• English
Friday, December 8, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ

          by ဧရာဝတီ
          17 September 2022
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          မောင်တောမြောက်ပိုင်းမှာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ကာ ဆက်တိုက်ဖြစ်ပွားနေသည် / ဧရာဝတီ

          မောင်တောမြောက်ပိုင်းမှာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ကာ ဆက်တိုက်ဖြစ်ပွားနေသည် / ဧရာဝတီ

          14.4k
          VIEWS
          Share on FacebookShare on Twitter

          စစ်အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် တနိုင်ငံလုံး စစ်မီးဟုန်းဟုန်း တောက်လောင်မှုများ ဖြစ်နေချိန် တည်ငြိမ်မှု အတန်အသင့် ရှိခဲ့သော ရခိုင်ပြည်နယ်မှာ ယခုအချိန်တွင် အနောက်ဘက်ခြမ်း နယ်စပ်ဒေသတလျှောက် ဗုံး ပေါက်ကွဲသံများ၊ လက်နက်ကြီး၊ လောင်ချာပစ်ခတ်သံများဖြင့် နေ့ရော ညပါ ဆူညံ ပွက်လောရိုက်လျက် ရှိသည်။

          မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပလက်ဝမြို့နယ်၏ အနောက်မြောက်ဘက် မြန်မာ- အိန္ဒိယ နယ်စပ်တလျောက်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းများမှ စတင်ကာ တိုက်ပွဲများ ပြန်လည်ကာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

          RelatedPosts

          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          7 December 2023
          2.4k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          11k
          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          7.5k

          တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ကူပေးခြင်း၊ တိုက်လေယာဉ်များဖြင့် နေ့ရော၊ ညပါ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး AA တပ်များကို ဖြတ်လေးဖြတ်ဗျူဟာဖြင့် ကားလမ်း ဖုန်းလိုင်းများ ဖြတ်တောက်ထားသလို AA တပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းနှင့် စစ်ကူလမ်း ကြောင်းများကို ဖြတ်တောက်ကာ စခန်းကုန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

          စစ်ကောင်စီစခန်းကုန်းများ ကျဆုံးခြင်း

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မိုင်တိုင် ၄၀ အနီးရှိ စစ်ရေး အချက်အခြာကျသော စစ်ကောင်စီ၏ အထိုင်စခန်းကုန်းအား သြဂုတ်လ ၂ ရက်နေ့ စတင်ကာ AA တပ်ဖွဲ့ဝင်များက သာလွန်အင်အားဖြင့် ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ သြဂုတ်လ ၃၁ ရက်နေ့တွင် AA တပ်ဖွဲ့ဝင်များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးကာ စစ်တပ်ဘက်မှ လက်နက် အမြောက်အများလည်း ဆုံးရှုံးခဲ့သည်။

          ၂၀၂၂ စက်တင်ဘာ ၁၀ ရက် စစ်ကောင်စီစစ်စခန်းတခု သိမ်းပိုက်လိုက်ကြောင်း AA ထုတ်ပြန်ထားသော မြေပုံ

          အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းတွင်လည်း တပ်မမှူး ကိုယ်တိုင် စခန်းထိုင်ပြီး ကြီးကြပ်နေသော မောင်တောမြို့နယ် ကြိမ်ချောင်း နယ်ခြားစောင့်စခန်းနှင့် ၁ မိုင်ခန့်အကွာ ကြိမ်ချောင်း-ဂုပ္ပီတောင်ကျော်လမ်းရှိ စစ်ကောင်စီ အထိုင်စခန်းတခုကို AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။

          အဆိုပါ ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်းစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က ၁၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများနှင့် စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိကြောင်းလည်း AA တပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်သည်။

          မြန်မာ-အိန္ဒိယနယ်စပ်၊ ပလက်ဝမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိုင်စခန်း ၅ ခု လက်လွတ်ဆုံးရှုံးခဲ့ရပြီး ရှေ့တန်းစခန်းတချို့ကိုလည်း တပ်ရုပ်သိမ်းမှုများ ရှိခဲ့သည်။

          စစ်ကောင်စီ လက်လွတ်ဆုံးရှုံးခဲ့ရသည့် စခန်းကုန်းများမှာ ပလက်ဝမြို့၏ အောက်ဘက် ကုလားတန်းမြစ်ကမ်းဘေးရှိ နှာမတာ ရှေ့တန်းစခန်း၊ သူဌေးကုန်း ရှေ့တန်းစခန်း၊ သကာချောင်းထဲရှိ ရှေ့တန်းစခန်း၊ ပလက်ဝမြို့၏ အနောက်မြောက် ဘက်တွင်တည်ရှိသည့် အဘောင်သားကျေးရွာအနီးရှိ ရှေ့တန်းစခန်း၊ ကြက်ယာကိုင်း ကျေးရွာအနီးရှိ ရှေ့တန်းစခန်းတို့ တို့ဖြစ်ကြောင်း ပလက်ဝမြို့နယ်အတွင်းက ဧရာဝတီ၏ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

          ယင်းအပြင် ပလက်ဝမြို့နယ်အပိုင် မြောက်ဦးမြို့နယ်နှင့်ထိစပ်နေသော လေးမြို့ချောင်းဖျားတွင် တည်ရှိသည့် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ အထိုင်ခန်းမှာလည်း ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ခံရသည့်အတွက် သြဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် တိတ်တဆိတ် တပ်ရုပ်သိမ်းပြီး စခန်းမှ ထွက်ခွာသွားကြောင်း သံထောင် ကျေးရွာသားများက ပြောသည်။

          စစ်ကောင်စီ၏ ခံစစ်ဗျူဟာနှင့် လေကြောင်းတိုက်ခိုက်မှု

          ရခိုင်ပြည်နယ်တွင်း တကျော့ပြန်ဖြစ်ပွားနေသော ရက္ခိုင့်တပ်တော် (AA)သည် ခံစစ်ပြောက်ကျားဗျူဟာမှ ထိုးစစ်သို့ ပြောင်းလဲ ကျင့်သုံးကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းများဖြစ်သော မိုင်တိုင် ၄၀ အနီးရှိ စခန်းကုန်း၊ ဝေလာတောင် စခန်းကုန်း၊ ခမောင်းဆိပ်ဗျူဟာကုန်းနှင့် ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်းရှိ တပ်စခန်းများကို သာ လွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သလို မြန်မာ – အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်အထက်ပိုင်းတွင်တည်ရှိသော မြိတ်ဝ စခန်းများကိုလည်း ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

          အထိုင်ချ ဗျူဟာ စခန်းကုန်းများအား ဝင်ရောက်တိုက်ခိုက်မှုအပေါ် စစ်ကောင်စီက စစ်သည်အင်အားများကိုဆွဲထုတ်ပြီး စစ်ကူပို့ပေးနိုင်ခြင်း မရှိတော့ဘဲ လက်နက်ကြီးများ တောက်လျှောက် ပစ်ကူပေးခြင်း၊ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခြင်းဖြင့်သာ စခန်းကုန်းများ မကျအောင် အသည်းအသန် ခုခံတိုက်ခိုက်နေရသည့် အခြေအနေ ဖြစ်နေကြောင်း စစ်ရေး အကဲခတ်များက ပြောသည်။

          AA ခေါင်းဆောင် ထွန်းမြတ်နိုင်နှင့် AA တပ်ဖွဲ့/ဧရာဝတီ

          နယ်စပ်က စခန်းကုန်းများကျဆုံးသွားမှုနှင့်ပတ်သက်ပြီး အောက်ခြေ တပ်ဖွဲ့ဝင်တချို့ကမူ ရဲဘော်များ ၁ လနီးပါးအထိ ကြံ့ကြံ့ခံ တိုက်ခိုက်ခဲ့သော်လည်း စစ်ကူ မပေးနိုင်ခြင်းအပေါ် အားမလို အားမရဖြစ်ကာ အထက်လူကြီးများကို ဝေဖန် ပြစ်တင်ခဲ့ကြသည်။

          “ ငါမသေ ငါစခန်းမကျစေရ”ဆိုသည့် ဆောင်ပုဒ်အတိုင်း အသက်စွန့်သွားမှုအပေါ် အလေးပြုကြောင်းကို Facebook လူမှုကွန်ရက်ပေါ်တွင် ဝမ်းနည်းမှု အထိမ်းအမှတ် အနေဖြင့် ရေးသားနေမှုများကိုလည်း တွေ့ရသည်။

          စစ်ကောင်စီသည် မိတ္ထိလာ လေတပ်စခန်းမှနေ၍ MI-35၊ MIG-29 ၊ JF-17 စသည့် တိုက်လေယာဉ် အမျိုးအစားများကိုသာ အားထားပြီး ဗုံးကြဲ တိုက်ခိုက်ကာ တိုက်ပွဲ ပြင်းထန်မှုအပေါ် မူတည်ပြီး တိုက်လေယာဉ် ၃ စီးမှနေ ၅ စီးအထိသုံးသည်။

          AA တပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့ ဝိုင်းပတ်ထိုးစစ်ဆင်မှုအပေါ် စစ်ကောင်စီသည် မိတ္ထိလာ လေတပ်စခန်းမှနေ၍ MI-35၊ MIG-29 ၊ JF-17 စသည့် တိုက်လေယာဉ် အမျိုးအစားများကိုသာ အားထားပြီး တိုက်ပွဲ ပြင်းထန်မှုအပေါ် မူတည်ကာ တိုက်လေယာဉ် ၃ စီးမှနေ ၅ စီးအထိ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တလျောက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ULA/AA ၏ ထိပ်ပိုင်း ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

          စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်းသို့ သြဂုတ်လ ၂၈ ရက်နေ့တွင် တကြိမ် လက်နက်ကြီး ကျည်ဆံကျရောက်ခြင်း၊ သြဂုတ်လ ၃၀ နှင့် စက်တင်ဘာလ ၃ ရက်နေ့တို့တွင်လည်း တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးမှ ၃ ကြိမ်တိုင်တိုင် ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ဖော်ပြခဲ့သည်။

          မောင်တောနယ်စပ်က စတင်လာသော တကျော့ပြန်တိုက်ပွဲ

          ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့သည် သုံးနှစ်နီးပါး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းတွင် ယာယီ တိုက်ပွဲများ ရပ်တန့်ထားခဲ့သည်။ ထိုသို့ တိုက်ပွဲသံများ ငြိမ်သက်နေရာမှနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မောင်တော မြို့နယ်အတွင်း တကျော့ပြန်တိုက်ပွဲများ စတင်ကာ ယမ်းငွေ့များ ဖုံးလွမ်းလာခဲ့သည်။

          ပလက်ဝဒေသတွင်းရှိ AA တပ်ဖွဲ့ဝင်တချို့/ဧရာဝတီ

          မောင်တောမြို့နယ် မြောက်ပိုင်း၊ မီးတိုက်ကျေးရွာ၏ အနောက်မြောက် လက်ပန်းတောင်ကြောတွင် AA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်ပြီး ကင်းသမား ၁ ဦးကို လက်ဦးမှု ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ တကျော့ပြန် ရခိုင်တိုက်ပွဲကို စတင်ခဲ့သည်ဟု ဆိုရပေမည်။

          ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲအတွင်းမှ ပြန်ဆုတ်လာသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅) လက်အောက်ခံ ခမရ (၃၅၂) တပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ညနေ ၁၁ နာရီအချိန်တွင် ပက်ဝန်းချောင်း ကျေး ရွာနှင့် ငန်းချောင်းကျေးရွာအကြား AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခမရ ( ၃၅၂ )တပ်ရင်းမှ ဗိုလ်မှူး မြင့်ဆွေဝင်း အပါအဝင် အရာရှိ စစ်သည် ၇ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်မှ ထွက်ပေါ်လာသော အမိန့် ပြန်တမ်း ဖတ်ကြားနေသည့် ရုပ်သံ ဗွီဒီယို မှတ်တမ်းများအရ သိရသည်။

          ပြီးခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ မြဝတီကျေးရွာနှင့်တရိန်းကျေးရွာအကြား နယ်ခြားစောင့် ရဲတပ်ဖွဲ့ကြား AA ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ရဲမှူးအဆင့် အပါအဝင် ၁၄ ဦး လက်ရ ဖမ်းဆီးခံခဲ့ရပြီး လက်နက်ခဲယမ်း မီးကျောက် အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

          သြဂုတ်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်အတွင်းက ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာအကြား AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သလို မောင်တောမြို့နယ်အတွင်းက ကျောက်ပန်းဒူကျေးရွာအနီးနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၀ အနီးတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က တပ်ရင်းမှူး အဆင့် အပါအဝင် အရာရှိ၊ စစ်သည် ၃၇ ဦးအထိ ကျဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများလည်း ဆုံးရှုံးခဲ့သည်။

          စစ်တပ်ဘက်က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းသို့ ဆက်သွယ်ထားသည့် အငူမော် ကားလမ်းနှင့် မောင်တောမြောက်ပိုင်းမြို့နယ်များရှိ လမ်းပန်းဆက်သွယ်ရေးများကို ဖြတ်တောက်ပြီး AA တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။

          တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် စစ်တပ်ဘက်က ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အတွင်းသို့ ဆက်သွယ်ထားသည့် အငူမော် ကားလမ်းနှင့် မောင်တောမြောက်ပိုင်းမြို့နယ်များရှိ လမ်းပန်းဆက်သွယ်ရေးများကို ဖြတ်တောက်ပြီး AA တပ်ဖွဲ့ဝင်များကို ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။

          တိုက်ပွဲများ ဆက်တိုက် ပြင်းထန်မှုနှင့်အတူ နယ်စပ်ကျေးရွာများမှာလည်း မောင်တောမြို့၊ ဘူးသီးတောင်မြို့ပေါ်သို့ ထွက် ပြေးခိုလူံနေရသလို တချို့မှာလည်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအတွင်းရှိ ရခိုင်ကျေးရွာများသို့ ထွက်ပြေး ခိုလူံသွား ကြောင်း သိရသည်။

          လက်ရှိအချိန်တွင် စစ်ကောင်စီသည် ကျောက်တော်အခြေစိုက် စကခ( ၉)၊ ဘူးသီးတောင် အခြေစိုက် စကခ (၁၅)၊ တောင်ကုတ်အခြေစိုက် စကခ(၅) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအပြင် ပြည်မ အခြေစိုက်တပ်မ (၁၁)၊ တပ်မ (၂၂)၊ တပ်မ (၅၅)ကို ရခိုင်သို့ ပို့ဆောင်ကာ AA တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ရန် ကြိုးစားလျက် ရှိသည်။

          စစ်တပ်ထံမှ AA သိမ်းပိုက်ရရှိခဲ့သော ကျည်နှင့် စစ်ပစ္စည်းများ

          စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အနှံ့ စစ်ကားကြီးများ၊ စစ်သင်္ဘောကြီးများအပြင် အရပ်သားများပိုင်ဆိုင်သည့် ကုန်တင်ကားများနှင့် ရေယာဉ်များကို အသုံးပြုကာ လက်နက်ခဲယမ်း အမြောက်အများကို ပို့ဆောင်ကာ စစ်အင်အား ဖြည့်တင်း နေသည့်အတွက် ရခိုင်အနောက်ဘက်ခြမ်းမှ တိုက်ပွဲများသည် ရခိုင်ပြည်နယ်ရှိ အခြားနေရာများအထိပါ ကျယ်ပြန်လာ နိုင်သည့် သဘောရှိသည်။

          ထိုသို့ စစ်အင်အားများ အမြောက်အများ ဖြည့်တင်းနေသည့်အတွက် ကုန်းလမ်း၊ ရေလမ်းအား အသုံးပြု သွားလာနေသည့် ရခိုင်ပြည်သူများအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ULA/AA အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံရေးမှူးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် ကြိုတင် သတင်းပို့ပြီး သွားလာကြရန် ULA/AA က စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ပိုင်းက အရေးပေါ် ကြေငြာချက်တစောင် ထုတ်ပြန်ထားသည်။

          ကုန်းလမ်း၊ ရေလမ်း အသုံးပြုပြီး သွာလာနေသည့် ခရီးသွားလာမှုအပေါ်တွင်လည်း ကန့်သတ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

          မောင်တောနှင့် ပလက်ဝကို AA ထိန်းချုပ်ရန် ကြိုးစားနေသလား

          ပြီးခဲ့သော ၂၀၁၈ ခုနှစ်ဆန်းပိုင်းမှ ၂၀၂၀ ခုနှစ်အထိ ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း မောင်တောမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများ မရှိသလောက်နည်းပါးခဲ့သည်။

          တကျော့ပြန်တိုက်ပွဲတွင် မောင်တောမြို့နယ် အနောက်ခြမ်းနှင့် ပလက်ဝမြို့နယ်အနောက်ဘက်ခြမ်း နယ်စပ်ဒေသတလျောက်တွင် AA တပ်ဖွဲ့ဝင်များက တိုက်ပွဲဖော်ဆောင်လာမှုကလည်း စိတ်ဝင်စားစရာကောင်းနေသည်။

          သို့သော်လည်း တကျော့ပြန်တိုက်ပွဲတွင် မောင်တောမြို့နယ် အနောက်ခြမ်းနှင့် ပလက်ဝမြို့နယ်အနောက်ဘက်ခြမ်း နယ်စပ်ဒေသတလျောက်တွင် AA တပ်ဖွဲ့ဝင်များက တိုက်ပွဲဖော်ဆောင်လာမှုကလည်း စိတ်ဝင်စားစရာကောင်းနေသည်။

          စစ်ရေးအကဲခတ်များက လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဝေလာတောင်၊ မီးတိုက်၊ ခမောင်းဆိပ်စသည့် နေရာများတွင် ယခင်တိုက်ပွဲကာလတုန်းက AA တပ်ဖွဲ့ဝင်များ လှုပ်ရှားတပ်စွဲမှုများကို မတွေ့ရဘဲ တိုက်ပွဲရပ်တန့်ထားသည့် ၂၀၂၁ ခုနှစ်လောက်တွင် တပ်စွဲနေရာယူလာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

          အာဏာသိမ်းစစ်တပ်သည် မောင်တောမြောက်ပိုင်းမှ အဆိုပါ နယ်မြေများတွင် ARSA ဝင်ရောက်လှုပ်ရားမှုနှင့် မူးယစ်ဆေးဝါး သယ်ယူရေး လမ်းကြောင်းများ ဖြစ်သည်ဆိုသည့် အကြောင်း ပြချက်ဖြင့် AA ကို ထွက်ခွာပေးရန် ကြားခံပုဂ္ဂိုလ်များမှတဆင့် တောင်းဆို ညှိနိုင်းမှုများ ရှိခဲ့သော်လည်း ပြေလည်မှု မရှိသည့်အတွက် နှစ်ဘက် စစ်ပြင်ဆင်ကာ တိုက်ပွဲ စတင်ခဲ့ကြခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

          ရခိုင်တကျော့ပြန်တိုက်ပွဲတွင် စိုးမိုးကုန်းများ၌ စစ်ကောင်စီတပ်သည် အခိုင်အမာ အထိုင်စခန်းထိုင်ပြီး ထိုးစစ်ကနေ ခံစစ်ဗျူဟာသို့ ရောက်ရှိသွားပြီး AA အနေဖြင့် ခုခံစစ်နည်းဗျူဟာမှ နယ်မြေ ထိန်းချုပ်သည့် စစ်နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးလာသည်။

          ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံဘက်ခြမ်း နယ်စပ်ဒေသများတွင် ရခိုင် တိုင်းရင်းသားကျေးရွာများ တည်ရှိ နေပြီး ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ် မြန်မာဘက်ခြမ်းမှ စစ်ဘေးရှောင်ရန် ထွက်ပြေးလာသူများကိုလည်း ထိုရခိုင်ကျေးရွာများက ကူညီပံ့ပိုးနေကြသည်။

          “ကျနော်ထင်တယ် စစ်ရေး၊ နိုင်ငံရေး အချက်အခြာကျတဲ့ တြိဂံဒေသလို့ခေါ်တဲ့ သုံးနိုင်ငံနယ်စပ်ဒေသကို AA အတွက် ထိန်းချုပ်နယ်မြေတခုကို ရအောင် တိုက်ခိုက်နေတာ ဖြစ် တယ်” ဟု ရခိုင်စစ်ပွဲကို တစိုက်မတ်မတ်လေ့လာနေသည့် စစ်ရေးအကဲခတ်တဦးက ဧရာဝတီသို့ ပြောသည်။

          ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံဘက်ခြမ်း နယ်စပ်ဒေသများတွင် ရခိုင် တိုင်းရင်းသားကျေးရွာများ တည်ရှိ နေပြီး ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ် မြန်မာဘက်ခြမ်းမှ စစ်ဘေးရှောင်ရန် ထွက်ပြေးလာသူများကိုလည်း ထိုရခိုင်ကျေးရွာများက ကူညီပံ့ပိုးနေကြသည်။

          သို့အတွက် AA သည် ညီနောင်မဟာမိတ်တပ်ဖွဲ့များကဲ့သို့ လွတ်မြောက်ဒေသတခု (သို့မဟုတ်) ထိန်းချုပ်နယ်မြေနယ်တခု ရရှိရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ စသည့် သုံးနိုင်ငံနယ်စပ်ဒေသတခုဖြစ်သော မောင်တော အနောက်ဘက်ခြမ်းနှင့် ကျောက်တော်-ပလက်ဝမြို့နယ်တို့ကို ဆက်သွယ်ထားသော ကုလားတန်မြစ်အနောက်ခြမ်းတို့တခုလုံးကို စစ်ဗျူဟာခင်းကျင်းကာ တိုက်ပွဲဖော်ဆောင်နေခြင်း ဖြစ်နိုင်ပါသည်။

          You may also like these stories:

          ပလက်ဝရှိ တဲမဝ တပ်စခန်းကို AA ဝင်တိုက်

          UWSA ခေါင်းဆောင်အသစ်များနှင့် AA ဒုစစ်ဦးစီးချုပ် ဘာတွေဆွေးနွေးခဲ့သလဲ

          မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော

          စစ်ကောင်စီကို ဖြုတ်ချရန် လူမျိုးစုံ စည်းလုံးရမည်

          Your Thoughts …
          Tags: AAစစ်ကောင်စီတိုက်ပွဲရခိုင်
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          52.1k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          47.9k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          40.2k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          37.1k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.8k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          36.6k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          Next Post
          ရက္ခိုင့်တပ်တော် AA ၏ လက်မောင်းတံဆိပ် / ဧရာဝတီ

          ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

          ကွန်ဂရက်ကို အများအားဖြင့် ဘေဂျင်းမြို့လယ်ရှိ ပြည်သူ့ခန်းမတွင် တံခါးပိတ် ကျင်းပလေ့ရှိသည်  /  AFP

          လာမယ့် ပါတီကွန်ဂရက်မှာ ရှီကျင့်ဖျင်ကို အားလုံးက စောင့်ကြည့်နေ

          No Result
          View All Result

          Recommended

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          6 days ago
          21.7k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          5 days ago
          12.9k

          Most Read

          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

            shares
            Share 0 Tweet 0
          • မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved