ဆောင်းပါး

ရှမ်းနီလက်နက်ကိုင်အဖွဲ့ SNA ဘာလဲ၊ ဘယ်လဲ

ယခုနှစ်ပိုင်းတွင် SNA ခေါ် ရှမ်းနီ အမျိုးသား တပ်မတော်ဆိုသည်နှင့် ပတ်သက်၍ အသံအတော်ထွက်လာသည်ကို တွေ့ရ ၏။ SNA အပြင် ရှမ်းနီ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ၏ ကြေညာချက်များကိုလည်း အတော်များများ မကြာခဏဆိုသလို ထွက်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ယနေ့ကာလတွင် ထိုသို့ ဖြစ်ပျက်နေရသည့် အကြောင်းအရင်းခံကို သေချာစွာ ပြန်လည်သုံးသပ်ကြည့်ရန် လို၏။

SNA အား ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းသည်ဟု ဆိုသော်လည်း ၂၀၁၅ မတိုင်မီက ပြည်မမှ ကြားဖူးသူ မရှိသလောက် ရှားပါးသည်ဟု ဆိုရမည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တနှစ်လျင် တကြိမ်၊ နှစ်ကြိမ်ခန့် ထိတွေ့မှု အနည်းငယ် ဖြစ်သည့် သတင်းများ ကြားခဲ့ရသည့် အဖွဲ့ဖြစ်သည်။

သို့သော် ထိုထိတွေ့မှု ဆိုသည်ကလည်း လောက်လောက်လားလား ဖြစ်ပွားသည့် တိုက်ပွဲမျိုး မဟုတ်ဘဲ မလွှဲမရှောင်သာ ထိပ်တိုက်တိုး၍ ဖြစ်ပွားသည့် တိုက်ပွဲငယ်များ ဖြစ်သည်။

SNA သည် ရှမ်းနီအမျိုးသားများ‌ နေ ထိုင်ကြသည့် စစ်ကိုင်းတိုင်း မြောက်ပိုင်းရှိ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီး မြို့နယ်များတွင် အခြေပြု၍ ၎င်းတို့အဖွဲ့အစည်းကို ထူထောင်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း၌ မြန်မာစစ်တပ်ရော ကေအိုင်အေပါ အားကောင်းမောင်းသန်လှုပ်ရှားနေရာ SNA သည် ရှမ်းနီလူမျိုးအများစုရှိရာ ကချင်ပြည်နယ်အတွင်း အခြေချ လှုပ်ရှားနိုင်ခဲ့ခြင်း မရှိပေ။ SNA သည် ရှမ်းနီအမျိုးသားများ‌ နေ ထိုင်ကြသည့် စစ်ကိုင်းတိုင်း မြောက်ပိုင်းရှိ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီး မြို့နယ်များတွင် အခြေပြု၍ ၎င်းတို့အဖွဲ့အစည်းကို ထူထောင်ခဲ့သည်ကို တွေ့ရသည်။

SNA သည် ၂၀၁၈ နောက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမောက် ဒေသများကို အခြေပြုပြီး တပ်မဟာ ၃ ခု ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် တပ်မဟာ ၁ ခု ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။

အင်အား မည်မျှရှိသည်ကို တိတိကျကျ မသိရသော်လည်း တစုံတရာ အင်အားရှိလာပြီး ၎င်းတို့အား သတိထား ပြုလာစေသည့် အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်အား ထိထိရောက်ရောက်တိုက်ခိုက်သည်ကို မတွေ့ရသော်လည်း အင်အားအတန်အသင့်ဖြင့် လှုပ်ရှားလာသဖြင့် ၂၀၁၉၊ ၂၀၂၀ ခန့်တွင် မြန်မာစစ်တပ်က ဗန်းမောက်၊ ဟုမ္မလင်းဒေသတွင် စစ်ဆင်ရေး ပြုလုပ်သည်ကို‌ တွေ့ရသော်လည်း တောတွင်း စခန်းများ တွေ့ရှိ ဖျက်ဆီးမှုတချို့ရှိခဲ့ပြီး တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိပါ။

SNA ခေါ် ရှမ်းနီ အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်များ/ဧရာဝတီ

မြန်မာစစ်တပ်သည် တဖက်က စစ်ဆင်ရေး ပြုလုပ်သကဲ့သို့ တဖက်ကလည်း SNA အား ပြည်သူ့စစ်ပြုလုပ်ရန် စစ်ဗိုလ်ချုပ် တချို့တာဝန်ယူ၍ လိုက်လံစည်းရုံးခဲ့သည်ကို တွေ့ရသည်။ သို့သော် ညှိနှိုင်းမရခဲ့ပါ။ အကြောင်းမှာ SNA သည် မြန်မာ စစ်တပ်အနေနှင့် ၎င်းတို့အား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတရပ်အဖြစ် အသိအမှတ်ပြုစေလို၍ ဖြစ်သည်။

SNA သည် အခြား တိုင်းရင်းသားအဖွဲ့အစည်းများကဲ့သို့ အပစ်ရပ်လက်မှတ်ထိုးခြင်း၊ NCA တွက် ပါဝင်လက်မှတ်ရေးထိုးခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခြင်း စသဖြင့် နိုင်ငံရေး အဆင့်အတန်းတခု ရယူလို၏။ သို့သော် မြန်မာစစ်တပ်က လက်မခံ။ ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်သာ လက်ခံနိုင်မည်ဟု သဘောထားရာ ညှိနှိုင်းမရခဲ့ပေ။

တဖက်ကလည်း SNA သည် စစ်ကိုင်းတိုင်း မြောက်ပိုင်းဒေသများတွင် အခြေချပြီး ၎င်းအင်အားကို တည်ဆောက်ခြင်းသည် လက်နက်ကိုင်အခြေခံဒေသအဖြစ် မှန်ကန်သည့်ရွေးချယ်မှုဖြစ်ခဲ့သည်။ လူသူအင်အားလည်း အတော်အတန်သင့် စုစည်းနိုင်ခဲ့သည်။

သို့သော် ၎င်းတပ်ဖွဲ့အား လက်နက်ခဲယမ်း လုံလောက်စွာ တပ်ဆင်နိုင်မှု အားနည်းခဲ့ပြီး စစ်ရေး အစွမ်းအစ မပြနိုင်ခဲ့ပေ။ SNA နောက်မှဖွဲ့သော AA ၊ TNLA နှင့် တကျော့ပြန် ပြန်လည်ဖွဲ့စည်းသည့် MNDAA တို့လောက် အားကောင်းမောင်းသန် ဖြစ်မလာခဲ့သည့်အပြင် သိသာသည့် စစ်ရေးအစွမ်းအစ မပြနိုင်ခဲ့ပေ။

SNA ရင်ဆိုင်ရသည့် အရေးကြီးသည့် ပြဿနာမှာ ၂၀၂၁ နိုင်ငံရေး အလှည့်အပြောင်းကာလတွင် မည်သို့ ရပ်တည်နည်းဆိုသည့်အချက်ဖြစ်သည်။

သို့သော် SNA ရင်ဆိုင်ရသည့် အရေးကြီးသည့် ပြဿနာမှာ ၂၀၂၁ နိုင်ငံရေး အလှည့်အပြောင်းကာလတွင် မည်သို့ ရပ်တည်နည်းဆိုသည့်အချက်ဖြစ်သည်။

တကယ်တော့ နွေဦး‌တော်လှန်ရေး အစောပိုင်းကာလတွင် မြန်မာစစ်တပ်များကို တော်လှန်ခဲ့ကြသည် ဒေသခံ PDF များအား SNA က လေ့ကျင့်ပေးခဲ့သည်။ သို့သော် ယခုနောက်ပိုင်း ဒေသခံ PDF များနှင့် SNA တို့အကြား ပဋိပက္ခ ပြန်ဖြစ်လာသည်ကို တွေ့ရ၏။

ထိုပြဿနာနှင့် ပတ်သက်၍ SNA ပြောခွင့်ရှိသူက KIA ဒေသရှိ PDF များသည် KIA ဦးဆောင်မှု အောက်တွင်ရှိသကဲ့သို့ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီးဒေသရှိ PDF များသည်လည်း SNA လက်အောက်တွင် ရှိမနေကြ၍ ဤသို့ ပြဿနာ ဖြစ်ရသည်ဟု ဆိုသည်။

သို့သော် ပြဿနာမှာ ကေအိုင်အေက NUG နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိ၏။ လက်တွေ့တွင်လည်း PDF များနှင့်တွဲ၍ မြန်မာစစ်တပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နေသည်။ SNA သည် NUG နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အပြင် မြန်မာစစ်တပ်ကိုလည်း တိုက်ခိုက်မှု မရှိ၊ PDF နှင့် အခြေခံကစ၍ ကွဲလွဲနေသည်ဖြစ်ရာ PDF များနှင့် SNA ကြား ပဋိပက္ခ တစတစတိုးလာသည်ကို တွေ့ရသည်။

၂၀၂၂ နှစ်ဆန်းပိုင်းတွင် မြန်မာစစ်တပ်နှင့် SNA တို့ လျှို့ဝှက် ဆွေးနွေးခဲ့ကြရာ SNA ကလည်း ၎င်းတို့အား တိုင်းရင်းသား အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရေး တင်ပြခဲ့သော်လည်း မြန်မာစစ်တပ်က ၎င်းတို့အား ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းရန် ဆွေးနွေးခဲ့သည်။

ထို့ပြင် စစ်ကောင်စီ ဥက္ကဌ၏ ၂၀၂၂ ဧပြီက ငြိမ်းချမ်းရေးကမ်းလှမ်းရာတွင်လည်း တိုင်းရင်းသားအဖွဲ့အစည်းအဖြစ် ပါဝင်ခွင့်ရရန် ကြားလူများကတဆင့် ကမ်းလှမ်းရန် ကြိုးစားခဲ့သော်လည်း မြန်မာစစ်တပ်က ပယ်ချခဲ့ပြီး ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

SNA သည် ၎င်းတို့သဘောထားအား ပွင့်လင်းစွာထုတ်ပြန်ခြင်းမရှိသော်လည်း မြန်မာစစ်တပ်နှင့် တွဲ၍ လှုပ်ရှားသည်ကို ဗန်းမောက်၊ ဟုမ္မလင်း‌နယ်မြေအချို့တွင် တွေ့မြင်လာရသည်။ မြန်မာစစ်တပ်အား တိုက်ခိုက်မှု မရှိသည်ကိုလည်း တွေ့ရ၏။

သို့သော် နောက်ပိုင်းတွင် SNA သည် ၎င်းတို့သဘောထားအား ပွင့်လင်းစွာထုတ်ပြန်ခြင်းမရှိသော်လည်း မြန်မာစစ်တပ်နှင့် တွဲ၍ လှုပ်ရှားသည်ကို ဗန်းမောက်၊ ဟုမ္မလင်း‌နယ်မြေအချို့တွင် တွေ့မြင်လာရသည်။ မြန်မာစစ်တပ်အား တိုက်ခိုက်မှု မရှိသည်ကိုလည်း တွေ့ရ၏။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား အဖွဲ့အစည်းများကြားတွင် ရပ်တည်မှု နှစ်မျိုးတွေ့ရသည်။

ပထမအမျိုးအစားမှာ NUG/PDF နှင့် ပူးပေါင်း၍ မြန်မာစစ်တပ်အား ပြတ်ပြတ်သားသား တိုက်ခိုက်သည့်အဖွဲ့များဖြစ်၏။ ဒုတိယအမျိုးအစားမှာ မည်သည့်ဖက်နှင့်မှ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် အဖွဲ့များဖြစ်သည်။ မြန်မာစစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးမှု ရှိသော်လည်း စစ်ရေးအရ ပူးပေါင်းခြင်း မရှိကြပေ။

လက်ရှိ မြန်မာစစ်တပ်လိုချင်နေသည်မှာ သူတို့နှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်သည့်အဖွဲ့များဖြစ်သည်။ PNO/PNA ကဲ့သို့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့မျိုးကို ပို၍လိုလားသည်။

SNA ခေါ် ရှမ်းနီ အမျိုးသား တပ်မတော် လက်မောင်းတံဆိပ်/ဧရာဝတီ

သီးခြားတိုင်းရင်းသား အဖွဲ့အစည်းထက် မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ကို ပို၍ လိုလားသည်ကို တွေ့ရ၏။ ထို့ပြင် မြန်မာစစ်တပ်သည် တိုင်းရင်းသားအဖွဲ့အစည်းများ အားကောင်းသည့် ဒေသများပြည်နယ်များတွင် ထိုဒေသ၊ ထိုပြည်နယ်ရှိ မတူသော လူမျိုးများကြား ပဋိပက္ခအား အသုံးချ၍ အမျိုးသားရေး မီးထိုးလှုံ့ဆော်သည့် နည်းလမ်းကို အသုံးပြု လေ့ရှိ၏။

လက်ရှိအချိန်တွင် စစ်ကောင်စီအတွက် ကေအိုင်အေသည် ပြဿနာကြီး ဖြစ်သည်။ စစ်အင်အား၊ လက်နက်ခဲယမ်း အင်အား၊ ဘဏ္ဏာအင်အားတောင့်တင်းသည့် အဖွဲ့အစည်းဖြစ်သည်။ မြန်မာစစ်တပ်အား စစ်ရေးအရ ကောင်းစွာ ဒုက္ခပေးနိုင်၏။ ထို့ပြင် မြန်မာစစ်တပ်အား ကောင်းစွာထိုးနှက်နိုင်သည့် AA၊ TNLA ကဲ့သို့ အဖွဲ့များကိုလည်းမွေးထုတ်ပေးခဲ့သည်။

လက်ရှိတွင် NUG/PDF ကို လေ့ကျင့်ဖွဲ့စည်းခြင်းအပြင် ကချင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်းအထိပါ စစ်ရေးလှုပ်ရှားမှုများပြုလာခြင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်း ပြည်နယ်ရှိ PDF များ လက်နက်တပ်ဆင်ပေးခြင်းတို့အား တစိုက်မတ်မတ်ပြုလုပ်နေသည်။

မြန်မာစစ်တပ်အနေနှင့် တပြည်လုံးအနှံ့ စစ်တိုက်နေရရာ ကေအိုင်အေအား စစ်ရေးအရ အင်အားစုစည်းပြီး စစ်ဆင်နိုင်သည့် အခြေအနေမရှိ‌ပေ။ သို့ဖြစ်ရာ ကေအိုင်အေအား နိုင်ငံရေးအရ ထိုးနှက်နိုင်ရန် ရှမ်းနီအရေးကို ပွဲထုတ်လာသည်ကိုတွေ့ရသည်။

သို့သော်လည်း မြန်မာစစ်တပ်အနေနှင့် တပြည်လုံးအနှံ့ စစ်တိုက်နေရရာ ကေအိုင်အေအား စစ်ရေးအရ အင်အားစုစည်းပြီး စစ်ဆင်နိုင်သည့် အခြေအနေမရှိ‌ပေ။ သို့ဖြစ်ရာ ကေအိုင်အေအား နိုင်ငံရေးအရ ထိုးနှက်နိုင်ရန် ရှမ်းနီအရေးကို ပွဲထုတ်လာသည်ကိုတွေ့ရသည်။

မြန်မာစစ်တပ်သည် ကချင်ပြည်နယ်တွင် ပူတာအို အခြေပြု ရဝမ်ပြည်သူ့စစ်၊ ပန်ဝါအခြေပြု လာချိတ်ပြည်သူ့စစ်၊ မြစ်ကြီးနား အခြေပြု လီဆူးပြည်သူ့စစ်တို့အပြင် ဒေသအလိုက်ရှမ်းနီပြည်သူ့စစ်များကိုလည်း ဖွဲ့ စည်းထားသည်။ ထို့ပြင် မြို့နယ်အလိုက်ဖွဲ့စည်းထားသော ရှမ်းနီ စာပေယဉ်ကျေးမှုအဖွဲ့အစည်းများထဲမှ အချို့ကိုလည်း ထိုးဖောက်စည်းရုံး၍ လက်နက်တပ်ဆင်သိမ်းသွင်းထားသည်။

ရဝမ်၊ လီဆူး၊ လာချိတ်တို့က လူဦးရေနည်းသည့်အပြင် ကချင်ပြည်နယ်အတွင်း ဒေသအလိုက်သာ နေထိုင်ကြ၏။ ရှမ်းနီလူမျိုးကတော့ ကချင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်း အထက်ပိုင်းတွင်ပါ အနှံအပြား နေထိုင်ကြသည့်အပြင် လူဦးရေ များပြားသည်။

ထို့ပြင် ၁၉၇၅ ဝန်းကျင်က ရှမ်းနီနှင့် ကချင် လူမျိုးရေး ပဋိပက္ခ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးရာ လူမျိုးရေးအရ သွေးထိုးလှုံ့ဆော်ရန် မြန်မာစစ်တပ်မျက်စေ့ကျနေပုံရသည်။

ရှမ်းနီ လူမျိုးစုများ နေထိုင်ရာပြ မြေပုံ

သို့သော် ပြဿနာမှာ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း သံလမ်းရိုးတလျောက် ရှမ်းနီများသည် NLD ထောက်ခံကြပြီး လက်ရှိ ထိုဒေသရှိ ကချင်ပြည်နယ် PDF အများစုမှာ ရှမ်းနီလူမျိုးများဖြစ်ကြ၏။

ထို့အတူ စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီးဒေသရှိ PDF များမှာလည်း ရှမ်းနီများပင် ဖြစ်ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲကာလက စစ်ကိုင်းတိုင်း ရှမ်းနီတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအား ရှမ်းနီပါတီမှ အနိုင်ရခဲ့သော် လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မှ အနိုင်ရခဲ့သည်ဖြစ်ရာ ရှမ်းနီလူမျိုးများအတွင်း NLD ထောက်ခံမှု အားကောင်းလာသည်ကို တွေ့ရ၏။

ဤသို့သော အခြေအနေတွင် မြန်မာစစ်တပ်သည် ရှမ်းနီပြည်နယ်ဆိုသည်ကို လေသံပစ်လာပြီး ရှမ်းနီနှင့် ကေအိုင်အေကြား ပဋိပက္ခကို ပုံဖေါ်လာသည် တွေ့ရသည်။ ၂၀၂၂ ခုနှစ်အတွင်း ရှမ်းနီလူမျိုးနှင့် ကေအိုင်အေကြား ပဋိပက္ခ အသေးအဖွဲ တခုခုဖြစ်သည်နှင့် ရှမ်းနီ နိုင်ငံရေး၊ လူမှုရေး၊ စာပေနှင့်ယဉ်ကျေးမှု၊ ဘာသာရေး အဖွဲ့အစည်းပေါင်းစုံကို ကန့်ကွက်စာ ထုတ်ပြန်ရန် မြန်မာစစ်တပ် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ လိုက်လံတိုက်တွန်းစေခိုင်းနေသည်များကို ခိုင်လုံသည့် မြေပြင်သတင်းများအရ သိနေရသည်။

လူမျိုးရေး၊ ဘာသာရေးဆိုသည်မှာ သွေးဆူလွယ်သည်ဖြစ်ရာ ဤအချက်အား ကောင်းစွာ သတိပြုရန် လိုသည်။ ယခု SNA နှင့် PDF များကြား ပဋိပက္ခများသည် ရှမ်းနီအချင်းချင်းကြား နိုင်ငံရေး အမြင်မတူသည့် ပဋိပက္ခလည်း ဖြစ်နေသည်။

လူမျိုးရေး၊ ဘာသာရေးဆိုသည်မှာ သွေးဆူလွယ်သည်ဖြစ်ရာ ဤအချက်အား ကောင်းစွာ သတိပြုရန် လိုသည်။ ယခု SNA နှင့် PDF များကြား ပဋိပက္ခများသည် ရှမ်းနီအချင်းချင်းကြား နိုင်ငံရေး အမြင်မတူသည့် ပဋိပက္ခလည်း ဖြစ်နေသည်။

SNA နှင့် ကေအိုင်အေကြား ပဋိပက္ခမှာ နယ်မြေထိန်းချုပ်ရေး၊ အခွန်အကောက် ကောက်ခံရေးနှင့် ပတ်သက်သော ပဋိပက္ခနှင့် ကချင်ပြည်နယ်တွင်းရှိ ရှမ်းနီလူမျိုးများ အခွင့်အရေး ပြဿနာများ ဖြစ်နေ၏။

ထိုပြသနာများကို မည်သို့ ဆွေးနွေး ဖြေရှင်းမည်ဆိုသည်ကို ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများ နည်းလမ်း ရှာဖွေရန် လိုအပ်သည်။ မြန်မာစစ်တပ်က လူမျိုးရေး မီးထိုးနေသည်ကို ကောင်းစွာမြင်ရန် လိုသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်၊ မိုင်းတုံဒေသသည် ရှမ်းတော်လှန်ရေးအစပြုရာဖြစ်သကဲ့သို့ ရှမ်းတော်လှန်ရေးအဖွဲ့များအတွက် အခြေခံဒေသကောင်းဖြစ်သည်။ ထိုင်းနယ်စပ်လည်း ဖြစ်သဖြင့် ခေတ်အဆက်ဆက်ရှမ်းတပ်ဖွဲ့များ ကောင်းစွာအခြေချနိုင်ခဲ့သည်။ ထိုဒေသရှိ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များအား ဖြိုခွဲရန် မြန်မာစစ်တပ်သည် ဒေသခံ လားဟူ၊ အာခါ ပြည်သူစစ်များ မွေးထုတ်ခဲ့သည်။ ထို့ပြင် ၁၉၉၀ နောက်ပိုင်း ‘ဝ’ တပ်ဖွဲ့နှင့် ‘ဝ’ လူမျိုးများကို ပြောင်းရွှေ့အခြေချခွင့်ပြုခဲ့၏။

SNA ခေါ် ရှမ်းနီ အမျိုးသား တပ်မတော် တပ်ဖွဲ့ဝင်များ/ဧရာဝတီ

မတူသော လူမျိုးများကြား အမုန်းပွားစေသည့် လူမျိုးရေး မီးထိုးခဲ့သည်။ ရှမ်းတို့၏ အခြေခံဒေသကို အားနည်းချည့်နဲ့အောင် ပြုလုပ်ခဲ့၏။ ရခိုင်တွင်လည်း ရခိုင်နှင့် မွတ်စလင်ကြား ပဋိပက္ခကို မြန်မာစစ်တပ်က အသုံးချခဲ့ပြီး ရခိုင်ကို ထိန်းချုပ်ထားခဲ့ သည်။

သို့သော် ၂၀၁၉၊ ၂၀၂၀ မှစ၍ AA သည် ထိုပြဿနာကို ကောင်းစွာဂရုစိုက်ကိုင်တွယ်ခဲ့သည်။ မွတ်စလင်များနှင့် ယုံကြည်မှု ရအောင် တည်ဆောက်ခဲ့သည်။ သို့ဖြစ်ရာ ယနေ့ကာလတွင် မြန်မာစစ်တပ်သည် ရခိုင်တွင် ရခိုင်နှင့် မွတ်စလင်ကြား မီးထိုး၍ ပြဿနာဖန်တီးကာ တော်လှန်ရေးတပ်ဖွဲ့များကို အင်အားချည့်နဲ့အောင်လုပ်၍ မရနိုင်တော့ပေ။

လက်ရှိ မြန်မာစစ်တပ်ဖန်တီးနေသော ရှမ်းနီနှင့် ကေအိုင်အေကြား လူမျိုးရေး မီးထိုးမှုတွင် အရေးပါသည့် နေရာ၌ ရှိနေသည်မှာ SNA တပ်ဖွဲ့ ဖြစ်နေ၏။ SNA သည် လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်နေ၍ လူမျိုးရေး ပဋိပက ္ခဖန်တီးရန် အရေးပါ နေသည်။

သို့ဖြစ်ရာ SNA နှင့် SNA ထောက်ခံသူများ စဉ်းစားရန်လိုအပ်သည်မှာ မြန်မာစစ်တပ်၏ အသုံးချခံ အဖြစ်ခံမည်လော၊ မြန်မာ စစ်တပ်နှင့် ပူးပေါင်း၍ ရှမ်းနီလူမျိုးတို့ အခွင့်အရေးရမည်ဆိုလျင် စစ်တပ်က အာဏာသိမ်းခဲ့သည့် အနှစ် ၆၀ အတွင်း မည်သည့် အတွက်ကြောင့် မရခဲ့သနည်း။

မြန်မာစစ်တပ်နှင့် ပူးပေါင်းပါက ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်သာ သဘောထားမည်မှာ ရှင်းလင်းနေသည်ဖြစ်ရာ ထိုအဆင့်သည် SNA အတွက် ကျေနပ် လောက်ဖွယ်ရာ နိုင်ငံရေး အဆင့်အတန်းလော ဆိုသည်များကို ဝေဖန်သုံးသပ်ရန် လို၏။

လက်ရှိ ဒေသတွင်း ပဋိပက္ခ ဖြစ်နေသည့် PDF များမှာ ရှမ်းနီလူမျိုးများသာ ဖြစ်ရာ ရှမ်းနီလူမျိုးချင်းပဋိပက္ခကို လက်နက်ကိုင်ပဋိပက္ခအဆင့်အထိ ရောက်ရှိခြင်းသည် သင့်တော်ပါ၏လော၊ မြန်မာစစ်တပ်နှင့် ပူးပေါင်းပါက ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ်သာ သဘောထားမည်မှာ ရှင်းလင်းနေသည်ဖြစ်ရာ ထိုအဆင့်သည် SNA အတွက် ကျေနပ် လောက်ဖွယ်ရာ နိုင်ငံရေး အဆင့်အတန်းလော ဆိုသည်များကို ဝေဖန်သုံးသပ်ရန် လို၏။

ထို့ပြင် ဒေသတွင်း အတူတကွနေထိုင်ကြသော လူမျိုးများကြား လူမျိုးရေး ပဋိပက္ခ၊ အဖွဲ့အစည်းများကြား ပဋိပက္ခ ဆိုသည်မှာ ဖြစ်တတ်လေ့ရှိပြီး မှန်ကန်စွာ ဖြေရှင်းရန် လိုသည်။ မဖြေရှင်းနိုင်ဘဲ လူမျိုးရေး ပဋိပက္ခဖြစ်ပွားပါက မည်သည့် လူမျိုး၊ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းမှ အကျိုးမရှိဘဲ ဒေသတွင်း မတည်ငြိမ်မှုနှင့် အကျိုးစီးပွား ပျက်စီးမှုသာ ဖြစ်စေပြီး မြန်မာစစ်တပ် အာဏာခိုင်မြဲစေမည်သာ ဖြစ်သည်။

တကယ်တော့ SNA သည် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အလှည့်အပြောင်းတွင် မြန်မာစစ်တပ်ကို ဦးတည်တိုက်ခိုက်ပြီး NUG/ PDF တို့နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိပါက SNA သည် လူထုထောက်ခံမှု တရှိန်ထိုးရမည်မှာ အသေအချာပင် ဖြစ်သည်။

SNA အဖွဲ့အစည်း၏ အခန်းသည်လည်း မြင့်မားပြီး အခြားတိုင်းရင်းသား အဖွဲ့အစည်းများအပါ လူထုလူတန်းစား အဖွဲ့ အစည်းများ၏ အသိအမှတ်ပြုမှု ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။
ယခုလည်း ထိုအခွင့်အရေးကို ပြန်လည်ရယူနိုင်ရန် အချိန်အခါတော့ မနှောင်းသေးပေ။ ပြောင်းလဲ၍ ရနိုင်သေးသည်။

ထိုအချက်နှင့် ပတ်သက်၍ SNA တပ်ဖွဲ့ဝင်များအနေနှင့် ကောင်းစွာ ဝေဖန်ပိုင်းခြားရန်လိုအပ်၏။ တဖက်ကလည်း SNA အား မြန်မာစစ်တပ်ဖက်သို့ တွန်းမပို့ရန် လိုအပ်သည်။ မည်သို့ဆိုစေ ရှမ်းနီကို အခြေပြုပြီး လှုံ့ဆော်နေသည့် လူမျိုးရေး ပဋိပက္ခများ ပေါ်ပေါက်မလာရေးအတွက် ကေအိုင်အေ၊ PDF တို့တွင် တာဝန်ရှိသကဲ့သို့ SNA တွင်လည်း တာဝန်ရှိပေ သည်။

(ကိုဦးသည် တိုင်းရင်းသားအရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု

ဗန်းမောက်တွင် ဆရာတော်တပါး အသတ်ခံရမှု ရှမ်းနီအရပ်ဘက်အဖွဲ့များ ရှုတ်ချ

UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ

ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်

တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ

Loading