အလုပ်သွားရန် ပြင်ဆင်ရင်း“ကိုယ့်ဝမ်းတောင်ကိုယ်မသဒ္ဒါဘူး”ဟု ဆိုလာသူကတော့ ရန်ကုန်မြို့၏ အလုပ်သမား၊ လက် လုပ်လက်စား အများဆုံး တည်ရှိရာ လှိုင်သာယာမြို့နယ်က အထည်ချုပ် အလုပ်သမား မစုစု(အမည်လွဲ)ပဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တနှစ်နှင့် နှစ်လကျော်အကြာ ဇွန်လမှ စတင်၍ တနေ့ထက် တနေ့မြင့်တက်လာသော အမေရိကန်ဒေါ်လာဈေးကြောင့် ပြည်ပမှ တင်သွင်းရသည့် လူသုံးကုန်၊ စားသောက်ကုန်မှ စ၍ အခြေခံအိမ်သုံး ဆေးဝါးများ ပါမကျန် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်၍ နေသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်း ဖြစ်သည့် အမေရိကန် ဒေါ်လာဈေးမှာလည်း ဩဂုတ်လ အတွင်းမှာပင် ၁ ဒေါ်လာလျှင် ကျပ် ၄၇၀၀ နီးပါးအထိ မြင့်တက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တနေ့ ထက်တနေ့ ခံစားနေရာ အခြေခံ လူတန်းစားဖြစ်သော အလုပ်သမားထုမှာ ဝင်ငွေနှင့်ထွက်ငွေ မမျှတသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအခြေအနေများကြောင့် သွင်းကုန်ကိုသာ အားထားနေရသည့် မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တနေ့ ထက်တနေ့ ခံစားနေရာ အခြေခံ လူတန်းစားဖြစ်သော အလုပ်သမားထုမှာ ဝင်ငွေနှင့်ထွက်ငွေ မမျှတသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မစုစုက“လစာထုတ်လို့ တခြားမဝယ်ဘူး ဆိုရင်တောင် ဝမ်းဆက်(အင်္ကျီ) တစုံလောက်တော့ အကုန်လုံး တလ တခါ ဝယ် ကြတယ်။ အခုကတော့ ဝမ်းဆက်ဆိုတဲ့အကြောင်းမပြောနဲ့ ကိုယ့်ဝမ်းရေးအတွက်ပဲ ဝမ်းပြည့်အောင် လုပ်နေရတယ်။ ဝမ်းဆက်တော့ မျက်စောင်းတောင် မထိုးနိုင်တော့ဘူး”ဟု သူမဘဝကို ပြောပြသည်။
ယခင်က လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်အတွက် ပြင်ဆင်ရာတွင် မနက်စာအဖြစ် စက်ရုံရှေ့တွင် ခေါင်းရွက်ဗျက်ထိုး ရောင်းချသော ဈေးသည်များထံမှ ကျပ် ၂၀၀ ဖိုး၊ ၃၀၀ ဖိုး အစရှိသည့် မုန့်ပဲသရေစာများကို ဝယ်ယူစားသောက်နိုင်သော်လည်း လက်ရှိတွင် အသားမပါသည့် ထမင်းချိုင့်ထဲရှိ ငပိရည်စမ်းထားသည့် ထမင်း ၂ ဇွန်း၊ ၃ ဇွန်း အစာပြေစား၍ အလုပ်ဝင်ရ သည့် အခြေအနေသို့ပင် ရောက်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းက မစုစု တယောက်ထဲ မဟုတ်ပေ။ စက်ရုံတွင်းရှိ ဝန်ထမ်းအများစုမှာ ယခုကဲ့သို့ ပုံစံပြောင်း၍ ချွေတာ စားလာရခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက“တနေ့လုံးလုပ်ကာမှ ကျပ် ၄၈၀၀ ရတယ်။ အိုတီခေါ်လို့ ၂ နာရီလောက် ဆင်းရမှ တရက် ကျပ် ၇ ထောင်လောက်ရတာ။ ကျန်ခဲ့တဲ့နှစ်တွေကဆိုရင် ကြက်ဥ ၅၀၀ ဖိုးဆိုရင် ၄ လုံး၊ ၅ လုံးရတယ်။ အဲဒီတုန်းက အလုပ်သွား လို့ လုံးဝ ဟင်းစားမရှိတဲ့နေ့ဆိုရင် ကြက်ဥလေး ၂ လုံးလောက် ကြော်ပြီး ထည့်သွားလို့ရတယ်။ အခုတော့ ကြက်ဥ ၁ လုံး ကို ကျပ် ၃၀၀၊ ကျပ် ၁၀၀၀ ဖိုးမှ ၄ လုံး၊ ၅ လုံးတွေ ဖြစ်တော့ အဆင်မပြေတော့ဘူး။ တနေ့ လုပ်အားခကတော့ ဒါပဲ။ ကုန် ဈေးန်းကသာ အဆမတန်မြင့်လာတာ။ အဆောင်ခတွေနဲ့ဆိုတော့ အခုဖြစ်နေတာက လူ့လောကမှာ နေတောင်မနေချင် တော့ပါဘူး”ဟု ညည်းတွားပြောပြရှာသည်။
ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်မှအစ အိမ်သုံးဆေးဝါး၊ ရေချိုးဆပ်ပြာအထိ ဈေးနှုန်းများ တက်လာသည်မှာ တပတ်ဈေးနှင့် တပတ်မတူသလို အခု ဩဂုတ်လအတွင်းမှ စတင်ပြီး တရက်နှင့် တရက်တောင် မတူဘဲ ဈေးနှုန်းကြီးမြင့်လာမှုဒဏ်ကို မစုစုတို့လို အခြေခံ လုပ်သားများ လူးလဲ၍ ခံစားနေကြရပြီ ဖြစ်သည်။
သုံးစွဲမှု စရိတ်များ မြင့်တက်၍ လာနေသော်လည်း စက်ရုံ၊ အလုပ်ရုံ လုပ်သားများ၏ တရက်တာ ဝင်ငွေမှာ ကျပ် ၄၈၀၀ ဖြစ်သလို အလုပ်ကြမ်းသမားများဆိုလျှင် အများဆုံး ကျပ် ၇၀၀၀ မှ ကျပ် ၁၀၀၀၀ ကြားသာရှိသည်။
အခုလို သုံးစွဲမှု စရိတ်များ မြင့်တက်၍ လာနေသော်လည်း စက်ရုံ၊ အလုပ်ရုံ လုပ်သားများ၏ တရက်တာ ဝင်ငွေမှာ ကျပ် ၄၈၀၀ ဖြစ်သလို အလုပ်ကြမ်းသမားများဆိုလျှင် အများဆုံး ကျပ် ၇၀၀၀ မှ ကျပ် ၁၀၀၀၀ ကြားသာရှိသည်။
ရရှိသည့် လစာမှာ နေထိုင်ရန်၊ ဝတ်ဆင်ရန်အတွက် မဆိုထားနှင့် စားသောက်ရန်ပင် လောက်ငှမှုမရှိသည့် အခြေအနေ ဖြစ်သည်။ သို့သော်လည်း အခြေခံ စက်ရုံ၊ အလုပ်ရုံ လုပ်သားအများစုမှာ စစ်အာဏာသိမ်းပြီးနောက် လစာတိုးတောင်းရန် မဆိုနှင့် ရှိနေသည့် အလုပ်လေး ပြုတ်မသွားရေးအတွက် လုပ်နေရသည်ဟု မစုစုက ပြောပြသည်။
“စက်ရုံထဲမှာ စူပါ၊ လီဒါတွေ ရှေ့များ လစာလေး တိုးတောင်းဖို့ ပြောမိရင် နင်တို့လင်တွေ နင်တို့သွားပြော အဲဒီလိုမျိုး အ ပြောခံရတာတွေလည်း ရှိတယ်။ မပြောရဲဘူး။ အလုပ်မပြုတ်ရုံပေါ့ အဲဒီလိုပဲ နေနေရတယ်။ ပြောလည်း ပြုတ်မှာပဲ။ ထပ်ရှာ လို့ကလည်း ဒီကာလမှာ အလုပ်က မလွယ်ဘူး။ အရင်က ကုန်ဈေးနှုန်းနဲ့ အခုလစာနဲ့ ဆိုရင်တောင် လောက်ငှအောင် စား သွားလို့ ရတယ်။ အခုဟာကတော့ ကြက်သွန်နီ ၁ ပိဿာ ၃၈၀၀ ကနေ ၄၀၀၀ ၊ ၅၀၀၀ ဖြစ်သွားတော့ ဘယ်လိုမှ လစာက လိုက်မမီတော့ဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ယခုလိုအခြေအနေများကြောင့်လည်း အလုပ်သမားများမှာ အကြွေးသံသရာထဲ နစ်နေသူများ ရှိသလို တချို့ အလုပ်သ မားများကလည်း ပြည်ပအိမ်နီးချင်းနိုင်ငံများကို ရသည့် နည်းလမ်းမျိုးစုံနှင့် ထွက်ကာ အလုပ်ရှာသလို တချို့ကလည်း မိမိဇာတိမြေသို့ ဖြစ်ချင်ရာဖြစ် ပြန်ရန် ဆိုင်းပြင်းနေသူများလည်း ရှိနေသည်။
နောက်ထပ် အထည်ချုပ် စက်ရုံ ဝန်ထမ်းတဦးက“စက်ရုံထဲမှာတင် အကြွေးဆပ်လို့ ကုန်လို့ အိမ်ကို လစာ စာအိတ်အခွံ့ လေး ကိုင်ပြီး ပြန်တဲ့ အချိန်တွေ ရှိလာပြီ။ အဆင်မပြေဘူး။ ဘယ်လို မပြေလဲဆိုရင် ကြက်သွန် ၁ ဆယ်သား ၄၀ ကျပ်က နေ ကျပ် ၄၀၀ လောက်ထိ ဖြစ်သွားတော့ ဆယ်ဆမက တက်သွားတာ။ ဆီတဗူး (စားအုန်းဆီ ၅၀ သား) ကို ကျပ် ၁၀၀၀ ၊ ၁၁၀၀ ကျပ်ကနေ ကျမတို့ အခု ကျပ် ၅၀၀၀ ကျော်အထိ ဝယ်စားရတာ။ လစာ တိုးတောင်းဖို့ပြောရင် ကျမတို့ အလုပ် ပြုတ်ဖို့ ပဲရှိတယ်။ ဒါကြောင့်လဲ မရှိ၊ ရှိတဲ့အလုပ်ကို ကပ်ဖားအနေနဲ့ ကပ်စားပြီး လုပ်နေရတယ်”ဟု ဆိုသည်။
ထို့ပြင် လက်ရှိ စီးပွားရေးကျဆင်းမှု၊ စစ်ကောင်စီ၏ ဒေါ်လာငွေ ထိန်းချုပ်မှု နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် အ ထည်ချုပ် စက်ရုံများမှာလည်း အော်ဒါအမှာများ ကျဆင်းသည့်ရုံများ ရှိလာသလို တချို့ စက်ရုံများကလည်း လစဉ် လူ လျော့ခြင်းများကို ပြုလုပ်ခြင်း၊ အလုပ်သမားများ ကျန်းမာရေးကိစ္စ၊ မိသားစု ကိစ္စကြောင့် နှစ်ရက်ဆက်တိုက် အလုပ်ပျက်ပါ က ချက်ချင်းအလုပ်ထုတ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း သိရသည်။
သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ မမျိုးအေးက အလုပ်သမားများသည် လက်ရှိ ရင်ဆိုင်နေရသည့် စားဝတ်နေရေး အခက်အခဲများ၏ ဒဏ်ကို မခံနိုင်တော့ပါက နောက်ပိုင်းတွင် လူတန်စား တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောသည်။
သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ မမျိုးအေးက အလုပ်သမားများသည် လက်ရှိ ရင် ဆိုင်နေရသည့် စားဝတ်နေရေး အခက်အခဲများ၏ ဒဏ်ကို မခံနိုင်တော့ပါက နောက်ပိုင်းတွင် လူတန်စား တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“ကြာလာရင် ဘာဖြစ်နိုင်လဲဆိုတော့ လူတန်းစား တိုက်ပွဲ ဖြစ်နိုင်တယ်။ ဆင်းရဲတဲ့ အခြေခံလူတန်းစားတွေ ထမင်း မဝတဲ့ အခါကျတော့ အုပ်ချုပ်သူကိုပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ အလုပ်ရှင်ကိုပဲ ဖြစ်ဖြစ် တွန်းလှန်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်လာ မှာ။ အခုကတော့ တိုက်ပွဲတွေ မဖြစ်သေးတော့ သူတို့ နေနိုင်သေးတယ်။ ဒါပေမယ့် ရှေ့ လျှောက်တော့ တလလား၊ နှစ်လလားပေါ့။ ရေရှည်ထောင့်ခံနိုင်ဖို့ အလားအလာတော့ မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အနိမ့်ဆုံး လုပ်ခလစာကို နှစ်နှစ်တကြိမ်ပြင်ဆင်ရန်လို့ ရေးသားသည့်အတွက် ပြင်ဆင်ရမှာဖြစ်ပြီး အာဏာသိမ်း ထားသည့် အတွက် ယင်းကို မသုံးသပ်နိုင်ကြောင်း ပြော၍ မရကြောင်း၊ ထိုသို့ ပြောပါကလည်း ဥပဒေကို ဖျက်ပြစ်ရန်သာ ရှိတော့ ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် အနိမ့်ဆုံးလုပ်ခ လစာ ၃၆၀၀ ကျပ် ပြဌာန်းလိုက်သည့် အချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ လျှင် ကျပ် ၁၀၀၀ ကျော်သာရှိသည့် အတွက် လုပ်သမားများ၏ လုပ်ခလစာမှာ ၃ ဒေါ်လာနှင့် အထက် ရှိသွားပြီး ပြေလည် သည်ဟု မဆိုသာသော်လည်း လောက်ငှသည့် ပမာဏတခု ရောက်ရှိခဲ့သည်။
လက်ရှိ တနေ့လုပ်အားခ ၄၈၀၀ ကျပ်မှာမူ ဒေါ်လာနှင့် တွက်ကြည့်လျှင် ယခု ၁ ဒေါ်လာ၊ ကျပ် ၃၆၀၀ ကျော် ပတ်လည် တွင် ရှိနေသဖြင့် တနေ့ ဝင်ငွေမှာ ၁ ဒေါ်လာကျော်သာ ပျမ်းမျှရှိသည်။
ယင်းလစာမှာ တိုးပေးရန် ဥပဒေအရ ပြဌာန်းမှုမှာ ၂ နှစ် ပြည့်ခဲ့ပြီဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အခြေခံ လစာ တိုးရန် ကြန့်ကြာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းလိုက်သည့် အချိန်မှာတော့ အလုပ်သမား အခွင့်အရေးသည် ပျောက်ဆုံးလို့ သွားခဲ့ပြီ ဖြစ်သည်။
အခြေခံလူတန်းစား အများစု စားသည့် ဧည့်မထ(ဆန်ကြမ်း)တပြည်မှာပင် ကျပ် ၂၀၀၀ အထက်တွင် ရှိသလို စားအုန်းဆီ ၅၀ သားလျှင် ကျပ် ၅၀၀၀ ကျော်နှင့် ကြက်သွန်နီ ၁ ပိဿာပင်လျှင် ကျပ် ၄၀၀၀ ကျော်အထိ အဆမတန် မြင့်တက်လာ သော ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဝင်ငွေနှင့် ထွက်ငွေမှာ မမျှတပဲ မွန်းကြပ်မှုဒဏ်ကို ခံနေကြရသည်။
အခြေခံလူတန်းစား အများစု စားသည့် ဧည့်မထ(ဆန်ကြမ်း)တပြည်မှာပင် ကျပ် ၂၀၀၀ အထက်တွင် ရှိသလို စားအုန်းဆီ ၅၀ သားလျှင် ကျပ် ၅၀၀၀ ကျော်နှင့် ကြက်သွန်နီ ၁ ပိဿာပင်လျှင် ကျပ် ၄၀၀၀ ကျော်အထိ အဆမတန် မြင့်တက်လာ သော ကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဝင်ငွေနှင့် ထွက်ငွေမှာ မမျှတပဲ မွန်းကြပ်မှုဒဏ်ကို ခံနေကြရသည်။
ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အလုပ်သမား လစာများအတွက် တိုးပေးရန် ရှိ၊ မရှိ အခြေအနေနှင့် ပတ်သက်ပြီး အထည် ချုပ် စက်ရုံပိုင်ရှင် တဦးက “စက်ရုံတွေ အနေနဲ့ကလည်း ကိုယ့်ဝန်ထမ်းတွေက အရေးကြီးတဲ့ အစိတ်အပိုင်းထဲမှာ ပါတယ်။ ဝန်ထမ်းအခက်အခဲ ဖြစ်လာတာကို ရှင်းဖို့အတွက် ကျန်ခဲ့တဲ့လ လလယ်လောက်က အထည်ချုပ်အသင်းက ဦးဆောင်ပြီး တော့ စက်ရုံတွေ အားလုံးကို နိုးဆော်စာလေးတွေ ပို့တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးဖို့ ဒီလိုထောက်ပံ့ပေးတဲ့နေရာမှာလည်း ငွေကြေးနဲ့သော်လည်းကောင်း၊ ပစ္စည်းနဲ့သော်လည်း အဲလိုမျိုး နိုးဆော်တာရှိပါတယ်။ ရုံတော်တော်များများက လိုက်လုပ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် ပြီးခဲ့သည့် လက စက်ရုံတချို့က ဆန်၊ ဆီနှင့် ကြက်သွန်တို့ ထောက်ပံ့ပေးသည်များ ရှိကြောင်း၊ လစဉ် ထောက်ပံ့ရန်လည်း စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
စက်ရုံဘက်တွင်လည်း ယခု စက်တင်ဘာလမှ စတင်ပြီး လာမည့် နိုဝင်ဘာလအထိ အထည်ချုပ်စက်ရုံအများစုမှာ အပ် ထည် အော်ဒါ အမှာများ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းခန့် လျှော့ကျနေပြီး စီးပွားရေး အဆင်ပြေသည့် အနေအထားတွင် မရှိသည့်အပြင် လျှပ်စစ်မီးမရသည့် ပြသာနာကလည်း ပိုဆိုး၍လာသလို လောင်စာဆီ ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူသုံးစွဲရ သောကြောင့် ယခင်ထက် လုပ်ငန်းကုန်ကျစရိတ်များလည်း ကျပ်သိန်းရာချီ ကြီးမြင့်နေသည်။
ထိုအချိန်တွင် စစ်ကောင်စီ၏ နောက်ထပ် ထိုးနှက်ချက်တခုမှာ ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်တင်ပို့၍ ရရှိ လာသော ဒေါ်လာငွေကို ၂၁၀၀ ကျပ်နှင့်သာ လဲလှယ်ရခြင်းတို့ကြောင့် ဝင်ငွေလျှော့ကျခြင်းများလည်း ရှိနေကြောင်း သိရသည်။
အထက်ပါ အခြေအနေများကြောင့် အထည်ချုပ် လုပ်ငန်းများသည်လည်း လက်ရှိတွင် စက်ရုံ ဆက်လက် လည်ပတ်နိုင်ရေး အတွက်သာ ဦးစားပေး လုပ်ဆောင်နေရသည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာသဖြင့် အခြေခံအလုပ်သမား ဝင်ငွေနှင့် ထွက်ငွေ မမျှသည့် ဒဏ် ကို ခံစားနေရသလို စစ်ကောင်စီ၏ ဒေါ်လာငွေ ထိန်းချုပ်မှုများကြောင့်လည်း စီးပွားရေးကြပ်တည်းလာသည့် ဒဏ်ကို လူတန်းစားမျိုးစုံ တွေ့ကြုံနေရပြီ ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာသဖြင့် အခြေခံအလုပ်သမား ဝင်ငွေနှင့် ထွက်ငွေ မမျှသည့် ဒဏ် ကို ခံစားနေရသလို စစ်ကောင်စီ၏ ဒေါ်လာငွေ ထိန်းချုပ်မှုများကြောင့်လည်း စီးပွားရေးကြပ်တည်းလာသည့် ဒဏ်ကို လူတန်းစားမျိုးစုံ တွေ့ကြုံနေရပြီ ဖြစ်သည်။
ရန်ကုန်မြို့တွင်း၌ ကုန်တိုက်တခုတွင် အလုပ်လုပ်ကိုင်နေသူ အရောင်းဝန်ထမ်းတဦးက“ကုန်ဈေးနှုန်းတွေ တက်လာတော့ အရင်က ကျပ် ၂ ထောင်ဝန်းကျင် ရှိတဲ့ ဆေးတကတ်က အခုဆိုရင် ကျပ် ၄ ထောင်၊ ကျပ် ၅ ထောင်ဖြစ်လာပြီ။ သွေးကျ ဆေး ဘာညာဆိုရင် ပုံမှန် ၃၅၀၀ ကျပ်နဲ့ဝယ်ရင် အခုဆိုရင် ၆၅၀၀ ကျပ်ကနေ ၇ ထောင်ဖြစ်လာပြီ။ ဈေးနှုန်းတွေက တ ဆိုင်နဲ့ တဆိုင်မတူတော့ဘူး။ အဲ့ဒီတော့ အခု တနေ့ကို ကိုဗစ်ပိုး လူတရာကျော် တွေ့နေပေမယ့် စားသောက်ဖို့ကိုပဲ လူတွေ က အဓိကထားတော့တယ်။ Mask ဝယ်ဖို့ ပိုက်ဆံ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ကိုပင် မဝယ်နိုင်တော့ဘူး။ ဝယ်ဖို့လဲ စိတ်ထဲ ရှိမနေတော့ဘူး”ဟု လက်ရှိအခြေအနေကို ပြောပြသည်။
ရေရှည်စွဲသောက်ရသည့် ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါ အစရှိသည့် ဆေးဝါးများအပြင် သာမန် နှာစီး၊ ချောင်းဆိုးသောက်သည့် ဆေးများပင် ဈေးနှုန်းများ အဆမတန် တက်လာခြင်းက တလလျှင် လစာ ၄ သိန်းသာ ရရှိသော သာမန်အရောင်းဝန်ထမ်း တယောက်အတွက် လောက်ငှသည့် သုံးစွဲမှု မရှိပေ။
ယခုလို အခြေအနေများ ဖြစ်ပေါ်နေချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၆ လ အတွင်း မြန်မာ့ စီးပွားရေး ဦးမော့လာမည်ဟု ပြောဆိုပြန်သဖြင့် ပြည်သူများကြားတွင် လှောင်ပြောင်သရော်စရာ ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လက ထုတ်ပြန်ခဲ့သော ကမ္ဘာဘဏ်၏ အစီရင်ခံစာတွင်လည်း မြန်မာ၏ ငွေကြေးဖောင်းပွမှုနှုန်း သည် မတ်လတွင် ၁၇ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းကြောင့်ပင် အခြေခံပြည်သူများသည် ကိုဗစ်ရောဂါများ ကူးစက်မှု မြင့်တက်လာနေသည့် တိုင်အောင်ပင် နှာခေါင်းစည်း (Mask) ဝယ်ယူရန် အစား ကြက်ဥဟင်း၊ ဘဲဥဟင်း စားရရေးကိုသာ တွေးသည့် အနေအထား တခုသို့ အလိုလို ရောက်ရှိ လာ ရပါပြီ ဖြစ်သည်။
ထိုကြောင့်လည်း မစုစုက“အလုပ်လုပ်ရင်း စိတ်ဓာတ်တွေ ကျလာတယ်။ ငွေကြေးထပ်ဖောင်းပွလာမှာကို ကြောက်နေ တယ်။ ကုန်ဈေးနှုန်း ထပ်မြင့်လာမှာကို ကြောက်နေတယ်။ နောက်နေ့ ဘာဖြစ်လာမှလဲ ဆိုတာ တွေးရင် စိတ်မော လူမော ဖြစ်နေရတယ်”ဟု ရင်မောစွာ ပြောပြရှာသည်။
You may also like these stories:
တန်းစီတိုးစားရတဲ့ သမဝါယမခေတ် ပြန်လာပြီ
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ
ဓာတ်မြေသြဇာနှင့် မြက်သတ်ဆေး ဈေး အဆမတန် မြင့်နေ၍ လယ်သမားများ မသုံးနိုင်
ငွေဈေး အတက်အကျ များ၍ နယ်စပ်ကုန်သွယ်ရေးများ တန့်နေ
ဗဟိုဘဏ် ခေါင်းဆောင်မှုသစ် ဘဏ္ဍာရေးကဏ္ဍကို တိုးတက်စေမည့် အလားအလာ မရှိ