အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စ နန်စီ ပေလိုစီသည် မကြာသေးမီက ကိုယ်ပိုင် အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ သွားရောက်သည်။
အမေရိကန် ပြည်ထောင်စုတွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယ သမ္မတ ကမ်မလာဟားရစ် ပြီးလျှင် တတိယ ရာထူးအကြီးဆုံးဖြစ်သူ မစ္စ ပေလိုစီသည် တရုတ်ကို အပြင်းအထန် ဝေဖန်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး တိန့်အင်မင်ရင်ပြင်မှ ဆန္ဒပြသူများ၊ တိဘက် ဗုဒ္ဓဘာသာခေါင်းဆောင် ဒလိုင်လားမားနှင့် ဟောင်ကောင်မှ ဒီမိုကရေစီလှုပ်ရှားသူများ အပါအဝင် ဘေဂျင်း၏ အတိုက်အခံများကို အင်တိုက်အားတိုက် ထောက်ခံသူဖြစ်သည်။
မစ္စ ပေလိုစီ၏ ထိုင်ဝမ်ခရီးသည် မကြာသေးမီကမှ အပြင်းအထန် ကင်းလှည့်ပြီး ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်ကို ဖြတ်ပျံသန်းမှုများသာမက စစ်ရေးလေ့ကျင့်မှုများ မကြာခဏ လုပ်နေသည့် တရုတ်အာဏာပိုင်များကို ဒေါသထွက်စေသည်။
တချိန်တည်းတွင် တရုတ်က ထိုင်ဝမ်ကျွန်းကို ၎င်းတို့ပိုင်နက်ဖြစ်သည်ဟုမြင်ပြီး လိုအပ်လျှင် အင်အားသုံး ပြန်လည်သိမ်းပိုက်ရန် အစီအစဉ်များကို ချမှတ်နေသည်။
အမေရိကန်က ထိုင်ဝမ်ကို အကာအကွယ်ပေးမည်လား
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာလျှင် အမေရိကန် ပြည်ထောင်စုကို မည်မျှ အားကိုးနိုင်သည်ကို ရှင်းလင်းစွာ မသိရပေ။ အမေရိကန် ပြည်ထောင်စုသည် တရားဝင်အမည်အရ တရုတ်သမ္မတနိုင်ငံ (ROC) ဖြစ်သည့် ထိုင်ဝမ်နှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာကြာအောင် သေနင်္ဂဗျူဟာ ဒွိဟဖြစ်နေပြီး တရားဝင် သံတမန်ဆက်ဆံရေး မရှိသော်လည်း ရင်းနှီးစွာ ဆက်ဆံသည်။ အိမ်ဖြူတော်သည် ကာကွယ်ရေး ပစ္စည်းကိရိယာများကို ထိုင်ဝမ်သို့ ရောင်းချသည်။ သို့သော် စစ်ရေးအရ စွက်ဖက်မှုကို တရားဝင် ကတိမပြုပေ။

တချိန်တည်းတွင် တရုတ်ကလည်း ထိုကျွန်းကို ၎င်းတို့ပိုင်နက်ဖြစ်သည်ဟုမြင်ပြီး လိုအပ်လျှင် အင်အားသုံး ပြန်လည်သိမ်းပိုက်ရန် အစီအစဉ်များကို ချမှတ်နေသည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့တပ်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပေးနေသည်။ PLA သည် ထိုင်ဝမ်စစ်တပ်ထက် အဆမတန် ပိုမိုကြီးမားပြီး အမေရိကန်ဖြစ်စေ၊ ဂျပန်ဖြစ်စေ ထိုင်ဝမ်၏ မဟာမိတ်များက ထိုဒေသသို့ ပို့ဆောင်နိုင်သည့် တပ်အင်အားထက်လည်း အဆမတန် ပိုမိုကြီးမားသည်ဟု ကျွမ်းကျင်သူအချို့က ပြောသည်။
သို့သော် ထိုသို့ဆိုသောကြောင့် တိုင်ပေသည် PLA ၏ ဖြစ်နိုင်ခြေရှိသော ကျူးကျော်မှုကို အညံ့ခံရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
တရုတ်ကဲ့သို့ လွန်စွာ အင်အားကြီးမားသော နိုင်ငံများနှင့် ရင်ဆိုင်ရန် ထိုင်ဝမ်သည် ဖြူကောင် သေနင်္ဂဗျူဟာဟုခေါ်သည့် အချိုးအစားမညီသော စစ်ရေးနည်းလမ်းကို သုံးရမည်ဖြစ်သည်။ ထိုနည်းလမ်းမှာ ရန်သူကျူးကျော်မှုကို ပိုမိုခက်ခဲစေပြီး လွန်စွာ တန်ဖိုးကြီးမားစေသည့်နည်းလမ်း ဖြစ်သည်။
ဖြူကောင် သေနင်္ဂဗျူဟာ
ထိုင်ဝမ်ကို တရုတ် ကျူးကျော်မည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး ထိုင်ဝမ်အနေဖြင့် ၎င်း၏ ပထဝီအနေအထားနှင့် သင့်လျော်သော အဆင့်မြင့် ကာကွယ်ရေးစနစ်ကို ဖော်ထုတ်ရန်ပင် လုံလောက်သည်။
တရုတ်ကဲ့သို့ လွန်စွာ အင်အားကြီးမားသော နိုင်ငံများနှင့် ရင်ဆိုင်ရန် ထိုင်ဝမ်သည် ဖြူကောင် သေနင်္ဂဗျူဟာဟုခေါ်သည့် အချိုးအစားမညီသော စစ်ရေးနည်းလမ်းကို သုံးရမည်ဖြစ်သည်။ ထိုနည်းလမ်းမှာ ရန်သူကျူးကျော်မှုကို ပိုမိုခက်ခဲစေပြီး လွန်စွာ တန်ဖိုးကြီးမားစေသည့်နည်းလမ်း ဖြစ်သည်။
ထိုင်ဝမ်သည် များပြားလှသော လေကြောင်းချေမှုန်းရေး၊ တင့်ကားတိုက်ဖျက်ရေးနှင့် သင်္ဘောတိုက်ဖျက်ရေး လက်နက်များနှင့် ခဲယမ်းများကို စုဆောင်းထားသည်။ ထိုလက်နက်ခဲယမ်းများတွင် မောင်းသူမဲ့လေယာဉ်များ (UAVs) နှင့် အကုန်အကျနည်းသည့် လက်နက်ခဲယမ်းများဖြစ်သည့် ရွှေ့ပြောင်းနိုင်သော ကမ်းခြေကာကွယ်ရေး ခရုဇ် ဒုံးကျည်များ (CDCMs) များပါဝင်သည်။ ထိုလက်နက်ခဲယမ်းများသည် တရုတ်၏ ဈေးနှုန်းကြီးမားသော သင်္ဘောများနှင့် ရေတပ် စစ်လက်နက် ကိရိယာများကို ဖျက်ဆီးနိုင်သည့် စွမ်းရည်ရှိသည်။
ထောက်လှမ်းရန် ခက်ခဲသည့် အလျင်အမြန် တိုက်ခိုက်ရေးယာဉ်များနှင့် အသေးစား ဒုံးကျည် တိုက်ခိုက်ရေး သင်္ဘောများသည် နှိုင်းယှဉ်ချက်အားဖြင့် တန်ဖိုးနည်းပြီး လွန်စွာ ထိရောက်သော လက်နက်ကိရိယာများ ဖြစ်သည်။ ၎င်းတို့ကို ထိုင်ဝမ်ဆိပ်ကမ်းရှိ ငါးဖမ်းသင်္ဘောများကြားတွင်ပင် ဖြန့်ကြက်ထားနိုင်သည်။ ရေမြုပ်မိုင်းများနှင့် အလျင်အမြန် မိုင်းထောင်နိုင်သော သင်္ဘောများသည်လည်း ကမ်းတက်စစ်ဆင်ရေးလုပ်သည့် မည်သည့်ရေတပ်အတွက်မဆို အခက်အခဲ ဖြစ်စေနိုင်သည်။
ရေမြုပ်မိုင်းများ၊ အလျင်အမြန် တိုက်ခိုက်ရေးရေယာဉ်နှင့် ဒုံးကျည်တိုက်ခိုက်ရေး သင်္ဘောများသည် ကမ်းခြေနှင့် အနီးနားကျွန်းများရှိ မြေပြင်အခြေစိုက် လက်နက်ခဲယမ်းများနှင့် ပေါင်းစပ်လိုက်သောအခါ PLA သည် ကမ်းတက်ပြီး စစ်ဆင်ရေးမလုပ်မီ ထိခိုက်ဆုံးရှုံးလွယ်သော အခြေအနေသို့ ရောက်သွားမည်ဖြစ်သည်။
ပင်လယ်ပြင်ကို အလွှာအထပ်ထပ်ဖြင့် ကာကွယ်ခြင်း
ထိုင်ဝမ်ကျွန်းကို အလျင်အမြန် သိမ်းပိုက်နိုင်ရန် တရုတ်တပ်သည် စစ်သားအများအပြားကို သယ်ယူပို့ဆောင်ပြီး ထောက်ပံ့ရေးပစ္စည်း အများအပြား ပို့ဆောင်ရန်လိုသည်။ သံချပ်ကာယာဉ်များ၊ လက်နက်များ၊ ခဲယမ်းများ၊ အစားအစာ၊ ဆေးဝါးနှင့် လောင်စာ အများအပြားကို ထိုင်ဝမ်ရေလက်ကြားအား ဖြတ်ကျော်သယ်ဆောင်ရမည် ဖြစ်သည်။ ထိုကိစ္စများကို လေကြောင်းမှလုပ်လျှင် လွန်စွာ အကန့်အသတ် များသောကြောင့် ထိုကိစ္စများကို ပင်လယ်ပြင်မှသာ လုပ်ဆောင်နိုင်သည်။

ထိုင်ဝမ်၏ပိုင်နက်တွင် ကျွန်းစုကွင်းဆက် အများအပြား ပါဝင်ပြီး အချို့သည် တရုတ်ကမ်းခြေအနီးတွင် ဖြစ်သည်။ ထိုကျွန်းများတွင် စောင့်ကြည့်သည့် ကိရိယာများ တပ်ဆင်ထားခြင်းသည် တရုတ်ကမ်းခြေမှ ထွက်ခွာလာသည့် သင်္ဘောအုပ်စုကို ထောက်လှမ်းနိုင်သည်။ ထိုအခါ ထိုင်ဝမ်တပ်များအနေဖြင့် အလွှာများစွာပါသည့် ကာကွယ်ရေးစနစ်ကို လုပ်ဆောင်ရန် အချိန်လုံလောက်စွာရမည် ဖြစ်သည်။
ရေမြုပ်မိုင်းများ၊ အလျင်အမြန် တိုက်ခိုက်ရေးရေယာဉ်နှင့် ဒုံးကျည်တိုက်ခိုက်ရေး သင်္ဘောများသည် ကမ်းခြေနှင့် အနီးနားကျွန်းများရှိ မြေပြင်အခြေစိုက် လက်နက်ခဲယမ်းများနှင့် ပေါင်းစပ်လိုက်သောအခါ PLA သည် ကမ်းတက်ပြီး စစ်ဆင်ရေးမလုပ်မီ ထိခိုက်ဆုံးရှုံးလွယ်သော အခြေအနေသို့ ရောက်သွားမည်ဖြစ်သည်။
ပဋိပက္ခဖြစ်သောအခါ ဝါရှင်တန်က ပါဝင်မည့် အခြေအနေ မရှိသော်လည်း ကာကွယ်ရေး စနစ်များကို ဆက်လက်ရောင်းချရန်နှင့် ထောက်လှမ်းရေးသတင်များ ပေးပို့ရန် ကတိပြုထားသည်။ ထိုအစီအမံများသည် စစ်ဖြစ်ပါက ထိုစစ်သည် ရေရှည်ပြီး ပေးဆပ်ရသည့် တန်ဖိုးများကာ သွေးချောင်းစီးမည်ဖြစ်ကြောင်း ထိုင်ဝမ်အနေဖြင့် တရုတ်ကို သတင်းစကားပေးနိုင်သည်။
ပြောက်ကျားစစ်
PLA ကမ်းတက်လာပါကလည်း ထိုင်ဝမ်သည် မြို့ကြီးများတွင် ပြောက်ကျားစစ်အတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ တဦးချင်း သယ်ဆောင်နိုင်သည့် လေကြောင်းကာကွယ်ရေးစနစ်များ (MANPADS) နှင့် ရွှေ့ပြောင်းရန် လွန်စွာလွယ်သည့် အမြောက်ဒုံးကျည်စနစ်များ (HIMARS) စသည့် ရွှေ့ပြောင်းနိုင်သည့် တင့်ကားဖျက် လက်နက်များကို မြို့ပြပြောက်ကျားစနစ်တွင် အသုံးပြုနိုင်ပြီး အဆောက်အအုံများသည် စစ်တန်းလျားများ ဖြစ်သည်။
RAND ဖောင်ဒေးရှင်းက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ထိုင်ဝမ်တွင် အရန်စစ်အင်အား ၂ ဒသမ ၅ သန်းနှင့် မြို့ပြကာကွယ်ရေး စေတနာ့ဝန်ထမ်းတပ် ၁ သန်း ရှိကြောင်း သိရသည်။ အားလုံးပေါင်းလိုက်ပါက ထိုအရေအတွက်သည် ထိုင်ဝမ်လူဦးရေ၏ ၁၅ ရာခိုင်နှုန်းနှင့် ညီပြီး အမျိုးသား ၄ ဦးတွင် တဦးပါဝင်နေသည်။

ကာကွယ်ရေးစနစ်များကို ကာကွယ်ခြင်း
ထိုင်ဝမ်နည်းဗျူဟာ၏ အဓိက ရည်မှန်းချက်များမှာ အဓိကကျသည့် ကာကွယ်ရေးစနစ်များဖြစ်သည့် လေယာဉ်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များကို ကာကွယ်ရန် ဖြစ်သည်။ ထိုလက်နက်များသည် ဒုံးကျည်များကို ကြားဖြတ်နိုင်ပြီး ကျူးကျော်ရေးတပ်များကို အကြီးအကျယ် ပျက်ဆီးစေနိုင်သော လက်နက်များဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း ထိုင်ဝမ်သည် အမေရိကန် ပြည်ထောင်စုမှ အဆင့်မြင့် ဂျက်တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဝယ်ယူသလို ပြည်တွင်းကာကွယ်ရေး တိုက်လေယာဉ်ဟု ခေါ်သည့် AIDC F-CK-1 Ching-Kuo ကိုလည်း ကိုယ်တိုင်ထုတ်လုပ်နေသည်။ လေယာဉ်အများအပြားကို လုံခြုံသောနေရာတွင် သိမ်းဆည်းထားပြီး လေယာဉ်မှူးများက အဝေးပြေးလမ်းများတွင် ဆင်းသက်နိုင်အောင် လေ့ကျင့်နေသည်။
ထို့အပြင် ပဋိပက္ခဖြစ်သောအခါ ဝါရှင်တန်က ပါဝင်မည့် အခြေအနေ မရှိသော်လည်း ကာကွယ်ရေး စနစ်များကို ဆက်လက်ရောင်းချရန်နှင့် ထောက်လှမ်းရေးသတင်များ ပေးပို့ရန် ကတိပြုထားသည်။ ထိုအစီအမံများသည် စစ်ဖြစ်ပါက ထိုစစ်သည် ရေရှည်ပြီး ပေးဆပ်ရသည့် တန်ဖိုးများကာ သွေးချောင်းစီးမည်ဖြစ်ကြောင်း ထိုင်ဝမ်အနေဖြင့် တရုတ်ကို သတင်းစကားပေးနိုင်သည်။
သို့သော် ကာကွယ်ရေးအင်အားနည်းသော ထိုင်ဝမ်ကဲ့သို့ နိုင်ငံများအတွက် အကောင်းဆုံး အခြေအနေမှာ စစ်မဖြစ်ပွားရေးသာ ဖြစ်သည်။
(DW မှ Monir Ghaedi ၏ How Taiwan can defend itself against China, even without US direct support ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ပေလိုစီခရီးစဉ် ၁၂ ရက်အကြာ ကန်ကွန်ဂရက်အမတ်များ ထိုင်ဝမ်ထပ်လာ
ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ
ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်
ဂျိုးဘိုင်ဒင် ပထမဆုံး အာရှခရီး ဘာထူးလဲ