UNESCO က ငွေကြေးထောက်ပံ့သော ဒေသတွင်း မီဒီယာဖိုရမ်ကို အသုံးချပြီး မြန်မာဒီမိုကရေစီ လှုပ်ရှားမှုကို တိုက်ခိုက်သော ရေတပ်ဗိုလ်ချုပ်ဟောင်း၏သားသည် စစ်ကောင်စီမီဒီယာတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နှင့် အနောက်နိုင်ငံများကို ပြတ်ပြတ်သားသား ဆက်ဆံရန်နှင့် တရုတ်၊ ရုရှား၊ အိန္ဒိယတို့သည် လွန်စွာကောင်းသော မဟာမိတ်များဖြစ်ကြောင်း ဖော်ပြသည့် ဆောင်းပါးကို ကလောင်ဝှက်ဖြင့် ရေးသားခဲ့သည်။
အောက်တိုဘာ ၁၄ ရက်နေ့ထုတ် မြန်မာစစ်ကောင်စီအာဘော် The Global New Light of Myanmar အင်္ဂလိပ်သတင်းစာတွင် “U AC” ကလောင်အမည်ဖြင့် ရေးသားသည့် Myanmar and ASEAN ဆောင်းပါးသည် အခြေခံအားဖြင့် ASEAN ကို တိုက်ခိုက်သော ဆောင်းပါးဖြစ်သည်။ ASEAN သည် မြန်မာစစ်ကောင်စီကို အရှက်ခွဲရန် တတ်နိုင်သမျှလုပ်နေပြီး အဖွဲ့ဝင် နိုင်ငံအချို့သည် “မြန်မာနိုင်ငံတွင် မတည်မငြိမ် မလုံမခြုံဖြစ်အောင် လုပ်နေကြောင်း” နှင့် ထိုနိုင်ငံများသည် “အမေရိကန် ပြည်ထောင်စု၏ ထိန်းချုပ်ခံများဖြစ်ကြောင်း” ဖော်ပြထားသည်။
“မြန်မာနိုင်ငံသည် ခုခံချေပနေသည့်အဆင့်မှ ပိုမိုပြတ်သားသော သဘောထားကို ပြောင်းလဲ ကျင့်သုံးသင့်သည်။ မိမိတို့မည်မျှ ကောင်းစွာ လုပ်ကိုင်သည်ဖြစ်စေ၊ မည်မျှ ရည်ရွယ်ချက်ကောင်းသည်ဖြစ်စေ မိမိတို့ကို အနိုင်ကျင့်ပြီး မကောင်းပြောသူများ ထိုအဖွဲ့တွင် ရှိနေသည်” ဟု ထိုကလောင်ရှင်က ရေးသည်။
“မြန်မာနိုင်ငံသည် ခုခံချေပနေသည့်အဆင့်မှ ပိုမိုပြတ်သားသော သဘောထားကို ပြောင်းလဲ ကျင့်သုံးသင့်သည်။ မိမိတို့မည်မျှ ကောင်းစွာ လုပ်ကိုင်သည်ဖြစ်စေ၊ မည်မျှ ရည်ရွယ်ချက်ကောင်းသည်ဖြစ်စေ မိမိတို့ကို အနိုင်ကျင့်ပြီး မကောင်းပြောသူများ ထိုအဖွဲ့တွင် ရှိနေသည်” ဟု ထိုကလောင်ရှင်က ရေးသည်။
စစ်ကောင်စီနှင့် မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော ASEAN အကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန်တွင် ထိုဆောင်းပါးကို ဖော်ပြခြင်းဖြစ်သည်။ စစ်ကောင်စီသည် ASEAN က ချမှတ်သည့် မြန်မာအတွက် ငြိမ်းချမ်းရေး အစီအစဉ်ကို လေးစားလိုက်နာရန် ပျက်ကွက်သောကြောင့် ASEAN သည် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များအား လွန်ခဲ့သောနှစ်မှ စတင်ပြီး ထိပ်သီး အစည်အဝေးများ အပါအဝင် အစည်းအဝေးအနည်းဆုံး ၅ ခုသို့ တက်ရောက်ခွင့် မပေးခဲ့ပေ။ မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ် အာဏာသိမ်းချိန်မှစတင်သည့် ပဋိ့ပက္ခများကြောင့် ဖရိုဖရဲဖြစ်နေသည်။
ASEAN နှင့် မြန်မာအကြား လက်ရှိဆက်ဆံရေးတွင် မြန်မာစစ်တပ်သည် ရိုင်းစိုင်းကြမ်းကြုတ်သည်၊ အပြစ်မဲ့သူများကို မညှာမတာ သတ်ဖြတ်သည့် လုံးဝ အသုံးမကျသော စစ်တပ်ဖြစ်သည်၊ လက်ရှိစစ်ကောင်စီသည် နိုင်ငံအတွက် လုံးဝ အသုံးမကျဆိုသည့် သဘောထားအပေါ် အခြေခံနေသည်ဟု ထိုဆောင်းပါးက ဖော်ပြသည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်ကောင်စီ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး အနောက်နိုင်ငံများနှင့် ASEAN သည် မြန်မာမှ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်မှုများနှင့် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများကို သွယ်ဝိုက်ထောက်ခံနေကြောင်း ထိုဆောင်းပါးက ဆက်လက်ရေးသားသည်။
ASEAN က ၎င်းတို့ကို ဖယ်ထုတ်ထားတိုင်း စစ်ကောင်စီသည် ထိုသို့ဖယ်ထုတ်သည့် ဆုံးဖြတ်ချက်ကို ကြေညာချက်များထုတ်ပြန်ကာ ရှုတ်ချတတ်သည်။
“ကမ္ဘာမှ လူတိုင်းလူတိုင်း ကျေနပ်အောင်လုပ်ပေးရမည့်အချိန် ကုန်ဆုံးသွားပြီဖြစ်သည်။ မိမိတို့သည် မြန်မာအတွက် လုပ်သင့်သည်ကို လုပ်ရမည်” ဟုလည်း ထိုဆောင်းပါးက ဆက်လက်ရေးသားသည်။
မြန်မာအနေဖြင့် ASEAN မှ ထွက်ရမည် သို့မဟုတ် တနည်းတလမ်း တုံ့ပြန်ရမည်ဟု ထိုဆောင်းပါးက ဆိုလိုနေသည်။ သို့သော် ထိုဆောင်းပါးရှင်က ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့သည် လွန်စွာကောင်းသည့် မဟာမိတ်များဖြစ်ကြောင်း ဖော်ပြပြီး ထိုနိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံရန် အားပေးသည်။
မြန်မာအနေဖြင့် ASEAN မှ ထွက်ရမည် သို့မဟုတ် တနည်းတလမ်း တုံ့ပြန်ရမည်ဟု ထိုဆောင်းပါးက ဆိုလိုနေသည်။ သို့သော် ထိုဆောင်းပါးရှင်က ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့သည် လွန်စွာကောင်းသည့် မဟာမိတ်များဖြစ်ကြောင်း ဖော်ပြပြီး ထိုနိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံရန် အားပေးသည်။
ထိုဆောင်းပါးသည် စစ်ကောင်စီအာဘော် သတင်းစာတွင် ပါဝင်လာခြင်း ဖြစ်သောကြောင့် စစ်ကောင်စီက ASEAN အပေါ် စိတ်ပျက်နေခြင်းကို ထင်ဟပ်နေသည်။
U AC မည်သူနည်း
ထိုစာလုံးများသည် မြန်မာအမည်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအမည်သည် ဦးအေးချို သို့မဟုတ် ဦးအောင်ချမ်း သို့မဟုတ် ဦးအေးချမ်း စသည့် အမည်များကို ကိုယ်စားပြုနိုင်သည်။
သို့သော် အာမေဋိတ် သင်္ကေတများ၊ မထေမဲ့မြင်ပြုသည့် မှတ်ချက်များနှင့် မလိုအပ်သော မေးခွန်းများ မေးခြင်းကို အလွန်အမင်း အသုံးပြုထားသည့် ထိုဆောင်းပါးကြောင့် ကလောင်အမည် U AC သည် ဦးအေးချမ်းဖြစ်ကြောင်း ခန့်မှန်းသိနိုင်သည်။
သူသည် လွန်ခဲ့သောလတွင် UNESCO က ငွေကြေးစိုက်ထုတ်သည့် Dili Dialogue Forum 2022 ဆွေးနွေးပွဲသို့ စစ်ကောင်စီ၏ သတင်းမီဒီယာ ကောင်စီကို ကိုယ်စားပြုတက်ရောက်ပြီး မြန်မာဒီမိုကရေစီ လှုပ်ရှားမှုနှင့် လွတ်လပ်သော မီဒီယာကို တိုက်ခိုက်ကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကာကွယ်ပြောကြားသူ ဖြစ်သည်။
သူသည် ရေတပ်ဗိုလ်ချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏ သားဖြစ်သည်။ ဦးစိုးသိန်းသည် မြန်မာတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်သွားပြီဖြစ်ကြောင်း အရပ်သားအစိုးရအတုက ၂၀၁၂ ခုနှစ်တွင် ကမ္ဘာကို လိမ်လည်ရာတွင် ကူညီခဲ့သူဖြစ်ပြီး ယခုအခါတွင် စစ်ကောင်စီကို အမာခံထောက်ခံသည့် သဘောထားတင်းမာသူ ဖြစ်သည်။
သူသည် ရေတပ်ဗိုလ်ချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏ သားဖြစ်သည်။ ဦးစိုးသိန်းသည် မြန်မာတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်သွားပြီဖြစ်ကြောင်း အရပ်သားအစိုးရအတုက ၂၀၁၂ ခုနှစ်တွင် ကမ္ဘာကို လိမ်လည်ရာတွင် ကူညီခဲ့သူဖြစ်ပြီး ယခုအခါတွင် စစ်ကောင်စီကို အမာခံထောက်ခံသည့် သဘောထားတင်းမာသူ ဖြစ်သည်။

Dili forum တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့သည်များကို သိရှိသည့် မည်သူမဆို ဦးအေးချမ်းနှင့် U AC သည် တဦးတည်းသာ ဖြစ်သည်ဆိုသည့် အချက်ကို အငြင်းပွားခြင်း မရှိကြပေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဝန်ကြီးများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အဂတိလိုက်စားမှုဖြင့် ထောင်ထဲရောက်နေသည်ဆိုသည့် အရေးအသားမျိုး၊ စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၎င်းတို့၏ လက်နက်ကိုင်အင်အားစုဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့၏ ပထမစားလုံးများကို ယူကာ “NNCP” ဟု သုံးစွဲခြင်း၊ NLD က မဲလိမ်သည်ဟု အကြိမ်ကြိမ် စွပ်စွဲခြင်းစသည့် Dili forum တွင် သူပြောခဲ့သည့် စကားများကို ထိုဆောင်းပါးတွင် အထောက်အထား အဖြစ်တွေ့နိုင်သည်။
အေးချမ်းအမည်ဖြင့် မြန်မာတွင်ဖြစ်ပေါ်နေသည့် စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုကို အယုံအကြည်မဲ့စေရန် ကြိုးစားသည့် Dili forum တင်ပြချက်နှင့် ယခုဆောင်းပါးကို ဖတ်ကြည့်မည်ဆိုပါက ဆောင်ပါးရှင်သည် ထိုသူ တဦးတည်းသာဖြစ်ကြောင်း မည်သည့် သံသယမှ ဝင်တော့မည်မဟုတ်ပေ။ Dili forum တွင် တင်ပြချက်နှင့် ယခုဆောင်းပါးတွင် ASEAN အပေါ် သဘောထား၊ စာကြောင်းများ၏ နရီ၊ သတင်းအချက်အလက် တင်ပြပုံ သာမက လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှုအပေါ် သဘောထားအထိ အစစ အရာရာ တူညီနေသည်။ U AC နှင့် ဦးအေးချမ်းအကြား နောက်ထပ်တူညီသော အချက်တချက်မှာ ခိုင်မာမှုမရှိသည့် ထိုတင်ပြချက်နှင့် ဆောင်းပါးတွင် ထင်ရှားကျော်ကြားသူများဖြစ်သည့် ဘီလ်ဂိတ်၊ လီကွမ်ယူသာမက ဆွန်ဇူး ကဲ့သို့သော သူများကို အလွန်အမင်း ကိုးကားထားခြင်းဖြစ်သည်။
စစ်ကောင်စီကို သစ္စာခံသည့် ထိုဆောင်းပါးတွင် U AC က မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့သည် ASEAN မှ မြန်မာဆန့်ကျင်ရေး အုပ်စုဖြစ်ကြောင်း ဖော်ပြပြီး စင်ကာပူက မြန်မာစစ်ကောင်စီကို ကန့်ကွက်ခြင်း၊ မလေးရှားသည် စစ်ကောင်စီက အကြမ်းဖက်ဟု သတ်မှတ်ထားသည့် NUG ကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်း၊ အင်ဒိုနီးရှားလွှတ်တော်က စစ်ကောင်စီကို တရားစွဲရန် ကြိုးစားခြင်းတို့ကို ထောက်ပြထားသည်။
မှတ်သားစရာကောင်းသည့်အချက်မှာ ထိုဆောင်းပါးကို လာမည့်လတွင် ကျင်းပမည့် ASEAN ထိပ်သီး အစည်းအဝေးမတိုင်မီ ဖော်ပြခြင်းဖြစ်သည်။ နေပြည်တော်မှ အပြုသဘော ဆက်ဆံမှု မရှိသောကြောင့် ASEAN အထူးသံတမန်သည် မြန်မာသို့ တတိယခရီးစဉ်ကို ဖျက်သိမ်းလိုက်သဖြင့် စစ်ကောင်စီသည် ထိုလာမည့် ထိပ်သီးဆွေးနွေးပွဲတွင်လည်း တားမြစ်ခံရမည်ဖြစ်ပြီး တရားဝင်မှု ငမ်းငမ်းတက် လိုချင်နေသည့် စစ်ကောင်စီအတွက် ထိုးနှက်ချက်ဖြစ်သည်။
ASEAN က စစ်ကောင်စီ ခေါင်းဆောင်များကို ထိပ်သီးဆွေးနွေးပွဲမှ အကြိမ်ကြိမ် ထုတ်ပယ်ထားခြင်းကိုလည်း မကျေမနပ်ရေးသားသည်။ U AC ၏ အဆိုအရ အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် ASEAN အထူးသဖြင့် စင်ကာပူကို ၎င်းတို့၏ဘဏ်များမှ မြန်မာအစိုးရငွေများကို စစ်ကောင်စီ မသုံးနိုင်အောင် ဖိအားပေးကြောင်း ရေးသည်။
မှတ်သားစရာကောင်းသည့်အချက်မှာ ထိုဆောင်းပါးကို လာမည့်လတွင် ကျင်းပမည့် ASEAN ထိပ်သီး အစည်းအဝေးမတိုင်မီ ဖော်ပြခြင်းဖြစ်သည်။ နေပြည်တော်မှ အပြုသဘော ဆက်ဆံမှု မရှိသောကြောင့် ASEAN အထူးသံတမန်သည် မြန်မာသို့ တတိယခရီးစဉ်ကို ဖျက်သိမ်းလိုက်သဖြင့် စစ်ကောင်စီသည် ထိုလာမည့် ထိပ်သီးဆွေးနွေးပွဲတွင်လည်း တားမြစ်ခံရမည်ဖြစ်ပြီး တရားဝင်မှု ငမ်းငမ်းတက် လိုချင်နေသည့် စစ်ကောင်စီအတွက် ထိုးနှက်ချက်ဖြစ်သည်။
ထိုသို့သောအခြေအနေတွင် U AC ၏ Myanmar and ASEAN ဆောင်းပါးသည် စစ်ကောင်စီ ခေါင်းဆောင်များကို ASEAN က အကြိမ်ကြိမ် ဖယ်ထုတ်ထားခြင်းအတွက် ASEAN ကို အပုပ်ချရန် စစ်ကောင်စီလိုလားသူ လူလိမ်က မျှော်လင့်ချက်ကင်းမဲ့စွာ ငြီးတွားခြင်း သက်သက်မျှသာ ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Pseudonymous Screed Attacking ASEAN Bears Prominent Junta Loyalist’s Stamp ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ကမ္ဘာကျော် လူလိမ်ကြီး ဦးစိုးသိန်း၏ အတွင်းရေးများ
ဖေဖေချစ်တဲ့ သားကြီး ဦးအေးချမ်း
မီဒီယာကောင်စီ အမည်ခံ စစ်တပ် ဝါဒဖြန့်မှု မြန်မာ မီဒီယာများ ကန့်ကွက်
မြန်မာ့အရေး အာဆီယံတဖွဲ့ထဲကပဲ ဆောင်ရွက်လို့ မရဘူး
အာဆီယံကနေ မြန်မာနုတ်ထွက်နိုင်သလား