စစ်တပ်က အာဏာသိမ်းပြီးနောက် စွပ်စွဲမှုမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို စစ်ကောင်စီ လက်အောက်ခံ နေပြည်တော်ထောင်တွင်း အထူးတရားရုံးကနေ ပထမဆုံး အလုပ်ပါတဲ့ ထောင်ဒဏ် ၃ နှစ်ကို စက်တင်ဘာ ၂ ရက်နေ့က ချမှတ်လိုက်ပါတယ်။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲစွပ်ထားတဲ့ပုဒ်မမျိုးစုံနဲ့ ရှေ့မှာ ၄ ကြိမ်ထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပေမယ့် အလုပ်ပြစ်ဒဏ် ထည့်သွင်းတာ မတွေ့ခဲ့ရပေ။ သို့သော် ၎င်းတို့ အာဏာသိမ်းရတဲ့ အဓိက အကြောင်းပြချက်ဖြစ်တဲ့ ရွေးကောက်ပွဲ မဲမသမာမှုဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) အမှုမှာတော့ အလုပ်ပါ ထည့်သွင်း ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေကြသလို အလုပ်ဒဏ်အတွက် ထောင်တွင်းက အလုပ်တွေ အမှန်တကယ် လုပ်ရမှာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်
ဒီအတွက် လက်ရှိ နေပြည်တော်ထောင်တွင်း သီးခြားအဆောက်အအုံတခုမှာ ထောင်သွင်းအကျဉ်းချခံထားရတဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေကြသလို အလုပ်ဒဏ်အတွက် ထောင်တွင်းက အလုပ်တွေ အမှန်တကယ် လုပ်ရမှာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။
ဒီမေးခွန်းအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်နဲ့ နီးစပ်သူတွေနဲ့ ဥပဒေရေးရာကျွမ်းကျင်သူ တချို့ကတော့ အလုပ်ခိုင်းစေမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြပေမယ့် စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်တွေဘက်က တကယ် ခိုင်းမခိုင်းကို ယတိပြတ် မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ရှေ့နေတဦးက “ဟိုတုန်းကလည်း အလုပ်နဲ့ထောင်ချတာပဲ။ ဘာမှ မလုပ်ရပါဘူး။ အလုပ်ပါတော့ လျှော့ရက် ရတာပေါ့။ ဒါဟာလည်းပဲ ဥပဒေသဘောပါ။ ဒီဟာတွေ (စစ်ကောင်စီ) ကတော့ လုပ်ချင်ရာလုပ်တာ။ ဘာမှပြောလို့ မရပါဘူး။ သူတို့နဲ့ ပတ်သက်လို့ကတော့ ဥပဒေအကြောင်းမပြောတာ ကောင်းပါတယ်။ ပြောလည်း ဘာမှ မထူးဘူး” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အလုပ်နဲ့ထောင် ၃ နှစ် ချမှတ်ခံရတဲ့ သမ္မတဦးဝင်းမြင့်ကတော့ ထောင်အတွင်း အကျဉ်းချခံထားရခြင်း မရှိဘဲ စစ်ကောင်စီက လျှို့ဝှက်ဖုံးကွယ်ထားတဲ့ သီးခြားနေရာတခုမှာ ချုပ်နှောင်ခံထားရတာ ဖြစ်ပါတယ်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၆၀ အရ ပြစ်ဒဏ်တခုခုအတွက် အလုပ်နဲ့ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ချမှတ် ခွင့် ပေးထားပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ရာမှာ ရှေ့ ၄ ကြိမ်မှာ အလုပ်ဒဏ် မပါခဲ့ပေမယ့် ဇဗ္ဗူသီရိမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က အလုပ်ပါတွဲပြီး ချမှတ်လိုက် တာ ဖြစ်ပါတယ်။
ဒီလို အလုပ်ပါတဲ့ ပြစ်ဒဏ်ချမှတ်လာတာနဲ့ ပတ်သက်လို့ တရားသူကြီးတွေ လူချင်းမတူလို့သာ အမိန့်ကွဲပြားတာ ဖြစ်တယ် လို့လည်း အမှုနဲ့နီးစပ်သူတဦးက ပြောပါတယ်။
အလုပ်ပါတဲ့ ပြစ်ဒဏ်တွေအတွက် အကျဉ်းထောင်လက်စွဲဥပဒေအရ ထောင်အတွင်းမှာ အနိမ့်ဆုံးဖြစ်တဲ့ သန့်ရှင်းရေးက စလို့ တောင်ယာလုပ်ငန်း၊ တန်းစီးလို အုပ်ချုပ်ရေးလုပ်ငန်းတွေအထိ အလုပ်ချထားပေးခွင့် ရှိပြီး ဒီလို ထောင်အာဏာပိုင် တွေရဲ့ အလုပ်ချထားတဲ့အပေါ် မူတည်ပြီး အလုပ်ပါသူတွေဟာ ထောင်အာဏာပိုင်တွေရဲ့ စီမံမှုနဲ့ပဲ အထူးလျှော့ရက်ခံစား ခွင့်တွေ ရရှိစေတာလည်း ဖြစ်ပါတယ်။
ကန့်သတ်ချက်အနေနဲ့ အသက် ၅၅ နှစ်အထက် အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပင်ပန်းကြီးလေးတဲ့အလုပ်တွေ ချထားခြင်းမပြုဖို့ ကန့်သတ်ထားတာတွေလည်း ရှိပါတယ်။
ဒီနေရာမှာ ကန့်သတ်ချက်အနေနဲ့ အသက် ၅၅ နှစ်အထက် အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေး မကောင်းသူတွေကို ပင်ပန်းကြီးလေးတဲ့အလုပ်တွေ ချထားခြင်းမပြုဖို့ ကန့်သတ်ထားတာတွေလည်း ရှိပါတယ်။
ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “ခိုင်းမယ် မခိုင်းဘူးဆိုတာက အကျဉ်းထောင်အာဏာပိုင်တွေရဲ့ စီမံဆုံးဖြတ်ချက်ပေါ့။ နိုင်ငံရေးဂုဏ်သိက္ခာ၊ အကျဉ်းထောင်လက်စွဲပါ အချက်တွေအရ အသက်အရွယ် ကြီးရင့်နေတဲ့အတွက် အလုပ်တွေချပေးဖို့ မရှိဘူးလို့တော့ ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကို ခိုင်းမယ်ဆိုရင် ဒါက လူမဆန်တဲ့ကိစ္စ ဖြစ်သွားမှာလေ။ အလုပ်ခိုင်းမလားဆိုတာက အတွေးခေါင်တဲ့ စဉ်းစားမှုတွေပဲ။ ဖြစ်လာနိုင်စရာမရှိတဲ့ ကိစ္စပဲ” လို့ မှတ်ချက်ပေးပါတယ်။
သို့ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အငြိုးအတေး အာဃာတနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပေါ် ရက်စက်တဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် မည်သူမျှ ကံသေကံမ မပြောနိုင်ပေ။
စစ်ခေါင်းဆောင်အနေနဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို မူလက သီးသန့်နေအိမ်တခုမှာ အကျယ်ချုပ် သဘော ထားရှိချုပ်နှောင်ခဲ့တာ ဖြစ်ပေမယ့် ၂၀၂၂ ဇွန် ၂၂ ရက်ကစလို့ ထောင်ထဲကို ပို့ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီလို ချုပ်နှောင်ရာမှာ အမျိုးသမီးဝန်ထမ်း ၃ ဦးကို စောင့်ရှောက်ဖို့ တာဝန်ပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောဆို ထားပေမယ့် သီးခြားအဆောက်အအုံထဲမှာ ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ မှက်၊ ခြင် ပိုးမွှားတွေရဲ့ဒဏ်ကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ဖွယ် ဖြစ်ပါတယ်။
တခြားသော အကျဉ်းထောင်တွေမှာလည်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖိနှိပ်အကြမ်း ဖက်မှုတွေ၊ မတရားအလုပ်စေခိုင်းမှုတွေ ဆိုးရွားစွာ လုပ်ဆောင်နေတယ်လို့ ထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိပါတယ်။
ဒီမိုကရေစီလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကိုလည်း စစ်ကောင်စီက သေဒဏ်ချပြီး သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့ပြင် ဒီမိုကရေစီလှုပ်ရှားသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကိုလည်း စစ်ကောင်စီက သေဒဏ်ချပြီး သတ်ဖြတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက ဒီလို ဆိုးရွားတဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလျက် ရှိပါတယ်။
ဥရောပသမဂ္ဂ (EU)၊ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Mr. Josep Borrell က “ဒေါ်အောင်ဆန်းစုကြည် ကို တရားနည်းလမ်းမကျဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်တာကို ရှုတ်ချပါတယ်။ သူမ အနေနဲ့ အခု စွဲချက် ၁၁ ခုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကို ရင်ဆိုင်နေရပါတယ်” လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ရွေးကောက်ပွဲကိစ္စရပ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကို အလုပ်ကြမ်း ပါဝင်တဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်တဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ပြောဆိုခဲ့သလို အာရှဒေသတွင်း ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ ANFREL ကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချ တယ်လို့ စက်တင်ဘာ ၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းဆိုမှု တွေကို ပယ်ချထားဆဲ ဖြစ်သလို အလုပ်ဒဏ် ထည့်သွင်း ပြစ်ဒဏ်ချတဲ့ထိ ပိုမိုလုပ်ဆောင်လာသလို နှစ်ပေါင်းများစွာ ကြာ မြင့်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ အမှုတွေကိုလည်း ပြန်လည်အစဖော်ကာ ပြစ်ဒဏ်အတည်ပြုတာ တွေ တိုးမြှင့်ပြုလုပ်လာလျက် ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ငွေ ဒဏ် ကျပ် ၅၀၀ (သို့) ထောင် ၇ ရက် ကျခံရန်ဆိုတဲ့ ပြစ်ဒဏ်ကိုလည်း နှစ် ၂၀ ခန့် ဆိုင်းငံ့ထားရာက ပြီးခဲ့တဲ့ မေလ အတွင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ပြန်လည်ကြားနာပြီး ပြစ်ဒဏ်ကို အတည်ပြုလိုက်ပါတယ်။
၂၀၀၂ ခုနှစ်က မောင်တဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်နဲ့ ဖြစ်ခဲ့တဲ့အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ငွေ ဒဏ် ကျပ် ၅၀၀ (သို့) ထောင် ၇ ရက် ကျခံရန်ဆိုတဲ့ ပြစ်ဒဏ်ကိုလည်း နှစ် ၂၀ ခန့် ဆိုင်းငံ့ထားရာက ပြီးခဲ့တဲ့ မေလ အတွင်းမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ပြန်လည်ကြားနာပြီး ပြစ်ဒဏ်ကို အတည်ပြုလိုက်ပါတယ်။
ဒီလို ပြစ်ဒဏ်အတည်ပြုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်မှု အယူခံမှုကိုလည်း ရန်ကုန်တိုင်း တရားလွှတ်တော်က ယမန်နေ့ (စက်တင်ဘာ ၆ ရက်) မှာပဲ ကျယ်ပြန့်စွာ ကြားနာမှုမပြုဘဲ အကျဉ်းနည်းနဲ့သာ ပလပ် (ပယ်ချ) လိုက်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် စွပ်စွဲချမှတ်ခံရတဲ့ ထောင်ဒဏ် နှစ် ၂၀ အပြင် နှစ် ၂၀ ခန့် ကြာနေပြီဖြစ်တဲ့ အမှုက ငွေဒဏ် ကျပ် ၅၀၀(သို့) ထောင် ၇ ရက် ပြစ်ဒဏ်ကိုလည်း ကျခံနေရပြီး ထောင် ၇၅ နှစ်ထိ ထပ်မံချမှတ်နိုင်တဲ့ အဂတိမှု စွပ်စွဲချက်တွေကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ဒီအတွက် အငြိုးအာဃာတ ကြီးလှတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လက်အောက်မှာ အလုပ်ဒဏ်ပါ ထပ်တိုး ပြစ်ဒဏ် ချမှတ်ခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖိအားပေးမှုတွေဟာ တိုးပြီးရင်းတိုးလာနေဆဲ ဖြစ်နေပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နှင့်ထောင် ၃ နှစ် ထပ်မံချ
လက်သီးနှင့်အထိုးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ကောင်စီအသက်ပြန်သွင်း
ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း
နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အိမ်ပေါ် ဦးခင်ရီ တက်နေခဲ့
အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄