မန္တလေးမြို့ မြို့မတေးဂီတအဖွဲ့က တေးဂီတပညာရှင် မြို့မကိုပေါဟာ သြဂုတ် ၂၈ ရက်ညက လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ အသက် ၉၅ နှစ်မှာ ကွယ်လွန်ဆိုတော့ မီးစာကုန်ဆီခမ်းသွားတာလို့ ပြောနိုင်တာပေါ့။
မြို့မတေးဂီတအဖွဲ့သားတဦး ကွယ်လွန်ဆိုတဲ့သတင်းကြားတော့ မြို့မတေးဂီတအဖွဲ့ကို စတင်တည်ထောင်သူ အသက် ၄၆ နှစ် အရွယ် အရွယ်ကောင်းမှာ ဆုံးသွားတဲ့ မြို့မငြိမ်းကို အမှတ်ရမိတယ်။
ပိုပြီး အမှတ်ရစရာဖြစ်ရတာက အခုဆုံးသွားတဲ့ မြို့မကိုပေါ ပြောဖူးတဲ့ မြို့မငြိမ်းဘဝ တစိတ်တဒေသကိုပါ။ ထူးဆန်းတာက မော်တော်ကားကြောက်တဲ့ မြို့မငြိမ်းဟာ ကားတိုက်ခံရပြီး ဆုံးခဲ့တာပါပဲ။
မြို့မကိုပေါရဲ့ “အတိတ်လမ်းသို့ အလွမ်းပြေ” ဆိုတဲ့စာအုပ်ထဲမှာ အခုလို ရေးထားခဲ့တယ်။ “ဆရာငြိမ်း ညနေ အိမ်ပြန်ရင် စက်ဘီးနဲ့လိုက်ပို့တဲ့အခါ ဘေးကပ်ဘေးကပ်လို့ အမြဲသတိပေးတယ်။ ကျနော်ကလည်း သူစိတ်ချမ်းသာအောင် မြေသားလမ်းအထိ ချပြီးနင်းတာ။ ဒါကိုပဲ နောက်က ကားဟွန်းသံ ကြားရင် ဘေးကပ်ဘေးကပ် လို့ပြောသေးတာ။ အဲသလောက် ကားတိုက်ခံရမှာ ကြောက်ရှာတာ။ ခုဘယ်လို ဆုံးပါးသွားတာ ခင်ဗျားတို့အမြင်ပဲ။ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလဲ”။
မြို့မငြိမ်း ဆုံးပါးပုံကို အွန်လိုင်းအဘိဓာန်က ခုလို မှတ်တမ်းတင်ထားတယ်။ “၁၉ ၅၅ ခု၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်တွင် ယမန်နေ့ညက အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေကြောင်း မိသားစုက ညွန့်ပေါင်းဈေး ရဲဌာနထံ တိုင်ကြားသည်။ နေ့လယ်ရောက်သော် ခေါင်းအား ကားနင်းထားသည့် အမည်မသိ အလောင်းတလောင်းကို သံလျက်မှော်ရပ်၊ ပတ္တာရပ်လမ်းခွတွင် တွေ့၍ ဆေးရုံကြီးသို့ ပို့လာရာ မရှုမလှဖြစ်နေသည့် မြို့မငြိမ်းအလောင်းကို တွေ့ရတော့သည်။”
မြို့မကိုပေါဟာ သူ့စာအုပ် ‘အတိတ်လမ်းသို့ အလွမ်းပြေ’ မှာ မြို့မတေးဂီတအဖွဲ့ နှစ် တရာပြည့်ကို မျှော်မှန်းရမ်းရော်ကြည့်ရင်း သူ့ဆရာမြို့မငြိမ်းကို ခုလို အောက်မေ့လွမ်းဆွတ်ခဲ့တယ်။
မြို့မကိုပေါဟာ သူ့စာအုပ် ‘အတိတ်လမ်းသို့ အလွမ်းပြေ’ မှာ မြို့မတေးဂီတအဖွဲ့ နှစ် တရာပြည့်ကို မျှော်မှန်းရမ်းရော်ကြည့်ရင်း သူ့ဆရာမြို့မငြိမ်းကို ခုလို အောက်မေ့လွမ်းဆွတ်ခဲ့တယ်။
“ဘဝမှာ ကြုံဖူးချင်ဆုံးကတော့ ၂၀၂၅ ခုနှစ်မှာ ပြည့်မြောက်မယ့် မန္တလေး မြို့မတူရိယာအသင်းကြီးရဲ့ နှစ် တရာပြည့် ပွဲကြီးပဲ။ ဘယ်လောက် ကြီးကျယ်ခမ်းနားလိုက်မလဲ။ မြို့မတူရိယာအသင်းလို့ ပြောလိုက်တာနဲ့ ကျနော့်စိတ်ထဲမှာ ပြေးမြင်မိတာက အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းပါ။ ဟုတ်ပါတယ်။ လွန်ခဲ့သော ၈ နှစ်ကျော် (ဇန်နဝါရီလ၊ ၂၀ဝ၉ ခုနှစ်) မှာ နှစ် တရာပြည့်မြောက်ခဲ့တဲ့ ဆရာမြို့မငြိမ်းပါ။ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းအကြောင်းကို ကျနော် ဖတ်မိသလောက် ပြောပြချင်ပါတယ်။

ငယ်စဉ်ကတည်းက ဆရာမြို့မငြိမ်းဟာ ဂီတပါရမီရှိသူ ဖြစ်တဲ့အတွက် အဖိုးဖြစ်သူက ဂီတကျွမ်းကျင်တဲ့ ပန်းချီဆရာကြီး ဦးဘသက်ဆီမှာ အပ်နှံပြီး အနောက်တိုင်း ဂီတဆရာများနဲ့အတူ နိုင်ငံတကာ ဂီတသင်္ကေတတွေကို စနစ်တကျ သင်ယူခဲ့ပါတယ်။
မြို့မတူရိယာအသင်းရယ်လို့ ထူထောင်တုန်းက ဆရာမြို့မငြိမ်းအသက်က ၁၆ နှစ်သာသာပဲ ရှိဦးပါမယ်။ မြန်မာ့တူရိယာနဲ့ အနောက်တိုင်း တေးဂီတကို ရောနှောတီးခတ်တဲ့ ဆင်ဖိုနီ (symphony) ခေါ်သော မြန်မာ့သံစုံတီးဝိုင်းကြီး တခုကို ဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။
မြို့မတူရိယာအသင်းကို စပြီး တည်ထောင်ဖြစ်ပုံက ဒီလိုပါ။
တနေ့မှာ ဆရာငြိမ်းတို့အဖွဲ့ဟာ အပေါင်ဆိုင်ပိုင်ရှင် တရုတ်သူဌေး ဦးတော်လုံရဲ့တိုက်ရှေ့မှာ ဝိုင်းဖွဲ့ရင်း ဆိုခဲ့တီးခဲ့ကြပါတယ်။ အဲဒီမှာ ဦးတော်လုံဆိုတာက အရင်ကတည်းက သူတို့ကို အားပေးနေတဲ့တယောက်။ အဲဒီနေ့ကျတော့ ‘ငါ့တူတို့ရာ မင်းတို့ဒီလို အပြင်မှာတီးနေမယ့်အစား တီးဝိုင်းတခု ထောင်ရင် မကောင်းဘူးလား။ ဦးလေး မတည်ငွေ ၁,၀ဝ၀ ထည့်တယ်ကွာ’ ဆိုပြီး အရင်းတည်ပါတယ်။ နောက်ပိုင်းမှာ ဗန်းမော်က လာတဲ့ ဓားတန်းဦးသန့်ရဲ့ သူငယ်ချင်းသုံးယောက်က မတည်ငွေ ၃,၀ဝ၀ ထည့်ဝင်ပြန်ပါတယ်။ အဲဒါအပြင် ဈေးသူဈေးသား၊ အရပ်သူအရပ်သား တွေဆီက အကူငွေတွေ လက်ခံရရှိခဲ့ပြန်ပါတယ်။
ရလာတဲ့ငွေတွေနဲ့ လိုအပ်တဲ့ တူရိယာပစ္စည်းတွေ ဝယ်ကြတာပေါ့။ နောက်တော့ သူတို့တီးဝိုင်းအဖွဲ့ကို နာမည်ပေးဖို့ စဉ်းစားကြတယ်။ တယောက်က ‘ရတနာပုံ’ ကောင်းတယ်။ တယောက် ကျတော့ ‘မန္တလေး တူရိယာအသင်း’။ နောက်တယောက်က ‘နေပြည်တော်’ ဆိုရင်ရော။ အစရှိသဖြင့်ပေါ့။ ဒါနဲ့ဆရာမြို့မငြိမ်းက စဉ်းစားတာက တမျိုး။ ဆရာငြိမ်းက နာမည်ကို အရင်မစဉ်းစားဘူး။ အကြောင်းရင်းကို စဉ်းစားတယ်။ ဘာကြောင့် ဒီအဖွဲ့ဖြစ်လာရသလဲပေါ့။
ဆရာငြိမ်းက ဒီအဖွဲ့ဟာ မန္တလေးမြို့က အရပ်သူအရပ်သားတွေရဲ့ မတည်ပေးတဲ့ ရန်ပုံငွေနဲ့ ထူထောင်ရတာမို့ ‘မြို့မ ဆိုရင်ရောတဲ့။ ပြီးတော့ ‘မ’ ဆိုတာ မိခင်လို့လည်း အဓိပ္ပာယ်ရတယ်။ နိမိတ်ကောင်းတာပေါ့တဲ့။ ဒါနဲ့ပဲ ၁၉၂၅ ခုနှစ်မှာ ‘ဗုဒ္ဓဝေယျာဝစ္စ မြို့မ အပျော်တမ်း တူရိယာအဖွဲ့’ ဆိုပြီး ကင်ပွန်းတပ်လိုက်ကြပါတယ်။”
ဆရာငြိမ်းက ဒီအဖွဲ့ဟာ မန္တလေးမြို့က အရပ်သူအရပ်သားတွေရဲ့ မတည်ပေးတဲ့ ရန်ပုံငွေနဲ့ ထူထောင်ရတာမို့ ‘မြို့မ ဆိုရင်ရောတဲ့။ ပြီးတော့ ‘မ’ ဆိုတာ မိခင်လို့လည်း အဓိပ္ပာယ်ရတယ်။ နိမိတ်ကောင်းတာပေါ့တဲ့။ ဒါနဲ့ပဲ ၁၉၂၅ ခုနှစ်မှာ ‘ဗုဒ္ဓဝေယျာဝစ္စ မြို့မ အပျော်တမ်း တူရိယာအဖွဲ့’ ဆိုပြီး ကင်ပွန်းတပ်လိုက်ကြပါတယ်။”
မြို့မကိုပေါက မြို့မငြိမ်းသီချင်းရေးပုံကိုလည်း ခုလို ပြောပြတယ်။
“ဆရာငြိမ်း သီချင်းရေးတာက သေသေချာချာ စားပွဲနဲ့ ကုလားထိုင်နဲ့ စမတ်ကျကျ ထိုင်ရေးတာ မဟုတ်ဘူး။ နဂိုက ထိုင်နေမိတဲ့ ခုံကလေးမှာထိုင်ရင်း ညာဘက်ဒူးတဖက်ကို ထောင်ထားပြီး စာရွက်ပေါ်မှာ အာရုံစိုက်ပြီး ခဲတံတိုကလေးနဲ့ ရေးနေတာ။ ခဲတံက မထင်ဘဲ မှိန်နေရင် အဲဒီခဲတံကို ပါးစပ်ကတံတွေးနဲ့ ဆွတ်လိုက်သေးတယ်။ ဆရာငြိမ်းကိုကြည့်ရတာ ဘာဟန်ဆောင်မှုမှ မရှိဘူး။ အင်မတန်မှ လွတ်လပ်မှုကို ကြိုက်သူဖြစ်သလို အကယ်၍များ တင်ပျဉ်ခွေ ထိုင်နေတယ် ဆိုရင်လည်း တင်ပျဉ်ခွေ ထိုင်နေရင်းကနေ ရေးမှာပဲ။ အဲဒီဆရာငြိမ်းရဲ့ပုံစံကို တွေးမိရင် ကျနော့်စိတ်တွေ ဘယ်လိုဖြစ်လာလဲ မသိဘူး။ မျက်ရည်တွေဝဲပြီးဆင်းလာတာ မကျမိအောင် မျက်တောင်ပုတ်ခတ်ပြီး ထိန်းနေရတာ”
မြို့မကိုပေါဟာ ဂီတပညာရှင်တဦးသာမက ရုပ်ရှင်ပညာရှင်တဦးလည်း ဖြစ်တယ်။ စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူရဲ့ လွယ်အိတ်တလုံးနဲ့ ရွာစဉ်လည် စာအုပ်တနေရာမှာ ခုလိုဖတ်ရတယ်။
“မန္တလေးခေတ် မောင်မိုးသူနဲ့ ရင်းနှီးတဲ့တီးဝိုင်းအဖွဲ့တွေက မြို့မ၊ သင်္ဂဟ၊ ဂီတလုလင်၊ သိင်္ဂီအစရှိတဲ့ အဖွဲ့တို့ ဖြစ်ကြပါတယ်။ မန္တလေးမြို့ရဲ့ နာမည်ကျော် အနုပညာရှင်ကြီး ဓားတန်းဦးသန့်နဲ့ သိပ်မရင်းနှီးခဲ့ရသော်လည်း သူ့သားများနဲ့ ကျောင်းနေဖက်များ ဖြစ်ကြပါတယ်။ ဓားတန်းဝင်းထဲမှာနေတဲ့ မြို့မကိုပေါကမူ မောင်မိုးသူရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦး ဖြစ်ပါတယ်။ မန္တလေးရုပ်ရှင်ရဲ့ အကယ်ဒမီဓာတ်ပုံဆရာမှာ ဦးမောင်လေးနဲ့ ကိုပေါတို့ ဖြစ်ပါတယ်။
တက္ကသိုလ်ကိုကိုလေးနဲ့ မောင်မိုးသူတို့ ရိုက်ကူးခဲ့တဲ့ “ရေပွက်ပမာ” နဲ့ “ရန်ကုန်သားနဲ့ မန္တလေးသူ” ဇာတ်ကားများဟာ မန္တလေးရုပ်ရှင်စက်နဲ့ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က မြို့မကိုပေါအတွက် မောင်မိုးသူက ဇာတ်ညွှန်းတွေ ရေးသားခဲ့ပြီးနောက် ငွေငန်းဖြူရုပ်ရှင်အတွက် ဒါရိုက်တာ ကိုပေါ ရိုက်ကူးတဲ့ဇာတ်ကားကို မောင်မိုးသူ လိုက်လံကူညီခဲ့ရဖူးပါတယ်။”
တက္ကသိုလ်ကိုကိုလေးနဲ့ မောင်မိုးသူတို့ ရိုက်ကူးခဲ့တဲ့ “ရေပွက်ပမာ” နဲ့ “ရန်ကုန်သားနဲ့ မန္တလေးသူ” ဇာတ်ကားများဟာ မန္တလေးရုပ်ရှင်စက်နဲ့ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က မြို့မကိုပေါအတွက် မောင်မိုးသူက ဇာတ်ညွှန်းတွေ ရေးသားခဲ့ပြီးနောက် ငွေငန်းဖြူရုပ်ရှင်အတွက် ဒါရိုက်တာ ကိုပေါ ရိုက်ကူးတဲ့ဇာတ်ကားကို မောင်မိုးသူ လိုက်လံကူညီခဲ့ရဖူးပါတယ်။”
အွန်လိုင်းအဘိဓာန် ဝီကီပီးဒီးယားက မြို့မကိုပေါကို ခုလိုမှတ်တမ်းတင်ထားတယ်။
“မန္တလေးမြို့မှာ ထင်ရှားသော မြို့မတူရိယာအသင်းမှ ဂီတစာဆိုကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၉ တွင် အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဓားတန်းရပ်၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကျော်စိုးဖြစ်သည်။ အသက် ၂၄ နှစ်အရွယ်တွင် မြို့မတူရိယာဝိုင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ စတင်၍ ဂီတလောကသို့ ရောက်ရှိခဲ့သည်။ မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ် လုပ်ကိုင်ခဲ့၍ ၁၉၄၉ ခုနှစ်မှ သီချင်းများ စတင်ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်အတွက် ကိုယ်ပိုင်မေတ္တာဇာတ်ကားဖြင့် ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနှင့် ပူးတွဲရရှိခဲ့သည်။ သင်္ကြန်မိုး ရုပ်ရှင်ကား (၁၉၈၅) မှ နှစ်ကိုယ်တူချစ်သမျှ သီချင်းနှင့် ဒဏ္ဍာရီ (၁၉၉၁) ရုပ်ရှင်ကားမှ အောင်ဇေ မင်္ဂလာ သီချင်းများမှာ အထူးထင်ရှားခဲ့သည်။ မြို့မဝိုင်းတွင် မျိုးဆက်သစ်များအား သင်တန်းပေးဆရာအဖြစ် လုပ်ကိုင်ရင်း ဓားတန်းရပ်၌ နေထိုင်လျက်ရှိသည်။”
နာမည်ကျော် သင်္ကြန်မိုး ရုပ်ရှင်မှာ မြို့မတေးဂီတအဖွဲ့ရဲ့ ပုံရိပ်တချို့ကို ထည့်သွင်းရိုက်ကူးခဲ့ပြီး နှစ်စဉ် သင်္ကြန်ကျပြီဆို ထိုဇာတ်ကားကို ပြန်လည်ပြသလေ့ရှိတယ်။ သင်္ကြန်မိုး ဇာတ်ကားမှာ သင်္ကြန်သီချင်း အများအပြားပါဝင်ပြီး သီချင်းတွေထဲမှာ တေးဂီတအဖွဲ့အမည် ထည့်သွင်းစပ်ဆိုထားလို့ မြို့မဟာ အနယ်နယ်အရပ်ရပ်က ပြည်သူများနဲ့ ရင်းနှီးပြီးသားဖြစ်တယ်။
စာရေးဆရာမကြီး လူထုဒေါ်အမာ ကိုယ်တိုင်ပင်လျှင် “မြို့မဟာ ထီးချက်စောင့် နတ်သမီးတွေလို ပုဂ္ဂိုလ်တွေ မရှိတော့ပေမဲ့ မန္တလေးရဲ့ အလှကို ဂီတနဲ့ တဖက်တလမ်းက လုံးပန်းနေတဲ့ မြို့မကတော့ ရှေးမူမပျက်၊ စေတနာမပျက် ဆက်လက်လို့ မန္တလေးကတော့ ရှန်သန်စေချင်တာ အမှန်ပဲဖြစ်လိမ့်မယ်” လို့ ရေးဖွဲ့ထားခဲ့တယ်။
ဒါပေမယ့် ရက်စက်ယုတ်မာ ကောက်ကျစ်တဲ့ စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်ဖျော်ဖြေခဲ့ပြီးတဲ့ နောက်တော့ မြိုမတေးဂီတအဖွဲ့ဟာ လူအများရဲ့ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရတော့တယ်။
မြို့မအဖွဲ့မှာ မြို့မကိုပေါ အပါအဝင် နာယကကြီး ၁၀ ဦးအထိ ရှိပေမယ့် အဖွဲ့ရုံးမှာ ရှိနေတဲ့ နာယကတဦးကိုပင် အသိမပေး အစည်းအဝေးမခေါ်ဘဲ စစ်ခေါင်းဆောင်ဖျော်ဖြေပွဲ လက်ခံခဲ့တာလို့ နာယကအဖွဲ့ဝင်တဦးက Myanmar Now သတင်းဌာနကို ပြောခဲ့တယ်။
“နာယကကြီးက ရိုက်ကူးရေးတခုရှိလို့ ရုံးမှာရှိနေတာ။ အဲဒီအချိန်မှာ အစည်းအဝေး လုပ်သွားတာ။ ဆရာကြီးရှိရဲ့သားနဲ့ ဆရာကြီးကို မခေါ်ဘူး။ အစည်းအဝေးပြီးမှ ဆရာကြီးကို ဒီပွဲကို လက်ခံလိုက်ပြီလို့ ပြောလိုက်တာ။ မင်းတို့ ဆုံးဖြတ်ပြီးမှ ငါ့ကို လာပြောမနေနဲ့ဆိုပြီး ဆရာကြီးက စိတ်ဆိုးပြီးထွက်သွားတာ”
“နာယကကြီးက ရိုက်ကူးရေးတခုရှိလို့ ရုံးမှာရှိနေတာ။ အဲဒီအချိန်မှာ အစည်းအဝေး လုပ်သွားတာ။ ဆရာကြီးရှိရဲ့သားနဲ့ ဆရာကြီးကို မခေါ်ဘူး။ အစည်းအဝေးပြီးမှ ဆရာကြီးကို ဒီပွဲကို လက်ခံလိုက်ပြီလို့ ပြောလိုက်တာ။ မင်းတို့ ဆုံးဖြတ်ပြီးမှ ငါ့ကို လာပြောမနေနဲ့ဆိုပြီး ဆရာကြီးက စိတ်ဆိုးပြီးထွက်သွားတာ” လို့ သူက ပြောပါတယ်။ (အဆိုပါနာယကသည် လူကြိုက်များသည့် ဂီတစာဆိုတဦးဖြစ်ပြီး ၎င်း၏ လုံခြုံရေးအရ နာမည်ထည့်မသုံးရန် အသင်းသားများက တောင်းဆိုထားသည်။)”
မြို့မအဖွဲ့ နှစ်တရာပြည့်ပွဲကို အင်မတန်အားခဲထားတဲ့ မြို့မကိုပေါများ ဖြစ်လေမလားလို့ အတွေးပွားစရာပါ။
ဒုတိယကမ္ဘာစစ်ကြီးပြီးခါစက မြို့ပြန်လည်ထူထောင်ရေးလုပ်ဖို့ မြို့လူထုနဲ့အတူ မြို့မအဖွဲ့ဟာ ပြည်တော်ဝင်သီချင်းနဲ့ ပြန်လာနိုင်ခဲ့တယ်။
အခုတကြိမ် စစ်အာဏာရှင် အမြစ်ဖြတ်တော်လှန်ရေးမှာ အစဉ်အလာရှိတဲ့ မြို့မအဖွဲ့ဟာ မြို့မချစ်သူတွေနဲ့အတူ ဖက်ဆစ်စစ်တပ်အောက်က ရုန်းထွက်ပြီး မြို့မအဖွဲ့ ပြန်လာနိုင်မလား စောင့်ကြည့်စရာကောင်းလှပါတယ်။
မြို့မတူရိယာအသင်း၊ မန္တလေးရဲ့လူမှုစာမျက်နှာထက်မှာတော့ မြို့မကိုပေါ နာရေးသတင်းအောက်မှာ ခုလို ဆန္ဒပြုထားတာ တွေ့ရတယ်။
“- ချစ်အာရုံ
– နှစ်ကိုယ်တူချစ်သမျှ
– ပန်းမျိုးတစ်ရာ
– ချစ်မဏ္ဍိုင်
– နှုတ်ခွန်းဆက် သင်္ကြန်
– ချစ်သူနဲ့သာဆိုပါရင်
– ချစ်ကမ္ဘာထဲ နှစ်ယောက်ထဲ
– မောင်မယ်တို့နှစ်ဦး
– မခွဲတမ်းကြင်မယ်
အစရှိတဲ့ တေးသီချင်းများရဲ့ ဖန်တီးရှင် စိတ်သဘော နူးညံ့သိမ်မွေ့ ကောင်းမွန်သော ဆရာကြီး ကောင်းရာသုဂတိ ရောက်ပါစေ”
You may also like these stories:
မြို့မအသင်းကနေ နုတ်ထွက်ခဲ့တဲ့ တေးသံရှင် အောင်ကျော်ဟိန်း
ပြည်သူ့ ဝေဖန်မှု ပြန်လည် မတုံ့ပြန်ဘဲ မြို့မအသင်း ရှေ့ဆက်သွားမည်ဟု ဆို
မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်