အေးမိစံ (အမည်လွှဲ) က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်ခင်ထိ ရန်ကုန်မြို့ရှိ အစိုးရဆေးရုံတရုံမှာ တာဝန်ထမ်းဆောင်ခဲ့သော သူနာပြုဆရာမတဦး ဖြစ်သည်။ အေးမိစံ၏ ဇာတိမြို့က ရန်ကုန်မြို့နှင့် မလှမ်းမကမ်းမှာ တည်ရှိသည်။ လစာငွေ နှစ်သိန်းလောက်သာ ရသော်လည်း ဆေးရုံတွင် လိုင်းခန်းရသဖြင့် ရန်ကုန်မြို့တွင် ကျောတခင်းစာ နေရာရသည့်အတွက် အေးမိစံ အဆင်ပြေခဲ့သည်။
အေးမိစံသည် ဂျူတီရှိလျှင် ဂျူတီဝင်ပြီး ဂျူတီမရှိသည့်ရက်တွေဆိုလျှင် ကိုယ့်အခန်းထဲမှာကိုယ် အေးဆေးစွာ နေတတ်သူဖြစ်သည်။ မိဘများက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထောက်ခံသူ ရဲရဲတောက်များ ဖြစ်သော်လည်း အေးမိစံအတွက်တော့ နိုင်ငံရေးဆိုသည်မှာ ကိုယ်တိုင် ဝင်မပါလည်းရသည့်အလုပ်ဟု တွေးခဲ့ဖူးသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးရက်များတွင် ရန်ကုန်မြို့အနှံ့ စစ်ကားများ လှည့်ပတ်နေသည်ကို သတိထားမိသည့် လူနာစောင့်တဦးက “အခြေအနေ မကောင်းဘူးဆရာမ၊ တခြားနေရာတွေမှာ အလုပ်လုပ်ဖို့ စနည်းနာကြည့်ပါလား” ဟု အကြံပေးသော်လည်း ကိုယ်နှင့်မဆိုင်လောက်ပါဘူး ဆိုသည့်အတွေးဖြင့် အေးမိစံ လျစ်လျူရှုထားခဲ့မိသည်။
အေးမိစံ မျှော်လင့်မထားခဲ့သောနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ အလုပ်ဆင်းခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သူမတို့ သူနာပြုဌာနတွင်းက စီနီယာ၊ ဂျူနီယာတွေ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့ကြသည်။
နိုင်ငံရေးဆိုသည်ကို ကိုယ်တိုင် ဝင်မပါလည်းရသည့်အလုပ်ဟု တွေးခဲ့ဖူးသော်လည်း မတရားသဖြင့် အာဏာသိမ်းမှုကို သည်းမခံနိုင်သည့်အဆုံး အေးမိစံ ကိုယ်တိုင်လည်း CDM လှုပ်ရှားမှုများတွင် ပါဝင်လာခဲ့သည်။ အန်တီ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် တိုးတက်ပြောင်းလဲမှုများကို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသည့် အေးမိစံက တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူခြင်းသည် အတော် မမျှတသည့် လုပ်ရပ်ဖြစ်သည်ဟု မြင်မိသည်။
အေးမိစံ မျှော်လင့်မထားခဲ့သောနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ အလုပ်ဆင်းခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သူမတို့ သူနာပြုဌာနတွင်းက စီနီယာ၊ ဂျူနီယာတွေ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၌ ပါဝင်ခဲ့ကြသည်။
CDM စလုပ်ကတည်းက ဝန်ထမ်းလိုင်းခန်းမှ အေးမိစံ ထွက်လာရသည်။ နွေဦးတော်လှန်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်သည်။ လိုင်းခန်းက ဖယ်ပေးရသည့်အခါ သူငယ်ချင်းတယောက်၏အိမ်တွင် ခဏနေခဲ့သည်။ သူငယ်ချင်းမိဘများက CDM လှုပ်ရှားမှုကို လက်မခံသည်မို့ တပတ်လောက်သာ နေခဲ့ပြီး မိဘတွေအိမ် ပြန်ခဲ့ရသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်အချို့က ယုံကြည်ရာကို ဖက်တွယ်ရင်း ပြည်နယ်အချို့မှာ ဆက်လက် တိုက်ပွဲဝင်နေကြသည်။
အဆက်အသွယ်ရသည့်အခါ ရ၊ မရသည့်အခါ မရ ရှိတတ်ပြီး အသက်ပေးသွားကြရသူ လုပ်ဖော်ကိုင်ဖက်တချို့လည်း ရှိလာသည်။
အစက အေးမိစံ CDM လုပ်သည်ကို မိဘများအား အသိမပေးခဲ့သော်လည်း အလုပ်မသွားဘဲနေသည်မှာ အတော်ကြာလာသည့်အခါ သိသွားကြသည်။ မိဘများကဘာမှ မပြောဘဲ သူမကို စိတ်ချမ်းသာသလို လုပ်ဟု ခွင့်ပြုထားသည်။ မိဘအိမ်မှာနေသော်လည်း ဘယ်အချိန် လာဖမ်းမလဲ ဆိုသည့်စိတ်ဖြင့် ကြောက်ကြောက်လန့်လန့် နေရသည်။
လုပ်ဖော်ကိုင်ဖော်အချို့ကမူ ဖိအားပေးခံရသည့်ဒဏ်ကြောင့် အလုပ်ပြန်ဝင်ကြသည်။ သူမကို မိဘများက အလုပ်ပြန်ဝင်လိုက ဝင်ရန်ပြောသော်လည်း စကစ အုပ်ချုပ်နေသမျှ ကာလပတ်လုံး ဒီဆေးရုံတွေမှာ အလုပ်ပြန်မလုပ်ဟု အေးမိစံ သန္နိဋ္ဌာန်ချထားသည်။
CDM ဘဝဖြင့် အလုပ်မရှိ ယောင်ယောင်လည်လည် ဖြစ်နေသောအချိန်တွင် ပြည်နယ်အချို့တွင် ရောက်နေသော သူငယ်ချင်းများထံ လိုက်သွားဖို့ ဆက်သွယ်သည်။ အဖေနှင့်အမေက အန္တရာယ်ဖြစ်မှာ စိုးရိမ်သဖြင့် စိတ်ချမ်းသာသလိုနေ၊ အဝေးကို မသွားပါနှင့်ဟုပြော၍ သူမ၏ စိတ်ကူးအချို့ ပျက်ပြယ်ရပြန်သည်။
သည်လိုနှင့် နိုင်ငံခြားထွက် အလုပ်လုပ်ရန် အစစအရာရာ စီစဉ်ထားပြီး အင်တာဗျူးလည်း အောင်မြင်ခဲ့သည်။ ရှိပြီးသား PJ (Passport for Job) ပတ်စ်ပို့အား ထွက်ရလွယ်အောင် PV (Passport for Visit) ပြန်ပြောင်းဖို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ သွားသည့်အခါ လူဝင်မှုကြီးကြပ်ရေး အရာရှိက အပြန်ပြန်အလှန်လှန် စိစစ်ပြီး “နင်မှန်မှန်ပြော၊ အစိုးရဝန်ထမ်း မဟုတ်လား” ဟုမေးကာ အရာရှိရုံးခန်းထဲအထိ ခေါ်စစ်ခံရပြီး “နင့်ကို ထောင်ချပစ်လို့ရတယ်” ဟု ကြိမ်းဝါးသည်။
ထိုမျှမကသေး “အခြားအပြင်ဆေးရုံတွေမှာ အလုပ် လုပ်သေးလား။ ငါတို့ လာစစ်လို့တွေ့ရင် နင်မလွယ်ဘူး” ဟု ခြိမ်းခြောက်ပြန်သည်။ ထိုနေ့မှာပင် အေးမိစံ၏ နိုင်ငံကူးလက်မှတ်ကို မင်နီတားခံရပြီး နိုင်ငံခြားတွင် အလုပ်လုပ်မည်ဆိုသည့် သူမ၏ အိပ်မက်များ ရိုက်ချိုးခံလိုက်ရသည်။
လုပ်ဖော်ကိုင်ဖော်အချို့ကမူ ဖိအားပေးခံရသည့်ဒဏ်ကြောင့် အလုပ်ပြန်ဝင်ကြသည်။ သူမကို မိဘများက အလုပ်ပြန်ဝင်လိုက ဝင်ရန်ပြောသော်လည်း စကစ အုပ်ချုပ်နေသမျှ ကာလပတ်လုံး ဒီဆေးရုံတွေမှာ အလုပ်ပြန်မလုပ်ဟု အေးမိစံ သန္နိဋ္ဌာန်ချထားသည်။
မိမိကိုယ်ကို သတ်သေချင်စိတ် ပေါက်လာသည်အထိ အေးမိစံ စိတ်ဓာတ်ကျခဲ့ပြီးမှ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အမှုတွဲပေါင်းများစွာကို မြင်ယောင်လာမိပြီး သူနှင့်ယှဉ်လျှင် ကိုယ်ကြုံတွေ့ရသည်က အသေးအဖွဲမျှသာဖြစ်သည်ဟု ကိုယ့်ကိုယ်ကို မဲတင်းရသည်။
အလုပ်လည်း ပြန်မဝင်ချင်၊ အပြင်မှာလည်းအလုပ်ရဖို့ ခက်ခဲသည့် သူမအတွက် အချို့သော စီနီယာများ၏ ကူညီစောင်မမှုဖြင့် Home Care လိုအပ်သည့် အိမ်များတွင် ရံဖန်ရံခါ ဂျူတီဝင်ပေးရတတ်သည်။ ထိုကဲ့သို့သွားရသည့် အခါများတွင်လည်း သူမ CDM လုပ်နေသည်ကို လူတွေက သိသွားကြမှာကို အေးမိစံ ကြောက်ရွံ့မိသည်။
ပုံမှန်လစာနှင့် အလုပ်လုပ်ခဲ့သည့် သူမအတွက် ခုချိန်မှာ ငတ်တလှည့်၊ ပြတ်တလှည့် ရပ်တည်နေရသည်။
တခါတရံ သူဘာများ အမှားလုပ်ခဲ့မိပါလိမ့်ဟု အေးမိစံ တွေးမိနေတတ်သည်။ Non CDM များက သူမတို့အပေါ် မချေမငံ ဆက်ဆံသည့်အခါများတွင်လည်း အတော်အခံရခက်သည်။
စီနီယာအချို့နှင့် တွေ့သည့်အခါ “ညီမတို့ နိုင်မှာပါနော်” မျှော်လင့်တကြီးမေးသည့် အခါတိုင်း “အရှုံးမပေးသည့် စိတ်ဓာတ်တွေရှိနေသရွေ့ တို့တွေနိုင်တယ်။ တောင့်ခံပေးထားပါဦး” ဟု အေးမိစံကို အမြဲလို အားပေးတတ်သည်။ အမှန်တရားဘက်က ရပ်တည်သည်ဟု မိမိကိုယ်မိမိ အေးမိစံ ယုံကြည်သော်လည်း စိတ်မလုံခြုံမှုတွေ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
စီနီယာအချို့နှင့် တွေ့သည့်အခါ “ညီမတို့ နိုင်မှာပါနော်” မျှော်လင့်တကြီးမေးသည့် အခါတိုင်း “အရှုံးမပေးသည့် စိတ်ဓာတ်တွေရှိနေသရွေ့ တို့တွေနိုင်တယ်။ တောင့်ခံပေးထားပါဦး” ဟု အေးမိစံကို အမြဲလို အားပေးတတ်သည်။ အမှန်တရားဘက်က ရပ်တည်သည်ဟု မိမိကိုယ်မိမိ အေးမိစံ ယုံကြည်သော်လည်း စိတ်မလုံခြုံမှုတွေ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
နိုင်ငံရေးဆိုသည်မှာ ကိုယ်တိုင် ဝင်မပါလည်းရသည့်အလုပ်ဟု တွေးခဲ့ဖူးသည့် အေးမိစံတယောက် နိုင်ငံ့အရေးက သူမထံ တည့်တတည့် ဝင်တိုးလာသည့်အခါ မည်သို့မျှ မရှောင်လွှဲနိုင်တော့ပေ။ မည်သို့ပင် အခက်အခဲများစွာ ကြုံတွေ့ရသည်ဖြစ်စေ ကိုယ်ရွေးချယ်သည့်လမ်းပေါ်တွင် ခိုင်ခိုင်မတ်မတ် ဆက်လျှောက်နိုင်ဖို့ အေးမိစံ စဉ်ဆက်မပြတ် ရုန်းကန်နေရလိမ့်ဦးမည်။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)
You may also like these stories:
CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ
ကျန်းမာရေးဝန်ထမ်းများကို အရေးယူမည် ဟု စစ်ကောင်စီ ထပ်မံကြေညာပြန်
ဖမ်းဆီးခံရသည့် အထူးကု ဆရာဝန်ကြီးနှင့် ဇနီး စစ်ကြောရေးပို့ခံရ
မန္တလေး ပုဂ္ဂလိကဆေးခန်းများမှ ဆရာဝန်၊ လူနာ အချက်အလက်များ စစ်ကောင်စီ တောင်းယူ
စစ်ကောင်စီက ပြည်သူ့ကျန်းမာရေးကို လက်နက်အဖြစ် သုံးနေသည်