ဗြိတိန်နိုင်ငံ အဲလိဇဘက် ဘုရင်မကြီး မကွယ်လွန်မီက ဝေလမင်းသားဖြစ်သော ချားလ်စ် ဖိလစ် အာသာဂျော့ဂျ်သည် ယခုအခါတွင် တတိယမြောက် ချားလ်စ်ဘုရင်အဖြစ် တရားဝင် အသိအမှတ်ပြုခံရပြီ ဖြစ်သည်။
သူ့ကို ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မွေးဖွားပြီး အဲလိဇဘက်နှင့် ဖိလစ်တို့၏ ပထမဆုံးသား ဖြစ်သည်။ မြေး ၅ ဦး၏ အဘိုးဖြစ်သော အသက် ၇၃ နှစ်ရှိ ထိုဧကရာဇ်သည် ယူနိုက်တက်ကင်းဒမ်းနှင့် ဓနသဟာယ အဖွဲ့ဝင် အခြား အချုပ်အခြာအာဏာပိုင် နိုင်ငံ ၁၄ ခု၏ ဘုရင်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
အတ္ထုပ္ပတ္တိရေးသားသူများက သူသည် စိတ်ခံစားလွယ်သူဖြစ်သည်ဟု ဖော်ပြကြပြီး ဥယျာဉ် စိုက်ပျိုးရေး ဝါသနာကြီးသူဖြစ်ကာ သူ၏ ကျေးလက်စံအိမ်တွင် အော်ဂဲနစ် ဥယျာဉ်တခု ပြုစုပျိုးထောင်ရသည်ကို နှစ်ခြိုက်သူ ဖြစ်သည်ဟု ဆိုသည်။
သူသည် ရေဆေးပန်းချီ ကျွမ်းကျင်သူဖြစ်သည်ဟု ယုံကြည်ကြပြီး ကျေးလက်ခြံစည်းရိုး ခတ်ခြင်းကဲ့သို့သော အစဉ်အလာ အလေ့အထများကို စိတ်ဝင်စားသည်။
ငယ်စဉ်က မိဘများနှင့် မတူညီသည့် အလေ့အထများရှိသော်လည်း ကြီးပြင်းလာသောအခါ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်ဟု သတင်းဝေဖန်သုံးသပ်သူများက ပြောသည်။
သူသည် ဗြိတိန်နှင့် သြစတြေးလျတွင် ပညာသင်ကြားခဲ့ပြီး တော်ဝင်လေတပ် လေယာဉ်မှူး ဖြစ်မလာမီ ၁၉၆၀ ပြည့်နှစ်များက ကင်းဗရစ် တက္ကသိုလ်၊ ထရီနတီကောလိပ်တွင် ရှေးဟောင်းသုတေသန၊ မနုဿဗေဒနှင့် သမိုင်း ပညာရပ်များကို လေ့လာခဲ့သည်။
သူသည် ဗြိတိန်နှင့် သြစတြေးလျတွင် ပညာသင်ကြားခဲ့ပြီး တော်ဝင်လေတပ် လေယာဉ်မှူး ဖြစ်မလာမီ ၁၉၆၀ ပြည့်နှစ်များက ကင်းဗရစ် တက္ကသိုလ်၊ ထရီနတီကောလိပ်တွင် ရှေးဟောင်းသုတေသန၊ မနုဿဗေဒနှင့် သမိုင်း ပညာရပ်များကို လေ့လာခဲ့သည်။
ချားလ်စ်ဘုရင်
၁၉၇၀ ပြည့်နှစ်များနှောင်းပိုင်းတွင် တော်ဝင်မိသားစုတာဝန်များကို ဆောင်ရွက်ပြီး ၁၉၈၁ ခုနှစ်တွင် ရှက်ကြောက်တတ်သော အသက် ၁၉ နှစ်အရွယ် မူကြိုကျောင်းဆရာမ လေဒီ ဒိုင်ယာနာ ဆပင်ဆာနှင့် အိမ်ထောင်ပြုချိန်တွင် သူ၏ အသက် ၃၀ ရှိပြီဖြစ်သည်။
သားနှစ်ဦး ရှိပြီး ဝီလျံမင်းသားကို ၁၉၈၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားကာ ဟယ်ရီမင်းသားကို ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မွေးဖွားသည်။ ထို့နောက် ၁၉၉၂ ခုနှစ်တွင် ဇနီးမောင်နှံ ကွာရှင်းသည်။
ထိုသို့ ကွာရှင်းပြီးနောက် ချားလ်စ်မင်းသားနှင့် ယခင်ချစ်သူဟောင်း ကမ်မီလာ ပါကာ ဘောင်းလ်တို့ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုများ ဖြစ်လာသော်လည်း ၂၀၀၅ ခုနှစ်ရောက်မှသာ လက်ထပ်ကြသည်။
ချားလ်စ်မင်းသားသည် ထိုနှစ်များအတွင်း ၁၉၉၆ ခုနှစ်၌ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ယာဉ်မတော်တဆမှုတွင် ဒိုင်ယာနာ မင်းသမီး သေဆုံးခြင်း၊ အငြင်းပွားဖွယ် မှတ်ချက်များနှင့် ဝေဖန်ခံရသည့် လူမှုဆက်ဆံရေး အမှားများအပါအဝင် အရှုပ်တော်ပုံ အများအပြားကိုလည်း ရင်ဆိုင်ရသည်။
ဘုရင်လောင်းလျာအဖြစ် တော်ဝင်မိသားစုသည် မကြာသေးမီ နှစ်များအတွင်းက သူ့အတွက် ထူးခြားသော ပုံရိပ်ကို ထူထောင်ပေးရန် လုပ်ဆောင်ခဲ့သည်ဟု လေ့လာသူများက ပြောသည်။
ဘုရင်လောင်းလျာအဖြစ် တော်ဝင်မိသားစုသည် မကြာသေးမီ နှစ်များအတွင်းက သူ့အတွက် ထူးခြားသော ပုံရိပ်ကို ထူထောင်ပေးရန် လုပ်ဆောင်ခဲ့သည်ဟု လေ့လာသူများက ပြောသည်။
ဒိုင်ယာနာနှင့် ချားလ်စ်
လန်ကက်စတာ တက္ကသိုလ်မှ မီဒီယာပညာ ကထိကနှင့် “မိသားစုလုပ်ငန်းကို စီမံခြင်း-၎င်းတို့၏ ပုံရိပ်နှင့် ငွေများကို တော်ဝင်မိသားစုက မည်သို့ စီမံသနည်း” ဆိုသည့် စာအုပ်ကို ရေးသူ လော်ရာ ကလန်စီက Al Jazeera သို့ “၁၉၈၀ ပြည့်နှစ်များနဲ့ ၁၉၉၀ ပြည့်နှစ်များအတွင်းမှာ ချားလ်စ်ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ တက်ညီလက်ညီ လုပ်ခဲ့ကြတယ်။ အဲဒီတုန်းက ဒိုင်ယာနာနဲ့ပတ်သက်တဲ့ သတင်းတွေကြောင့် သူ့ကို လူကြိုက်နည်းစေတယ်” ဟု ပြောသည်။
“မကြာသေးခင်ကဆိုရင် သူ့ကို အဘိုးတဦးအဖြစ် ပုံဖော်လာတယ်။ ဥပမာ – သူ အသက် ၇၀ ပြည့် မွေးနေ့ဓာတ်ပုံမှာ ပန်းခြံထဲ မြေးတွေနဲ့ထိုင်ပြီး ကြက်ကလေးတွေကို အစာကျွေးနေတာကို ရိုက်ပြတယ်။ ဒါဟာ ကျမတို့က ဘုရင်မကြီးကို တိုင်းပြည်ရဲ့ အဘွားလို့ မြင်ကြတာကို ထင်ဟပ်နေတယ်”
“မကြာသေးခင်ကဆိုရင် သူ့ကို အဘိုးတဦးအဖြစ် ပုံဖော်လာတယ်။ ဥပမာ သူ အသက် ၇၀ ပြည့် မွေးနေ့ဓာတ်ပုံမှာ ပန်းခြံထဲ မြေးတွေနဲ့ထိုင်ပြီး ကြက်ကလေးတွေကို အစာကျွေးနေတာကို ရိုက်ပြတယ်။ ဒါဟာ ကျမတို့က ဘုရင်မကြီးကို တိုင်းပြည်ရဲ့ အဘွားလို့ မြင်ကြတာကို ထင်ဟပ်နေတယ်” ဟု သူကပြောသည်။
လူငယ်လုပ်ငန်းရှင်များကို ထောက်ပံ့ခြင်း၊ သဘာဝနှင့် တည်ဆောက်ထားသော ပတ်ဝန်းကျင်ကို ထောက်ပံ့ခြင်း၊ ပညာရေးထောက်ပံ့ခြင်းတို့ကို အဓိကထားသည့် ပရဟိတအသင်း အများအပြားကို တည်ထောင်သူနှင့် နာယက အဖြစ် ဆောင်ရွက်ခဲ့သော်လည်း ဘုရင်မကြီးနှင့် သူ၏သား ဝီလျံမင်းသားတို့နှင့် ယှဉ်လျှင် သူ့ကို လူကြိုက်နည်းသည်။
ဗြိတိန်မီဒီယာမှ တော်ဝင်မိသားစုအကြောင်း သတင်းသုံးသပ်သူ နှင့် “အမေရိကန်မြို့စားကတော် ဝေါလစ် ဆင်ပဆွန်” အမည်ရှိ ရောင်းအား အကောင်းဆုံးစာအုပ်ကို ရေးသားသူ အန်နာ ပါစတာနက်က ချားလ်စ်သည် နိုင်ငံရေး ကိစ္စများကို ဆောင်ရွက်ရာတွင် ဗီဇကောင်းရှိမှုကို ပြသကြောင်း Al Jazeera သို့ ပြောသည်။
“နိုင်ငံမှာ ဘုရင်ဖြစ်မယ့်လူအတွက် အဲဒါနဲ့ပတ်သက်တဲ့ ပြဿနာကတော့ တည်ငြိမ်မှု၊ ဘက်မလိုက်မှုနဲ့ သိမ်မွေ့တဲ့ ကြားနေမှုရှိဖို့ပဲ။ ချားလ်စ်မှာ အဲဒီလိုအရည်အသွေးတွေ မတွေ့ရသေးဘူး” ဟုလည်း သူကပြောသည်။
ဘုရင်ဖြစ်ခြင်းအတွက် အရေးအကြီးဆုံးအချက်မှာ ပြည်သူလူထုအတွက် စိုးရိမ်ပူပန်ခြင်းနှင့် ခေါင်းဆောင်မှု ပုံစံအချို့ ပေးခြင်းဖြစ်ကြောင် ပြောခဲ့ဖူးသော ချားလ်စ်တွင် ခေါင်းဆောင်မှု အရည်အသွေး ရှိသည့်လက္ခဏာအချို့ ပြသနေသည်။
“သူက သိပ်ကြားမနေဘဲ သူ့ရဲ့နိုင်ငံရေး အမြင်နဲ့ပတ်သက်ရင် ဘုရင်မကြီးထက် ပိုမိုပွင့်လင်းတယ်။ အဲဒီတော့ သူက တက်ကြွလှုပ်ရှားသူ ဘုရင်ဖြစ်လာမှာလား။ ဒါမှမဟုတ် သူ့မယ်တော် ဘုရင်မကြီး ပုံစံမျိုး ချက်ချင်း ဖြစ်သွားမလား။ သူက ခေတ်မီရေးသမားဆိုတော့ ကျမတော့ အဲဒီလိုမထင်ဘူး။ သူက တိုးတက်တဲ့ အယူအဆ ရှိချင်ပုံရတယ်” ဟု ပါစတာနက်က ပြောသည်။
(Al Jazeera မှ Gouri Sharma ၏ Who is Britain’s King Charles III? ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းကို လဝကဥပဒေဖြင့် အမှုဖွင့်
“The Crown” စီးရီးကို စိတ်ကူးယဉ် ဖန်တီးထားကြောင်း ဖော်ပြဖို့ Netflix ငြင်းဆို
“The Crown” စီးရီးမှာ ဒိုင်ယာနာအဖြစ် ပါဝင်မယ့် မင်းသမီး Elizabeth Debicki
တော်ဝင်မင်းသမီး ဒိုင်ယာနာအဖြစ် Kristen Stewart သရုပ်ဆောင်မည်
မီဂန်နဲ့ အတူ ဘဝအသစ်ကို စတင်ဖို့ ကနေဒါကို ရောက်ရှိလာပြီဖြစ်တဲ့ မင်းသား ဟယ်ရီ
“အဖေများနေ့” မှာ သားတော်လေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ တော်ဝင်ဇနီးမောင်နှံ
“အမေများနေ့”မှာ မင်းသမီး ဒိုင်ယာနာကို ဂုဏ်ပြုခဲ့တဲ့ မီဂန်မာကယ်