စစ်ကောင်စီလက်ထက် နှစ်ချီလာသောအခါ ပြည်သူအများက စားဝတ်နေရေး ခက်ခဲမှုကို အချို့က ထုတ်ဖော် ညည်းညူကြသည်။ ထုတ်မပြောသော်လည်း အွန်လိုင်းတွင် ဓာတ်ပုံများနှင့်တကွ တက်နေသည်သာ ဖြစ်ပါသည်။ အမှန်တကယ်လည်း ခက်ခဲနေကြသည်။ မရှိမဖြစ်နေ့စဉ် စားသုံးရမည့် ဆန်၊ ဆီ မှသည် လုံးဝ မဝယ်မဖြစ် နေ့စဉ် မှီဝဲနေရသည့် ဆေးဝါးများအထိ ဈေးခေါင်ခိုက်နေသည်။ ဈေးက နေ့စဉ် အကျမရှိ၊ အတက်သာ။
မြန်မာပြည်တွင် အိမ်မွေးဖြစ်စေ၊ လမ်းပေါ်တွင် လေလွင့်ဖြစ်စေ ရှိနေကြသည့် ခွေးနှင့် ကြောင်များလည်း စစ်ကောင်စီခေတ်တွင် ဒုက္ခရောက်ကြရသည်ဟု ပြောလျှင် ပိုသည်ဟု မထင်စေချင်ပါ။
မြန်မာပြည်တွင် အိမ်မွေးဖြစ်စေ၊ လမ်းပေါ်တွင် လေလွင့်ဖြစ်စေ ရှိနေကြသည့် ခွေးနှင့် ကြောင်များလည်း စစ်ကောင်စီခေတ်တွင် ဒုက္ခရောက်ကြရသည်ဟု ပြောလျှင် ပိုသည်ဟု မထင်စေချင်ပါ။ (ကျွေးနိုင်မွေးနိုင် ယုယနိုင်သည့် မိသားစုများအတွက်မူ ခြွင်းချက် ဖြစ်ပါသည်။)
ပြီးခဲ့သည့်ရက်ပိုင်းက ဆင် (ဖြူ) နှင့် ပတ်သက်၍ Myanmar Now က ဆင် (ဖြူ) များ မည်သို့မည်ပုံ ပိန်လိန်ခြောက်ကပ် နွမ်းပါးနေသည်ကို ဖတ်ရပါသည်။ မှတ်ချက်ရေးသူ တချို့၏ စကားများမှာ စဉ်းစားဖွယ်ဖြစ်သည်။ ဆင်ဆိုတော့ ကျွေးဖို့ကလည်း မတတ်နိုင်၊ အိမ်ပေါ် ခေါ်တင်ထားလည်း မရဆိုသည့် အကြောင်းများဖြစ်သည်။
တိရစ္ဆာန်များနှင့် ပတ်သက်၍ ရန်ကုန်တိရစ္ဆာန်ရုံကိစ္စကိုလည်း အမှတ်ရမိသည်။ ဤခေတ်ဤကာလ မဟုတ်သော ၂၀၀၀ ပြည့်နှစ် ကာလများက ဖြစ်သည်။ ခေတ်အဆက်ဆက် သစ်တောဝန်ကြီးဌာနကသာ ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစပြီး ဦးတေဇပိုင် ထူးကုမ္ပဏီကို နှစ်ရှည်ငှားရမ်း စာချုပ်နှင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့သည်။
ထိုစဉ်က ရန်ကုန်တိရစ္ဆာန်ရုံနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ပတ်သက်နေသူတဦးက ရန်ကုန်တိရစ္ဆာန်ရုံတွင် တိရစ္ဆာန်များကို အစာကျွေးရမှုမှာ တရက်လျှင် သိန်း ၅၀ ခန့် ကုန်ကျရာ ဝင်ကြေးနှင့် မကာမိဟု ပြောဖူးသည်။
၂၀၁၄ ခုနှစ်တွင် ဧရာဝတီသတင်းဌာနက ဖော်ပြသည့် သတင်းတပုဒ်တွင် “ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ထဲက တိရစ္ဆာန် အများစုဟာ အာဟာရ ပြည့်ဝပုံမရဘဲ ပိန်ချည့်နေတာတွေ တွေ့ရတဲ့အတွက် ကြည့်ရှုသူ ပြည်သူတွေ အတွက် စိတ်မချမ်းမသာ ဖြစ်နေရတာလည်း သွားရောက်ကြည့်ရှုမှု နည်းပါးစေတဲ့ အချက်တချက် ဖြစ်ပါတယ်” ဟု ဖော်ပြဖူးသည်။
ယခင်ကာလ တိရစ္ဆာန်များ စုဝေးရာ တိရစ္ဆာန်ရုံအခြေအနေနှင့် ယနေ့ကာလ ခက်ခဲကြပ်တည်းမှုကို ဆက်စပ်တွေးမိခြင်း ဖြစ်ပါသည်။
အများအားဖြင့် အိမ်မွေးတိရစ္ဆာန်အဖြစ် လက်ပွန်းတတီး နေကြသည့် တိရစ္ဆာန်များမှာ ခွေးနှင့်ကြောင် ဖြစ်သည်။
ခွေးကောင်းခွေးသန့်များစွာ မွေးထားသူ၊ ခွေးများကို ချစ်တတ်သူက ယခင် ကျွေးနေကျအတိုင်း တခမ်းတနား မကျွေးနိုင်သဖြင့် အခြား ထမင်းကဲ့သို့သော အစားအစာများဖြင့် တွဲဖက် ကျွေးရသည်ဟု ပြောပါသည်။
ခွေးလေခွေးလွင့်အများစုမှာ အစာရေစာ မရှားပါးပါ။ ကားဖြင့် တကူးတကလာ၍ အိတ်ကလေးများဖြင့် ကျွေးသူများပင် ရှိပါသည်။
စားသောက်ဆိုင် အချို့ကလည်း စားကြွင်းစားကျန်များ ကျွေးကြပါသည်။
ဤနေရာတွင် ရယ်စရာဟု ဆိုဆို၊ ကြံကြံဖန်ဖန် တွေးသည်ဟု ဆိုဆို ရပ်ကွက်ထဲရှိ ခွေးလေခွေးလွင့် တဒါဇင်ခန့်သည် အော်လံနှင့် ဈေးသည်၊ အမှိုက်ကောက်သူများဆိုလျှင် နေ့ညမဟူ ဆူညံပွက်လောရိုက်အောင် ထိုးဟောင်ကြသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ညသန်းခေါင်တွင် ဧည့်စာရင်း စစ်ရန် ဝင်လာသည်ဖြစ်စေ၊ ကင်းလှည့်လာသည်ဖြစ်စေ မည်သည့် ခွေးလေခွေးလွင့် တကောင်တလေကမျှ မဟောင်ကြဘဲ အမြီးကုပ်နေကြခြင်း ဖြစ်သည်။ “ဒီကောင်တွေ ဒီနေရာကျ အားမကိုးရ” ဟု မိတ်ဆွေ တယောက်က ညည်းသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ညသန်းခေါင်တွင် ဧည့်စာရင်း စစ်ရန် ဝင်လာသည်ဖြစ်စေ၊ ကင်းလှည့်လာသည်ဖြစ်စေ မည်သည့် ခွေးလေခွေးလွင့် တကောင်တလေကမျှ မဟောင်ကြဘဲ အမြီးကုပ်နေကြခြင်း ဖြစ်သည်။ “ဒီကောင်တွေ ဒီနေရာကျ အားမကိုးရ” ဟု မိတ်ဆွေ တယောက်က ညည်းသည်။
ကျွေးမွေး စောင့်ရှောက်နိုင်သည့်တိုင် တိုက်ပေါ်မှသည် ရွာပို့ထားရသည့် ခွေးလေးတကောင်၏ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ငယ်စဉ်က မထောင်းတာသော်လည်း အကောင်ကြီးလာသည့်အခါ ခုန်တက်ခုန်ဆင်း ခြေသံပြင်း၍ တိုက်အောက်ထပ်က ကန့်ကွက်ပြောဆိုသောအခါ ခွေးကို ရွာသို့ ပို့လိုက်ရသည်။ သားသမီးက အဝေးရောက်၊ ခင်ပွန်းက ကွယ်လွန်သည့်အထဲ အဖော်ပြု၊ ပျော်စရာပြုနေရသည့် ခွေးလေးနှင့် ခွဲရသည့်အတွက် ထိုအန်တီကြီးမှာ မျက်ရည်နှင့် မျက်ခွက် ဖြစ်ရရှာသည်။
ကြောင်များနှင့် ပတ်သက်၍ ဆက်ရလျှင် မိတ်ဆွေတဦးကမူ သူ့အခန်းတွင် ဝင်ရောက် နေထိုင်သော ကြောင်ကလေးများကို လက်ခံ ကျွေးမွေးထားပါသည်။ ကြောင်စာ၊ ကြောင်အညစ်ကြေးစွန့်ရန် သဲဗန်း စသည်ဖြင့် ထားပေးသည်။ ကြောင်များ ထပ်၍ ပွားလာသည်။ သူလည်း အလုပ်မရှိသည်မှာ ကြာပြီဖြစ်ပြီး ယခုကဲ့သို့ ကုန်ဈေးနှုန်း တက်သည့်ကာလတွင် အခြားအစားအစာများ ဥပမာ ငါးသေတ္တာ တွဲဖက်ကျွေးသည့်အခါ ကြောင်များ ချေးပန်းသည်၊ ဘီရိုပေါ်တက်၊ အိပ်ယာပေါ်တက်၊ လျှောက်သွားသမျှ သွားနေရင်း ချေးပန်းသည်။ သဲဗန်းလဲရန် ကြောင်ချေးသဲအိတ်ကလည်း ဈေးတက်သဖြင့် ဝယ်ရန် ခက်ခဲ၊ သူ့ခမျာ တအိမ်လုံးပတ်ပြီး ကြောင်ချေးကျုံးရသည့် ဘဝ ရောက်နေရသည်။
အခြေအနေအရ အိမ်ပြောင်းမည်ဖြစ်၍ တိချစ်သူ (တိရစ္ဆာန်ချစ်သူ) များ လာယူနိုင်ပါသည်ဟု ကြေငြာသော်လည်း လာယူမည့်သူ မရှိ။
တိုက်ခန်းပေါ် ခွေးမွေးသည့်အခါ နံနက်တကြိမ်၊ ညနေတကြိမ် သိုင်းကြိုးဖြင့် ဆင်းကျောင်း၍ ရနိုင်သေးသည်။ အချို့ မြေညီထပ်များက ‘ခွေးချေး/သေး မတည်ရ၊ လူလိုသိပါ’ ဟု စာကပ်ထားသည်ကိုလည်း မကြာခဏ တွေ့ရသည်။
တိုက်ခန်းပေါ် ခွေးမွေးသည့်အခါ နံနက်တကြိမ်၊ ညနေတကြိမ် သိုင်းကြိုးဖြင့် ဆင်းကျောင်း၍ ရနိုင်သေးသည်။ အချို့ မြေညီထပ်များက ‘ခွေးချေး/သေး မတည်ရ၊ လူလိုသိပါ’ ဟု စာကပ်ထားသည်ကိုလည်း မကြာခဏ တွေ့ရသည်။
ကြောင်များအတွက်ကား တမျိုးတဘာသာဖြစ်သည်။ အထပ်မြင့်တိုက်ခန်း အနီးဝန်းကျင်တွင် ကြောင်မွေးကြသူများ ရှိသည်။ အထက်တွင် ပြောခဲ့သည့် မိတ်ဆွေကဲ့သို့ ကရိကထခံ၍ မွေးကြသည်ကို သတိထားမိသည်။ အိမ်နီးချင်း လူငယ်စုံတွဲဆိုလျှင် သူတို့နေသည့် အထပ်မြင့်တိုက်ခန်းပေါ်တွင် ကြောင် နှစ်ကောင်မွေးထားသည်။ သူတို့ အလုပ်သွားသောအခါ ကြောင်များကို အစာအပြည့်အစုံဖြင့် အလုံပိတ် ထားခဲ့သည်။ ကြောင်များမှာ ပြတင်းပေါက် ဘောင်ပေါ်တက်၍ မျှော်ကြည့်ကာ အချိန်ကုန်နေသည်ကို နေ့စဉ် မြင်နေရသည်။
အလားတူ မနီးမဝေးအခန်းတွင်လည်း ကြောင်တကောင် မွေးထားရာ မည်သည့်အခါမျှ အောက်သို့ ခေါ်သွားသည်ကို မတွေ့ရ။ လွှတ်ပေးလိုက်လျှင်လည်း ခွေးလေခွေးလွင့်များ ရန်ရှိသည်။ အချို့ကြောင်များမှာလည်း လွှတ်ပေးလိုက်လျှင် ပြန်မလာတော့ဟု ပြောကြသည်။
ပြောရလျှင် ကြောင်လေးများမှာ မြေမနင်းဖူးကြသည်က များသည်။
ဦးလေးတယောက် အိမ်တွင် တခြားအိမ်များမှ ပြောင်းရွှေ့လာနေသော ကြောင်များကို လက်ခံ ကျွေးမွေးထားသည်။ တောရွာတွင် ခြံနှင့် ဝိုင်းနှင့် ဖြစ်၍ အညစ်အကြေးကိစ္စ ကရိကထ မများပေ။ သို့သော် သွားရောက်လည်ပတ်သည့်အခါ တွေ့ရသည်မှာ ကြောင်များက ကြွက်၊ လင်းနို့၊ ပုတ်သင်ညို၊ ကင်းလိပ်ချော စသည်ဖြင့် ခုတ်လာပြီး စားသည်မဟုတ်ဘဲ ဆော့ကစား သတ်ဖြတ်ထားသည်များကို မနက်တိုင်း ရှင်းရသည်က တလုပ်ဖြစ်သည်။
တခါတရံ စဉ်းစားမိသည်။ တိုက်ခန်းပေါ်တွင်သာ နေရပြီး မြေကြီးကို နှစ်ချီ မနင်းရသည့် ကြောင်များကို တောရွာခေါ်သွားပြီး မြေကြီးပေါ်ချပေးလျှင် မည်သို့ နေပါလိမ့်မည်နည်းဟူ၍ ဖြစ်သည်။ သူတို့ ပင်ကို သဘာဝ ပျောက်နေကြမလား တွေးမိသည်။
နောက်ဆုံးအခေါက် ရွာသို့ သွားသောအခါ ကြောင်များ မျိုးဆက်သုံးခုခန့် ပွားများသည့်ဒဏ် မခံနိုင်၍ သားဖြတ်ဆေး ထိုးပေးထားရသည်ဟု ဦးလေးကပြောသည်။
ခွေးလေခွေးလွင့် ဆိုသည်က ကြားဖူးမြင်ဖူးနေကျ မဆန်းသော်လည်း ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှု နောက်ပိုင်း ကြောင်လေကြောင်လွင့်များပါ တွေ့လာရခြင်း ဖြစ်သည်။
ခွေးလေခွေးလွင့် ဆိုသည်က ကြားဖူးမြင်ဖူးနေကျ မဆန်းသော်လည်း ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းမှု နောက်ပိုင်း ကြောင်လေကြောင်လွင့်များပါ တွေ့လာရခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်တွင် စူးစမ်းမေးမြန်း သတိပြု ကြည့်ရှုပြီးနောက် တွေ့လာရသည်များ ရှိသည်။
ကိုဗစ်ကာလအတွင်း ကိုဗစ်လူနာများ ရှိသည့်အိမ်ကို ကြောင်များ စွန့်ခွာလာကြောင်း တွေ့ရသည်။ တိုက်များမှာ အဝင်အထွက် သံတံခါးများရှိ၍ ခွေးတကောင် မဝင်သာသော်လည်း ကြောင်များက သံပန်းကြားမှ တိုက်တွင်းသို့ ဝင်ရောက်နိုင်သည်။ တညောင်ညောင် တစာစာ အော်သည့်အခါ တိုက်နေသူများတွင် တိရစ္ဆာန်ချစ်သူများရှိရာ အစာရေစာ စားဖို့ ခွက်ကလေးများဖြင့် လှေကားနားတွင် ထားပေးသည်။ သို့သော် သူတို့ကိုယ်တိုင်တွင် မွေးထားလက်စ ကြောင်များရှိသဖြင့် လေလွင့်ကြောင်များကို တိုက်ခန်းအတွင်း အဝင်မခံ။
တိုက်ပေါ်တွင်သာ လှောင်ပိတ်နေလာခဲ့ရသော ကြောင်များသည် အညစ်အကြေးစွန့်သည့်အခါ တိုက်ပြင်ထွက်၍ မြေကြီးပေါ်သို့ မသွား။ ခွေးလေခွေးလွင့် အန္တရာယ်ကြောင့်လော၊ မွေးကတည်းက တိုက်ခန်းပေါ်မှာသာ ကြီးခဲ့ကြကြောင့်လောကိုမူ မသိပါ။
တိုက်ခန်းရှေ့ ချွတ်ထားသည့် ဖိနပ်များပေါ်၊ မီးပျက်လျှင် လျှောက်လမ်းပေါ် ထွက်ထိုင်ရန် ခင်းထားသည့် ထိုင်ခုံများပေါ်၊ လှေကားထစ် အကွေ့များအပေါ် အညစ်အကြေး စွန့်ကြသည်။ နေ့စဉ် ကြောင်ချေး ကျုံးရသူများမှာလည်း စိတ်ညစ်လာကြသည့်အပြင် အခြားအခန်းများနှင့်လည်း စကားများ ရန်ဖြစ်ကြသည်အထိ ဖြစ်လာသည်။ “တိရစ္ဆာန်ကိုတော့ သနားပါတယ်၊ ကျွေးတာလည်း ကျွေး၊ ကြောင်ချေးတော့ လာကျုံးကြ” ဟု ရန်တွေ့သည်အထိ ဖြစ်ကြသည်။
ညသန်းခေါင်ယံဖြစ်စေ၊ မနက်လင်းအားကြီးဖြစ်စေ လှေကားထစ်များတွင် တစာစာအော်နေသော ကြောင်များ ရှိသည်။ အချို့လည်း ထွက်၍ ကျွေးကြသည်။ အချို့လည်း အညစ်အကြေး ကျုံးရမည့်ဒဏ် မခံနိုင်၍ မကျွေးကြတော့။
ကြောင်လေကြောင်လွင့်ဟု ဆိုရာတွင် ဒုတိယအချက်အဖြစ် ကိုဗစ်အပြင် စစ်အာဏာသိမ်းမှုဟု အထက်တွင် ဆိုခဲ့သည်။ ချဲ့ကား၍ ပြောခြင်း မဟုတ်ပါ။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြုတ်ကြသူများ၊ အခန်းဆက်လက် မငှားနိုင်သူများ၊ ရပ်ရွာဇာတိသို့ ပြန်ရန် ဆုံးဖြတ်သူများ၊ ပို၍ ဈေးသက်သာသည့် အိမ်သို့ပြောင်းရွှေ့သူများ များပြားလာခဲ့သည်။ ယခုဆိုလျှင် ပိုဆိုးပါသည်။ ထိုအခါ သူတို့ တယုတယ မွေးထားသည့် ကြောင်များကို မထားခဲ့ချင်ဘဲ ထားပစ်ခဲ့သည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြုတ်ကြသူများ၊ အခန်းဆက်လက် မငှားနိုင်သူများ၊ ရပ်ရွာဇာတိသို့ ပြန်ရန် ဆုံးဖြတ်သူများ၊ ပို၍ ဈေးသက်သာသည့် အိမ်သို့ပြောင်းရွှေ့သူများ များပြားလာခဲ့သည်။ ယခုဆိုလျှင် ပိုဆိုးပါသည်။ ထိုအခါ သူတို့ တယုတယ မွေးထားသည့် ကြောင်များကို မထားခဲ့ချင်ဘဲ ထားပစ်ခဲ့သည်။
ထိုကြောင်များသည် ကြောင်လေကြောင်လွင့်များ ဖြစ်လာပြီး သူတို့ နေနေကျ အသားကျသည့် အခြားတိုက်ခန်းများပေါ် တက်လာကြသည်။ အစာတောင်းသည်။ အချို့ကြောင်များဆိုလျှင် အိမ်အတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားသည်။ အချော့အမြူခံကြသည် (ယဉ်ကြသည်)။
မကြာသေးမီရက်က အိမ်ပြောင်းတော့မည်ဖြစ်၍ အိမ်ရှိ ကြောင်များ လာယူလိုက ယူပါဟု အိမ်ပြောင်းမည့်သူက မြို့နယ်တခု၏ ဖေ့စ်ဘွတ်ခ် Group တွင် တင်ထားသည်။ သူ့ကို ငှားမည့် အိမ်ရှင်က ကြောင်များ လှေကားတွင် အညစ်မကြေးမစွန့်စေရန် ကတိတောင်းသောကြောင့် ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း အသိမိတ်ဆွေ အန်တီတဦးကလည်း သူတို့ တိုက်ခန်းကို ရောင်းမည်ဖြစ်၍ သူတို့အိမ်တွင် လာရောက် နေထိုင်ပေါက်ဖွားသည့် ကြောင်များကို လက်ခံထားရှိပေးမည့် ဘုန်းကြီးကျောင်းသို့ ထိုနေ့နံနက်တွင်ပဲ ပို့လိုက်ပြီဟု ပြောပြသည်။
သူတို့အိမ်သို့ ကိုယ်ဝန်ဆောင် ကြောင်မကြီးတကောင်က လာရောက် ပေါက်ဖွားရာမှ လက်ခံကျွေးမွေး စောင့်ရှောက်ထားခြင်း ဖြစ်ပြီး မျိုးဆက် နှစ်ဆက် ပေါက်ဖွားခဲ့သည်ကို သူတို့ထံ အလည်သွားတိုင်း တွေ့နေရသည်။
ယခုမူ သူတို့ကိုယ်တိုင်သည်ပင် ရပ်တည်ရေး အနာဂတ်ကို စဉ်းစားရင်း အိမ်မွေးတိရစ္ဆာန် ကြောင်များကို စွန့်လွှတ်ရဖို့ ဖြစ်လာခဲ့လေသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီ တပ်များက ရွာကို မီးရှို့၊ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်၊ မီးရှို့သတ်ခြင်းများကို ထည့်သွင်းဖော်ပြရလျှင် တထောင့်တညပုံပြင် ဖြစ်နိုင်သည်။
ပြီးခဲ့သည့်လပိုင်းက စစ်ကိုင်းတိုင်းဘက်ရှိ မြွေရှင်ဘုရားဘက်သို့ သွားရောက်လေ့လာရာ တံခါးပိတ်ထားသည်ကို တွေ့ရသည်။ အဝင်လမ်းမှာ မြက်ပင်များ တောထနေသည်ကို တွေ့သဖြင့် ကိုဗစ်ကာလကတည်းက ပိတ်ထားပုံရသည်ဟု ယူဆမိသည်။ မြွေကြီး ဘယ်နှကောင် ရှိသလဲဟု မေးရာ ‘ကိုးကောင်’ ဟု သိရသည်။ မြွေတွေ အစာမှ လောက်ရဲ့လား၊ ဘယ်နှကောင်များ ကျန်သေးလဲ မသိဟု ကြံကြံဖန်ဖန် တွေးမိသည်။ မေးကား မမေးဖြစ်ပါ။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများတွင် စစ်ကောင်စီ တပ်များက ရွာကို မီးရှို့၊ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်၊ မီးရှို့သတ်ခြင်းများကို ထည့်သွင်းဖော်ပြရလျှင် တထောင့်တညပုံပြင် ဖြစ်နိုင်သည်။
ပြည်တွင်းအခေါ် “ငဗစ်နဲ့ ငစစ်” (ကိုဗစ်နှင့် စစ်အာဏာသိမ်း) ကာလအတွင်း လူများ စားဝတ်နေရေး ခက်ခဲ ကျပ်တည်းလာကြသည့်အထဲ အိမ်မွေးအချစ်တော် တိရစ္ဆာန်များမှာလည်း ကျွဲကူးရေပါ ဒုက္ခများကြသည် ဆိုသည့်အချက်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။
You may also like these stories:
ဆင်ဖြူတော်မှီကာ အကြံထုတ်ကြသူများ
ကြီးထွားလာသည့် အွန်လိုင်းပေါ်က မြန်မာ့ရှားပါး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု
တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ
တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ကြော်ငြာတွေကို Facebook ဖယ်ရှား
ဧရာဝတီလင်းပိုင် စီးပွားဖြစ် မွေးမြူခွင့် ကန့်ကွက်ခံနေရ
မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျောက်မျက်ကွင်းဖြူများ
ဆင်မကြီး မိုမိုကို ၃ လ မွေးစားထားတဲ့ ပိုင်တံခွန်