မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်တွင် တဦးတည်း သီးခြားချုပ်နှောင်ထားသည်မှာ တနင်္လာနေ့တွင် ၂ လပြည့်ပြီ ဖြစ်သည်။
ယခုအကြိမ်သည် အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်တွင် တဦးတည်း သီးခြားချုပ်နှောင်ထားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစတင်ပြီး စစ်အုပ်စု အဆက်ဆက်ကို ဆန့်ကျင်သည့် သူ၏ခေါင်းဆောင်မှုကြောင့် ဖမ်းဆီးချုပ်နှောင်မှုများကို နှစ်ပေါင်းများစွာ ခံရဖူးသော်လည်း လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆရာသမားများဖြစ်သည့် ထိုစဉ်က သူ့ကို ဖမ်းဆီးသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိသူ၏ နေအိမ်တွင်သာ အကျယ်ချုပ် ချုပ်နှောင်သည်။
သို့သော် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာဟု ထုတ်ဖော်ကြေညာခြင်းမရှိသည့် နေအိမ်တခုတွင် ချုပ်နှောင်ခဲ့သည်။ ထို့နောက် ယခုနှစ် ဇွန်လတွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ရှိ တဦးတည်း သီးခြားချုပ်နှောင်သောနေရာသို့ ပို့ဆောင်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်ရသည့် ပြင်ပလူများမှာ စစ်ကောင်စီက စွပ်စွဲသည့် အမှုများစွာအတွက် ထောင်တွင်း အထူးတရားရုံးတွင် အပတ်စဉ် ကြားနာစစ်ဆေးသောအခါ တွေ့ရသည့် သူ၏ ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများသာ ဖြစ်သည်။
လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာဟု ထုတ်ဖော်ကြေညာခြင်းမရှိသည့် နေအိမ်တခုတွင် ချုပ်နှောင်ခဲ့သည်။ ထို့နောက် ယခုနှစ် ဇွန်လတွင်မူ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ရှိ တဦးတည်း သီးခြားချုပ်နှောင်သောနေရာသို့ ပို့ဆောင်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင် နေအိမ်အကျယ်ချုပ်ကာလများက အခက်အခဲ အကျပ်အတည်းများကို ကြံ့ကြံ့ခံနိုင်ခြင်းအတွက် ကျော်ကြားသော်လည်း ယခုကြုံတွေ့နေရသည့် အဖော်မပါ တဦးတည်း သီးခြား ချုပ်နှောင်ထားခြင်းသည် သူ၏ လုံခြုံရေးအတွက်၊ ထို့ထက် အရေးကြီးသည်မှာ အသက်အရွယ် ကြီးရင့်သောကြောင့် ကျန်းမာရေး အဆင်ပြေရေးအတွက် အများပြည်သူ စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။
ကြမ်းတမ်းခက်ခဲသော အတွေ့အကြုံသစ်များ
ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ သူရောက်လာချိန်မှ စတင်ပြီး လုံခြုံရေး တိုးမြှင့်ထားသည့် နေပြည်တော်ထောင်တွင်း တနေရာတွင် တဦးတည်းခွဲ ချုပ်နှောင်ထားသည်ဟု သိရသည်။
သူ့ကို ကောင်းမွန်စွာ ဆက်ဆံသည်ဟု စစ်ကောင်စီက ပြောသော်လည်း ချုပ်နှောင်ထားသည့် အဆောက်အအုံသည် သံတိုင်များ တပ်ဆင်ထားသည့် ပြတင်းပေါက် ၆ ပေါက်ပါသော ရှေးကျသည့် အဆောက်အအုံဖြစ်ကြောင်း သိရသည်။ ထိုပြတင်းပေါက်များအနက် ၃ ခုတွင်သာ ကန့်လန့်ကာများ တပ်ဆင်ထားပြီး အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်၏ ကြမ်းတမ်းသော၊ အထူးသဖြင့် နွေရာသီနှင့် ဆောင်းရာသီတွင် ပိုမိုကြမ်းတမ်းသော ရာသီဥတုဒဏ်ခံရစေရန် ဖြစ်စေသည်ဟု ပြည်တွင်း သတင်းဌာနများက ဖော်ပြကြသည်။

ဒေါ်အောင်ဆန်းစုကြည် ခံစားရသော ဒုက္ခများကို ပိုမိုဆိုးရွားစေသည်မှာ ထိုထောင်သည် ခြုံနွယ်ပိတ်ပေါင်းထူသော နေရာတွင် တည်ရှိသောကြောင့် ပြင်ပမှ အင်းဆက်ပိုးများ အုပ်စုဖွဲ့ဝင်ရောက်နေခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တဦးတည်း သီးခြားချုပ်နှောင်ထားသည် ဆိုသော်လည်း သူ့ကိုစောင့်ကြည့်နေသည့် ထောင်အစောင့်များရှိသည်ဟု ဖော်ပြကြသည်။ ယခုလအစောပိုင်းတွင် သူသည် အချုပ်တွင်း ရေချိုးခန်းတွင် လဲကျလုနီးပါး ဖြစ်ရသောကြောင့် သူ အဆင်ပြေပြေ နေထိုင်နိုင်ရေးအတွက် နောက်ထပ်စိုးရိမ်မှုများကို ဖြစ်စေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန်ကျန်းမာရေး စစ်ဆေးပေးသည်ဟု စစ်ကောင်စီက ပြောသည်။
ထောင်တွင်းတွင် ဒေါ်အောင်ဆန်းစုကြည် စားသောက်နေရသည့် အစားအသောက်များအကြောင်း မည်သည်မျှ မသိရပေ။ ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအသောက် ချက်ပြုတ်ပြင်ဆင်ရန် အမျိုးသမီး ၃ ဦးကို တာဝန်ပေးထားကြောင်း စစ်ကောင်စီက တခါပြောဖူးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် အစားအသောက် စည်းကမ်းကြီးသူဖြစ်ပြီး အနီရောင်အသားများကို စားခဲလှကာ အများအားဖြင့် ဟင်းသီးဟင်းရွက်ကိုသာ အားထားစားသည်။ ထောင်မှစီစဉ်ပေးသော အစားအသောက်များသည် အဆင်မပြေသောကြောင့် သူ၏ရှေ့နေတဦးက အစားအသောက်ပါဆယ်များ စီစဉ်ပေးထားကြောင်း သိရသည်။
ခက်ခဲသော အတွေ့အကြုံများ ရင်ဆိုင်နေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကြံ့ကြံ့ခံခြင်းကို ဆက်လက် ထိန်းသိမ်းထားကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကပြောပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသည့် တဦးတည်း သီးခြားချုပ်နှောင်ခံရခြင်း အတွေ့အကြုံများကို ပြန်ပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကို စစ်ကောင်စီက စကားပြောခွင့် ကန့်သတ်ပြီး မီဒီယာများနှင့် စကားပြောခြင်းကို ပိတ်ပင်ထားသည်။
ခက်ခဲသော အတွေ့အကြုံများ ရင်ဆိုင်နေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကြံ့ကြံ့ခံခြင်းကို ဆက်လက် ထိန်းသိမ်းထားကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကပြောပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသည့် တဦးတည်း သီးခြားချုပ်နှောင်ခံရခြင်း အတွေ့အကြုံများကို ပြန်ပြောပြသည်။
“သူက အချက်အလက်လောက်ပဲ ပြောတာ၊ ညီးညူတဲ့လေသံ လုံးဝမပါဘူး” ဟု အထက်ပါရင်းမြစ်များထဲမှ တဦးက ပြောသည်။
သတင်းအချက်အလက်ရရှိမှု
ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်နေရာတခုတွင် ဇွန်လမတိုင်မီ ချုပ်နှောင်ထားစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာဖတ်ခွင့်နှင့် ရုပ်မြင်သံကြား ကြည့်ခွင့်ပေးကြောင်း စစ်ကောင်စီက ပြောသည်။
ယခုအခါ ထောင်တွင် ထိုအခွင့်အရေးများ ရ မရ ရှင်းလင်းစွာ မသိရပေ။ သို့သော် အမှုများကို ကြားနာစစ်ဆေးသော အခါများတွင် ရှေ့နေများထံမှ သတင်းအချက်အလက်များ ရရှိကြောင်း သိရသည်။ သူ မျှော်လင့်မထားသည့် သတင်းဆိုးများကို တခါတရံ ကြားရတတ်သည်။
တချိန်က သူ၏လက်ထောက်သဖွယ်ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဝါရင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ကိုဂျင်မီနှင့် အခြားဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၂ ဦးတို့ ဇူလိုင်လ နှောင်းပိုင်းတွင် ကွပ်မျက်ခံရသည့် သတင်းကို ဒေါ်အောင်ဆန်းစုကြည်အား ပြောပြသောအခါ သိသိသာသာ ဝမ်းနည်းသွားခဲ့သည်ဟု သိရသည်။

“ဥပဒေအရ သူတို့က ကြိုးပေးခွင့်ရှိလို့လား။ ဘာကြောင့် (စစ်ကောင်စီက) ဒီလို လုပ်တာလဲ။ သူတို့မှာ ဒီလို လုပ်ခွင့်မရှိဘူး” ဟုပင် မေးခွန်းများမေးပြီး တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။
သံတိုင်နောက်မှ နေ့ရက်များ
တဦးတည်း သီးခြားချုပ်နှောင်ထားသည့် နေရက်များအား ဒေါ်အောင်ဆန်းစုကြည် မည်သို့ ကုန်ဆုံးစေသည်ကို စိတ်ဝင်စားစရာကောင်းသည်။
သူ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည့်အတိုင်း နေ့တနေ့ကို တရားထိုင်ခြင်းဖြင့် စတင်မည်မှာ သေချာသလောက် ရှိသည်။
ယခင်စစ်အုပ်စုက သူ့ကို ရန်ကုန်ရှိနေအိမ်တွင် ဖမ်းဆီးထားစဉ်က BBC World Service ကို နားထောင်ခြင်းသည် နံနက်ခင်း အလေ့အထတခု ဖြစ်သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ရေဒီယို အသုံးပြုခွင့်ပေး မပေး မသိရပေ။
စာအုပ်အချို့ကို ပေးကောင်းပေးနိုင်သည်။
သူ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည့်အတိုင်း နေ့တနေ့ကို တရားထိုင်ခြင်းဖြင့် စတင်မည်မှာ သေချာသလောက် ရှိသည်။
ယခု တဦးတည်း သီးခြားချုပ်နှောင်ခံရသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် မုန့်ဖုတ်ခြင်းကဲ့သို့သော အချို့ဝါသနာများကို ဆက်လက်လုပ်နိုင်မည့် အခြေအနေ မရှိပေ။ ထိုသို့ မုန့်ဖုတ်ခြင်းသည် ထောင်သို့ လွှဲပြောင်းမခံရမီကအထိ လုပ်ဆောင်သော ဝါသနာဖြစ်သည်။
ယခုနှစ် ဇွန်လ ၁၉ ရက်နေ့က ၇၇ နှစ် မွေးနေ့ပြီးနောက် တရားခွင်တွင် ကြားနာသောအခါ ဒေါ်အောင်ဆန်းစုကြည်က သူ ကိုယ်တိုင်လုပ်လာသော ကိတ်မုန့်အချို့ကို ယူလာသောကြောင့် လူအများ အံ့သြခဲ့သည်။ သူသည် ထိုကိတ်မုန့်ကို ဥပဒေအကျိုးဆောင် အဖွဲ့နှင့်သာမက တရားရုံးဝန်ထမ်းများနှင့်ပါ ခွဲဝေစားသောက်သလို သူ့ကို တရားရုံးသို့ ခေါ်လာသည့် လုံခြုံရေးများကိုလည်း ကျွေးစေသည်။
သတိရနေမည့် အချိန်များ
၂၀၂၂ ခုနှစ်သည် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ရန်ကုန်ရှိ အာဇာနည်ကုန်းတွင် သွားရောက် ဂါရဝမပြုနိုင်သည့် ဒုတိယမြောက် နှစ်ဖြစ်သည်။ ထိုဇူလိုင်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ထောင်ရှိ တဦးတည်း သီးခြားချုပ်နှောင်ထားသော နေရာမှတဆင့် လွန်ခဲ့သော ၇၅ နှစ်က နိုင်ငံရေးပြိုင်ဘက်တဦး၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သော ဖခင်နှင့် အခြားသူများကို ဂါရဝပြုရန် နည်းလမ်းတခုကို ရှာဖွေတွေ့လိမ့်မည်ကို မိမိတို့အနေဖြင့် သေချာပေါက် သိနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ခွေးကလေး တိုက်ချီတိုကိုလည်း သတိရနေမည်မှာ သေချာသည်။ တိုက်ချီတိုသည် သားငယ်ဖြစ်သူ ကင်မ်အဲရစ်ထံမှ လက်ဆောင်ဖြစ်နေသောကြောင့် သူ့အတွက် သာမန် ခွေးကလေးတကောင် မဟုတ်ပေ။ သူ၏ကိုယ်စား မိခင်ဖြစ်သူကို စောင့်ရှောက်ရန် ၂၀၁၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် လာရောက်လည်ပတ်စဉ် မိခင်ကို ပေးခဲ့သော လက်ဆောင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ခွေးကလေး တိုက်ချီတိုကိုလည်း သတိရနေမည်မှာ သေချာသည်။ တိုက်ချီတိုသည် သားငယ်ဖြစ်သူ ကင်မ်အဲရစ်ထံမှ လက်ဆောင်ဖြစ်နေသောကြောင့် သူ့အတွက် သာမန် ခွေးကလေးတကောင် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ချီတိုတို့အကြား နှောင်ဖွဲ့မှုသည် သူတို့ကို တွေ့ဆုံခဲ့ဖူးသူတိုင်း ထင်ထင်ရှားရှားသိကြပြီး ဒေါ်အောင်ဆန်းစုကြည်က တိုက်ချီတိုကို မည်မျှချစ်သည်ကို လူတိုင်းသိသည်။ ထိုခွေးကလေးသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ချုပ်နှောင်ထားသည့် တလျှောက်လုံးတွင် အတူရှိနေခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သို့ လွှဲပြောင်းပို့ဆောင်လိုက်သောအခါ တိုက်ချီတိုကို ထိန်းသိမ်း စောင့်ရှောက်မည့်သူများထံ ပို့ဆောင်လိုက်သည်ဟု ယူဆရသည်။ ထိုစဉ်က အွန်လိုင်းတွင် ပျံ့နှံ့နေသော ဓာတ်ပုံများအရ တိုက်ချီတိုသည် စိတ်ဖိစီးမှု ခံစားနေရပုံရှိပြီး ထိုပုံများကို မြင်ရသူတိုင်း စိတ်နှလုံးကြေကွဲရသည်။
သေချာပေါက် စိတ်ကူးများ
စစ်ကောင်စီအောက်တွင် ပြည်သူများခံစားရမည့် ကံကြမ္မာဆိုးကို ကောင်းစွာသိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများအတွက် စိတ်ပူနေသလို ကိုဗစ်အန္တရာယ်မှ ကင်းလွတ်ခြင်း ရှိ မရှိကို သိလိုနေမည်ဖြစ်သည်။ ပြည်သူများက စစ်ကောင်စီကို စုပေါင်းဆန့်ကျင် လှုပ်ရှားမှုအတွက် ညီညွတ်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့်ပင် ညီညွတ်ကြရန် ရှေ့နေများမှတဆင့် မကြာခဏ မှာကြားနေခြင်း ဖြစ်သည်။
သံတိုင်များနောက် ရောက်နေခြင်းကို သူ နောင်တရမည် မဟုတ်ပေ။ နောင်တမရသည့်အပြင် မြန်မာပြည်သူများ၏ ရွေးကောက်ခံ ခေါင်းဆောင်အနေဖြင့် သူ၏ အတွေးများကို ပြည်သူများနှင့် နိုင်ငံ့ရေးရာများက လွှမ်းမိုးနေမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထွက်ပြေးတိမ်းရှောင်နေရသော သို့မဟုတ် စစ်ကောင်စီက ဖမ်းဆီးထားသော ရဲဘော်ရဲဘက်များအတွက်လည်း စိတ်မကောင်းဖြစ်နေမည် ဖြစ်သည်။ သူသည် လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေသည့် လူငယ်များ၊ သူဖြုတ်ချခံရပြီးနောက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် ဖွဲ့စည်းထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်းတို့၏ တိုးတက်မှုများကို လွန်စွာသိလိုမည် ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ စတင်ပြီး ပြည်သူများအတွက် ဘဝကို မြှုပ်နှံထားသူဖြစ်သောကြောင့် ဘဝ၏ အတက်အကျများကို ပြန်လည်သုံးသပ်လျှင် အသက် ၇၇ နှစ်အရွယ်တွင် သံတိုင်များနောက် ရောက်နေခြင်းကို သူ နောင်တရမည် မဟုတ်ပေ။ နောင်တမရသည့်အပြင် မြန်မာပြည်သူများ၏ ရွေးကောက်ခံ ခေါင်းဆောင်အနေဖြင့် သူ၏ အတွေးများကို ပြည်သူများနှင့် နိုင်ငံ့ရေးရာများက လွှမ်းမိုးနေမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Looking Beyond Suu Kyi’s New Ordeals in Prison ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အရေး စစ်ခေါင်းဆောင် တုံ့ပြန်ချက် ခြိမ်းခြောက်ခြင်းလား
ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၆ နှစ်ထပ်ချ
ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးကို သုံးရန် ASEAN သံတမန် အိပ်မက်
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်
အကြမ်းဖက်မှုအဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်ကို ASEAN အထူးသံတမန် အားကိုးမည်