အသက် ၇၈ နှစ်အရွယ်ရှိနေပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးခုန်နှုန်းသည် အတက်အကျ ကြမ်းလာသည့် အတွက် စက်တင်ဘာလဆန်းက ဆေးစစ်မှု ပြုလုပ်ခဲ့ရသည်။ သူမ၏ နှလုံးခုန်နှုန်းသည် ၉၀ နှင့်အထက် ရှိနေသည့်အတွက် စစ်ဆေးမှုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရင်က ထိုကဲ့သို့ နှလုံးခုန် မမှန်သည့် ဖြစ်စဉ်မျိုး မရှိခဲ့ပေ။
အာဏာမသိမ်းခင်အထိ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပြီး အထူးသဖြင့် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ သက်စောင့်အင်္ဂါကြီးများဖြစ်သော အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့်အသည်းတို့တွင် မည်သည့်ချို့ယွင်းမှုမှ မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှစ၍ နေပြည်တော်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ စတင်ထိခိုက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စတင်ချို့ယွင်းလာနေပြီ ဟု နီးစပ်သူများကဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှစ၍ နေပြည်တော်အကျဉ်းထောင်သို့ ပြောင်းရွှေ့ လိုက်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ စတင်ထိခိုက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စတင်ချို့ယွင်းလာနေပြီ ဟု နီးစပ်သူများကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဓါတ်အလွန် ခိုင်မာသော်လည်း ရာသီဥတု ပူပြင်းသော နေပြည်တော်ဒေသ အကျဉ်းထောင်ထဲရှိ အခန်းကျဉ်းထဲတွင် နေထိုင်နေရသည်။ ပြတင်းပေါက် ၆ ပေါက်ပါသည့် ၎င်းအိမ်ထဲတွင် အပူဒဏ် သက်သာစေရန် ခန်းဆီးလိုက်ကာ အစ ၆ ခုပေးရန် တောင်းဆိုခဲ့သော်လည်း ၃ ခုသာ ထောင်အာဏာပိုင်များ ဘက်မှ ခွင့်ပြုခဲ့သည်။
အကျဉ်းထောင်ဘက်မှ ပြင်ဆင်ပေးသည့် အစားအသောက်များကလည်း အဆင်မပြေသဖြင့် ပေါင်မုန့်၊ နွားနို့နှင့် Ensure ကဲ့သို့သော ဖြည့်စွက်စာများကို အားကိုးနေရသည်။ ထိုသို့ အစားအသောက် အဝင်နည်းလာသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိလာခြင်း ဖြစ်သည်။
ထို့ပြင် ထောင်တွင်းမှာ သုံးရသည့် ရေမသန့်ခြင်းနှင့် ခြင်ကိုက်ခြင်း ပိုးမွှားကိုက်ခြင်းတို့ကြောင့် ခန္ဓာကိုယ် အချို့နေရာတွင် ယားနာအဖုများပေါက်လာပြီး အချို့ယားနာဖုများသည် အနာရင်းသည်အထိ ဖြစ်လာခဲ့သည်။
အသက် ၇၈ နှစ် အရွယ်အမျိုးသမီးတဦးအား တပတ်လျင် လေးရက်ခန့်တရားရုံးထုတ် စစ်ဆေးနေခြင်းသည်လည်း စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအတွက် လွန်စွာပင်ပန်း ထိခိုက်မှုများစွာ ဖြစ်စေခဲ့သည်။
ထို့ကြောင့် လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည် အား ပရုတ်လုံးကဲ့သို့ လုံးပါးပါးသွားအောင် စနစ်တကျ စီစဉ်ထားခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူအချို့က ဆိုသည်။
လူထုထောက်ခံမှုကြီးသော ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များ အနေဖြင့် လက်လွတ်စပယ် လုပ်၍ မရပေ။ ဒေါ်အောင်ဆန်းစုကြည်အား လက်လွတ်စပယ် လုပ်လိုက်လျင် ဖြစ်ပေါ်လာမည့် အကျိုးရလဒ်ကို စစ်ခေါင်းဆောင်က ထည့်သွင်း စဉ်းစားထားခဲ့သည့်အတွက် တဖြည်းဖြည်း ထိခိုက်စေရန် စီစဉ်ထားခြင်း ဖြစ်သည်။
လက်ရှိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဒေါ်အောင်ဆန်းစုကြည်အား အလွန်မုန်းတီးသူများဖြစ်သည်။
လက်ရှိ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဒေါ်အောင်ဆန်းစုကြည်အား အလွန်မုန်းတီးသူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေသ၍ နိုင်ငံရေးအာဏာရရှိရန် မလွယ်ဟု စစ်ခေါင်း ဆောင်များနှင့် ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင်များက တွက်ချက်ထားခဲ့သည်။
ထို့ကြောင့်လည်း မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်သည် ဗမာ့တပ်မတော်ကို ထူထောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်များအား နိုင်ငံရေးတွင် မပါဝင်စေလိုကြပေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာပြည်သူများက ချစ်ခင်လေးစားကြသည်။ ၈၈ အရေးတော်ပုံနှင့်အတူ မြန်မာနိုင်ငံရေးလောကထဲရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ တပြည်လုံးမှ ပြည်သူများက လေးစားချစ်ခင်ထောက်ခံ အားပေးကြသည်။ အားလည်း ကိုးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်ခေါင်းဆောင်များ၏ အာဏာရှင်စနစ်အား ဖြိုချရန် အခြိမ်းခြောက်နိုင်ဆုံး နိုင်ငံရေးသမား ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်မှုပုံစံ အငြင်းပွါးစရာ ရှိသော်လည်း လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်သည် တနိုင်ငံလုံးအား ဦးဆောင်နိုင်သည့် နိုင်ငံရေး ခေါင်းဆောင်လည်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှု အများဆုံး ရရှိထားသူဖြစ်သလို ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိခဲ့သူဖြစ်သည်။
နဝတ အစိုးရလက်ထက်တွင် ဒီပဲယင်း အရေးအခင်းဖန်တီး၍ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
ထို့ကြောင့် စစ်ခေါင်းဆောင်အဆက်ဆက် ဒေါ်အောင်ဆန်းစုကြည်အား နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံရေးမှ ဖယ်ထုတ်ရန် ကြိုးစားခဲ့ကြသည်။ နဝတ အစိုးရလက်ထက်တွင် ဒီပဲယင်း အရေးအခင်းဖန်တီး၍ ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် မအောင်မြင်ခဲ့ပေ။
ထို့နောက် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားခဲ့သည်။ စစ်ခေါင်းဆောင်များအနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းရန် လိုအပ်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလောကထဲပြန်ခေါ်လာခဲ့သည်။
စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသော လွှတ်တော်ထဲတွင် စစ်တပ်က၂၅ ရာခိုင်နှုန်းအသာစီး ယူထားပြီး အုပ်ချုပ်ရေးတွင် အရေးပါသည့် ဝန်ကြီးဌာန ၃ ခု ယူထားသော ဖွဲ့စည်းပုံအောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်စေခဲ့သည်။
စစ်ခေါင်းဆောင်များ စိတ်ကြိုက်ရေးဆွဲထားသော စည်းမျဉ်းအောက်တွင် ကျင်းပသော ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် အစိုးရ ဖွဲ့နိုင်လောက်သည်အထိ အနိုင်ရခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို စစ်တပ်ဖက်မှ ပူးပေါင်းဆောင်ရွက်မှု သိသိသာသာ လျော့ကျလာခဲ့ကာ ကန့်လန့်တိုက်မှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်မှခန့်ထားသော ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား အစိုးရရုံး မတက်မီ စစ်ရုံးတွင် ရုံးတက်စေပြီး သူကိုယ်တိုင် ညွန်ကြားခဲ့သည်။
အဆိုပါ ဝန်ကြီးသုံးဦးအနေဖြင့် နံနက် ၉ နာရီအရောက် စစ်ခေါင်းဆောင်ထံ ရုံးတက်ရပြီး စစ်ခေါင်းဆောင်၏ အမိန့်ကို နာခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုအားလုံးအား နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်အနေဖြင့် စစ်ခေါင်းဆောင်ထံ ပုံမှန် သတင်းပို့ပေးရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ၏ နံံပါတ်နှစ် ခေါင်းဆောင် ဖြစ်လာစေမည့် နေပြည်တော် လွှတ်တော်ထဲတွင် အတိုင်ပင်ခံ ဥပဒေ အတည်ပြုခြင်းနှင့် သူရဦးရွှေမန်းကို အထူး လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဌ ခန့်အပ်ခြင်းတို့ကို စစ်တပ်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။
ဝန်ကြီးချုပ်များနှင့်အဆင်ပြေသော နယ်လုံ ဝန်ကြီးများအား ပြောင်းရွှေ့တာဝန်ပေးမှုများ ပြုလုပ်ခဲ့သည်။
အစိုးရ ပြုတ်ကျစေရန် ဘာသာရေး ပဋိပက္ခများ ဖန်တီးခြင်း ရခိုင်နှင့် ဗမာ လူမျိုးများကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ဖန်တီးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ NLD အစိုးရအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်ခဲ့ကြသည်။
အစိုးရ ပြုတ်ကျစေရန် ဘာသာရေး ပဋိပက္ခများ ဖန်တီးခြင်း ရခိုင်နှင့် ဗမာ လူမျိုးများကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ဖန်တီးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ NLD အစိုးရအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်ခဲ့ကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင်မပြေစေရန်အတွက် မူလဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သော စစ်ဗိုလ်ချုပ်အချို့အား လဲလှယ်ကာ သဘောထားတင်းမာသည့် စစ်ဗိုလ်ချုပ်အချို့နှင့် အစားထိုးခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကြီးမားသည့်အားတခုဖြစ်သော နိုင်ငံတကာထောက်ခံမှုလျော့ကျသွားစေရန် ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသော ရိုဟင်ဂျာအရေးအား စစ်တပ်မှ လိုအပ်သည်ထက် ပိုမိုအင်အားသုံး ဖြေရှင်းခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော ရိုဟင်ဂျာများအား စစ်တပ်က တိုက်ခိုက်သည့် စစ်ဆင်ရေးများအား NLD အစိုးရကို အသိမပေးဘဲ ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ စစ်တပ်အကြီးအကဲက ငါးနှစ်လုံးလုံး နည်းလမ်းမျိုးစုံဖြင့် NLD အစိုးရ နာမည်ပျက်ရန်နှင့် လူထုထောက်ခံမှု ကျ ဆင်းရန် ကြိုးစားခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ထပ်မံအနိုင်ရရှိခဲ့သည်။ အစိုးရ ဖွဲ့နိုင်သည့် ပမာဏထက် ပိုရရှိခဲ့သည်။
NLD ပါတီအား စစ်ခေါင်းဆောင်က အာဏာမလွှဲပေးချင်တော့သည့်အတွက် မဲမသာမှုရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းဖို့ ကြိုးစားခဲ့သည်။ ထိုစွပ်စွဲချက်သည် အာဏာသိမ်းရန် အကြောင်းပြချက်သာဖြစ်သည်။
ထိုကဲ့သို့ အနိုင်ရရှိလာသော NLD ပါတီအား စစ်ခေါင်းဆောင်က အာဏာမလွှဲပေးချင်တော့သည့်အတွက် မဲမသာမှုရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းဖို့ ကြိုးစားခဲ့သည်။ ထိုစွပ်စွဲချက်သည် အာဏာသိမ်းရန် အကြောင်းပြချက်သာဖြစ်သည်။ ပြည်သူလူထုသည် NLD ပါတီအား မဲပေးခဲ့သည်မှာ အမှန်တရားဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်ထံ သူ့အား ၂ နှစ်ခွဲ အာဏာလွှဲပေးရန် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် ၂ နှစ်ခွဲ အာဏာရယူပြီးနောက် ရွေးကောက်ပွဲကျင်းပပေးမည် ဖြစ်ကြောင်းနှင့် အနိုင်ရပါတီအား အာဏာလွှဲ ပေးမည်ဟု ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်၏ တောင်းဆိုချက်အား ဒေါ်အောင်ဆန်းစုကြည်က မလိုက်လျောသည့်အခါ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များအား ဖမ်းဆီးထောင်ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့များအား သိက္ခာကျဆင်းစေရန် အဂတိ လိုက်စား သည်ဟု စွပ်စွဲကာ တရားစွဲဆို ထောင်ချခဲ့သည်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား စစ်ရုံးချုပ်အတွင်းရှိ အိမ်တလုံးတွင် ထိန်းသိမ်းထားခဲ့ပြီး အခြေအနေကိုစောင့်ကြည့်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နွေဦးတော်လှန်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်အား ဓါးစာခံသဘောမျိုး ထိန်းသိမ်းထားရှိခဲ့သည်။ နွေဦးတော်လှန်ရေး တနှစ်ကျော်ကြာလာသည့်အခါ သူအသာစီးရသည်ဟု ယူဆလာသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်သို့ ပို့လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောင်ထဲတွင် ဇာတ်သိမ်းရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ရှိနေသမျှ သူတို့၏ အာဏာမှာ ခြိမ်းခြောက်ခံနေမည် ဖြစ်သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ထဲတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုင်ပျက်စီးရန် မစွမ်းဆောင်နိုင်သော်လည်း ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်း၍ တဖြည်းဖြည်းထိခိုက်ရန် အစီအစဉ်ချ ဆောင်ရွက်လာခဲ့သည်။
နွေဦး တော်လှန်ရေး အနိုင်မရပါက မြန်မာပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အသက်ရှင်လျက် ပြန်တွေ့ ရန် မဖြစ်နိုင်တော့ပေ။
နွေဦး တော်လှန်ရေး အနိုင်မရပါက မြန်မာပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အသက်ရှင်လျက် ပြန်တွေ့ ရန် မဖြစ်နိုင်တော့ပေ။ ထို့ပြင်တော်လှန်ရေး အောင်မြင်ဖို့ အချိန်ကြာခဲ့လျင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာ ရေး ယိုယွင်းလာပြီး ပရုတ်လုံးကဲ့သို့ တဖြည်းဖြည်း လုံးပါးပါးသွားနိုင်ပါသည်။
လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဓါတ်ခိုင်မာနေပြီး ထောင်ထဲတွင် သူမ၏ ကျန်းမာရေးကို အထူး ဂရုစိုက် နေထိုင်နေသည်။ သူ နှလုံးရောဂါ ဖြစ်လို့မရသေးသည်ကို သူ ကောင်းစွာ သိနေသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲ အလုပ်လုပ်ရမှာလား
လက်သီးနှင့်အထိုးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ကောင်စီအသက်ပြန်သွင်း
ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း
နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်အိမ်ပေါ် ဦးခင်ရီ တက်နေခဲ့
အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄