၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှုများ ကျယ်ပြောလာတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီးမြို့နယ်က တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံထားတဲ့ ဝမ်ပေါင် ကြေးနီစီမံကိန်းရဲ့ အခြေအနေဟာ စိုးရိမ်နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ကြေးနီစီမံကိန်းဝန်းထဲမှာ တပ်စွဲထားတဲ့ အာဏာသိမ်းတပ်တွေကို ရှော့တိုက်ဒုံးတွေ၊ လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သလို ဇွန် ၂၄ ရက်နေ့ ညမှာလည်း စီမံကိန်းကို အဓိက မီးပေးနေတဲ့ လျှပ်စစ်တာဝါတိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ကြေညာခဲ့ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီဘက်က ဒီလိုတိုက်ခိုက်တာတွေဟာ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အလေးမထားသလို စီမံကိန်း ဧရိယာ အဆောက်အအုံတချို့ ပျက်ဆီးဆုံးရှုံးခဲ့လို့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဇွန်လ ၂၈ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
ဝမ်ပေါင်အနေနဲ့ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို ကူညီပေးနေတဲ့ အပြင် လက်ရှိ ပြည်တွင်းပဋိပက္ခဖြစ်စဉ်တွေမှာ ပါဝင်လိုခြင်း မရှိဘဲ ကျေးရွာတွေ ထိခိုက်ဆုံးရှုံးမှု မရှိရေး၊ ဝန်ထမ်တွေရဲ့ အသက်အန္တရာယ်ကင်းရှင်းခွင့်နဲ့ အသက်မွေး ဝမ်းကြောင်းပြုခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့်တို့ကို လေးစားပေးကြဖို့လည်း တောင်းဆိုပါတယ်။
စီမံကိန်းတွေ ယာယီရပ်ဆိုင်းထားသော်လည်း ဝမ်ပေါင်အနေနဲ့ ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို ကူညီပေးနေတဲ့ အပြင် လက်ရှိ ပြည်တွင်းပဋိပက္ခဖြစ်စဉ်တွေမှာ ပါဝင်လိုခြင်း မရှိဘဲ ကျေးရွာတွေ ထိခိုက်ဆုံးရှုံးမှု မရှိရေး၊ ဝန်ထမ်တွေရဲ့ အသက်အန္တရာယ်ကင်းရှင်းခွင့်နဲ့ အသက်မွေး ဝမ်းကြောင်းပြုခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့်တို့ကို လေးစားပေးကြဖို့လည်း တောင်းဆိုပါတယ်။
အာရှဒေသအတွင်း အကြီးမားဆုံးသော ကြေးနီ သတ္ထုမိုင်းတွေထဲ ပါဝင်တဲ့ ဒီစီမံကိန်းဟာ အာဏာသိမ်းတပ်ကို အကြီး အကျယ် ဝင်ငွေရစေတဲ့အပြင် မကြာသေးမီကာလက ဒေသတွင်း ကျေးရွာတွေကို စီးနင်တိုက်ခိုက်တဲ့ တပ်တွေကို စီမံကိန်းတွေထဲ တည်းခိုစေတာ၊ အထောက်အပံ့ပေးတာတွေ လုပ်ဆောင်ခဲ့တယ်တဲ့အပြင် စီမံကိန်းလုပ်ငန်း ပြန်လည်ပတ်ကြိုးပမ်းနေတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
“လက်နက်ကြီးတွေ၊ အမြှောက်ကားတွေပါ ကုမ္ပဏီဝင်းထဲမှာ တပ်ဆင်တာတွေ လုပ်လာတော့ စစ်ကောင်စီရဲ့ တံတိုင်းကြီး တခုလိုပဲ မြင်လာတယ်၊ စစ်အင်အားတည်ဆောက်နေတဲ့ ဘန်ကာတခုလို မြင်လာတယ်။ ဒါတွေကို မျက်ဝါးထင်ထင်မြင် နေရပါတယ်”လို့ ဆားလင်းကြီး ဒေသ ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင် ကိုစစ်နိုင်က ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဘက်က မြန်မာကို ဝင်လာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ပေးရမယ့်ဆိုတဲ့ မူအရ ဆိုပြီး ကြေးနီစီမံကိန်းကို ကာကွယ် စောင့်ရှောက်ဖို့ တပ်ရင်း တရင်းစာလောက်ရှိတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ကို အဲဒီစီမံကိန်း ဧရိယာထဲကို ပို့ပေးထားပါတယ်။ တပ်မ ၇၇ နဲ့ ၃၃ လက်အောက်ခံတပ်ရင်းတွေလို့ သိရပါတယ်။
အဲဒီ စစ်သားတွေဟာ အဲဒီဒေသတဝိုက်မှာ စစ်ဆင်ရေးတွေပါ ထွက်လုပ်လေ့ရှိပြီး ဝမ်ပေါင် ကုမ္ပဏီနေရာကို စစ်တပ်အခြေစိုက် စခန်းတခု အဖြစ်ပါ အသုံးပြုပါတယ်။ စီမံကိန်းကို အခြေ ပြုပြီး အနီးပတ်ဝန်းကျင်ရွာတွေကို စီးနင်းတိုက်ခိုက်ကာ ဒေသခံတွေကို သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။
ကြေးနီစီမံကိန်းအနီး ကျေးရွာတွေက ဒေသခံ ၂၀ ဦးခန့် သတ်ဖြတ်ခံခဲ့ရသလို အိမ်ခြေ တရာခန့်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ ဒါ့အပြင် စီမံကိန်း ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံ သုံးသောင်းလောက်ဟာလည်း နေအိမ်တွေ စွန့်ခွာပြီး တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။
ဒီအတွက် ကြေးနီစီမံကိန်းအနီး ကျေးရွာတွေက ဒေသခံ ၂၀ ဦးခန့် သတ်ဖြတ်ခံခဲ့ရသလို အိမ်ခြေ တရာခန့်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ ဒါ့အပြင် စီမံကိန်း ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံ သုံးသောင်းလောက်ဟာလည်း နေအိမ်တွေ စွန့်ခွာပြီး တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။
မေလ ၂၅ ရက်နေ့က တရုတ်ကြေးနီစီမံကိန်းက CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေဖြစ်တဲ့ ဆားလင်းကြီး မြို့နယ်၊ ရွာသာရွာက ကိုကျော်ငြိမ်းနဲ့ ကိုချစ်သိန်းဇော်တို့ နှစ်ဦးကိုလည်း တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ကြေးနီစီမံကိန်းအနီးမှာ ဒုတိယအကြိမ်မြောက် ဆိုးဝါးတဲ့ ဒေသခံတွေရဲ့ သွေးမြေကျမှုတွေ ဖြစ်ပါတယ်။
ပထမအကြိမ် ဆိုးဝါးတဲ့ သွေးမြေကျမှုကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း မြန်မာဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအနီးက ဒုန်းတောရွာကို အာဏာသိမ်းတွေ ဝင်ရောက်တိုက်ခိုက်ပြီး အသက် ၁၈ နှစ်အောက် လူငယ် ၅ ယောက် အပါအဝင် ဒေသခံ ၁၁ ဦးမှာ ကွမ်းခြံတခုအတွင်း မီးရှို့သတ်ဖြတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
တရုတ်ကြေးနီးစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ ပဋိပက္ခတွေဟာ အခုမှ စဖြစ်တာတော့ မဟုတ်ပါဘူး။
၂၀၁၀ ကတည်းက မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့ရဲ့ ဖက်စပ်ကုမ္ပဏီ Myanmar Wanbao Mining Copper Company Ltd., လုပ်ကိုင်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်ဒေသ ကြေးနီစီမံကိန်းတွေဟာ အဓမ္မမြေယာ သိမ်းမှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးစေတာတွေနဲ့ ပွင်းလင်းမြင်သာမှု ကင်းမဲ့တာတွေကြောင့် ဒေသခံပြည်သူတွေ ဟာ ဆန့်ကျင်ကန့်ကွက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ကန့်ကွက်ဆန္ဒပြတဲ့ သပိတ်စခန်းတွေကို စီမံကိန်းလုံခြုံရေးရဲတွေက ဖော့စဖောရပ်ဓာတ် ပါဝင်ပြီး မီးလောင်စေတတ်တဲ့ မီးခိုးဗုံးများဖောက်ခွဲကာ တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာ ၉၉ ပါးနဲ့ လူပုဂ္ဂိုလ်အ ချို့ မီးလောင်ဒဏ်ရာများရရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာလည်း ကြေးနီစီမံကိန်းကို ဆန္ဒပြကန့်ကွက်တဲ့ လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ တခြားသော ကန့်ကွက်ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီထောင်ချတာတွေ ခံခဲ့ကြရပါတယ်။
စီမံကိန်း ဧရိယာအားဖြင့် ဧကပေါင်းထောင်ချီ ကျယ်ဝန်းပြီး နှစ်စဉ်ကြေးနီတန်ချိန် သိန်းချီထုတ်ယူဖို့ ရည်မှန်းထားကြတဲ့ တရုတ် ကြေးနီစီမံကိန်းတွေဟာ နိုင်ငံအတွက် အကျိုးအမြတ်များစေတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ကနေ စီမံကိန်း ဆက်လက်လုပ်ကိုင်သင့်တဲ့အကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
စီမံကိန်း ဧရိယာအားဖြင့် ဧကပေါင်းထောင်ချီ ကျယ်ဝန်းပြီး နှစ်စဉ်ကြေးနီတန်ချိန် သိန်းချီထုတ်ယူဖို့ ရည်မှန်းထားကြတဲ့ တရုတ် ကြေးနီစီမံကိန်းတွေဟာ နိုင်ငံအတွက် အကျိုးအမြတ်များစေတဲ့ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ကနေ စီမံကိန်း ဆက်လက်လုပ်ကိုင်သင့်တဲ့အကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတွက် ပိုပြီး အကျိုးအမြတ် ရှိမယ့် စာချုပ် ပြင်ဆင်ချုပ်ဆိုနိုင်ခဲ့သလို ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင် ပြန်လည်ပြုပြင်ရေး၊ အလုပ်အကိုင်ရရှိမှု စတဲ့ မြင်သာတဲ့ လုပ်ရပ်တွေ အတော်အသင့်ရှိလာတဲ့အခါ ယခင်လို ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ မရှိတော့သော်လည်း ဒေသခံ အချို့ကတော့ မြေယာလျော်ကြေးလည်း မယူသလို ယနေ့တိုင် ကန့်ကွက်နေကြဆဲလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာ သိမ်းလိုက်တဲ့နောက် တရုတ်ဆန့်ကျင့်ရေး လှုပ်ရှားမှုတွေနဲ့ အာဏာသိမ်း တပ်ထံ ဝင်ငွေစီးဆင်းမှု ရပ်တန့်ရေးလှုပ်ရှားမှုတွေကြောင့် ကြေးနီစီမံကိန်းတွေဟာ ဆန့်ကျင်ခြိမ်းခြောက်မှုအသစ်တွေနဲ့ ထပ်မံ ဖိအားပေးခံလာရပါတယ်။
အရပ်သား အစိုးရကို ဖြတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံတကာ မျက်နှာစာမှာ ကာကွယ်ဖေးမနေတဲ့ လုပ်ရပ်တွေကြောင့် လူထုဟာ တရုတ်သံရုံးရှေ့အထိ ချီတက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို တရုတ်နိုင်ငံသားပိုင် စက်ရုံတွေ တိုက်ခိုက်ခံရတာ၊ အရေးပါတဲ့ ရေနံသဘာဝ ဓာတ်ငွေပိုက်လိုင်း ဖောက်ခွဲဖို့ ခြိမ်းခြောက်တာတွေ အထိဖြစ်ခဲ့ပါတယ်။
သုတသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar က ကောက်ယူခဲ့တဲ့“တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့ မူ ဝါဒ အသိုက်အဝန်း၏ သဘောထားအမြင် စစ်တမ်း-၂၀၂၂” အရဆိုရင် အာဏာသိမ်းကာလ တနှစ်အတွင်း တရုတ်နိုင်ငံ အပေါ် ပို၍ အဆိုးမြင်လာတယ်လို့ ဖြေဆိုခဲ့သူ ၃၄ ရာခိုင်နှုန်းအထိ ရှိနေတာ တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် တရုတ်ကြေးနီစီမံကိန်းတွေက ထောင်နဲ့ချီတဲ့ မြန်မာဝန်ထမ်းတွေဟာလည်း တခြားသော ဌာနအသီးသီးက ဝန်ထမ်းတွေလို ပြည်သူ့ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ စီမံကိန်းကို အာဏာသိမ်းတဲ့လကတည်းက ယာယီရပ်ဆိုင်းထားတယ်လို့ မကြာခဏ ထုတ်ပြောလေ့ရှိသလို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိရေး လိုအပ်တဲ့ ဝန်ထမ်းအင်အားနဲ့သာ စီမံကိန်းအတွင်း ပြု ပြင်ထိန်းသိမ်းရေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လအလိုက် သတ္ထုနှင့် တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုအခြေအနေ ဖော်ပြချက်မှာ ဝမ်ပေါင်အနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ကြေးနီထုတ်လုပ်ခဲ့တာကို တွေ့ရပြီး ဇူလိုင်လနောက်ပိုင်း ထုတ်လုပ်မှု သုညအဖြစ် စာရင်းပြထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လအလိုက် သတ္ထုနှင့် တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုအခြေအနေ ဖော်ပြချက်မှာ ဝမ်ပေါင်အနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ကြေးနီထုတ်လုပ်ခဲ့တာကို တွေ့ရပြီး ၂၀၂၁ ခုနှစ် မတ်လကနေ ဇူလိုင်လအထိ စုစုပေါင်း ကြေးနီတန်ချိန် ၄၆၈ တန်ကျော်ပဲ ထုတ်လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဇူလိုင်လနောက်ပိုင်း ထုတ်လုပ်မှု သုညအဖြစ် စာရင်းပြထားပါတယ်။
အာဏာမသိမ်းမီ ပုံမှန်ဆို ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ဒေါ်လာ ၄၁၇ သန်းနဲ့ စံပယ်တောင်နဲ့ ကြေးစင် တောင် ကြေးနီစီမံကိန်းကနေ ဒေါ်လာ ၁၈၇ သန်း၊ စုစုပေါင်း ဒေါ်လာသန်း ၆၀၀ ကျော် စစ်ကောင်စီထံ စီးဝင်တယ်လို့ ဩစတြေးလျအခြေစိုက် Publish What You Pay အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ အစီအရင်ခံစာမှာဆိုထားပါတယ်။
ဒီအတွက် တရုတ်ကြေးနီစီမံကိန်းတွေဟာ အာဏာသိမ်းတပ် ယန္တရားတွေ ဆက်လက်လည်ပတ်နိုင်ရေး အဓိက ဝင်ငွေ အရင်းအမြစ်တွေထဲမှာ ပါဝင်နေတဲ့အတွက် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းများက စီမံကိန်း ရပ်တန့်ထားဖို့နဲ့ ပိတ်ဆို့ ကန့်သတ် အရေးယူမှုတွေ လုပ်ဖို့ ဖိအားပေး တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်အစိုးရကလည်း၂၀၂၁ ခုနှစ်၊ ဇူလိုင်မှာ တရုတ်ဝမ်ပေါင် သတ္ထုကုမ္ပဏီနဲ့ လက်အောက်ခံ ကုမ္ပဏီခွဲ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီတို့ကို ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခဲ့ပါတယ်။
ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာသတ္ထုတွင်းလုပ်ငန်းအား ပိတ်ဆို့အရေးယူမှုစာရင်းသွင်းခဲ့သလို လန်ဒန်သတ္ထု အိတ်ချိန်း(LME) ကလည်း တရုတ်ကြေးနီးစီမံကိန်းက ထွက်ရှိတဲ့ကြေးနီတွေကို ရောင်းဝယ်ခွင့်မပြုတော့ဘူးလို့ ဒီနှစ် ဖေ ဖော်ဝါရီလထဲမှာပဲ ကြေညာခဲ့ပါတယ်။
ကြေးနီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဒီလို ပိတ်ဆို့အရေးယူတွေက အာဏာသိမ်းတပ်အပေါ် အမှန်တကယ် ထိခိုက်နစ်နာ စေမှု ရှိ မရှိကတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
အာဏာသိမ်း စစ်ကောင်စီ တင်ဒါ ခေါ်ရောင်းချတဲ့ အချက်အလက်တွေအရ ကြေးနီသတ္ထုအများစုကို တရုတ်ကုမ္ပဏီဖြစ်တဲ့ Wanbao Mining Int’l Trading (Hong Kong) Ltd ကပဲ ပြန်လည်ဝယ်ယူနေပါတယ်။
တဖက်မှာလည်း ဆားလင်းကြီးမြို့နယ်မှာ ကြေးနီတူးဖော်ရယူနေတဲ့ ဝမ်ပေါင်းကုမ္ပဏီတွေဟာ တရုတ်အစိုးရပိုင် လက်နက် ထုတ်လုပ်ရေး လုပ်ငန်းစု နိုရင်ကို (China North Industries Group Corporation (Norinco)) ရဲ့ လက်ခွဲ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။
တရုတ်လက်နက်ကုမ္ပဏီ နိုရင်ကို လုပ်ငန်းစုအနေနဲ့ မြန်မာစစ်တပ်အပေါ် ထောက်ပံ့ပေးတာတွေ ရှိခဲ့သလို စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးရေးအတွက် ၂၀၁၇ ခုနှစ်မှာ သဘောတူစာချုပ်တရပ် ချုပ်ဆိုခဲ့တယ်လို့လည်း Burma Campaign UK အဖွဲ့က ဆိုထားပါတယ်။
ဒီအတွက် တရုတ်ကြေးနီစီမံကိန်းတွေအနီးက ဒေသခံလူထုဟာ ကိုယ့်မြေကထွက်တဲ့ သယံဇာတနဲ့ ကိုယ့်ရပ်ရွာလူထုကို ပြန်တိုက်ခိုက်တာ ခံနေရတယ်လို့ ခံစားထင်မြင်နေကြပါတယ်။
“ကျနော်တို့ မြေကထွက်တဲ့ ကြေးနီနဲ့ ကျည်ဖူးလုပ်ပြီး ကျနော်တို့ ရင်ဝကို ပြန်လည်ပစ်ခတ်မှုက ဘယ်သူမှ လက်မခံနိုင်ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့ မြေကထွက်တဲ့ ကြေးနီနဲ့ ကျည်ဖူးလုပ်ပြီး ကျနော်တို့ ရင်ဝကို ပြန်လည်ပစ်ခတ်မှုက ဘယ်သူမှ လက်မခံနိုင်ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
“စီမံကိန်းက မလည်ပတ်တော့ဘူး ပြောထားတယ်၊ ကြေးနီကားတွေ ဒီလကစပြီး မထုတ်တော့ဘူး ပြောထားတယ်။ တကယ်လို့ ထွက်လာရင် ဖြတ်တိုက်မှာ၊ ပြန်မပေးဘူး။ ထွက်လာတဲ့ကြေးနီကား အကုန်သိမ်းမယ်၊ ဒီဘက်မှာ ကျည်ဖူး လုပ်မယ်။”
တရုတ်အစိုးရအနေနဲ့လည်း အာဏာသိမ်းတပ်အား ကူညီ ဖေးမနေမှု တွေကို ရပ်တန့်ကာ လူထုဘက်ကရပ်တည်ပြီး အမျိုးသား ညီညွှတ်ရေး အစိုးရ(NUG)နဲ့ တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက ပြောပါတယ်။
အကျိုးစီးပွား ထိခိုက်မခံလိုတဲ့ တရုတ်အစိုးရအနေနဲ့ တဖက်ကလည်း စီမံကိန်းလုပ်ငန်းတွေ တိုက်ခိုက်မခံရရေး NUG နဲ့ ဆက်ဆံပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
တရုတ်အစိုးရပိုင်ကုမ္ပဏီ ဖက်စပ်လုပ်ကိုင်နေတဲ့ တကောင်းနီကယ်စက်ရုံစီမံကိန်း လျှပ်စစ်တာဝါတိုင် မိုင်းခွဲ တိုက်ခိုက်ခံရစဉ်ကလည်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှု အကျိုးစီးပွားလုပ်ငန်းတွေကို မတိုက်ခိုက်ဖို့ NUG ထံ ဆက်သွယ်ပြောဆိုခဲ့ပါတယ်။
“နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာက တရုတ်ကလည်းပါနေတော့ သူတို့ဘက်က မလုပ်ဘဲနဲ့ သွားပြီးပစ်တာခတ်တာ မလုပ်ဖို့ မေတ္တာရပ်ခံထားတာ၊ တကယ်လို့ စီမံကိန်းအတွင်းကနေ လှမ်းပစ်တာတို့၊ လူထုကို ပစ်သတ်တာတို့ ထပ်လုပ်ရင်တော့ ဒေသခံ အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ပါပဲ”
တရုတ်နဲ့ သံတမန်ဆက်ဆံရေး အလေးထားတဲ့ NUG အနေနဲ့ကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို တိုက်ခိုက်ဖို့ ပေါ်လစီ မရှိဘူးလို့ တုန့်ပြန်ခဲ့သလို ကြေးနီးစီမံကိန်းတွေ တိုက်ခိုက်ခံရတဲ့အခါမှာလည်း တရုတ်နဲ့ဆက်ဆံရေး ရှေ့ရှုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို မေတ္တာရပ်ခံပြောကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။
“နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာက တရုတ်ကလည်းပါနေတော့ သူတို့ဘက်က မလုပ်ဘဲနဲ့ သွားပြီးပစ်တာခတ်တာ မလုပ်ဖို့ မေတ္တာရပ်ခံထားတာ၊ တကယ်လို့ စီမံကိန်းအတွင်းကနေ လှမ်းပစ်တာတို့၊ လူထုကို ပစ်သတ်တာတို့ ထပ်လုပ်ရင်တော့ ဒေသခံ အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ပါပဲ”လို့ ဆားလင်းကြီးမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါ တယ်။
လတ်တလော စီမံကိန်းပတ်ဝန်းကျင်ရွာတွေကို အာဏာသိမ်းတပ်က စီးနင်းတိုက်ခိုက်တာတွေ မရှိတော့သလို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ငြိမ်သက်နေတဲ့အတွက် စစ်ဘေးရှောင်ဒေသခံတချို့ ကျေးရွာနေအိမ်တွေဆီ ပြန်လည်နေထိုင်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
You may also like these stories:
ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ
စစ်တပ်စီးပွားရေး ခေါင်းကိုင် ဒုဗိုလ်ချုပ်ကြီးညိုစော
တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့မှုကြားက မြန်မာ့အရေး