်မာကုန်သွယ်ရေးများဖြစ်ပြီး အကျိုးအမြတ်များသော ကျောက်မျက်၊ မြေရှားသတ္တုများနှင့် သစ် ရောင်းချမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် အထူးသဖြင့် စစ်ကောင်စီကို ပိုမို ထောက်ခံလာသော တရုတ်နှင့် ပြုလုပ်နေခြင်း ဖြစ်သည်။ အနောက်နိုင်ငံများမှ စွမ်းအင်ကုမ္ပဏီကြီးများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ထွက်ခွာသွားပြီး ဖြစ်သည်။
ထို့ကြောင့် ဘဏ္ဍာရေး ဖိအားများသာ ကျန်ရှိတော့သည်။ တရုတ်နှင့် ထိုင်းသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံမျှ ရရှိနေကြောင်း စစ်ကောင်စီ မီဒီယာများ၏ ဖော်ပြချက်များအရ သိရပြီး ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်က နှိမ်နင်းပြီးနောက် လက်နက်စွဲကိုင် လာသော အတိုက်အခံ အင်အားစုများကို တိုက်ခိုက်ရန် လက်နက်များ အပါအဝင် သွင်းကုန်မျိုးစုံအတွက် ငွေပေးချေရန် လိုအပ်သော နိုင်ငံခြားငွေ အဓိက ရင်းမြစ်ဖြစ်သည်။
ဥရောပသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကြောင့် တရုတ်ဗဟိုဘဏ်က မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်တွင် လုပ်ကိုင်နေသူများအနေဖြင့် MOGE သို့ ငွေပေးချေမှုကို ယူရိုငွေဖြင့် မပေးရန် အကြံပြုခဲ့ရသည်။
ထိုသို့အကြံပေးရခြင်းမှာ အထက်ပါ အရေးယူပိတ်ဆို့မှုများ ချိုးဖောက်သည့် အခြေအနေဖြစ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ထိုစီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် Posco International နှင့် Kogas တို့က တက်ကြွလှုပ်ရှားသူများကို ပြောသည်။
MOGE သို့ ယူရိုငွေဖြင့် ပေးချေမှုများကို ထိန်းချုပ်ထားသည့် ကြားခံငွေစာရင်းတွင်သာ ပေးချေရန် သတ်မှတ်ထားကြောင်း ထိုအခြေအနေကို သိရှိသည့် အခြားသူ ၂ ဦးကလည်း အတည်ပြုသည်။
MOGE သို့ ယူရိုငွေဖြင့် ပေးချေမှုများကို ထိန်းချုပ်ထားသည့် ကြားခံငွေစာရင်းတွင်သာ ပေးချေရန် သတ်မှတ်ထားကြောင်း ထိုအခြေအနေကို သိရှိသည့် အခြားသူ ၂ ဦးကလည်း အတည်ပြုသည်။ ထိုသူများက ၎င်းတို့ကိုယ်တိုင်၊ ၎င်းတို့မိသားစုများနှင့် မိတ်ဆွေများအတွက် အန္တရာယ်ရှိသောကြောင့် အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုကြပေ။
အခြားနိုင်ငံများကို ပိတ်ဆို့အရေးယူမှုများအား ချိုးဖောက်သောကြောင့် နိုင်ငံတကာဘဏ်များသို့ ပေးဆောင်ရသည့် ဘီလီယံပေါင်းများစွာသော ဒဏ်ကြေးများကြောင့် အရေးယူပိတ်ဆို့မှုများကို လိုက်နာရန် တွန်းအားဖြစ်စေသည်။
အရေးယူပိတ်ဆို့မှုများကို ကြေညာရာတွင် ဥရောပသမဂ္ဂက MOGE ကို စစ်တပ်က ထိန်းချုပ်ပြီး စစ်တပ်အတွက် ဝင်ငွေရှာပေးနေသောကြောင့် ထိုလုပ်ငန်းသည် မြန်မာတွင် ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှုကို အားနည်းအောင် လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို အကျိုးပြုသည်ဟု ဖော်ပြထားသည်။
ကီလိုမီတာ ၇၇၀ (၄၇၅ မိုင်) ရှည်လျားသော ပိုက်လိုင်းသည် ရွှေ သဘာဝဓာတ်ငွေ့ လုပ်ကွက်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသည်။ ထိုစီမံကိန်းသည် ဓာတ်ငွေ့ရောင်းချငွေကို အမေရိကန် ဒေါ်လာဖြင့် မပေးဘဲ ယူရိုဖြင့် ပေးချေရန် စာချုပ်ချုပ်ထားသည့် တခုတည်းသော အဓိက စီမံကိန်းဖြစ်သည်။
ထိုစီမံကိန်းတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းပါသည့် Posco International က ဓာတ်ငွေ့ရောင်းရငွေများကို သီးခြားထိန်းချုပ်ထားသည့် ကြားခံငွေစာရင်းသို့ ပေးသွင်းကြောင်း အတည်ပြုသည်။ Posco International သည် ၎င်းတို့ ရှယ်ယာများအတွက် ပုံမှန်ပေးချေမှု ရရှိကြောင်း ပြောခွင့်ရသူ ဆောင်ချမ်းက အီးမေးလ်ဖြင့် မေးခွန်းများကို ဖြေရာတွင် ပြောသည်။ ထိုရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွင် ပါဝင်သော အခြားကုမ္ပဏီများ၏ ငွေပေးချေသည့် ပုံစံကို သူ မပြောနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ထိုစီမံကိန်းမှ အခြားလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း သူပြောပြီး နောက်ထပ်မေးစရာ ရှိသည်များကို ရွှေစီမံကိန်းမှ ဓာတ်ငွေ့ဝယ်ယူ ငွေပေးချေနေသော China National United Oil Co. သို့ မေးရန် သူက ပြောသည်။
ထိုလုပ်ငန်းသည် တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ လုပ်ငန်းခွဲ တခုဖြစ်ပြီး မေးခွန်းများကို လတ်တလော ဖြေကြားခြင်း မရှိပေ။ CNPC နှင့် တရုတ် ဗဟိုဘဏ်တို့ကလည်း မေးခွန်းများကို ဖြေကြားခြင်း မရှိပေ။
ရွှေစီမံကိန်းတွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှယ်ယာပိုင်သည့် Korea Gas Corp. ကလည်း မေးခွန်းများကို ဖြေကြားခြင်း မရှိပေ။
အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် မြန်မာအတွက် ဓာတ်ငွေ့ကို မထိခိုက်စေဘဲ အရေးယူပိတ်ဆို့မှုများကို အကောင်အထည် ဖော်နိုင်သည်ဟု Global Witness မှ မူဝါဒဆိုင်ရာ အတိုင်ပင်ခံ ကီးလ်ဒိုင်ယက် ပြောသည်။
ရွှေစီမံကိန်းသည် ဓာတ်ငွေ့များကို တရုတ်သို့ ဆက်လက် ပို့ဆောင်နေသောကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် မြန်မာအတွက် ဓာတ်ငွေ့ကို မထိခိုက်စေဘဲ အရေးယူပိတ်ဆို့မှုများကို အကောင်အထည် ဖော်နိုင်ကြောင်း ပြသနေသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်မယူသည့် လုပ်ငန်းဖြစ်သော Global Witness မှ မူဝါဒဆိုင်ရာ အတိုင်ပင်ခံ ကီးလ်ဒိုင်ယက် ပြောသည်။
အရေးယူ ပိတ်ဆို့မှုများသည် ထိုစီမံကိန်းများတွင် ပါဝင်နေသည့် ဝန်ထမ်းများကို ထိခိုက်စေမည် သို့မဟုတ် နိုင်ငံတွင် ဓာတ်အားပြတ်တောက်မှုကို ပိုမိုဆိုးရွားစေမည်ဟု အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်သူများ ပြောသည်။
ဘားမားအက် ဥပဒေတွင် MOGE ကို အရေးယူပိတ်ဆို့သောကြောင့် မြန်မာပြည်သူများအပေါ် ဖြစ်ပေါ်မည့် ရိုက်ခတ်ချက်များကိုလည်း လေ့လာအကဲဖြတ်ရန် ဖော်ပြထားသည်။ ထိုအရေးယူ ပိတ်ဆို့မှုများသည် အမေရိကန် အမျိုးသား အကျိုးစီးပွားကို ဖြစ်စေပြီး ဆိုးကျိုးထက် ကောင်းကျိုး ပိုမိုများပြားအောင်လုပ်ပြီး မြန်မာမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တားဆီးနိုင်မည်ဆိုပါက သမ္မတသည် ထိုသို့သော အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။
ဥရောပသမဂ္ဂက ဖေဖော်ဝါရီလတွင် ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများသည် ရွှေစီမံကိန်း တခုတည်းကိုသာ ထိခိုက်စေသော်လည်း အနည်းဆုံး ဘဏ်တခု၏ စဉ်းစားတွေးခေါ်ပုံအပေါ် အဓိပ္ပာယ် ပြည့်ဝသည့် သက်ရောက်မှုရှိကြောင်း၊ ထို့ကြောင့် စစ်ကောင်စီသည် ၎င်းတို့ငွေကို ၎င်းတို့ထုတ်ယူရာတွင် ကုန်ကျစရိတ် ပိုမိုများသွားကြောင်း ဒိုင်ယက်ပြောသည်။
“ဒါတွေအားလုံးကို မြန်မာနဲ့ ထိုင်းမှာ လူသားချင်းစာနာမှု ဆိုးကျိုး လုံးဝမဖြစ်စေဘဲ လုပ်နိုင်တယ်” ဟု သူက ပြောသည်။
အခြားစီမံကိန်းများမှ ထိုင်းသို့ ဓာတ်ငွေ့ပေးပို့မှုကြောင့် အမေရိကန်က MOGE ကို အရေးယူပိတ်ဆို့မှုသည် ဘန်ကောက်နှင့် ဆက်ဆံရေး ထိခိုက်စေမည်ဆိုသည့် စိုးရိမ်မှုများကိုလည်း လျှော့ချပေးသည်။
မြန်မာမှ မကြာသေးမီက ကွပ်မျက်မှုများသည် အိမ်နီးချင်းများအကြား စိတ်ပျက်မှုကို ပိုမိုနက်ရှိုင်းစေသည်။ မြန်မာမှ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို သေဒဏ်ချထားဆဲဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။
“ကွပ်မျက်မှုတွေ ထပ်လုပ်ရင်တော့ အခြေအနေကို ပြန်လည်သုံးသပ်ရမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းက ပြောသည်။
“ကွပ်မျက်မှုတွေ ထပ်လုပ်ရင်တော့ အခြေအနေကို ပြန်လည်သုံးသပ်ရမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းက ပြောသည်။
ASEAN ပြင်ပတွင် မြန်မာနှင့် အနီးစပ်ဆုံး ဆက်ဆံရေးနှင့် သြဇာရှိသော နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့သည် စစ်ကောင်စီကို ထောက်ခံပြီး ဖိအားပေးမည့် အလားအလာ မရှိပေ။
ကျန် ASEAN အဖွဲ့ဝင် ၉ နိုင်ငံသည် နိုဝင်ဘာလတွင် ကျင်းပမည့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ မည်သည်တို့ ဖြစ်လာမည်ကို ဆက်လက် စောင့်ကြည့်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သတင်းထောက်များကို ဘန်ကောက်တွင် လွန်ခဲ့သောလက ပြောသည်။
အခြားအဖွဲ့ဝင်များကို စီးပွားရေးပိတ်ဆို့ အရေးယူလေ့ မရှိသည့် ASEAN နိုင်ငံများသည် မြန်မာခေါင်းဆောင်များကို ဖိအားပေးရန် နည်းလမ်းရှာဖွေရင်း ပိတ်ဆို့အရေးယူသည့် နည်းလမ်းကို ဆွေးနွေးလာကြောင်း မစ္စတာ ဆိုင်ဖူဒင်က ပြောသည်။
“အရေးယူတဲ့ အစီအမံကို ကျနော်တို့ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် မချခဲ့ဘူး” ဟု သူက ပြောသည်။
(AP သတင်းပါ Elaine Kurtenbach ၏ Myanmar Executions Revive Pressure for More Sanctions ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
MOGE ကို ပိတ်ဆို့အရေးယူရန် သမ္မတဘိုင်ဒင်ထံ ထပ်မံတောင်းဆို
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်း PTTEP ဦးဆောင်မည်
စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ
ရဲတံခွန် စီမံကိန်းမှ Petronas နှင့် Mitsubishi ကုမ္ပဏီတို့ နုတ်ထွက်မည်
MOGE နှင့် အနောက်နိုင်ငံများ၏ ဆန်ရှင်