တရုတ်နိုင်ငံတွင် အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်ကျင်းပမည့် ရက်စွဲကို ကြေညာလိုက်ချိန်တွင် သမ္မတ ရှီကျင့်ဖျင်သည် သူ၏ အာဏာကို ပိုမိုခိုင်မာစေပြီး တတိယ ရာထူးသက်တမ်းတွင် ထမ်းဆောင်မည်ဟု မျှော်လင့်ရသည်။
ထိုကွန်ဂရက်ကို အများအားဖြင့် ဘေဂျင်းမြို့လယ်ရှိ ပြည်သူ့ခန်းမတွင် တံခါးပိတ် ကျင်းပလေ့ရှိသည်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၎င်း၏ ၂၀ ကြိမ်မြောက် ကွန်ဂရက်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ထိုကွန်ဂရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခင်က တရုတ်သမိုင်းတွင် မရှိဖူးသည့် ပါတီခေါင်းဆောင် တတိယ သက်တမ်းကို ဆက်လက် ထမ်းဆောင်မည်ဟု မျှော်လင့်ရသည်။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၎င်း၏ ၂၀ ကြိမ်မြောက် ကွန်ဂရက်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ထိုကွန်ဂရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခင်က တရုတ်သမိုင်းတွင် မရှိဖူးသည့် ပါတီခေါင်းဆောင် တတိယ သက်တမ်းကို ဆက်လက် ထမ်းဆောင်မည်ဟု မျှော်လင့်ရသည်။
ထိုကွန်ဂရက်သည် ပုံမှန်အားဖြင့် ၁ ပတ်ခန့်ကြာသည်။ လက်ရှိကွန်ဂရက်၏ ၅ နှစ်သက်တမ်း ကုန်ဆုံးသော ယခုနှစ်တွင် ကိုယ်စားလှယ် ၂,၀၀၀ ကျော်တက်ရောက်ပြီး ပါတီဗဟိုကော်မတီအတွက် မျိုးဆက်သစ်များကို ရွေးချယ်မည်ဖြစ်သည်။
ဗဟိုကော်မတီဝင်အချို့ကို အဖွဲ့ဝင် ၂၅ ဦးပါသည့် နိုင်ငံရေးဦးဆောင်အဖွဲ့သို့ တာဝန်တိုးမြှင့် ပေးအပ်မည်ဖြစ်သည်။ ပါတီတွင် အာဏာအမြင့်မားဆုံးရှိသော အဖွဲ့ဝင် ၇ ဦးပါ အမြဲတမ်း နိုင်ငံရေး ဦးဆောင်အဖွဲ့တွင် မျက်နှာသစ်များကို တွေ့ရနိုင်ဖွယ်ရှိသည်။
အဓိက ခေါင်းဆောင်မှု ရွေးချယ်ခြင်း
စီးပွားရေး စွမ်းဆောင်မှု နိမ့်ကျခြင်းနှင့် အမေရိကန် ပြည်ထောင်စုနှင့်တင်းမာမှု မြင့်မားခြင်း အပါအဝင် ပြည်တွင်း ပြည်ပ စိန်ခေါ်မှုအချို့ရှိသော်လည်း ကွန်ဂရက်ကို အောက်တိုဘာလတွင် ကျင်းပရန် ရွေးချယ်ခြင်းမှာ ပါတီတွင်းတွင် သမ္မတ ရှီ၏ သြဇာသည် တည်ငြိမ်နေသည့် သဘောရှိကြောင်း လေ့လာသူများက ပြောသည်။
“ခေါင်းဆောင်မှု အပြောင်းအလဲလုပ်တဲ့ အရင်က ပါတီကွန်ဂရက်တွေကို ထုံးစံအားဖြင့် နိုဝင်ဘာလမှာ လုပ်တယ်။ အဲဒါကိုလည်း အုပ်စုအမျိုးမျိုးကြားမှာ ညှိနှိုင်းဆွေးနွေး လုပ်ဆောင်ရတယ်” ဟု ထိုင်ဝမ်ရှိ ချုံချီ အမျိုးသား တက္ကသိုလ် (NCCU) မှ တရုတ်နိုင်ငံရေး ကျွမ်းကျင်သူ ပါမောက္ခ ရှင်ရှန်းဝမ်က ပြောသည်။
“၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်ကိုတော့ အရင်က ခေါင်းဆောင်မှု အပြောင်းအလဲမရှိတဲ့ ကွန်ဂရက်တွေလိုပဲ အောက်တိုဘာလ လယ်မှာ ကျင်းပတယ်ဆိုတာက သမ္မတ ရှီရဲ့အာဏာ အရမ်းခိုင်မာ နေတယ်ဆိုတာကို ပြသနေတယ်”
“ဒါပေမယ့် ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်ကိုတော့ အရင်က ခေါင်းဆောင်မှု အပြောင်းအလဲမရှိတဲ့ ကွန်ဂရက်တွေလိုပဲ အောက်တိုဘာလ လယ်မှာ ကျင်းပတယ်ဆိုတာက သမ္မတ ရှီရဲ့အာဏာ အရမ်းခိုင်မာ နေတယ်ဆိုတာကို ပြသနေတယ်” ဟုလည်း ၎င်းကပြောသည်။
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ တက္ကသိုလ်မှ တရုတ်နိုင်ငံရေးနှင့် ဥပဒေ ကျွမ်းကျင်သူ ဒေါက်တာ လင်းလီကလည်း ပါတီခေါင်းဆောင်သစ် ရွေးချယ်မှုနှင့်ပတ်သက်ပြီး အားပြိုင်မှုများ ရှိနေသေးပါက ကွန်ဂရက် ကျင်းပမည့် ရက်စွဲကို ကြေညာမည် မဟုတ်ကြောင်း ထောက်ပြသည်။
“ကွန်ဂရက်ကျင်းပမယ့် ရက်စွဲကို ကြေညာလိုက်တာဟာ အဲဒီရွေးချယ်မှုနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အဆုံးအဖြတ်ပေးသူတွေမှာ သဘောတူညီချက်ရထားပြီးပြီလို့ ယူဆနိုင်တယ်” ဟု သူမက DW သို့ ပြောသည်။
သြဂုတ်လ ၃၀ ရက်နေ့က ထုတ်ဝေသည့် ဆောင်းပါးတစောင်တွင် နိုင်ငံပိုင် China Daily သတင်းစာက ယခုကျင်းပမည့် ကွန်ဂရက်သည် လွန်ခဲ့သော ၅ နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ငန်းများ၊ အဓိကအောင်မြင်မှုများနှင့် သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် ပါတီ ဗဟိုကော်မတီ၏ အဖိုးတန်သည့် အတွေ့အကြုံများကို သုံးသပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သမ္မတရာထူးသက်တမ်း ၂ ကြိမ်သာ ကန့်သတ်ထားသော စနစ်ကို သမ္မတ ရှီက ဖျက်သိမ်းထားသည်။
“ထိုကွန်ဂရက်သည် ပြည်တွင်းနှင့် နိုင်ငံတကာအခြေအနေများကို အသေးစိတ် သုံးသပ်ပြီး ပါတီတိုးတက်ရေးနှင့် ခေတ်သစ်တွင် နိုင်ငံ၏ ခရီးလမ်းသစ်အတွက် လိုအပ်ချက်သစ်များကို သာမက ပြည်သူများ၏ မျှော်မှန်းချက်သစ်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်မည်ဖြစ်သည်” ဟု ထိုဆောင်းပါးတွင် ဖော်ပြထားသည်။
သမ္မတ ရှီ၏ အာဏာချုပ်ကိုင်မှု ခိုင်မာစေခြင်း
ကွန်ဂရက်တွင် သမ္မတ ရှီသည် သူ့ကိုဆက်ခံရန် အလားအလာရှိသူအပါအဝင် ထိပ်တန်းရာထူးများတွင် သူ့ကိုသစ္စာခံသူများကို အစားထိုးမည်၊ မထိုးမည်ကို အထူးအာရုံစိုက်နေကြသည်။
သမ္မတ ရှီ မတိုင်မီက ပါတီခေါင်းဆောင် ၂ ဦးတို့သည် ရာထူးသက်တမ်း ၂ ကြိမ် ထမ်းဆောင်ပြီးနောက် နုတ်ထွက်ကြသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာကတည်းက ရှီက တရုတ်နိုင်ငံရေး အခင်းအကျင်းကို သိသိသာသာ ပြောင်းလဲလိုက်တယ်” ဟု အမေရိကန် ပြည်ထောင်စု အခြေစိုက် တရုတ်လူ့အခွင့်အရေးရှေ့နေ မစ္စတာ ထုံပြောင်က ပြောသည်။
“အာဏာချုပ်ကိုင်ရေး လှုပ်ရှားမှုအရဆိုရင် သမ္မတ ရှီက တော်တော်အောင်မြင်တယ်။ သူ့လူတွေကို ခန့်ပြီး နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လုပ်ခဲ့တယ်” ဟု မစ္စတာ ထုံက DW သို့ ပြောသည်။
၂၀၁၈ ခုနှစ်တွင် သမ္မတရာထူးသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပြီးနောက် သမ္မတ ရှီသည် တရုတ် ကွန်မြူနစ်ပါတီကို စုပေါင်းအာဏာရှင်စနစ်မှ လူပုဂ္ဂိုလ်အာဏာရှင်စနစ်သို့ ပြောင်းလဲလိုက်သည်။
၂၀၁၈ ခုနှစ်တွင် သမ္မတရာထူးသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပြီးနောက် သမ္မတ ရှီသည် တရုတ် ကွန်မြူနစ်ပါတီကို စုပေါင်းအာဏာရှင်စနစ်မှ လူပုဂ္ဂိုလ်အာဏာရှင်စနစ်သို့ ပြောင်းလဲလိုက်ကြောင်း သူက ထောက်ပြသည်။
နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် အများအပြားသည် အသက်ကန့်သတ်ချက်ကြောင့် ၂၀ ကြိမ်မြောက် ကွန်ဂရက်တွင် နုတ်ထွက်ကြမည်ဟု မျှော်လင့်ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း စည်းမျဉ်းအရ အသက် ၆၈ နှစ်နှင့်အထက် ခေါင်းဆောင်များသည် နောက်တကြိမ် ကွန်ဂရက်ကျင်းပသောအခါ နုတ်ထွက်ရန် လိုအပ်ပြီး အသက် ၆၇ နှစ်အောက် ခေါင်းဆောင်များသည် ရာထူးတက် သို့မဟုတ် လက်ရှိထိပ်တန်းရာထူးတွင် ဆက်လက် ရပ်တည်နိုင်သည်။
တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်မှု ဖွဲ့စည်းပုံသည် ထိုအသက်အရွယ် ကန့်သတ်ချက်ကို မည်မျှပြောင်းလဲလိုသည်၊ မည်မျှပြောင်းလဲနိုင်သည်ဆိုသည့် အတိုင်းအတာအပေါ် မူတည်ကြောင်း ဗီယင်နာတက္ကသိုလ်မှ ဒေါက်တာ လင်းလီက ဆောင်းပါးတပုဒ်တွင် မကြာသေးမီက ရေးသားသည်။
သူမ၏အဆိုအရ သမ္မတ ရှီသည် လက်ရှိ အသက်ကန့်သတ်ချက်ကို ဆက်လက်ထားရှိပါက နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင် ၂ ဦးသည် ယခုဆောင်းရာသီတွင် အနားယူရမည်ဖြစ်ပြီး ကျန်အဖွဲ့ဝင်များသည် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သည်။
“အသက်ကန့်သတ်ချက်ကို ဆက်ထားမယ်၊ မထားဘူး၊ ပြင်မယ် ဆိုတာတွေကို ထည့်မတွက်ရင်တောင် ၂၀၂၇ ခုနှစ်မှာ ခေါင်းဆောင်မှုအပြောင်းအလဲ အလှည့်ကျဖြစ်စေဖို့ အမြဲတမ်း နိုင်ငံရေး ဦးဆောင်အဖွဲ့မှာ ပိုမိုငယ်ရွယ်တဲ့ အဖွဲ့ဝင် ၂ ယောက်လိုတယ်” ဟု သူမကရေးသားသည်။
မည်သူ ဝန်ကြီးချုပ်ဖြစ်မည်နည်း
ချုံချီ အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ ဝမ်က အရေးကြီးသော မေးခွန်းတခုမှာ မည်သူ ဝန်ကြီးချုပ်သစ် ဖြစ်လာမည်နည်းဆိုသည့် မေးခွန်းဖြစ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံတွင် စီးပွားရေး စွမ်းဆောင်မှုကျဆင်းပြီး လူငယ် အလုပ်လက်မဲ့နှုန်း မြင့်မားလာသောကြောင့် မစ္စတာ လီသည် စီးပွားရေးနှင့်လူမှု ပြဿနာများကို ဖြေရှင်းရန် အားထုတ်မှုများကို ဦးဆောင်ရာတွင် ပိုမိုတက်ကြွလာပြီး သူသည် သမ္မတ ရှီ၏ အာဏာကို စိန်ခေါ်သူဖြစ်လာမည်လား
လက်ရှိဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်သည် ၁ နှစ်အတွင်း ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာထားသည်။ သို့သော် မကြာသေးမီလများအတွင်း တရုတ်နိုင်ငံတွင် စီးပွားရေး စွမ်းဆောင်မှုကျဆင်းပြီး လူငယ် အလုပ်လက်မဲ့နှုန်း မြင့်မားလာသောကြောင့် မစ္စတာ လီသည် စီးပွားရေးနှင့်လူမှု ပြဿနာများကို ဖြေရှင်းရန် အားထုတ်မှုများကို ဦးဆောင်ရာတွင် ပိုမိုတက်ကြွလာပြီး သူသည် သမ္မတ ရှီ၏ အာဏာကို စိန်ခေါ်သူဖြစ်လာမည်လားဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်လာသည်။
“အဲဒီခန့်မှန်းချက်က တရုတ်နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ မကိုက်ညီဘူး” ဟု ပါမောက္ခ ဝမ်က DW သို့ ပြောသည်။
“စီးပွားရေး ပြဿနာတွေ၊ ကပ်ရောဂါ ကာကွယ်ရေး၊ စိုက်ပျိုးရေးပြဿနာတွေနဲ့ မိုးခေါင်ရေရှားမှု၊ ဒါတွေအားလုံးကို တရုတ်နိုင်ငံတော်ကောင်စီက ဆုံးဖြတ်ကိုင်တွယ်ရတယ်။ ဒါကြောင့် မစ္စတာ လီက အများပြည်သူရှေ့ ထွက်လုပ်ရတာက ပုံမှန်ပဲဖြစ်တယ်။ မစ္စတာ လီက ဒီတာဝန်တွေကို ယူဖို့ စိတ်အားထက်သန်ပြီး လူမှုစီးပွားပြဿနာတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်မှု ပြချင်တယ်လို့ပဲ ထင်တယ်” ဟု သူက ပြောသည်။
လက်ရှိ ဒုတိယဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဟူချွမ်ဟွာသည် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမည့်သူဖြစ်သည်ဟု ကျွမ်းကျင်သူအချို့က ထောက်ပြသည်။
“ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ စံနှုန်းသတ်မှတ်ချက်က ရှီက သဘောကျ၊ မကျဆိုတဲ့အချက်နဲ့ နိုင်ငံရေးသစ္စာခံမှုက အဓိက ဖြစ်မယ်” ဟု NCCU မှ ပါမောက္ခ ဝမ်က ပြောသည်။
“အဲဒီအမြင်အရပြောရင် ဝမ်ယန်က ဟူချွမ်ဟွာထက် ပိုမိုသင့်တော်နေတယ်။ သူက လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရှီ နဲ့တွဲပြီး ကောင်းကောင်းလုပ်ပြခဲ့တယ်။ ထိုင်ဝမ်၊ ရှင်ကျန်း၊ တိဘက်နဲ့ တပ်ပေါင်းစုဌာနမှာ ကောင်းကောင်း လုပ်ဆောင်ပြခဲ့တယ်” ဟု သူကပြောသည်
ကြီးထွားလာသော ပြည်တွင်း ပြဿနာများ
မကြာသေးမီလများအတွင်း တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းကို ကြုံတွေ့နေရပြီး ၂၀၂၂ ပထမနှစ်ဝက်အတွက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) တိုးတက်နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး နှစ်စဉ် ရည်မှန်းချက်ဖြစ်သည့် ၅ ဒသမ ၅ ရာခိုင်နှုန်းအောက် ရောက်နေသည်။
တရုတ်နိုင်ငံမှ အကြီးမားဆုံး စီပွားရေး အချက်အခြာဖြစ်သည့် ရှန်ဟိုင်းတွင် ယခုနှစ်အစောပိုင်းက တင်းကျပ်သော လော့ဒေါင်း ပိတ်ဆို့မှုများ လအတန်ကြာ ချမှတ်ရပြီးနောက် ထိုသို့ဖြစ်လာခြင်း ဖြစ်သည်။ ထို့အပြင် ဇူလိုင်လတွင် လူငယ် အလုပ်လက်မဲ့နှုန်းသည် ၁၉ ဒသမ ၉ ရာခိုင်နှုန်းဖြစ်လာပြီး ၂၀၁၈ ခုနှစ်တွင် တရုတ်အာဏာပိုင်များက အလုပ်အကိုင်နှင့် ပတ်သက်သည့် စာရင်းများကိုစတင် ထုတ်ပြန်ပြီးနောက်ပိုင်း အမြင့်မားဆုံး ဖြစ်နေသည်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီသည် လွန်ခဲ့သောလက ထိုင်ဝမ်သို့ သွားရောက်ပြီးနောက်ပိုင်း တရုတ်က ထိုင်ဝမ် ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှု အများအပြား လုပ်သောကြောင့် တရုတ်-အမေရိကန် တင်းမာမှု မြင့်မားနေသည်။
နိုင်ငံတကာရေးရာတွင်လည်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီသည် လွန်ခဲ့သောလက ထိုင်ဝမ်သို့ သွားရောက်ပြီးနောက်ပိုင်း တရုတ်က ထိုင်ဝမ် ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှု အများအပြား လုပ်သောကြောင့် တရုတ်-အမေရိကန် တင်းမာမှု မြင့်မားနေသည်။
ထို ပြည်တွင်းပြည်ပ ပြဿနာများသည် ရှီ သမ္မတရာထူး တတိယ ၅ နှစ်သက်တမ်းရယူရန် ကြိုးစားမှုအတွက် စိန်ခေါ်မှုများ မဟုတ်သော်လည်း သူ၏ အဓိကမူဝါဒ အစီအစဉ်များအတွက် တန်ဖိုးပေးဆပ်ရခြင်းသည် ဆက်လက် မြင့်မားနေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူ အချို့က ပြောသည်။
“ရှီရဲ့ တရုတ်အိပ်မက်အတွက် ပေးဆပ်ရတဲ့တန်ဖိုးက မြင့်မားနေပေမယ့် အာဏာကို ပိုမိုစုစည်း ချုပ်ကိုင်လာတာနဲ့ အမြဲတမ်းနိုင်ငံရေး ဦးဆောင်အဖွဲ့မှာ ရှီရဲ့မဟာမိတ်တွေ ရှိနေတာကြောင့် ၂၀ ကြိမ်မြောက် ကွန်ဂရက်မှာ သူရဲ့မူဝါဒ အစီအစဉ်တွေကို အနည်းငယ် လျှော့ချတာထက်ပိုပြီး လုပ်ဖို့ ဆန္ဒရှိမယ်လို့ မထင်ဘူး” ဟု အောက်စဖို့ဒ် တက္ကသိုလ်မှ တရုတ်နိုင်ငံရေး တွဲဖက်ပါမောက္ခ ပက်ထရစ်ရှာ သွန်တန်က ပြောသည်။
“၂၀ ကြိမ်မြောက် ကွန်ဂရက်မတိုင်ခင်နဲ့ အတွင်းမှာ ရှီကို စိန်ခေါ်မယ့် ဘယ်သူမှ ဘယ်ကိစ္စမှ ရှိလာမှာ မဟုတ်ဘူး။ ထိပ်တန်းရာထူးတွေကို တက်လာမယ့် သူတွေကလည်း ရှီကို ထောက်ခံသူတွေသာ ဖြစ်မယ်။ ဒါကြောင့် မမြင်နိုင်တဲ့ အကျပ်အတည်းကို တားဆီးပေးမယ်” ဟုလည်း သူကပြောသည်။
(DW မှ China: All eyes on Xi Jinping at Party Congress ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ယူကရိန်းစစ်ပွဲအပေါ် တရုတ် “စိုးရိမ်မှု” ရုရှားနားလည်ဟု ပူတင် ပြော
ပေလိုစီ၏ ထိုင်ဝမ်ခရီးက သမ္မတ ရှီ အာဏာတည်မြဲရေး နောက်ဆုံးစာမေးပွဲဖြစ်နေ
ယူကရိန်းစစ်ပွဲကြောင့် တရုတ် စဉ်းစားပုံပြောင်းသွားနိုင်ဟု CIA ညွှန်မှူးပြော
ထိုင်ဝမ်သို့ ပေလိုစီ ရောက်အပြီး တရုတ်က ကြီးမားသော စစ်ရေးလေ့ကျင့်မှုများဖြင့် ခြိမ်းခြောက်