စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် ကာကွယ်ရေးအဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုများနှင့် ပဋိပက္ခ ဖြစ်စဉ်များ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခပ်စိတ်စိတ် ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်များသည် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အကြား အငြင်းပွားဖွယ်ရာ ကိစ္စတခုလည်း ဖြစ်လာပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် တော်လှန်ရေးပုံရိပ်ကိုလည်း ထိခိုက်လာနေသည်။
နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က “အဲဒီလို အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေက တပြည်လုံးမှာ ဖြစ်နေတဲ့ နွေဦး တော်လှန်ရေးထက်စာရင် အလွန်ကို နည်းပါးတဲ့ အလွန်ကိုရှားပါးတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ သို့သော်ငြားလည်း နည်းပါးသည်ဖြစ်စေ အမှိုက်ကအစ ပြဿဒ်မီးလောင်တာမျိုး မဖြစ်ဖို့ အချိန်မီ လက်ဦးမှုရှိရှိ အဲဒီဒေသကို ဆက်သွယ်ပြီး ကွင်း ဆင်းသင့်တယ်”ဟု အကြံပြု ပြောဆိုသည်။
ယင်းသို့ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များ မဖြစ်ခင် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် အဆိုပါ ဒေသများကို လက်ဦးမှု ရှိရှိသွားရောက် ညှိနှိုင်းဖြေရှင်းရန်လည်း ၎င်းက အကြံပြုသည်။
ဇာတ်လမ်းအစ
ဩဂုတ်လ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)က ပစ်ခတ်သဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် အရှေ့ခြမ်း ကားလမ်း တနေရာတွင် လူအင်အား ၁၀၀ ကျော်ပါသော ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ က အမေးအမြန်းမရှိဘဲ ပစ်ခတ်သဖြင့် သေဆုံးသူများ ရှိခဲ့သလို ဖမ်းဆီးခံထားရသူ ၁၂ ဦး အထိ ရှိကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့ဖြစ်သည့် ဗိုလ်ကျားကြီး (Bo Tiger) အဖွဲ့ထံမှ သိရသည်။
စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးနေစဉ် ကားများဖြင့် ရောက်ရှိလာပြီးနောက် ပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရကြောင်း ဗိုလ်ကျားကြီး အဖွဲ့က ဆိုထားသည်။
ဗိုလ်ကျားကြီး အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက“ကင်းစောင့်နေတာ တာဝန်အရ မေးမြန်းစစ်ဆေးရတယ်။ သူတို့က ဘာမှ အကြောင်း မကြားထားဘဲနဲ့ ဖောကားကြီးနဲ့ မောင်းလာပြီး ကင်းတဲနားမှာပဲ ထိုးရပ်ပြီးတော့ ရပ်ရပ်ချင်း ပစ်မိန့်ပေးပြီးတော့ တန်းပစ်တာ။ ၂ ဖက် ပစ်ခတ်မှု မဟုတ်ဘူး။ သူတို့ဘက်ကပဲ တဖက်တည်းပစ်တာ”ဟု ပြောသည်။
သို့သော် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားချက်တွင် ဗိုလ်ကျားကြီး အဖွဲ့သည် ဖြတ်သန်း သွားလာသည့် ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းခံနေခြင်းကို တိုင်ကြားမှုများ ရှိသည့်အတွက် စစ်ဆေးရန် သွားစဉ် အဆိုပါ အဖွဲ့မှ စတင်ပစ်ခတ်ခဲ့သည့် အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
“အဲဒီလို အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေက တပြည်လုံးမှာ ဖြစ်နေတဲ့ နွေဦး တော်လှန်ရေးထက်စာရင် အလွန်ကို နည်းပါးတဲ့ အလွန်ကိုရှားပါးတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ သို့သော်ငြားလည်း နည်းပါးသည်ဖြစ်စေ အမှိုက်ကအစ ပြဿဒ်မီးလောင်တာမျိုး မဖြစ်ဖို့ အချိန်မီ လက်ဦးမှုရှိရှိ အဲဒီဒေသကို ဆက်သွယ်ပြီး ကွင်း ဆင်းသင့်တယ်”
အဆိုပါ ပြစ်မှုမျိုး မလုပ်ဆောင်ရန် ဖုန်းဆက်၍ သတိပေးထားပြီး ဖြစ်သော်လည်း လိုက်နာခြင်း မရှိခဲ့သည့်အတွက် ဗိုလ်ကျားကြီးအား စစ်ဆေးရန် သက်ဆိုင်ရာမှ ခွင့်ပြုသဖြင့် သွားရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဝက်လက်မြို့နယ် PDF က ဆိုထားသည်။
ပြည်သူများထံမှ ငွေညှစ်တောင်းခံမှု မရှိဘဲ အလှူငွေကောက်ခံခြင်းကိုသာ လုပ်ဆောင်ကြောင်း ဗိုလ်ကျားကြီး အဖွဲ့က ငြင်းဆိုထားသည်။
“စကစ ပစ္စည်းတွေ ပါလာမှာစိုးလို့ စစ်ရတာ။ ဘယ်လောက်ပေးပါ ဆိုပြီး ယူတာ မရှိဘူး။ သူတို့က စေတနာရှိလို့ ပေးထားခဲ့တာ။ အင်အားတခုပဲလေ။ သူတို့တတ်နိုင်သလောက်လေး ပေးကြတာ ကြေးလည်း မသတ်မှတ်ထားပါဘူး။ သူတို့ ပြောသလို ၁ သိန်း တောင်းတယ်၊ ၅ သောင်း တောင်းတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး”ဟု ဗိုလ်ကျားကြီး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဗိုလ်ကျားကြီးအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး အမြစ်ပြတ် ချေမှုန်းမည်ဟုပါ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ က ဆိုထားသည့် အတွက် အမျိုးသား ညီညွတ်ရေး အစိုးရထံ တိုင်ကြားထား ကြောင်း ဗိုလ်ကျားကြီးအဖွဲ့က စက်တင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ဆင်တူယိုးမှား ဖြစ်စဉ်
ဆင်တူယိုးမှားဖြစ်စဉ်တခုလည်း စစ်ကိုင်းတိုင်း တော်လှန်ရေး နယ်မြေတွင် ၂၀၂၂ မတ်လကပင် ဖြစ်ပွားခဲ့ဖူးသေးသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နှင့် ထိစပ်နယ်မြေတွင် ယင်းမာပင် ဗိုလ်သံမဏိ ဦးဆောင်သည့် YMB PDF နှင့် ၎င်း၏ သစ္စာခံ တပ်ရင်း/တပ်ဖွဲ့များသည် ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်မှု ၅ မှုတွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ အပါအဝင် ၂၁ ဦး သတ်ဖြတ်ခံခဲ့ရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နှင့် ထိစပ်နယ်မြေတွင် ယင်းမာပင် ဗိုလ်သံမဏိ ဦးဆောင်သည့် YMB PDF နှင့် ၎င်း၏ သစ္စာခံ တပ်ရင်း/တပ်ဖွဲ့များသည် ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်မှု ၅ မှုတွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ အပါအဝင် ၂၁ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း UDLA ထံမှ သိရသည်။
ဒေသခံ ကာကွယ်ရေးအဖွဲ့ ၆၃ ဖွဲ့ပါဝင်သည့် ပြည်ထောင်စုကာကွယ်ရေးနှင့်လွတ်မြောက်ရေး မဟာမိတ် တပ်ပေါင်းစု (UDLA) က မတ် ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်ခုလည်း ထုတ်ပြန်ခဲ့သည်။
သတ်ဖြတ်ခံရသူများတွင် Hero Tiger အဖွဲ့မှ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များ အပါအဝင် ထောက်ပို့အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပါဝင်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယင်းမာပင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (YMB/ PDF) အချို့သည် လက်နက် အားကိုးဖြင့် လူသတ်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းကို ဒေသကာကွယ်ရေး အဖွဲ့များ၏ အချက်အလက်များ၊ ဒေသခံများ၏ ပြောပြချက်များအပြင် YMB / PDF ခေါင်းဆောင် သပြေအေးဆရာတော် တဖြစ်လည်း ဗိုလ်သံမဏိ ကိုယ်တိုင်က ဧရာဝတီသို့ ကိုယ်တိုင် ဝန်ခံပြောဆိုမှု ရှိခဲ့သည်။
“ပထမဆုံး လူ ၆ ဦး ရှင်းခံရတဲ့ ကိစ္စဆိုရင် အရင်တုန်းက တခြား PDF အဖွဲ့ကို မိုင်းဆွဲဖူးတယ်လို့ စုံစမ်း စစ်ဆေးတွေ့ရှိတယ်။ ဒီလူတွေက ငါတို့ကို မိုင်းဆွဲဖူးတဲ့ကောင်တွေ မဟုတ်ဘူးလား ဆိုပြီးတော့ မေးရင်းနဲ့ ဒေါသ မထိန်းနိုင်ဘဲ နောက်ဆုံး ဟုတ်ပါတယ်လို့ ဝန်ခံတဲ့အချိန်မှာ အဲဒီလူတွေက ရှင်းခံရတာမျိုးတွေပါ”
သို့သော်လည်း စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ရှိခဲ့သော်လည်း ၎င်းအနေဖြင့် အမိန့်ပေး ခိုင်းစေခဲ့ခြင်း မရှိကြောင်းနဲ့ အသေးစိတ် စုံစမ်းစစ်ဆေးနေသည်ဟုသာ ဗိုလ်သံမဏိက ငြင်းချက်ထုတ်ခဲ့သည်။
“ဗိုလ်သံမဏိကနေပြီးတော့ ဒလန်တွေကို ရှင်းပစ်ဆိုတာမျိုး လုပ်ခဲ့တာ မရှိဘူး” ဟု ဗိုလ်သံမဏိက ပြောဆိုခဲ့သည်။
ဒေသခံကာကွယ်ရေးအဖွဲ့ ၆၃ ဖွဲ့မှ ထုတ်ပြန်ထားသည့် သေဆုံးသူများသည် သတင်းပေး ဒလန်များဟု သတ်မှတ်ခြင်း၊ Non – CDM ဝန်ထမ်းများ ဖြစ်နေခြင်းတို့အပြင် ၎င်း၏ အဖွဲ့ဝင်များက အာဃာတအရ သတ်ဖြတ်ခဲ့ခြင်း တို့ကိုပါ တွေ့ရှိခဲ့ ကြောင်း ဗိုလ်သံမဏိက ပြောသည်။
ဗိုလ်သံမဏိက“ပထမဆုံး လူ ၆ ဦး ရှင်းခံရတဲ့ ကိစ္စဆိုရင် အရင်တုန်းက တခြား PDF အဖွဲ့ကို မိုင်းဆွဲဖူးတယ်လို့ စုံစမ်း စစ်ဆေးတွေ့ရှိတယ်။ ဒီလူတွေက ငါတို့ကို မိုင်းဆွဲဖူးတဲ့ကောင်တွေ မဟုတ်ဘူးလား ဆိုပြီးတော့ မေးရင်းနဲ့ ဒေါသ မထိန်းနိုင်ဘဲ နောက်ဆုံး ဟုတ်ပါတယ်လို့ ဝန်ခံတဲ့အချိန်မှာ အဲဒီလူတွေက ရှင်းခံရတာမျိုးတွေပါ” ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ယင်းမာပင်ခရိုင်နှင့် ထိစပ်နေသော ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် ၆၃ ဖွဲ့ကလည်း YMB/ PDF အဖွဲ့ဝင်များကို လက်နက်ချပြီး တရားစီရင်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် သတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ အများစုသည် ကိုယ်ထူကိုယ်ထ မခံချင်စိတ်နှင့် တော်လှန်နေကြခြင်း ဖြစ်ပြီး NUG ၏ အသိအမှတ်ပြုမှု မရခြင်းနှင့် PDF များက ဩဇာခံသဖွယ် ဆက်ဆံနေခြင်း အပေါ်ကိုလည်း မကျေနပ်ချက်များ ရှိနေကြောင်း ဧရာဝတီက စုံစမ်းမေးမြန်းချက်များတွင် တွေ့ရှိရသည်။
ထိုဖြစ်စဉ်တွင်လည်း PDF အဖွဲ့များကြားတွင် တဖွဲ့နှင့် တဖွဲ့ကြား အငြင်းပွားမှု၊ သဘောထား ကွဲလွဲမှုများ သိသာစွာ ပေါ် လွင်ခဲ့သည်။
နောက်ကွယ်မှာ ဘာရှိသလဲ
ဧရာဝတီ၏ စုံစမ်းမေးမြန်းမှုများအရ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် PDF အဖွဲ့များအကြား တော်လှန်ရေးနှင့် ပတ်သက်၍ ခံယူချက်၊ ဦးတည်ချက်၊ သဘောထားရေးရာအရ ကွဲလွဲမှု မရှိသည့်တိုင် တဖွဲ့နှင့် တဖွဲ့အကြား အပြန်အလှန် လေးစားလိုက်နာနိုင်မှု အပိုင်းနှင့် ညှိနှိုင်းပေါင်းစည်းမှု အားနည်းနေကြောင်း တွေ့ရသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များက ကိုယ်ပိုင်အလှူငွေဖြင့် ရပ်တည်နေသည့် အခြေအနေတွင် သေနတ်ကိုင် ပြန်ပေးဆွဲသည့် အခြေအနေမျိုးအထိ ရှိနေသည်ဟု မြို့နယ်ကို မဖော်ပြလိုသည့် စစ်ကိုင်းတိုင်းအတွင်းက PDF အဖွဲ့တဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ငါတို့ အလှူခံတဲ့ ပိုက်ဆံနဲ့ ငါတို့ ရပ်တည်နေတာ။ မင်းတို့ရှာပေးတဲ့ ပိုက်ဆံ မဟုတ်ဘူး။ ငါတို့ လုပ်ချင်ရာ လုပ်မယ်ဆို တာမျိုး ဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။
ဒေသခံ ကာကွယ်ရေး အဖွဲ့များကလည်း PDF အဖွဲ့များသည် NUG မှ ချထားပေးသော လက်နက်အင်အားဖြင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ LDF များကို အနိုင်ကျင့်နေကြောင်း ပြန်လည် တုန့်ပြန်ဝေဖန်သည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ်တခုအတွင်းက နှစ်လုံးထီရောင်းသူ တဦးကို ဖမ်းဆီးပြီး သိန်း ၂ ထောင်နှင့် ရွေးခိုင်းခြင်းမျိုး၊ ကုမ္ပဏီက လွှတ်လိုက်သည့် ငွေချေးဝန်ထမ်းများကို ဖမ်းပြီး ဖုန်းသိမ်းလိုက်ခြင်းမျိုးကို လိုက်ဖြေရှင်းရဖူးကြောင်း ၎င်းက ဆိုသည်။
ဝက်လက်ဖြစ်စဉ်တွင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့ တခုဖြစ်သည့် ဗိုလ်ကျားကြီးအဖွဲ့က ငွေညှစ်မှုများ ရှိနေနေကြာင်း ဝက်လက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) က စွပ်စွဲထားသည်။
စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဗိုလ်ကျားကြီးအဖွဲ့ကမူ ငွေညှစ်ခြင်း မရှိဘဲ အလှူခံခြင်းသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
ထို့ပြင် PDF အဖွဲ့သည် ဗိုလ်ကျားကြီးတို့ထံ CDM ဝင်ထားသည့် ရဲ ၂ ဦး၏ လက်နက်ကိုလည်း လုယူသိမ်းဆည်းသွားခဲ့သည့် ပြဿနာရှိကြောင်းကို ဒေသတွင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ဗိုလ်ကျားကြီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကလည်း“ကိုယ်တွေကလည်း ဒီလိုလက်နက်ကို ငွေမရှိတော့ မဝယ်နိုင်ချိန် ၊ ရတော့ ဝမ်းသာတယ်ပေါ့။ အဲဒါကို သူတို့က သိမ်းသွားတော့ ကျမတို့ကလည်း မကျေနပ်ဘူးပေါ့။ ငါ့လက်နက်ပြန်မရဘဲနဲ့ ဒီဘက်ကို မလာနဲ့ ဆိုတာမျိုးတော့ ရှိတာပေါ့”ဟု ပြောသည်။
နစ်နာဆုံးရှုံးမှု ကြီးမားလှသည့် သမိုင်းကြောင်း နမူနာများကို ကြည့်ပြီး အကွဲအပြဲ၊ သဘောထားကွဲလွဲမှုများ မဖြစ်ခင် အမျိုးသား ညီညွတ်ရေး အစိုးရက ကိုင်တွယ်ရန်လည်း အရေးကြီးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ အများစုသည် ကိုယ်ထူကိုယ်ထ မခံချင်စိတ်နှင့် တော်လှန်နေကြခြင်း ဖြစ်ပြီး NUG ၏ အသိအမှတ်ပြုမှု မရခြင်းနှင့် PDF များက ဩဇာခံသဖွယ် ဆက်ဆံနေခြင်း အပေါ်ကိုလည်း မကျေနပ်ချက်များ ရှိနေကြောင်း ဧရာဝတီက စုံစမ်းမေးမြန်းချက်များတွင် တွေ့ရှိရသည်။
ယင်းမာပင် ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးက “ပအဖ၊ ပကဖ တွေက တော်လှန်ရေး အကြောင်း ကောင်းကောင်း မသိတဲ့ လူတွေ များတယ်။ အဲဒီကနေ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတော့ ကျနော်တို့ တွေ့နေတာက အာဏာနည်းနည်း ရူးလာတာ တွေ့ရတယ်”ဟု ပြောသည်။
PDF ပြည်သူ့ကာကွယ်ရေး အဖွဲ့များကို ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့များက တော်လှန်ရေး စတင်ကတည်းက ရရာလက်နက်ကိုင်စွဲကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တိုက်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းသို့သော အခြေအနေတွင် NUG က ထောက်ပံ့သည့် လက်နက်ခွဲဝေရေး၊ ရံပုံငွေ ရှာဖွေရေး အပိုင်းများတွင် သိသိသာသာ သဘောထားကွဲလွဲမှုများ ရှိနေခြင်းဖြစ်သည်။
“ရှေ့အလားအလာမှာ အဲဒီပြဿနာတွေက အများကြီး တက်သွားနိုင်တယ်။ အဲဒီလို တက်သွားလို့ရှိရင် တော်လှန်ရေးမှာ သွေးကွဲတာတွေ ဖြစ်သွားနိုင်တယ်။ တော်လှန်ရေးကို ကြည့်ပြီး ရင်လေးတယ်”ဟုလည်း ယင်းမာပင် ဒေသခံ ကာကွယ်ရေး အဖွဲ့ဝင်က ဆက်ပြောသည်။
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များကမူ ဒေသခံ ကာကွယ်ရေးအဖွဲ့များသည် အမိန့်မနာခံကြောင်းကို တွင်တွင်ကျယ်ကျယ် ပြောဆိုမှုများ ရှိနေသည်ကို တွေ့ရသည်။
“အဖွဲ့ ၂၀ လောက်မှာ ၁၀ ဖွဲ့လောက်က မနာခံဘူး”ဟု စစ်ကိုင်းတိုင်းအတွင်းက PDF အဖွဲ့တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။
ဒေသခံ ကာကွယ်ရေး အဖွဲ့များကလည်း PDF အဖွဲ့များသည် NUG မှ ချထားပေးသော လက်နက်အင်အားဖြင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ LDF များကို အနိုင်ကျင့်နေကြောင်း ပြန်လည် တုန့်ပြန်ဝေဖန်သည်။
“ငါလက်နက်ရှိတယ်ဆိုပြီး NUG က ချပေးတဲ့ လက်နက်တွေက ဒီလို ရပ်ရွာကာကွယ်ရေး အဖွဲ့လေးတွေကို ဒီလို အနိုင်ကျင့်ဖို့လား၊ ဒီလိုလုပ်ရအောင် ချပေးလိုက်တာလားလို့ အဲဒီလိုလေးတော့ မေးချင်တာပဲ။ ဒီဘက်မှာက နယ်မြေလုတာ မဟုတ်ဘူး အနိုင်ကျင့်တာ”ဟု ဗိုလ်ကျားကြီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
သမိုင်းကြောင်းနမူနာ ယူတတ်ကြပါစေ
အာဏာရှင် ဦးနေဝင်းကို တော်လှန်နေသည့် ကာလဖြစ်သည့် ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် ရဲဘော်သုံးကျိတ်ဝင် တဦးဖြစ်သည့် ဗိုလ်လက်ျာသည် ထိုင်းမြန်မာနယ်စပ်အနီး ပရာကျွတ်စခန်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗိုလ်ချုပ် ရွှေဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးခဲ့ရဖူးသည်။
၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်လက်ျာသည် တောခိုခဲ့ပြီး ဦးနု၏ ပြည်ပြေးအစိုးရနှင့် ပူးပေါင်းသည့် ပြည်ချစ် လွတ် မြောက်ရေး တပ်မတော်၏ တပ်မှူးတဦး ဖြစ်ခဲ့ပြီး ထိုင်းနယ်စပ်တွင် အခြေစိုက်သည့် ယင်းတပ်သည် KNU နှင့် ပဋိပက္ခများ ကြားတွင်သာ တဝဲလည်လည် ဖြစ်နေခဲ့ရာမှ ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပိုင်ဒေသ မရှိသည့်အတွက် ကရင်ပြည်နယ်ကို အခြေပြုပြီး KNU နှင့် ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် KNU လက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ ဒီမိုကရေစီ အင်အားစု လက်နက်ကိုင် အဖွဲ့များ ကြားတွင် ပဋိပက္ခတွေ ဖြစ်ခဲ့ရာမှ ဗိုလ်လက်ျာ ကျဆုံးခဲ့ခြင်းလည်း ဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က“တော်လှန်ရေးမှာ အကြီးအကျယ် ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါဟာ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ သင်ခန်းစာပါပဲ”ဟု ၎င်းက ဆိုသည်။
ထို့ပြင် KNU မှ DKBA ခွဲထွက်လာသည့် ဇစ်မြစ်သည်လည်း ယင်းသို့ပင် သဘောထား ကွဲလွဲမှုများမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကရင့် တော်လှန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှု တခု ဖြစ်ခဲ့ရပြန်သည်။
နစ်နာဆုံးရှုံးမှု ကြီးမားလှသည့် သမိုင်းကြောင်း နမူနာများကို ကြည့်ပြီး အကွဲအပြဲ၊ သဘောထားကွဲလွဲမှုများ မဖြစ်ခင် အမျိုးသား ညီညွတ်ရေး အစိုးရက ကိုင်တွယ်ရန်လည်း အရေးကြီးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
ဗိုလ်သံမဏိဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ စုံစမ်းကြားနာမှုများကို ၂၀၂၁ နိုဝင်ဘာကတည်းက ပြုလုပ်နေကြောင်း သိရှိရသည်။
အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းများအား အသုံးပြုရပါက တန်ရာတန်ကြေးပေးရန်၊ သုံ့ပန်းများအား ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းများ မလုပ်ရန်၊ သင့်လျော်သည့်နေရာတွင် ထိန်းသိမ်းထားရန် စသည်များ ပါဝင်သည်။
သို့သော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်သည့် တိကျသည့် အခြေအနေများကို ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသေးပေ။
သို့သော်လည်း ယခု ဝက်လက်ကိစ္စ ထပ်မံဖြစ်ပွားချိန်တွင် NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် စုံစမ်း ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းဖြင့် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော“ဒီလိုကိစ္စတွေက တော်လှန်ရေး အင်အားစုတွေကြားမှာ မဖြစ်သင့်တဲ့ ကိစ္စပေါ့။ ဒါပေမယ့် ဖြစ်ပြီးသွားတယ် ဆိုတော့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းအရ တာဝန်ရှိတဲ့ လူတွေကို အရေးယူဖို့ စစ်ဆေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြေပြင်တွင် လိုက်နာရမည့် စည်းကမ်းများအားလုံးကို ထုတ်ပြန်ထားပြီး လိုက်နာဖို့ကိုလည်း တိုက်တွန်းနှိုးဆော်နေကြောင်းလည်း ၎င်းက ထပ်မံပြောဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ စက်တင်ဘာလ ၇ ရက် နေ့ကတည်းက စတင်ကာ ပြည်သူ့ ကာကွယ်ရေး တပ်မ တော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အထူး တပ်ဖွဲ့များအတွက် စစ်မြေပြင်မှာ လိုက်နာရမည့် စည်း မျဉ်း၊ စည်းကမ်းများအား ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။
အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းများအား အသုံးပြုရပါက တန်ရာတန်ကြေးပေးရန်၊ သုံ့ပန်းများအား ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းများ မလုပ်ရန်၊ သင့်လျော်သည့်နေရာတွင် ထိန်းသိမ်းထားရန် စသည်များ ပါဝင်သည်။
သို့သော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် PDF များ အဆိုပါ စည်းမျဉ်း စည်းကမ်းများ အတိုင်း လိုက်နာရုံမျှမက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ LDF များနှင့် ညှိနှိုင်းပေါင်းစပ် နိုင်ရန်လည်း လုပ်ဆောင်နိုင်မှသာ တော်လှန်ရေး ပိုမိုထိရောက် အောင်မြင်မည် ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်လျက် ရှိသည်။
ဒေသခံကာကွယ်ရေးအဖွဲ့ LDF များကလည်း NUG အနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့် လျက်ရှိသည်။
NUG က သမာသမတ်ကျကျဖြင့် ဦးဆောင်ကာ LDF များနှင့် PDF များကြား စုစည်းမှု အားကောင်း ကောင်းနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မှသာ တော်လှန်ရေး ပိုမိုထိရောက် အောင်မြင်နိုင်မည်ဟု တော်လှန်ရေး အင်အားစုများက ယူဆ လျက်ရှိသည်။
“ဒီလမ်းကြောင်းမှာ စုစုစည်းစည်းသွားရမှာကို သူတို့ ဒါမျိုးလုပ်တော့ NUG ကိုရော ဘယ်လိုအားကိုးရမလဲ။ စကစကိုလည်း ကြောက်နေရတယ်။ သူ့နောက်ကျောက တပ်ရင်း ၂ ဆိုတာကလည်း ကိုယ့်နားတင် ကပ်နေတာ။ ဒီတပ်ရင်း ၂ ကိုလည်း ကြောက်နေရတယ်။ ကျမတို့က မလုံခြုံဘူး။ NUG က ဒီတိုင်းပဲ ကြည့်နေမှာလား”ဟု ဗိုလ်ကျားကြီးအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။
လက်ရှိတော်လှန်ရေး အောင်မြင်ရန်မှာ အသေးအမွှား၊ သဘောထား ကွဲလွဲမှုများကို အလျင်အမြန် လက်ဦးမှု ရှိရှိ ခြေဖျက် ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့PDF များနှင့် ဒေသကာကွယ်ရေး အဖွဲ့များကြား ညှိနှိုင်းစုစည်းနိုင်ရန် လိုအပ်ကြောင်း တော် လှန်ရေးအင်အားစုများကလည်း သုံးသပ်သည်။
လက်ရှိတော်လှန်ရေး အောင်မြင်ရန်မှာ အသေးအမွှား၊ သဘောထား ကွဲလွဲမှုများကို အလျင်အမြန် လက်ဦးမှု ရှိရှိ ခြေဖျက် ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့PDF များနှင့် ဒေသကာကွယ်ရေး အဖွဲ့များကြား ညှိနှိုင်းစုစည်းနိုင်ရန် လိုအပ်ကြောင်း တော် လှန်ရေးအင်အားစုများကလည်း သုံးသပ်သည်။
ထိုသို့ မဟုတ်ပါက စစ်ကောင်စီက အခွင့်ကောင်းယူ အမြတ်ထုတ်ပြီး သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လာအောင် အတွက် တွန်းအားပေးလာနိုင်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“ဒါကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဌာနတွေကနေ မုချ သုံးစွဲလိမ့်မယ်။ အဲဒီပြဿနာတွေကို ချဲ့ကားပြီးတော့ ရှေ့တန်း တင် ပြောဆို စွပ်စွဲလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီလို ဖြစ်ရပ်တွေ ရပ်တန်းက ရပ်ကြဖို့၊ အခြားသော PDF အဖွဲ့များနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်”ဟု ၎င်းက ပြောသည်။
You may also like these stories:
စစ်ကိုင်းတိုင်းတွင် တပတ်အတွင်း နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ
အာဏာသိမ်းမှုအောက်က ပရဟိတသမားများ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့
ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု “ဓားစာခံ သံတမန်ရေး” ဟု ဆိုကြ
ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း