“တပ်မတော်မှ သင့်အား အလိုရှိသည်”
ထိုဆိုင်းဘုတ်ဟာ မြန်မာနိုင်ငံတလွှားက နေရာအနှံ့အပြားမှာ ပြည်သူတွေ မကြာခဏ မြင်တွေ့ခဲ့ရဖူးပါတယ်။
“တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို တို့အသွေးအသားမို့ အစဉ်မမေ့အပ်ပေပြီ”လို အစ ရှိတဲ့ ဝါဒဖြန့်သီချင်းတွေကို နေ့စဉ်ဆိုသလို ရုပ်မြင်သံကြား၊ ရေဒီယိုစတဲ့ နေရာတွေကနေ လွှင့်ထုတ်နေခဲ့တာလည်း နှစ် ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
စစ်တပ်ဟာ သူတို့ရဲ့ တပ်သား စုဆောင်းရေးအတွက် ဝါဒဖြန့် ယန္တရားတွေနဲ့ မလုံလောက်တော့လို့ ငွေကြေးသုံးစွဲ ဝယ်ယူနေခဲ့ရတာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စစ်တပ်ဟာ သူတို့ရဲ့ တပ်သား စုဆောင်းရေးအတွက် ဒီဝါဒဖြန့် ယန္တရားတွေနဲ့ မလုံလောက်တော့လို့ ငွေကြေးသုံးစွဲ ဝယ်ယူနေခဲ့ရတာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ဒီလိုတပ်သားသစ် စုဆောင်းရေးအတွက် ငွေကြေးသုံးစွဲနေရတာဟာ အခုအာဏာသိမ်းမှု ဖြစ်စဉ်တွေ မစတင်ခင်ကတည်း ကပါပဲ။
ပထမ လေးလပတ် ဇန်နဝါရီကနေ ဧပြီအထိ ဆိုရင် ပထမလ ဇန်နဝါရီမှာ တပ်သားသစ် ၁ ယောက်နှုန်း က ၅ သိန်း လောက်ကနေ ဖေဖော်ဝါရီဆို ၇ သိန်း၊ မတ်လဆို ၁၀ သိန်းဖြစ်ပြီး ဧပြီလမှာ လုံးဝ တပ်သားသစ် မရခဲ့ရင် ၁၅ သိန်း လောက်အထိ ဖြစ်သွားတယ်လို့ စစ်တပ် CDM တွေက ဆိုပါတယ်။
ဒါဟာ စစ်တပ်ရဲ့ တပ်သားသစ် စုဆောင်းဖို့ ကုန်ကျစရိတ်သုံးစွဲပုံပါ။
CDM ဗိုလ်ကြီး လင်းထက်အောင်က“အခုအဲဒီထက်ကို နှစ်ဆ လောက်တက်သွားတယ်။ သိန်း၂၀ နဲ့ ၃၀ ကြားလောက် ပေးရတယ်လို့ ကြားတယ်။ သိန်း ၃၀ လောက်ပေးတာ တာင် တပ်သားသစ်တယောက်ကို တပ် ၃ တပ်လောက်က ဝိုင်းလု နေရတဲ့ အနေထား ဖြစ်သွားပြီဗျ”လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်လာပြီး နောက်ပိုင်းမှာတော့ စစ်တပ်ထဲကို ဝင်သူမရှိသလောက်ကို ဖြစ်နေခဲ့ပါပြီ။
အာဏာမသိမ်းခင်ကတော့ စစ်တပ်ဟာ ငွေကြေးအသုံးပြုပြီး တပ်သားသစ် စုဆောင်းတာတွေ၊ ဝါဒဖြန့်နည်းလမ်း အမျိုးမျိုးနဲ့ စစ်သားစုဆောင်းတာ၊ တပ်ရင်းမှူးတွေ၊ တပ်အရာရှိပိုင်းတွေကို ဖိအားပေးတာတွေ၊ ရာထူးတိုးမက်လုံးပေးပြီး တပ်သားစုဆောင်းခဲ့တာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အလုပ်အကိုင်ရှားပါးတဲ့ အညာဒေသနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေကို ငွေကြေးအပါအဝင် နည်းလမ်း အမျိုးမျိုးနဲ့ စွဲဆောင်ခဲ့တာကြောင့် အဲဒီဒေသတွေဟာ မြန်မာ့စစ်တပ်အတွက် တပ်သားသစ်တွေကို အများဆုံး ရရှိတဲ့ ဒေသတွေ ဖြစ်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့လူသားရင်းမြစ် အဓိက ရရှိတဲ့ အညာဒေသကို စစ်ကောင်စီ တပ်တွေက မီးဝင်ရှို့တဲ့အခါ ရိုးရိုးစစ်သား စုဆောင်းဖို့ မပြောနဲ့ စစ်ဗိုလ်ဖြစ်မယ့် ဗိုလ်သင်တန်းတောင် တက်မယ့်သူ မရှိ တော့ဘဲ အညာသားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထဲကို ဝင်ဖို့ ပိုပြီး စိတ်အားထက်သန် နေကြပါတယ်။
ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့လူသားရင်းမြစ် အဓိက ရရှိတဲ့ အညာဒေသကို စစ်ကောင်စီ တပ်တွေက မီးဝင်ရှို့တဲ့အခါ ရိုးရိုးစစ်သား စုဆောင်းဖို့ မပြောနဲ့ စစ်ဗိုလ်ဖြစ်မယ့် ဗိုလ်သင်တန်းတောင် တက်မယ့်သူ မရှိ တော့ဘဲ အညာသားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)ထဲကို ဝင်ဖို့ ပိုပြီး စိတ်အားထက်သန် နေကြပါတယ်။
ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင်ဦးကတော့ “လေလွင့်နေတဲ့ ကလေးတွေကိုဆိုရင် လာ မင်းတို့ စစ်ထဲလိုက်ရင်တော့ ဘာတွေရမယ်ဆိုပြီး စည်းရုံးပြီးတော့ ခေါ်တာပေါ့။ တဆင့်ခံနဲ့ ခေါ်ပေးတဲ့ လူအတွက်က ၅ သောင်းရမယ်။ ၁ သိန်း ရမယ်ပေါ့”လို့ ဆိုပါတယ်။
ဒါတင်မကသေးဘဲ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတွေကို ဗိုလ်ဖြစ်အောင်လုပ်ပေးမယ်လို့ လိုက်လံ စုဆောင်းတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ တပ်သားသစ်တွေကို ကြည်းတပ်၊ ခြေလျင်နဲ့ ခြေမြန်တပ်ရင်းတွေအတွက်သာမက ရေတပ်၊ လေတပ်၊ အမြောက်တပ်၊ သံချပ်ကာယန္တရားတပ်၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ စစ်အင်ဂျင်နီယာတပ်၊ ထောက်ပံ့ပို့ဆောင်ရေး တပ်စတဲ့ တပ်ဖွဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ခေါ်ယူခဲ့ပါတယ်။
တပ်သားသစ်ခေါ်ယူရာမှာ မြန်မာနိုင်ငံသား ဖြစ်ရမယ်၊ ပြစ်မှုကင်းရှင်း ရမယ်၊ အခြေခံပညာ ဆဋ္ဌမတန်းအောင်မြင်ပြီး အ သက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း ဖြစ်ရမယ်၊ ကျန်းမာရေးအဆင့် ပြည့်မီရမယ်၊ အရပ် ၅ ပေ ၂ လက်မအထက်၊ ကိုယ်အလေးချိန် ၁၀၅ ပေါင်အထက် ရှိရမယ်၊ စစ်မှုထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒရှိသူဖြစ်ရမယ် စသဖြင့် သတ်မှတ်ချက်တွေ ပြဌာန်းထားပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးသူ တက္ကသိုလ်/ကောလိပ်တခုခုကနေ ဘွဲ့တခုခုရရှိပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကိုတော့ အသက် ၃၀ အထိ ကန့်သတ်ချက်ကို လျော့ပေါ့ပေးထားပါတယ်။
ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ စစ်တပ်ဟာ တပ်သားသစ်စုဆောင်းရာမှာ အဲဒီကန့်သတ်ချက်တွေအစား အလုပ်လက်မဲ့တွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ ဆိုးသွမ်းသူတွေ၊ မူးယစ်ဆေးစွဲနေသူတွေကို ပစ်မှတ်ထား စုဆောင်းကြရတာလို့ တပ်မတော်သားဟောင်းတွေက ဆိုပါတယ်။
အရာရှိတွေအတွက် ရာထူးတိုးမက်လုံးဟာ တပ်သားစုဆောင်းရေးအတွက် အရေးပါတဲ့ ဗျူဟာတခုလို့ ဆိုကြပါတယ်။
CDM ဗိုလ်ကြီး လင်းထက်အောင်က“တပ်ရင်းမှူးက နောက်တန်းမှာ ရှိနေတဲ့အချိန် တပ်သားသစ် စုဆောင်းရေး ဆိုပြီး တလကို တယောက်သွင်းပေးရတယ်။ အဲဒါတွေကို ရာထူးတိုးချင်တဲ့ လူတွေကို တာဝန်ပေးတယ်”လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ တပ်သားသစ်စုဆောင်းရေးဟာ ပိုလို့ ခက်ခဲလာပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ကြည်း၊ ရေ ၊ လေ တပ်တိုင်းမှာ ဗိုလ်လောင်း ခေါ်ယူမှု၊ တပ်သားသစ် ခေါ်ယူမှုနဲ့ အမျိုးသမီး စစ်သည်ခေါ်ယူမှုတွေကို စစ်ကောင်စီဝါဒဖြန့် သတင်းစာနဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ အများအပြား ကြေညာထားတာ တွေ့ရပါတယ်။
ဗိုလ်လောင်းခေါ်ယူရာမှာလည်း နောက်ဆုံးဖောင်ပိတ်ရက်ကို ၁ ကြိမ်ထက်မနည်း ရက်ထပ်တိုးပြီး ခေါ်ယူနေတာကို တွေ့ ရပါတယ်။
စစ်တပ်ကို ဝင်ရောက်သူ နည်းပါးလာတာကြောင့် စစ်သားစုဆောင်းရေးတပ် ၄ ခုဟာ မြို့တွေမှာ အထိုင်ချထားရုံမကဘဲ နယ်လှည့်စုဆောင်းရေးတပ်ဖွဲ့တွေပါ ထားရှိထားတာကို တပ်မတော် စစ်သားစုဆောင်းရေးနာမည်နဲ့ ဝက်ဘ်ဆိုက်တခုမှာ တွေ့မြင်ရပါတယ်။
ယခင်ကတည်းလည်း စစ်တပ်ကို ဝင်ရောက်သူ နည်းပါးလာတာကြောင့် စစ်သားစုဆောင်းရေးတပ် ၄ ခုဟာ မြို့တွေမှာ အထိုင်ချထားရုံမကဘဲ နယ်လှည့်စုဆောင်းရေးတပ်ဖွဲ့တွေပါ ထားရှိထားတာကို တပ်မတော် စစ်သားစုဆောင်းရေးနာမည်နဲ့ ဝက်ဘ်ဆိုက်တခုမှာ တွေ့မြင်ရပါတယ်။
ဒါပေမယ့်လည်း တပ်သားသစ်တွေ မရရှိတာကြောင့် တပ်သားသစ် ရရှိဖို့ ငွေပိုပြီး သုံးစွဲလာရတယ်လို့လည်း စစ်တပ်နဲ့ နီး စပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
“သိန်း ၃၀ လောက်လို့ပြောတယ်။ တကယ်တန်း ၁၀ သိန်းနဲ့အထက်ကို ပေါက်ကြတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ ပိုပြီးတော့ များလောက်တယ်”လို့ တပ်မိသားစုဝင်တဦးက ဆိုပါတယ်။
အကြွေးများတဲ့သူတွေကို လိုက်ရှာပြီးတောင် တပ်သားသစ်အနေနဲ့ စုဆောင်းတယ်လို့ ဗိုလ်ကြီး လင်းထက်အောင်ကလည်း ဆိုပါတယ်။
“တပ်သားသစ်က ဈေးကွက်တခုလို ဖြစ်နေတာပေါ့။ မရရအောင် ခေါ်ဖို့အတွက် အကြွေးများတဲ့ လူတွေကို လိုက်ရှာတယ်။ အကြွေးဆပ်ပေးတယ်၊ ငွေပေးတယ်ပေါ့”လို့ သူက ဆိုပါတယ်။
AA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ စတင်ဖြစ်လာခဲ့တာတွေရယ်၊ ရခိုင်လူငယ်တွေဟာ စစ်တပ်ဝင်ဖို့ထက် ပြည်ပထွက်အလုပ်လုပ်ဖို့ အားသန်လာတာတွေရယ်ကြောင့် တပ်က ရခိုင်ဒေသကို ပစ်မှတ်ထား တပ်သားသစ်ရှာဖွေဖို့ဟာလည်း အခက်အခဲတွေ့လာနေပါတယ်။
ရခိုင်နဲ့ ရိုဟင်ဂျာတွေကြားမှာ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း ရခိုင်လူငယ် အများအပြားဟာ စစ်တပ်ထဲကို အလုံးအရင်းနဲ့ကို ဝင်ရောက်ခဲ့ကြတဲ့အတွက် တပ်ထဲမှာ လူအင်အားတော်တော်လေး တိုးတက်သွားခဲ့ဖူးပါတယ်။
ဒါပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်း AA ပေါ်ပေါ်တင်တင် ရပ်တည်လာတဲ့နောက်မှာတော့ ရခိုင်လူငယ်တွေဟာ AA ထဲဝင်ဖို့ ပိုစိတ်အား ထက်သန်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်လိုပဲ အညာဒေသဟာလည်း မိုးခေါင်ရေရှားဒေသ ဖြစ်ပြီး အလုပ်အကိုင်ရှားတာကြောင့် တပ်သားသစ်စုဆောင်းရေး ပစ်မှတ်ထားခံရတဲ့ ဒေသ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အညာဒေသဟာ စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ဆန့်ကျင်တဲ့ ဒေသ ဖြစ်လာသလို စစ်အာဏာရှင်ရဲ့ နေ့စဉ် ဖိနှိပ်အကြမ်းဖက်ခံရမှုကို အခံရဆုံး ဒေသဖြစ်လာပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အညာဒေသဟာ စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ဆန့်ကျင်တဲ့ ဒေသ ဖြစ်လာသလို စစ်အာဏာရှင်ရဲ့ နေ့စဉ် ဖိနှိပ်အကြမ်းဖက်ခံရမှုကို အခံရဆုံး ဒေသဖြစ်လာပါတယ်။
ဒါကြောင့် အညာဒေသကနေ တပ်သားသစ် စုဆောင်းဖို့ဆိုတာ စစ်ကောင်စီအတွက် လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရှိပါတယ်။
ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ တဦးက “လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ခံထားရလို့ အစွန်းရောက်နေတဲ့ လူတွေကိုပဲ သူခိုးလက်မှတ် ထုတ်ပေးလို့ ရတဲ့ ပုံစံမျိုး စစ်ထဲခေါ်လို့ ရမယ်။ ကျန်တဲ့လူကတော့ စုဆောင်းလို့ မရနိုင်ဘူး”လို့ ဆိုပါတယ်။
ကမ္ဘာပေါ်ရှိ စစ်တပ်တွေကို သုံးသပ်စိစစ်တဲ့ Global Firepower ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင် မှတ်တမ်းဟောင်း တွေအရ စစ်တပ်မှာ စစ်သည်ဦးရေ စုစုပေါင်း ၅၁၅,၀၀၀ ရှိရာမှာ တိုက်ပွဲဝင်နိုင်သူ ၄၀၃,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီ အင်အားဟာ ၂၀၂၁ ခုနှစ်အစောပိုင်းက ၃ သိန်းနဲ့ ၃ သိန်းခွဲကြားမှာပဲ ရှိတယ်လို့ လေ့လာသူ တွေက ယူဆထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်အား ၂ သိန်းရှိပြီး ၁ သိန်းက စစ်မြေပြင် စစ်သားတွေ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ပြည်သူ့ခုခံစစ်ကြေညာပြီးနောက် တနှစ်အတွင်း စစ်သား ၂၀,၁၅၀ ဦး သေဆုံးပြီး နောက်ထပ် ၇,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ ဆိုထားပါတယ်။
တိုက်ပွဲကျခြင်းကြောင့်သာမက ရောဂါကြောင့် ထွက်ရခြင်း၊ သေဆုံးခြင်း၊ တပ်ပြေးဖြစ်ခြင်း၊ ပြစ်မှုကြောင်းအရ ထောင်ကျ ခြင်းတို့အပြင် CDM ပြုလုပ်တဲ့ အရေအတွက်ကလည်း တိုးလာနေတာကြောင့် ပြုန်းတီးအင်အားမှာ ပို၍သာ များပြားလာတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်မှာ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ ကော်ဘရာ စစ်ကြောင်းက ပြန်ကြားရေး တာဝန်ခံ ကိုမျိုးသူရကိုကိုက တပ်ကို စွန့်ခွါသူတွေ ရည်ရွယ်ပြီး “(သူတို့က) အာဏာရှင်ကို တော်လှန်ချင်တာ မဟုတ်ဘူး။ သူတို့ခေါင်းဆောင်ကို မကြိုက်လို့ စစ်ပန်းလို့ ထွက်တာတွေ ရှိတယ်။ တော်လှန် ရေးကို ထောက်ခံလို့ ထွက်တာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ တပ်တွင်းမှာ စည်းလုံးမှုပြိုကွဲနေတာတော့ ကျိန်းသေပေါက် ပြောနိုင်တယ်။ အဓိကက သူတို့တပ်ပန်းနေပြီး စိတ်ဓာတ်ကျပြီး ပြိုကွဲနေတာ”လို့ ပြောပါတယ်။
တဖက်မှာလည်း မြန်မာပြည်အနှံ စစ်မျက်နှာတွေ ဖွင့်ထားရတာကြောင့် ကျဆုံးတဲ့ အရေအတွက်ဟာ မြင့်သထက်မြင့် တက်လာနေပါတယ်။
ဒါကြောင့်လည်း ပြုန်းတီးလာတဲ့ စစ်အင်အားကို အပူတပြင်း ဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် အရင်ထက်ပိုပြီး ခက်ခဲလာနေတာပဲ ဖြစ်ပါတယ်။
စစ်သားတွေ ရှေ့တန်းထွက်ပါက နောက်တန်းမှာ ကျန်ခဲ့တဲ့ အမျိုးသမီးနဲ့ တပ်မိသားစုဝင်တွေကို စစ်တပ်ရဲ့ အရံအင်အား အဖြစ် စစ်ပညာ သင်ကြားပေးပြီး တပ်ရင်းတပ်ဖွဲ့တွေရဲ့ လုံခြုံရေးယူခိုင်း ရုံသာမက စစ်မှုထမ်းခိုင်းတဲ့ ပုံစံတွေပါ ရှိလာပါတယ်။
စစ်သားတွေ ရှေ့တန်းထွက်ပါက နောက်တန်းမှာ ကျန်ခဲ့တဲ့ အမျိုးသမီးနဲ့ တပ်မိသားစုဝင်တွေကို စစ်တပ်ရဲ့ အရံအင်အား အဖြစ် စစ်ပညာ သင်ကြားပေးပြီး တပ်ရင်းတပ်ဖွဲ့တွေရဲ့ လုံခြုံရေးယူခိုင်း ရုံသာမက စစ်မှုထမ်းခိုင်းတဲ့ ပုံစံတွေပါ ရှိလာတယ်လို့ ဆိုပါတယ်။
စစ်တပ်ကနေ ထွက်ပြေးကြတဲ့ အကြောင်းရင်းတွေထဲမှာ မိသားစုကို စစ်မှုထမ်းခိုင်းခြင်းနဲ့ စားနပ်ရိက္ခာ လုံလောက်အောင် မပေးတာကလည်း အဓိကအကြောင်းတရားတွေ ဖြစ်လာပါတယ်။
“မိသားစုနဲ့ ၃ နှစ် ကောင်းကောင်း မတွေ့ရကြတော့ စိတ်ပျက်လာတယ်။ ငတ်တာပြတ်တာကလည်း များတယ်။ သောက် ရေတောင်မှ ဗွက်အိုင်ထဲကရေ ဝါးဆစ်ဗူးထဲကရေ သောက်ရတာ အငတ်ပြတ်က တအားများလာတော့ မနေချင်တော့ဘူး”လို့ CDM စစ်သား ကိုဟိန်းစိုးက ဆိုပါတယ်။
အကြောင်းအမျိုးမျိုးနဲ့ အင်အားတွေ ယုတ်လျော့လာတာကို အစားထိုးဖို့ အမျိုးသမီး စစ်သည်တွေကိုလည်း ခေါ်ယူခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက အမျိုးသမီး စစ်သည်တွေကို ခေါ်ယူနေတဲ့ ကြော်ငြာတွေကို စစ်အုပ်စုအာဘော် မီဒီယာတွေမှာ အကြိမ်ကြိမ်တွေ့မြင်ရပါတယ်။
အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အိမ်ထောင်မရှိသူ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပြီး သင်တန်း ၄ လ ပေးကာ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေမှာ တပ်သားအဖြစ် စစ်မြေပြင် အထောက်အကူပြုတာဝန်တွေ ပေးအပ်မယ်လို့ ဆိုပါတယ်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းတော့ ဘယ်တပ် ဘယ်နေရာမှာ တာဝန်ထမ်းဆောင်ရမယ်လို့ မရေးဘဲနဲ့ Facebook Group တွေမှာ အကောင့်တုတွေနဲ့ စိုက်ပျိုးရေးလိုလို အင်ဂျင်နီယာလိုလို သင်တန်းပြီးရင် လစာ ၂ သိန်းရမယ်တို့ပေါ့”လို့ တပ် မိသားစုဝင်တဦးက ဆိုပါတယ်။
နောက်ထပ် တပ်သားသစ် ရစရာ နည်းလမ်းကတော့ သူတို့ကို ထောက်ခံတဲ့ မိသားစု အသိုင်းအဝိုင်းတွေ အမာခံ အင်အားစုတွေကနေပြီးတော့ တပ်သားစုဆောင်းတာမျိုး ဖြစ်ပါတယ်။
အရာရှိတွေရဲ့သားသမီးတွေ၊ စစ်တပ်၊ စစ်တပ်နဲ့ နီးစပ်တဲ့ မိသားစု အသိုင်းအဝိုင်း ကြီးကြီးက သူတွေရဲ့ သားသမီးတွေကတော့ စစ်တပ်ထဲကို ရောက်လာဖို့ မရှိဘဲ နိုင်ငံခြားမှာ ကျောင်းသွားတက်တာမျိုးတွေနဲ့ စီးပွားရေး လောကမှာ အခြေချတာမျိုးတွေပဲ ရှိနေပါတယ်။
ဒါပေမယ့်လည်း အရာရှိတွေရဲ့သားသမီးတွေ၊ စစ်တပ်၊ စစ်တပ်နဲ့ နီးစပ်တဲ့ မိသားစု အသိုင်းအဝိုင်း ကြီးကြီးက သူတွေရဲ့ သားသမီးတွေကတော့ စစ်တပ်ထဲကို ရောက်လာဖို့ မရှိဘဲ နိုင်ငံခြားမှာ ကျောင်းသွားတက်တာမျိုးတွေနဲ့ စီးပွားရေး လောကမှာ အခြေချတာမျိုးတွေပဲ ရှိနေပါတယ်။
ဒါကြောင့်လည်း ပြည်သူ့စစ်တို့၊ ပျူစောထီးတို့ရဲ့ သားသမီးတွေ၊ စစ်သားတွေရဲ့ သားသမီးတွေဟာ သူတို့ရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။
တပ်သားသစ်စုဆောင်းရာမှာလည်း ရှိရင်းစွဲ သတ်မှတ်ချက်တွေအကုန် လျော့ချလိုက်ပြီလို့ CDM အရာရှိတွေက ဆိုပါတယ်။
“မျက်မြင် ၁၃ ချက်တို့ ဘာတို့ပေါ့။ ခြေထောက်ခွင်တဲ့လူ မဖြစ်ရဘူးတို့၊ ရောဂါကင်းတဲ့လူ၊ မျက်လုံးတို့ ပြေးတာ လွှားတာတို့ကို သေချာ စစ်ကြသေးတယ်။ အခုချိန်မှာကတော့ အဲဒါတွေက ပျောက်ပျက်သွားပြီတောင် ပြောလို့ရတယ်။ ကြုံတဲ့လူ ဆွဲထည့်နေရတဲ့ ပုံစံမျိုး”လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြပါတယ်။
ဘယ်လိုပဲ တပ်သားသစ်တွေ စုဆောင်းနေပေမယ့်လည်း တော်လှန်ရေးနယ်မြေတွေက ရင်ဆိုင်တိုက်ပွဲတွေမှာ စစ်တပ်ဟာ အကြိမ်ကြိမ် ရှုံးနိမ့်နေသလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားဗျူဟာမှာလည်း နေ့စဉ်ရက်ဆက် သေဆုံးနေကြပါတယ်။
နဂိုကတည်းက ခံယူချက်စိတ်ဓာတ်နဲ့ ဝင်ရောက်လာတာမဟုတ်တာကြောင့်လည်း တိုက်ပွဲမှာ လက်နက်စွန့်ပြီး ထွက်ပြေးတဲ့ စစ်သားအရည်အတွက်တွေကလည်း တိုးလာနေပါတယ်။
စစ်တပ်ဟာ လက်ရှိမှာလည်း ဖရိုဖရဲ ပျက်ဆီးနေသလို တပ်သားသစ်စုဆောင်းရေးမှာလည်း အခြေမလှတော့ပါဘူး။
နွေဦးတော်လှန်ရေးအစပိုင်းမှာ“တပ်ပျက်နေပြီ၊ တပ်ပျက်နေပြီ”လို့ ကြွေးကြော်ခဲ့သလို တပ်ဟာ အရာရာ ပျက်စီးလု ဖြစ်နေပြီလို့ လေ့လာသူတွေကတော့ သုံးသပ်နေကြပါတယ်။
You may also like these stories:
စစ်ကောင်စီ၏ စစ်အင်အား အကျပ်အတည်း ဆိုက်နေပြီ
အမျိုးသမီးများကို စစ်မြေပြင်လွှတ်ရန် စစ်ကောင်စီ ကြံစည်
ယခင်စစ်အုပ်စုကဲ့သို့ စစ်ကောင်စီလည်း နျူလက်နက် ပိုင်ဆိုင်လို
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု