ပရဟိတ မင်းသားကြီးဟု တင်းစားခေါ်ဝေါ်ခံရသည့် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ပိုင်ဆိုင်သော နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီက ချိပ်ပိတ်ပြီး ၎င်းတို့၏ အာဃာတကို ထပ်မံ ပြသလိုက်သည်။
စစ်ကောင်စီသည် ဦးကျော်သူတို့ ဇနီးမောင်နှံကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က/၅၂ ဖြင့် တရားစွဲပြီး ဖမ်းဝရမ်း ထုတ်ထားသည်နှင့် အားမရ၊ ယခုအခါ တရားရုံးကိုလာရန် ပျက်ကွက်သည်ဟူသော အကြောင်းပြချက်ဖြင့် သြဂုတ် ၂၃ ရက်တွင် နေအိမ်ကိုပါ ချိပ်ပိတ်သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလ အတွင်းမှာပင် ဦးကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရဲနှင့် စစ်တပ်မိသားစုများကို ဈာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှု မည်သည့် အကူအညီကိုမှ ပေးတော့မည် မဟုတ်ကြောင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် မိသားစုများကို ခြွင်းချက်အဖြစ် ကူညီပေးသွားမည် ဖြစ် ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ထို့နောက် စစ်အုပ်စုသည် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းရုံးကိုလည်း အင်အားသုံးကာ ဝင်ရောက် ဖျက်ဆီးခဲ့ရုံမက ရုံးအတွင်းရှိ စေတနာ့ဝန်ထမ်းများကိုလည်း ထိုးကြိတ်ရိုက်နှက်ခဲ့သေးသည်။
အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကလေး လူကြီးမရွေး အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး အများအကျိုးစီးပွားအတွက် ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။
ဤနည်းအားဖြင့် အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကလေး လူကြီးမရွေး အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး အများအကျိုးစီးပွားအတွက် ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။
ထို့အတူ ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် တရားစွဲဆိုခံထားရသည့် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ Nature AIDS Center (N.A.C) ဂေဟာတွင် ဦးစီး လုပ်ကိုင်နေသူ ကိုရာဇာကိုလည်း ၂၀၂၂ မတ် ၂ ရက်၌ စစ်တပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးခဝါချမှု ဥပဒေများဖြင့် တရားစွဲဆိုထားသည်။
စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရသည့် ပရဟိတသမားတဦးက “ပရဟိတအဖွဲ့တွေက ပြည်သူလူထု ကောင်းကျိုးအတွက်ကို လုပ်နေတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ပြည်သူကို ရန်သူလို သဘောထားနေတာ ဖြစ်တဲ့အတွက် လုံးဝ သူတို့အတွက် ရန်သူပဲပေါ့” ဟု မှတ်ချက်ပြုသည်။
စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိအမှတ်ပြု ထောက်ခံပေးထားသော ပရဟိတအသင်းအဖွဲ့ နိုင်ငံတဝန်းလုံး၌ ၆၉၆ ဖွဲ့သာ ရှိသော်လည်း မြေပြင်တွင် လှုပ်ရှားနေသည့် အဖွဲ့ပေါင်းမှာ ၃၀၀၀ ကျော်ထိ ရှိကြောင်း သိရသည်။
၎င်းတို့သည် ပြည်သူလူထုအတွက် သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့လာရသည့် ဘေးဒုက္ခများမှသည် ကျန်းမာရေးနှင့် နာရေးကိစ္စများအဆုံး ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
မဝေးသေးသောကာလ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရလက်ထက် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက စေတနာ့ဝန်ထမ်းများသည် အစိုးရ၊ ပြည်သူနှင့် အတူ ပူးပေါင်းပြီး ရှေ့တန်းကနေ တက်ကြစွာ ခုခံတွန်းလှန်ခဲ့ကြသည်။
မဝေးသေးသောကာလ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရလက်ထက် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက စေတနာ့ဝန်ထမ်းများသည် အစိုးရ၊ ပြည်သူနှင့် အတူ ပူးပေါင်းပြီး ရှေ့တန်းကနေ တက်ကြစွာ ခုခံတွန်းလှန်ခဲ့ကြသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူလိုက်ချိန်တွင်လည်း ဦးကျော်သူ၏ နာရေးကူညီမှုအသင်း (ရန် ကုန်) ကဲ့သို့ပင် စစ်တပ်၊ ရဲ နှင့်ပတ်သက်၍ ကူညီမှုများ မလုပ်ဆောင်နိုင်ကြောင်း ဒေသအသီးသီးက လူမှုကူညီရေး အသင်း တော်တော်များများသည်လည်း တရားဝင် စာထုတ်ကာ ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကို လက်မခံသော ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြချိန်၌လည်း အချိန်နှင့်တပြေးညီ အကူညီပေးနိုင်ရေး လူမှုကူညီရေးအသင်းအဖွဲ့များက အဆင်သင့် ရှိနေခဲ့သလို စစ်တပ်နှင့်ရဲက လူထုကို ဒဏ်ရာရ၊ အသက်သေသည်အထိ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ချိန်တွင်လည်း ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ပေးခဲ့ကြသည်။
ထို့အတွက် အာဏာသိမ်း စစ်ကောင်စီဘက်က လူမှုကူညီရေးအသင်း ရုံးခန်းများအား ဝင်ရောက်စီးနင်း ဖျက်ဆီးခြင်း၊ စေတနာ့ဝန်ထမ်း လုပ်ကိုင်သူများကို လိုက်လံဖမ်းဆီးခြင်း၊ တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ခြင်းများဖြင့် အကြမ်းဖက် တုံ့ပြန်ခဲ့သည်။
၂၀၂၁ မတ်လ ၃ ရက်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များမှ ဆန္ဒပြ ပြည်သူများကို ရဲနှင့် စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းရာ၌ “မွန်မြတ်စိတ်ထား” ပရဟိတအသင်းကားကိုပါ လက်နက်ဖြင့် ခြိမ်းခြောက်တားပြီး စေတနာ့ဝန် ထမ်း ၄ ဦးကိုလည်း ကားပေါ်မှဆင်းခိုင်းကာ သေနတ်ဒင်၊ နံပါတ်တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ပြီး စစ်အုပ်၏ အကြမ်းဖက်မှု သရုပ်မှန်ကို ပြသခဲ့သည်။
စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် လူမှုကူညီရေးအသင်းတချို့ အပြီးတိုင် ဖျက်သိမ်းခဲ့ရသလို အသင်းဝင် စေတနာ့ဝန်ထမ်းများမှာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဆက်လက် ကျန်ရှိနေသေးသည့် အသင်းအဖွဲ့များမှာလည်း အကန့်အသတ်များကြားက သတိထား လှုပ်ရှားနေရသည်။
“ကိုဗစ်ကာလတုန်းကတော့ အစိုးရတရပ်က ခိုင်ခိုင်မာမာ ကိုယ့်နောက်ကျောမှာ ရှိတယ်။ ပြည်သူလူထုက အကူအညီလိုတာကို ကျနော်တို့က ထဲထဲဝင်ဝင် ကူညီနိုင်တယ်။ ကူညီရတာ သန့်ရှင်းတယ်။ မွန်မြတ်တယ်။ အခု နိုင်ငံရေး အလှည့်အပြောင်းမှာ ကူညီရတာကျတော့ ကိုယ်နဲ့ အမြင်မတူသူကို ကူညီရင် ရန်သူလို့ ဘယ်ဘက်ကပဲကြည့်ကြည့် အဲဒီလို သတ်မှတ်ခံရတာတွေ ရှိတယ်”
မန္တလေးမြို့ရှိ ပရဟိတသမားတဦးက “ကိုဗစ်ကာလတုန်းကတော့ အစိုးရတရပ်က ခိုင်ခိုင်မာမာ ကိုယ့်နောက်ကျောမှာ ရှိတယ်။ ပြည်သူလူထုက အကူအညီလိုတာကို ကျနော်တို့က ထဲထဲဝင်ဝင် ကူညီနိုင်တယ်။ ကူညီရတာ သန့်ရှင်းတယ်။ မွန်မြတ်တယ်။ အခု နိုင်ငံရေး အလှည့်အပြောင်းမှာ ကူညီရတာကျတော့ ကိုယ်နဲ့ အမြင်မတူသူကို ကူညီရင် ရန်သူလို့ ဘယ်ဘက်ကပဲကြည့်ကြည့် အဲဒီလို သတ်မှတ်ခံရတာတွေ ရှိတယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ ညမထွက်ရအမိန့်ကဲ့သို့သော ကန့်သတ်ချက်များအပြင် မည်သည့်အချိန်၊ မည်သည့်နေရာ၌ ပစ်ခတ်မှု၊ ပေါက်ကွဲမှုများ ဖြစ်မည်ကိုလည်း မသိနိုင်ရာ အသင်းသားများ၏ အသက်အန္တရာယ် လုံခြုံရေးကိုထည့်တွက်ပြီး ယခင်ကဲ့သို့ စိတ်ရှိတိုင်း မကူညီပေးနိုင်တော့ကြောင်းလည်း ပရဟိတလုပ်ဆောင်နေသူများက ပြောသည်။
၂၀၁၄ ကတည်းက မန္တလေးမြို့တွင် ပရဟိတ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ‘ရွှေမဟာနွယ်’ ပရဟိတအသင်းသည် ၂၀၂၁ နိုဝင်ဘာလအတွင်း၌ ဝင်ရောက်စီးနင်းခံရပြီး အသင်း၏ဥက္ကဋ္ဌကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ထောက်၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် အသင်း၏ လုပ်ငန်း များအားလုံး အပြီးတိုင် ရပ်နားသွားခဲ့ရသည်။
ရွှေမဟာနွယ် အသင်းဝင်တဦးက “ကျနော်တို့ အသင်းဆိုရင် စစ်ဘေးရှောင်တွေကို ကူညီရင်းနဲ့ အဖမ်းခံခဲ့ရတာ။ ဟန်ငြိမ်းဦး (စစ်တပ်လော်ဘီ) ရဲ့ တယ်လီဂရမ်ကနေတဆင့် တိုင်ကြားမှုနဲ့ ပါသွားတာ။ အခုဆိုရင် စစ်ဘေးရှောင်တွေကို ကူညီချင်ရင်တောင် မကူညီရဲဘူး။ မြို့ပေါ်နေပြည်သူတွေကို မဟုတ်ဘဲ တကယ် ဒုက္ခရောက်နေတဲ့ နေရာတွေ၊ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေ၊ မီးဘေးသင့်တွေ ကျနော်တို့ အသင်းတွေက မကူညီနိုင်တော့ဘူး” ဟု ပြောဆိုသည်။
ထို့ပြင် ၂၀၂၁ နိုဝင်ဘာလအတွင်းကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟနှင့် အသင်းဝင် ၄ ဦးတို့ကို PDF များအား ကူညီထောက်ပံ့ပေးနေသည် ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
တဖက်တွင်လည်း ပဋိပက္ခဖြစ်ပွားရာဒေသ မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရင်း မိုင်းဆွဲခံရမှုများ၊ ဖမ်းဆီး သတ်ဖြတ်ခံရမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုတွင် ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အရှင်လတ်လတ် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု၌ Save the Children အဖွဲ့ဝင် ၂ ဦး ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုတွင် ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အရှင်လတ်လတ် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု၌ Save the Children အဖွဲ့ဝင် ၂ ဦး ပါဝင်ခဲ့သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မိုဆိုကျေးရွာမှ ထွက်ပြေးလာသည့် Save the Children အဖွဲ့ဝင် ၂ ဦး အပါအဝင် အရပ် သား ၃၅ ဦးကို ဖမ်းဆီးပြီး ကား ၇ စီးအတွင်း ကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခုနှစ် မတ်လထဲ၌လည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မြို့ကုန်းရွာရှိ ‘အားမာန်’ ပရဟိတအဖွဲ့ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ဥက္ကဋ္ဌဖြစ်သူ ကိုသန့်စင်အောင် (ခ) ကိုပြောင်ကြီး၏ ဦးခေါင်းနှင့် ခြေထောက်ကို ပစ်သတ်ရုံသာမက ရုပ်အလောင်းကိုပါ ယူဆောင်သွားခဲ့သည်။
အဆိုပါအဖွဲ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ထိုသို့ အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသူ ပရဟိတသမားတဦးက “ဒီအခြေအနေမှာ ကျဉ်းထဲကျပ်ထဲ ရောက်သွားတာက ပရဟိတသမားတွေလို့ ပြောလို့ရတယ်။ ကူညီမှုတိုင်းမှာ အတိမ်းအစောင်း မခံတော့ဘူး။ တဖက်နဲ့တဖက်က အမုန်းတရားဖြစ်နေတဲ့ အခြေအနေ။ လူနာတင်ယာဉ်ဆိုတော့ ဒီလိုအခြေအနေမှာ ပိုဆိုးတယ်။ သွားကူတဲ့အချိန်မှာ ဘယ်အသင်းက ဘယ်လို ဖြစ်တယ်ဆိုပြီး ပြောကြတာမျိုးတွေရှိတယ်။ တဖက်ကိုသွားကူရင် တဖက်က အန္တရာယ် ပြုတာခံရတယ်။ အဲဒါ အသင်းတိုင်းဖြစ်တဲ့ ပြဿနာပေါ့။ ဒါကို ပြည်သူတွေအနေနဲ့ ရှင်းလင်း စေချင်တယ်” ဟု ဆိုသည်။
တခါတရံ စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုး ချီတက်ရာတွင် အရပ်သားကားများ၊ ပရဟိတ အသင်းကားများကို အကာအကွယ်ယူ လိုက်ပါမှုများလည်းရှိရာ အတိုက်အခံ တော်လှန်ရေးအင်အားစုများ၏ အထင်အမြင် လွှဲမှား ပစ်ခတ် တိုက်ခိုက်မှုကို ခံရနိုင်ခြေလည်း ရှိနေပြန်သည်။
တခါတရံ စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုး ချီတက်ရာတွင် အရပ်သားကားများ၊ ပရဟိတ အသင်းကားများကို အကာအကွယ်ယူ လိုက်ပါမှုများလည်းရှိရာ အတိုက်အခံ တော်လှန်ရေးအင်အားစုများ၏ အထင်အမြင် လွှဲမှား ပစ်ခတ် တိုက်ခိုက်မှုကို ခံရနိုင်ခြေလည်း ရှိနေပြန်သည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်း (မုံရွာမြို့) ကား ဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယက္ခညီနောင်အဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် မှားယွင်းဖောက်ခွဲမိသည့်အတွက် ပြန်လည် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့မှ ပရဟိတသမားတဦးကလည်း “အခု အခြေအနေအရ ပြောမယ်ဆိုရင် ဘယ်သူ့ကိုကြောက်လို့ ကြောက်ရမှန်းမသိတဲ့ အနေအထားတွေ ဖြစ်နေတာပေါ့။ မုံရွာဘက်တို့၊ ရွှေဘိုဘက်တို့ သွားတဲ့အခါမှာ ဘယ်အဖွဲ့က ဆွဲလို့ဆွဲမှန်း မသိတဲ့မိုင်းတွေ အဆွဲခံရတာလည်း အကြိမ်ကြိမ်ပေါ့။ ရပ်တည်မှုအနေနဲ့လည်း ကူညီတဲ့အနေအထားမှာတောင် ဘယ်လိုမျိုးမှ ကူညီရမှာလဲ။ ဘယ်လို အနေအထားမျိုး မကူညီရဘူးလည်းဆိုတဲ့ အခက်အခဲလေးတွေတော့ ရှိတယ်” ဟု ပြောပြသည်။
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများအရ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော မည်သည့်အဖွဲ့အစည်းမဆို လေးစားပြီး အကာကွယ်ပေးရမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့များသည် အတိုက်အခိုက် မခံရသင့်ကြောင်းနှင့် လုပ်ငန်းလုပ်ဆောင်ချက်များသည်လည်း အကန့်အသတ် မခံရသင့်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပြီး နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုး ရေး၊ ပြည်သူ့ဘဝလုံခြုံရေးများ ပျက်သုဉ်းနေမှုနှင့်အတူ ပရဟိတလုပ်မည့် စေတနာ့ဝန်ထမ်းများ၏ အသက်မှာလည်း ဖက်နှင့်ထုပ်ထားရသည့် အခြေအနေ ဆိုက်ရောက်နေတော့သည်။
ထို့ပြင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမဆို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်းများကို တိုက်ခိုက်မှုရန်များမှလည်း ကာကွယ်ပေးရန် လိုအပ်ကြောင်း ဆိုထားသည်။
သို့သော်လည်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပြီး နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုး ရေး၊ ပြည်သူ့ဘဝလုံခြုံရေးများ ပျက်သုဉ်းနေမှုနှင့်အတူ ပရဟိတလုပ်မည့် စေတနာ့ဝန်ထမ်းများ၏ အသက်မှာလည်း ဖက်နှင့်ထုပ်ထားရသည့် အခြေအနေ ဆိုက်ရောက်နေတော့သည်။
You may also like these stories:
ကနီစစ်ဘေးရှောင်များအတွက် ဆေးပစ္စည်းများ မီးရှို့ဖျက်ဆီးခံရ
နိုင်ငံရေးနှင့် တည့်တည့်ဝင်တိုးမိသည့် သူနာပြုဆရာမတဦး
ကယား စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်တော့မည်
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့
ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း