ဆောင်းပါး

ထိုင်းဝန်ကြီးချုပ် ဇာတ်လမ်း မည်သို့ အဆုံးသတ်မည်နည်း

၂၀၁၄ ခုနှစ်က အာဏာသိမ်းသော စစ်တပ်ခေါင်းဆောင်ဟောင်းနှင့် ရွေးကောက်ပွဲတခုအပြီး အာဏာ ၅ နှစ် ဆက်ရနေသော ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ရာထူးမှ ဆိုင်းငံ့လိုက်ခြင်းဖြင့် ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသည် နိုင်ငံကို လွန်ခဲ့သော သီတင်းပတ်က အံ့သြသွားစေခဲ့သည်။

စစ်တပ်ကခန့်ထားသည့် အထက်လွှတ်တော်က ရွေးချယ်ထားသော အဖွဲ့ဝင်အများစုပါသည့် ထိုခုံရုံးက ပရာယွတ်သည် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံတွင် ဖြည့်စွက်ထားသည့် ၈ နှစ် ရာထူးသက်တမ်း ကန့်သတ်ချက်ကို ကျော်လွန်ခြင်း ရှိ၊ မရှိ စဉ်းစားသုံးသပ်စဉ် ထိုသို့ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

ထိုပြဋ္ဌာန်းချက်မှာ လူထုထောက်ခံမှုရသော ရွေးကောက်ခံ ခေါင်းဆောင်များ အာဏာကို ကြာမြင့်စွာ ချုပ်ကိုင်ထားခြင်းမှ တားဆီးရန် ရည်ရွယ်ပြီး အထူးသဖြင့် စစ်တပ်က သက်ဆင် ရှင်နာဝပ်ထရာကို ၂၀၀၆ ခုနှစ်တွင်လည်းကောင်း၊ သူ၏နှမ ယင်လတ် ရှင်နာဝပ်ထရာကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း အတင်းအကျပ် ဖြုတ်ချရပြီးနောက် ထိုသို့ ရည်ရွယ်ထည့်သွင်းခြင်း ဖြစ်သည်။

ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ထိုင်းတော်ဝင် အသိုက်အဝန်းသည် ၂၀၂၃ ခုနှစ် မတ်လတွင် ခေါ်ယူရမည့် ရွေးကောက်ပွဲမတိုင်မီ ပရာယွတ်ကို အစားထိုးရန် လုပ်ဆောင်သည်ဆိုသည့် ခန့်မှန်းချက်များကို ဖြစ်စေသည်။

ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ထိုင်းတော်ဝင် အသိုက်အဝန်းသည် ၂၀၂၃ ခုနှစ် မတ်လတွင် ခေါ်ယူရမည့် ရွေးကောက်ပွဲမတိုင်မီ ပရာယွတ်ကို အစားထိုးရန် လုပ်ဆောင်သည်ဆိုသည့် ခန့်မှန်းချက်များကို ဖြစ်စေသည်။ ရွေးကောက်ပွဲဥပဒေသည် စစ်တပ် ကျောထောက်နောက်ခံပြု အုပ်စုက အာဏာကို ထိန်းသိမ်းထားရန် အခွင့်အလမ်း ပေးသော်လည်း ထိုအုပ်စုသည် သက်ဆင် ကျောထောက်နောက်ခံပြု ဖွေထိုင်းပါတီ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ခံရမည်ဖြစ်သည်။ သက်ဆင်၏ မဟာမိတ်များသည် လွန်ခဲ့သော ၂၁ နှစ်အတွင်း ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတိုင်းတွင် ကိုယ်စားလှယ် အများဆုံးရသောသူများ ဖြစ်သည်။

“လွန်ခဲ့တဲ့ ၈ နှစ်က ပရာယွတ် သိမ်းယူခဲ့တဲ့ အာဏာက တော်တော်လေး ကျဆင်းနေပြီ” ဟု ထမာဆတ် တက္ကသိုလ် ဥပဒေပါမောက္ခ ပရင်ညာ ထေဝနာရုမစ်ကူးက ပြောသည်။ “အရင်ဆုံးဖြတ်ချက်တွေက အာဏာသိမ်းခေါင်းဆောင်အကြိုက် ဆုံးဖြတ်ခဲ့ပေမယ့် ရာထူး ဆိုင်းငံ့တာ ဖြစ်လာတော့ လူတွေက ဘာဆက်ဖြစ်မလဲ သိချင်ကြတယ်” ဟု သူက ပြောသည်။

လာမည့်လ အနည်းငယ်တွင် မည်သည်တို့ ဖြစ်နိုင်သည်ကို အောက်တွင် ဖော်ပြလိုက်သည်။

(၁) ပရာယွတ်သည် ရာထူးသက်တမ်း ကျော်လွန်ခြင်းမရှိဘဲ ဆက်လက် တာဝန်ထမ်းဆောင်နိုင်သည်ဟု ခုံရုံးက ဆုံးဖြတ်နိုင်သည်။

ခုံရုံးက ပရာယွတ်အကြိုက် ဆုံးဖြတ်လိုက်ပါက သူသည်ဝန်ကြီးချုပ်အဖြစ် ချက်ချင်း ဆက်လက်တာဝန် ထမ်းဆောင်နိုင်မည်ဖြစ်ပြီး မတ်လတွင် ရာထူးသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် ထိုဆုံးဖြတ်ချက်သည် သူ့အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အာဏာရပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက် ရှိမည်၊ မရှိမည်ကို ဆုံးဖြတ်ရာတွင် အထောက်အကူ ဖြစ်မည်။

ပရာယွတ်၏ ရာထူးသက်တမ်းသည် သူ အရပ်သားအစိုးရ ဝန်ကြီးချုပ်အဖြစ် ကြေညာခံရသည့် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် စတင်သည်ဟု တရားရုံးက ဆုံးဖြတ်ပါက သူသည်နောက်ထပ် ရာထူးသက်တမ်း ၄ နှစ်အပြည့် ထပ်မံ တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။ သို့သော် လက်ရှိဖွဲ့စည်းပုံ စတင်သက်ဝင်သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ရာထူးသက်တမ်း စတင်သည်ဟု ဆုံးဖြတ်ပါက နောက်တကြိမ် ရွေးကောက်ပွဲ မတိုင်မီ သူ၏နေရာကို အစားထိုးရန် အာဏာရပါတီက လုပ်ဆောင်ရမည် ဖြစ်သည်။

လူထုသဘောထား စစ်တမ်းများအရ သူ့ကို ပြည်သူများက လွန်စွာ မနှစ်ခြိုက်သလို စီးပွားရေးမှာလည်း အရှေ့တောင်အာရှတွင် တိုးတက်မှုအနှေးဆုံး ဖြစ်နေသည်။ ဇွန်လက ထုတ်ပြန်သည့် လူထု သဘောထား စစ်တမ်းအရ ပရာယွတ်သည် သက်ဆင်၏သမီး ဖွေထိုင်းပါတီမှ ပေတောင်ထန် ရှင်နာဝပ်ထရာထက် များစွာနောက်ကျသော နေရာတွင် ရှိနေကြောင်း သိရသည်။

လူထုသဘောထား စစ်တမ်းများအရ သူ့ကို ပြည်သူများက လွန်စွာ မနှစ်ခြိုက်သလို စီးပွားရေးမှာလည်း အရှေ့တောင်အာရှတွင် တိုးတက်မှုအနှေးဆုံး ဖြစ်နေသည်။ ဇွန်လက ထုတ်ပြန်သည့် လူထု သဘောထား စစ်တမ်းအရ ပရာယွတ်သည် သက်ဆင်၏သမီး ဖွေထိုင်းပါတီမှ ပေတောင်ထန် ရှင်နာဝပ်ထရာထက် များစွာနောက်ကျသော နေရာတွင် ရှိနေကြောင်း သိရသည်။

(၂) ပရာယွတ်၏ ရာထူးသက်တမ်းပြည့်ပြီး နုတ်ထွက်ရမည်ဟု ခုံရုံးက ဆုံးဖြတ်နိုင်သည်

ပရာယွတ် မလိုလားသော ဆုံးဖြတ်ချက်ကို ခုံရုံးက ချမှတ်ပါက သူသည် အာဏာချက်ချင်းဆုံးရှုံးပြီး မည်သည့် နိုင်ငံရေးပါတီကမျှ သူ့ကို လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းနိုင်ခြင်း မရှိတော့ပေ။ အစိုးရအဖွဲ့သည်လည်း နုတ်ထွက်ရမည်ဖြစ်ပြီး ပါလီမန်က ခေါင်းဆောင်သစ်တဦး ရွေးချယ်ပေးသည်အထိ အိမ်စောင့်အစိုးရအဖြစ်သာ ဆက်လက်ရှိနေမည်။ ပရာယွတ်သည် အိမ်စောင့်အစိုးရတွင် ဆက်လက် ပါဝင်နိုင်၊ မပါဝင်နိုင်နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိသောကြောင့် ထိုကိစ္စတွင် ဥပဒေပညာရှင်များ သဘောထားကွဲနေသည်။

စစ်တပ်အသိုက်အဝန်းအတွက် ဖြစ်နိုင်ခြေရှိသော ပြဿနာမှာ ပရာယွတ်ကို မည်သူက လတ်တလော အစားထိုးမည်နည်းဆိုသည့် ပြဿနာဖြစ်သည်။ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့သည် ၂၀၁၉ ရွေးကောက်ပွဲ မတိုင်မီက အတည်ပြုထားသည့် စာရင်းမှ ခေါင်းဆောင်သစ်တဦးကို ရွေးချယ်ရမည်ဖြစ်ပြီး ထိုစာရင်းတွင် ပရာယွတ် တဦးတည်းသာလျှင် စစ်တပ်ကို လိုလားထောက်ခံသူ ဖြစ်နေသည်။

အခြား ခေါင်းဆောင်လောင်းများအနက် မည်သူမျှ မဲထက်ဝက်မရပါက ပါလီမန်သည် အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံ ထောက်ခံမှုရသော အခြားသူများကို အမည်စာရင်း တင်သွင်းနိုင်သည်။ ရွေးချယ်စရာတခု ဖြစ်နိုင်သည်မှာ ဒုဝန်ကြီးချုပ် ပရာဝပ် ဝေါင်ဆူဝန် ဖြစ်သည်။ သူသည် ပရာယွတ် ရာထူးဆိုင်းငံ့ထားစဉ် အိမ်စောင့်ဝန်ကြီးချုပ်တာဝန် ယူထားသည့် နောက်ထပ် စစ်တပ် အကြီးအကဲဟောင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် နိုဝင်ဘာလတွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးများ၏ ထိပ်သီးဆွေးနွေးပွဲ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကို ဧည့်ခံရမည်ဖြစ်သည်။ ယခု ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့ခြင်းကြောင့် ထိုထိပ်သီးအစည်းအဝေး အစီအစဉ်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ပြောကြားထားသည်။

ထိုသို့ဖြစ်လာပါက ကမ္ဘာတွင် ထိုင်းနိုင်ငံ၏ ပုံရိပ်ကျဆင်းမည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် နိုဝင်ဘာလတွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးများ၏ ထိပ်သီးဆွေးနွေးပွဲ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကို ဧည့်ခံရမည်ဖြစ်သည်။ ယခု ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့ခြင်းကြောင့် ထိုထိပ်သီးအစည်းအဝေး အစီအစဉ်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ပြောကြားထားသည်။

(၃) တရားရုံးက မဆုံးဖြတ်မီ ပရာယွတ် နုတ်ထွက်နိုင်သည်

ဥပဒေအရ ဆိုပါက ပရာယွတ်သည် ရာထူးမှ မည်သည့်အချိန်မဆို နုတ်ထွက်နိုင်သည်။ ရာထူးမှ ဆိုင်းငံ့ထားချိန်တွင်ပင် နုတ်ထွက်ခွင့်ရှိသည်။ ထိုသို့ဖြစ်လျှင် အစိုးရအဖွဲ့တခုလုံးသည် ပါလီမန်နှစ်ရပ်ပေါင်းက ဝန်ကြီးချုပ်သစ် ရွေးချယ်သည့် အချိန်အထိ အိမ်စောင့်အစိုးရ ဖြစ်သွားမည်။

ထိုသို့ဖြစ်လျှင် ပရာယွတ်သည် ရာထူးမှ ဆိုင်းငံ့ခံထားရသောကြောင့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် လုပ်နိုင်၊ မလုပ်နိုင်နှင့် ပတ်သက်ပြီး ဥပဒေပညာရှင်များအကြား သဘောထားကွဲနေပြန်သည်။ ထို့ကြောင့် ပရာယွတ် နုတ်ထွက်လျှင် ပရာဝပ် ဝေါင်ဆူဝန်သည် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဖြစ်နိုင်သည်။

သို့သော် ပရာယွတ်သည် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို ဂရုစိုက်ပါက ရာထူးဆိုင်းငံ့ခြင်း မတိုင်မီကပင် နုတ်ထွက်မည်ဆိုလျှင် နုတ်ထွက်နိုင်သောကြောင့် ထိုသို့လည်း ဖြစ်နိုင်ခြေ နည်းသည်။

“အာဏာရ အသိုက်အဝန်းက ပရာယွတ် နုတ်ထွက်စေချင်တယ်ဆိုရင် ခုံရုံးဆုံးဖြတ်ချက် မတိုင်မီ နုတ်ထွက်တာက နိုင်ငံရေးစိတ်ဓာတ်ကို ပြသရာရောက်ပြီး သူ့အတွက် သိက္ခာရှိတယ်”

“အာဏာရ အသိုက်အဝန်းက ပရာယွတ် နုတ်ထွက်စေချင်တယ်ဆိုရင် ခုံရုံးဆုံးဖြတ်ချက် မတိုင်မီ နုတ်ထွက်တာက နိုင်ငံရေးစိတ်ဓာတ်ကို ပြသရာရောက်ပြီး သူ့အတွက် သိက္ခာရှိတယ်” ဟု ဆုခေါထိုင်း ထမ်မာထီရတ် ပွင့်လင်းတက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာရှင် ယွတ်တာပွန် ဣသရာချိုင်က ပြောသည်။

(၄) ခုံရုံးက ဆုံးဖြတ်ချက်ကို လာမည့်ရွေးကောက်ပွဲအထိ ဆိုင်းငံ့ထားနိုင်သည်

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ဆုံးဖြတ်ချက်တခုကို မည်သည့်အချိန်တွင် ချရမည်ဟု ကန့်သတ်ထားခြင်း မရှိသောကြောင့် လာမည့်နှစ် မတ်လတွင် လက်ရှိအစိုးရ သက်တမ်းကုန်ဆုံးသည်အထိ အချိန်ဆွဲထားနိုင်ခြေလည်း ရှိသည်။ လက်တွေ့တွင်မူ ထိုသို့လုပ်ခြင်းသည် မဲဆန္ဒရှင်များအကြား ပိုမိုစိတ်ပျက်စေပြီး ဆန္ဒပြပွဲများ ဖြစ်စေနိုင်သည်။

ပရာယွတ်ကို ရာထူးဆိုင်းငံ့ခြင်းသည် ထိုင်းနိုင်ငံရေး အပူချိန်ကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်နိုင်သောကြောင့် စီရင်ချက်ကို ၂ လထက်ကြာပြီး ဆိုင်းငံ့ထားခြင်းသည် အဓိပ္ပာယ်ရှိမည် မဟုတ်ကြောင်း သုတေသီများက ပြောသည်။

ထိုသို့လုပ်မည်ဆိုပါက လာမည့်ရွေးကောက်ပွဲတွင် ပရာယွတ်၏ အနေအထားကို မရှင်းမလင်း ဖြစ်စေပြီး အာဏာရပါတီအနေဖြင့် မရေရာမှုများကို အဆုံးသတ်ရန် အခြား ဝန်ကြီးချုပ်လောင်းတဦးကို ရွေးချယ်ရမည့် အလားအလာကို ဖြစ်စေပြန်သည်။ ပရာယွတ်ကို ရာထူးဆိုင်းငံ့ခြင်းသည် ထိုင်းနိုင်ငံရေး အပူချိန်ကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်နိုင်သောကြောင့် စီရင်ချက်ကို ၂ လထက်ကြာပြီး ဆိုင်းငံ့ထားခြင်းသည် အဓိပ္ပာယ်ရှိမည် မဟုတ်ကြောင်း သုတေသီများက ပြောသည်။

(Bloomberg သတင်း How the drama surrounding Thailand’s prime minister may unfold ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာစစ်တပ်နှင့် အလိုတူအလိုပါ ထိုင်း စစ်တပ်

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံမှုနောက်ကွယ်

မြန်မာ့အရေး ကုလအထူးကိုယ်စားလှယ်နှင့် ထိုင်းဝန်ကြီးချုပ် ဆွေးနွေး

ထိုင်းအတိုက်အခံပါတီသစ် ဖျက်သိမ်းခံရ

Loading