စစ်ကောင်စီသည် ရွာများကို မီးရှို့ပြီး တရားလက်လွတ် သတ်ဖြတ်မှုများ ကျူးလွန်ကာ အရပ်သားများကို သိမ်းကြုံးတိုက်ခိုက်နေသော်လည်း စစ်ကောင်စီအကြံပေး ဒေါက်တာ ဇော်ဦးက ကောင်းမွန်သော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး လိုအပ်ကြောင်း ပြောပြီး မြန်မာ့အရေးနှင့် ပတ်သက်သူများ အားလုံးအနေဖြင့် သူ၏ တောင်းဆိုမှုကို အလေးထားရန် တိုက်တွန်းခဲ့သည်။
“ခုချိန်ထိ ဒီကိစ္စကို ဘယ်သူမှ မပြောသေးဘူး။ ဒီကိစ္စကို အလေးအနက် စဉ်းစားမှသာ ကျနော်တို့ ကျရောက်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်” ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ကျင်းပသည့် မြန်မာစစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲအမည်ရှိ ဆွေးနွေးပွဲတွင် လွတ်လပ်သော အာရှအသံ (RFA) နှင့် သီးခြားတွေ့ဆုံမေးမြန်းခန်း၌ ၎င်းကပြောသည်။ သူသည် ထိုဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ၅ ဦးထဲတွင် ပါဝင်သည်။
ဒေါက်တာ ဇော်ဦးသည် မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် စီးပွားရေး သုတေသနလုပ်ငန်းဖြစ်သော မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (MDI) ကို ပြင်ဆင်ဖွဲ့စည်းရန် စစ်ကောင်စီက ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။ ယခင်က ထိုအဖွဲ့၏ ဒါရိုက်တာမှာ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် သြစတြေးလျ စီးပွားရေးပညာရှင် ဒေါက်တာ ရှောင်တာနဲလ် ဖြစ်သည်။ ထိုအင်စတီကျုကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖျက်သိမ်းခဲ့သည်။
ဒေါက်တာ ဇော်ဦးသည် မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် စီးပွားရေး သုတေသနလုပ်ငန်းဖြစ်သော မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (MDI) ကို ပြင်ဆင်ဖွဲ့စည်းရန် စစ်ကောင်စီက ဇူလိုင်လ ၁၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အကြံပေးအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည်။
ဒေါက်တာ ဇော်ဦးသည် မြန်မာတွင် “အားလုံးအကျုံးဝင်သည့် တိုးတက်မှု” ရရှိရေးအတွက် လုပ်ဆောင်နေသော လွတ်လပ်သော သုတေသနလုပ်ငန်းဖြစ်သည့် စီးပွားရေးနှင့် လူမှုရေး တိုးတက်မှုဌာန (CESD) ၏ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။ သူသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရအတွက် သမ္မတ၏ စီးပွားရေး အကြံပေးတဦးဖြစ်ခဲ့ပြီး ဘဏ္ဍာရေး၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်သမားဆိုင်ရာ ကိစ္စများအတွက် အဓိက အကြံပေးအဖြစ် ဆောင်ရွက်သည်။ သူသည် Bower Group Asia Myanmar Co. Ltd ၏ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်သည်။ ထိုကုမ္ပဏီသည် အာရှ-ပစိဖိတ် ဒေသကို အထူးပြုသည့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံလုပ်ငန်း Bower Group Asia ၏ လက်အောက်ခံလုပ်ငန်း ဖြစ်သည်။
စစ်ဘက်-စစ်ဘက် ဆက်ဆံရေးသာဖြစ်
တချိန်က သမ္မတ၏ အကြံပေးဖြစ်ခဲ့သော ဒေါက်တာ ဇော်ဦးက သူ၏ဆရာသမား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အတုအယောင် ရွေးကောက်ပွဲဖြင့် အာဏာရလာပြီးနောက် အစိုးရခေါင်းဆောင် အနေဖြင့် ကောင်းမွန်သော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ကြောင်း ချီးကျူးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသည် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရကို ဆက်ခံသည်။ လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင်မူ စစ်တပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်စိုးရကို အာဏာသိမ်းလိုက်သည်။
“သမ္မတဦးသိန်းစိန်က သူ့ရာထူးသက်တမ်းအတွင်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ကောင်းကောင်း စီမံနိုင်တယ်။ အဲဒီလို စီမံခန့်ခွဲမှုမျိုးသာ ဆက်လက် ရှင်သန်နိုင်ရင် နိုင်ငံရေးနဲ့ စီးပွားရေး စီမံခန့်ခွဲမှုဟာ အခုထက် ပိုမိုကောင်းမွန်မယ်လို့ ကျနော်ယုံကြည်တယ်” ဟု ထိုတွေ့ဆုံ မေးမြန်းခန်းတွင် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ ခံစားနေရသော စီးပွားရေး၊ နိုင်ငံရေး ဖရိုဖရဲဖြစ်မှုများကို ရည်ညွန်းပြီး သူကပြောသည်။
၂၁ ရာစုတွင် အာဏာသိမ်းခြင်းသည် ခေတ်မမီတော့ကြောင်း ဒေါက်တာ ဇော်ဦးက ပြောသော်လည်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းခြင်းသည် လွန်စွာအရေးကြီးကြောင်းနှင့် မြန်မာပြဿနာများ ဖြေရှင်းရေး ပါဝင်ဆောင်ရွက်သူများ အားလုံးသည် ထိုကိစ္စကို အလေးအနက်ထားသင့်ကြောင်း မကြာသေးမီနှစ်များက စစ်အုပ်ချုပ်ရေးကျရောက်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထောက်ပြပြီး ၎င်းကပြောသည်။
“သူတို့က သူတို့ရဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတွေကို ကျနော်တို့လို စိန်ခေါ်မှုတွေ မရင်ဆိုင်ဘဲ ကောင်းကောင်းစီမံနိုင်တယ်။ သူတို့စီးပွားရေးက အကျပ်အတည်းမဖြစ်ဘဲ ဆက်လက်တိုးတက်နေတယ်” ဟုလည်း သူကပြောသည်။
သို့သော် ပြည်တွင်း နိုင်ငံရေးသုတေသီများက ဦးသိန်းစိန်အစိုးရသည် စစ်ဝတ်စုံမှ အရပ်သားဝတ်စုံ ဝတ်ထားသည့် စစ်အရာရှိအများစုသာ ပါဝင်ပြီး ဒေါက်တာ ဇော်ဦးပြောသည့် ကောင်းမွန်သည့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ပယ်ချသည်။
“အဲဒါကတော့ စစ်သားဟောင်းနဲ့ စစ်သားတွေကြားက ဆက်ဆံရေးပါ။ ဆက်ဆံရေး ကောင်းလား မကောင်းလားဆိုတာ မေးစရာမလိုပါဘူး” ဟု လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။
၂၁ ရာစုတွင် အာဏာသိမ်းခြင်းသည် ခေတ်မမီတော့ကြောင်း ဒေါက်တာ ဇော်ဦးက ပြောသော်လည်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းခြင်းသည် လွန်စွာအရေးကြီးကြောင်းနှင့် မြန်မာပြဿနာများ ဖြေရှင်းရေး ပါဝင်ဆောင်ရွက်သူများ အားလုံးသည် ထိုကိစ္စကို အလေးအနက်ထားသင့်ကြောင်း မကြာသေးမီနှစ်များက စစ်အုပ်ချုပ်ရေးကျရောက်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထောက်ပြပြီး ၎င်းကပြောသည်။
“သူ (ဒေါက်တာ ဇော်ဦး) က ဦးသိန်းစိန်ကို ချီးကျူးပြီး NLD နဲ့ စစ်တပ်ဆက်ဆံရေး မကောင်းတာကို အပြစ်တင်ချင်တဲ့ သဘောမျိုး ဖြစ်နေတာ။ ပြီးတော့ သူက ထိုင်းနိုင်ငံကို အားကျနေတယ်။ သူက နိုင်ငံမှာ စစ်တပ်အုပ်ချုပ်ရေးကို အားပေးနေတာ” ဟု ၎င်းကပြောသည်။
ဒေါက်တာ ဇော်ဦးသည် ယနေ့ မြန်မာအကျပ်အတည်း၏ အဓိကအကြောင်းရင်းဖြစ်သော စစ်အာဏာသိမ်းမှုကို လျစ်လျူရှုပြီး စစ်ကောင်စီကို ဖုံးကွယ်ပေးနေသည်ဟု နိုင်ငံရေးသုတေသီများက ပြောသည်။
မြန်မာသည် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ကျဆုံးနိုင်ငံ ဖြစ်လုနီးပါးအခြေအနေ ရောက်နေသည်။ အာဏာသိမ်းပြီးနောက် ၁၉ လကြာသောအခါ နိုင်ငံစီးပွားရေးသည် မကြုံစဖူး ကျဆင်းနေပြီး နိုင်ငံခြား အရန်ငွေ ကုန်ခမ်းနေသည်။ ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ပြည်ပမှ တင်သွင်းရသော လောင်စာဆီ မလုံလောက်မှု မကြာခဏ ဖြစ်လာသည်။ ငွေလဲနှုန်းသည် စံချိန်တင်မြင့်မားလာပြီး ပြည်သူများ၏ ဒုက္ခကို ပိုမိုဆိုးရွားစေသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် တရားလက်လွတ် သတ်ဖြတ်ခြင်း၊ ရွာများကို မီရှို့ခြင်းနှင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အမာခံ လူမှုအသိုက်အဝန်းများအား လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကို ဆက်လက် ကျူးလွန်နေသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းသည့်အခါ ဒေါက်တာ ဇော်ဦးက တုံ့ပြန် ဖြေကြားခြင်း မရှိပေ။
ဘက်ပြောင်းခြင်း
သမ္မတ၏ စီးပွားရေးအကြံပေးမလုပ်မီ ဒေါက်တာ ဇော်ဦးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုမှ မွေးဖွားလာသည့် ကျောင်းသား တော်လှန်ရေးအဖွဲ့ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင် ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ၁၉ လကြာသောအခါ နိုင်ငံစီးပွားရေးသည် မကြုံစဖူး ကျဆင်းနေပြီး နိုင်ငံခြား အရန်ငွေ ကုန်ခမ်းနေသည်။ ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ပြည်ပမှ တင်သွင်းရသော လောင်စာဆီ မလုံလောက်မှု မကြာခဏ ဖြစ်လာသည်။ ငွေလဲနှုန်းသည် စံချိန်တင်မြင့်မားလာပြီး ပြည်သူများ၏ ဒုက္ခကို ပိုမိုဆိုးရွားစေသည်။
သူသည် ထိုစဉ်က အဝေးရောက်အစိုးရဖြစ်သော မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ မူဝါဒဆိုင်ရာ အကြံပေးနှင့် NCGUB ၏ သုတေသနအဖွဲ့ဖြစ်သော Burma Fund ၏ ဒါရိုက်တာလည်း ဖြစ်သည်။ ထိုတာဝန်များကို ထမ်းဆောင်စဉ်က သူသည် စစ်အုပ်စုကို ဝေဖန်သည့် ထင်ရှားသူလည်း ဖြစ်သည်။
နောက်ပိုင်း ၂၀၀၆ ခုနှစ်တွင် ဒေါက်တာ ဇော်ဦးသည် မြန်မာတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ တောင့်တင်းကြံ့ခိုင်ရေးအတွက် မူဝါဒ အထောက်အကူပြုအဖွဲ့ဖြစ်သည့် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ (VDI) ကို ပူးတွဲ တည်ထောင်သူ ဖြစ်လာသည်။
VDI ကိုတည်ထောင်သည့် အခြားအဖွဲ့ဝင်များမှာ ဦးအောင်နိုင်ဦး၊ ဦးအောင်သူငြိမ်းနှင့် ဦးတင်မောင်သန်း တို့ဖြစ်သည်။
ဦးအောင်နိုင်ဦးသည်လည်း ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး နောင်တွင် ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ညှိနှိုင်းရေးအတွက် လုပ်ကိုင်ခဲ့သည်။ ညှိနှိုင်းမှုများ အဆင်ပြေစေရန် ဦးသိန်းစိန်၏ အပြည့်အဝထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် မြန်မာ ငြိမ်းချမ်းရေးဌာန (MPC) ကို ၎င်းတို့ ထူထောင်ကြသည်။ ထိုဌာနသည် အစိုးရနှင့်ပတ်သက်နေပြီး အနောက်တိုင်းမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ငွေကြေးထောက်ပံ့မှုဖြင့် မပြီးဆုံးသေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ငွေကြေးအမြောက်အမြား ရရှိနေသော အဖွဲ့ဖြစ်သည်။ သူသည် စစ်အုပ်စုနှင့် ဆက်ဆံရေးကောင်းသူလည်း ဖြစ်သည်ဟု ကျော်ကြားသည်။
လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင်မူ ဦးအောင်နိုင်ဦးနှင့် အခြားသူ ၃ ဦးတို့သည် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် လက်နက်ကိုင်အဖွဲ့အစည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) က သတ်ဖြတ်မည့်သူများစာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာသံရုံးများသို့ စာရေးသားပေးပို့သည်။ NUG က ထိုပြောဆိုချက်ကို ပယ်ချပြီး ထိုသတ်ဖြတ်မည့်သူများ စာရင်းဆိုသည်မှာ စိတ်ကူးယဉ်မှုဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Adviser Calls for Better Civil-Military Relations ကိုဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
NUG က လုပ်ကြံသတ်ဖြတ်မည့် စာရင်းသွင်းထားဟု စစ်တပ်နှင့် နီးစပ်သူများ နိုင်ငံတကာကို စာပို့
ဒလန်ရှင်းလင်းရေး NUG လူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက်
စစ်ကောင်စီတွင် သံတမန်ရေးကစားကွက် မရှိ
မြန်မာ့နိုင်ငံရေးမှာ အကြမ်းဖက်ဝါဒ အမြစ်တွယ်နေသည်
အချိန်မရွေး စစ်ဆင်ရေးကြီးတွေ ထဖြစ်နိုင်ပါတယ်