ဆောင်းပါး

မြဝတီ သုံးထပ်ကွေ့နှင့် သုံးလ စစ်ဆင်ရေး

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အခိုင်အမာ စခန်းတခု ဖြစ်သည့် ဖလူး-ဝေါလေ လမ်းပေါ်ရှိ သေဘောဘိုးစခန်းအား သုံးလအတွင်း ပြန်လည် ရရှိရန် စစ်ကောင်စီဖက်မှ စစ်ဆင်ရေးတခုလုပ်၍ တိုက်ခိုက်ခဲ့သည်။

သုံးလအတွင်း စခန်းပြန်မရဘဲ စစ်ကောင်စီဘက်တွင် ဆုံးရှုံးမှုများစွာ ကြုံခဲ့ရသည်။ KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီဖက်မှ တပ်မ ၃ မ အသုံးပြု၍ စစ်ဆင်ရေး ပြုလုပ်နေပြီး သေဘောဘိုး စခန်း ပြန်ရရေး စစ်ဆင်ရေး ဝင်နေသည့် တပ်မ ၄၄ မှ တပ်မမှူး အလုပ်ပြုတ်ခဲ့ပြီး ဗျူဟာမှူးတဦး သေဆုံးခဲ့သည်။

ထို့ပြင် တပ်မ ၄၄ လက်အောက်ခံတပ်တွေကြားတွင် အမိန့်နာခံမှုစနစ် ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။

လေးကေ့ကော်က စတဲ့ဇာတ်လမ်း

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့တို့ကြား ငြိမ်းချမ်းရေး မြို့တော် လေးကေ့ကော်မြို့သစ်တွင် စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထို့နောက် လေးကေ့ကော်မြို့သစ်ဝန်းကျင်အား စစ်ကောင်စီတပ်များက စိုးမိုးထားခဲ့ပြီး အဆိုပါတပ်များအား ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထားဆုတ်ခွာရန် KNU တပ်မဟာ ၆ မှ ကြေငြာချက်ထုတ်ခဲ့သည်။

ဧပြီလမှစ၍ စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီဖက်မှ စစ် ကြောင်းလိုက် ကျဆုံးမှုများ ရှိခဲ့သလို စစ်ကောင်စီစခန်းအချို့အား KNLA ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ဧပြီလမှစ၍ စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီဖက်မှ စစ် ကြောင်းလိုက် ကျဆုံးမှုများ ရှိခဲ့သလို စစ်ကောင်စီစခန်းအချို့အား KNLA ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်က စစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော သေဘောဘိုးစခန်းအား KNLA ပူးပေါင်း အဖွဲ့များက မေလ ၁၈ ရက်နေ့တွင် ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထို့နောက်အဆိုပါ သေဘောဘိုးခစန်းအားပြန်လည်ရရှိရန် စစ်ကောင်စီသည် တပ်မ ၄၄ တပ်မတခုနှင့် ဒေသခံ တပ်ရင်း ၅ ရင်းသုံးကာ (BGF အပါအဝင်) သုံးလအတွင်း ပြန်လည်သိမ်းပိုက်ရန် ဇူလိုင်လမှစတင် စစ်ဆင်ရေး လုပ်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်က စစ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော သေဘောဘိုးစခန်းအား KNLA ပူးပေါင်း အဖွဲ့များက မေလ ၁၈ ရက်နေ့တွင် ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်/ Cobra Column

ဖလူးနှင့် ဝေါလေကားလမ်းသည် ၃၆ မိုင်သာ ရှည်လျားပြီး ဖလူးမှသေဘောဘိုးသည် မိုင် ၂၀ ဝန်းကျင်သာ ကွာဝေးသည်။ အဆိုပါ လမ်းတလျှောက် DKBA တပ်စခန်းများနှင့် အချို့နေရာများတွင် BGF စခန်းများ ရှိသည်။ သို့သော် အဆိုပါလမ်း တလျှောက်တွင် KNU/KNLA တပ်စခန်းများ မရှိပေ။

ဖလူး-ဝေါလေကားလမ်းသည် ထိုင်းမြန်မာ နယ်စပ်တလျောက် သောင်းရင်းမြစ်ဘေးတွေတွင် ရှိသည်။ ထိုင်း- မြန်မာ နယ် စပ်တွင်ရှိသော ဒေသခံများသည် အဆိုပါ ကားလမ်းအား အသုံးပြု၍ မြဝတီမြို့နှင့် ကုန်သွယ်ရေးတွင် ဆက်သွယ်ရန် အဓိက အသုံးပြုကြသည်။

ထို့အပြင် သစ်အပါအဝင် မှောင်ခို စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသည်လည်း အဆိုပါလမ်းအား အသုံးပြုကြသည်။ သေဘောဘိုးစခန်းမှ စစ်ကောင်စီတပ်သားများသည် မှောင်ခိုသမားများထံမှ ငွေကြေးတောင်းယူမှုများ လုပ်ခဲ့သည်။

သေဘောဘိုးစခန်းအား KNLA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖလူးဝေါလေ လမ်းပိုင်း အချို့တွင် KNLA ပူးပေါင်း အဖွဲ့များ၏ လုံခြုံရေးဂိတ်များ ဖွင့်လှစ်လာခဲ့သည်။

သေဘောဘိုးစခန်းအား KNLA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖလူးဝေါလေ လမ်းပိုင်း အချို့တွင် KNLA ပူးပေါင်း အဖွဲ့များ၏ လုံခြုံရေးဂိတ်များ ဖွင့်လှစ်လာခဲ့သည်။

စစ်ကောင်စီမှာ သေဘော့ဘိုးစခန်းအား ပြန်လည် တိုက်ခိုက်ရန်ပြင်ဆင်လာသည့်အခါ KNLA ပူးပေါင်းတပ်ဖွဲ့ဖြစ်သော ကော်ပရာစစ်ကြောင်းမှ တပ်ခွဲ ၃ ခွဲ သည် ဖလူး-ဝေါလေ လမ်းတလျှောက် အချို့နေရာများတွင် နေရာယူလာခဲ့သည်။

နာမည်ကျော် ကော်ပရာစစ်ကြောင်း

ကော်ပရာစစ်ကြောင်းသည် ဒရုန်းတပ်ဖွဲ့ အမြှောက်တပ်ဖွဲ့နှင့် လက်ဖြောင့်တပ်ဖွဲ့တို့အား စနစ်တကျ စုစည်းပြီး ချီတက်လာသော စစ်ကောင်စီတပ်မျာအား စနစ်တကျ ခုခံရန် ပြင်ဆင်ထားခဲ့သည်။ ဒေသတွင်းရှိသော တိုက်ခိုက်ရေး အင်အားစုများ စုစည်း၍ ခုခံရန်ပြင်ဆင်ခဲ့သည်။

ကော်ပရာ စစ်ကြောင်းတွင် တပ်ခွဲ ၆ ခွဲရှိပြီး သေဘောဘိုး စခန်းသို့ချီတက်လာမည့် စစ်ကောင်စီတပ်များအား ကြားဖြတ် တိုက်ခိုက်ရန် ကော်ပရာစစ်ကြောင်းမှ တပ်ခွဲသုံးခွဲ၊ ဒရုန်းတပ်ဖွဲ့နှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ ပါဝင်လာခဲ့သည်။

ထိုကဲ့သို့ ပြင်ဆင်၍ ဖလူး-ဝေါလေလမ်းတလျောက် နေရာ ယူလာသော ကော်ပရာစစ်ကြောင်းမှ စစ်သည်များနှင့် DKBA အရာရှိ အချို့ကြား မပြေလည်မှုများ ရှိခဲ့သည်။

ကော်ပရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောအား လုပ်ကြံရန် ကြိုးစားသည် DKBA စစ်သားအား ကော်ပရာ စစ်သည်များက ပစ်ခတ်လုံးထွေး ဖမ်းဆီးခဲ့ရသည်။ ထို့အပြင် ကော်ပရာစစ်ကြောင်းမှ ဒရုန်းစစ်သည်များအား DKBA တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးထားသဖြင့် ကော်ပရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောမှ ပြန်လည်ထုတ်ယူခဲ့ရသည်။

ကော်ပရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောအား လုပ်ကြံရန် ကြိုးစားသည် DKBA စစ်သားအား ကော်ပရာ စစ်သည်များက ပစ်ခတ်လုံးထွေး ဖမ်းဆီးခဲ့ရသည်။ ထို့အပြင် ကော်ပရာစစ်ကြောင်းမှ ဒရုန်းစစ်သည်များအား DKBA တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးထားသဖြင့် ကော်ပရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောမှ ပြန်လည်ထုတ်ယူခဲ့ရသည်။

အချို့သော DKBA စခန်းများတွင် ကော်ပရာ စစ်သည်များအား နေထိုင်ခွင့်မပေးသည့်ဖြစ်ရပ်များလည်း ရှိခဲ့သည်။ သို့သော် လည်း အခြေအနေကို ထိန်းနိုင်သည့်အတွက် လူသိရှင်ကြားထိ မဖြစ်ခဲ့ပေ။

ကော်ပရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောအား လုပ်ကြံရန် ကြိုးစားသည် DKBA စစ်သားအား ကော်ပရာ စစ်သည်များက ပစ်ခတ်လုံးထွေး ဖမ်းဆီးခဲ့ရသည်/ Cobra Column

ဇူလိုင်လ ၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တပ်ရင်းသုံးရင်းသည် ဖလူးကျေးရွာမှ တဆင့် ဖလူး-ဝေါလေ လမ်းအတိုင်း သေဘောဘိုးစခန်းသို့ ချီတက်ခဲ့သည်။ ဖလူးကျေးရွာ ဘောလုံးကွင်းတွင် ၁၂၀ မမ အမြှောက်ကြီး များ အထိုင်ချကာ လက်နက်ကြီး ပစ်ကူးပေးခဲ့သည်။

ထို့ကဲ့သို့ ချီတက်လာသော စစ်ကောင်စီတပ်များအား သုံးထပ်ဝန်းကျင်တွင် ကော်ပရာစစ်ကြောင်းမှ ကြားဖြတ် တိုက်ခိုက်ခဲ့သည်။ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ နယ်မြေအနေအထားအရ စစ်ကောင်စီတပ်သည် တောင် အောက်ဘက်တွင်ရှိ နေပြီး ကော်ပရာစစ်ကြောင်းက ထောင်ထိပ်မှ တိုက်ခိုက်ခဲ့ရသည်။

စစ်တပ်က အုပ်လိုက် ပြေးပြီ

စစ်တပ်က အာဏာသိမ်းပြီး နောက် စစ်တပ်ဘက်မှ ပြည်သူ့ဘက်ကူးပြောင်းလာများစွာရှိသော်လည်း တဦးချင်းတယောက်ခြင်း CDM ပြုလုပ်သူများ သာ ရှိသည်။

သို့သော် ဖလူး-ဝေါလေလမ်းပေါ်ရှိ သုံးထပ်ကွေ့တိုက်ပွဲမှစ၍ အုပ်စုလိုက် စစ်တပ်ကို စွန့်ခွာသူများ စတင်ခဲ့သည်။

ပထမဆုံးအနေဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် တပ်မ ၄၄ လက်အောက်ခံ ခမရ – ၁၀၂ မှ စစ်သည် ငါးဦးသည် KNU နှင့်ချိတ်ဆက်ကာ ပြည်သူဖက်ခိုလှုံလာခဲ့သည်။

ထိုကဲ့သို့ခိုလှုံလာသော စစ်ကောင်စီတပ်သားများအား KNU မှကောင်းမွန်စွာစောင့်ရှောက်ပေးထားပြီး လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ခမရ ၈ မှ စစ်သား ၆ ဦးသည်လည်း KNU ထံခိုလှုံလာခဲ့သည်။

သုံးထပ်ကွေ့ဝန်းကျင်တွင် စစ်ဆင်ရေး ဝင်နေသော တပ်မလ ၄၄ လက်အောက်ခံ တပ်ရင်း ၆ ရင်းမှ ထွက်ပြေးသူ KNU ထံခိုလှုံလာသူမှာ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ စသည့်သုံးလထဲတွင် လူ ၆၀ ခန့်ရှိခဲ့ပြီး အချို့သော သူများမှာ လွတ် မြောက်နယ်မြေသို့ ရောက်လာခဲ့ပြီး အချို့မှာ ပြည်တွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

သုံးထပ်ကွေ့ဝန်းကျင်တွင် စစ်ဆင်ရေး ဝင်နေသော တပ်မလ ၄၄ လက်အောက်ခံ တပ်ရင်း ၆ ရင်းမှ ထွက်ပြေးသူ KNU ထံခိုလှုံလာသူမှာ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ စသည့်သုံးလထဲတွင် လူ ၆၀ ခန့်ရှိခဲ့ပြီး အချို့သော သူများမှာ လွတ် မြောက်နယ်မြေသို့ ရောက်လာခဲ့ပြီး အချို့မှာ ပြည်တွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

“သူတို့ဖက်က တယောက်ယောက်ထိပြီဆိုတာနဲ့ ကျန်တဲ့ကောင်တွေကပြေးပြီ။ ဒီဖက်ကပစ်တာနဲ့ပြေးပြီ”ဟု သုံးထပ် ကွေ့တွင် စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်တဦးက ပြောသည်။

ဖလူး-ဝေါလေလမ်းပေါ်ရှိ သုံးထပ်ကွေ့တိုက်ပွဲမှစ၍ အုပ်စုလိုက် စစ်တပ်ကို စွန့်ခွာသူများ စတင်ခဲ့သည်

ထွက်ပြေးသူ ခိုလှုံသူများလာသည့်အပြင် အထက်အောက်အမိန့်နာခံမှု ပျက်လာခဲ့သည်။ စစ်ဗျူဟာမှူးမှ ရှေ့ဆက်တက်ရန် ညွန်ကြားသည်ကို ခမရ ၁၀၂ တပ်ရင်းတရင်းလုံး ဆက်မတက်ဘဲ လက်နက်ချ ဆန္ဒပြခဲ့သည်အထိ ဖြစ်ခဲ့သည်။

“ဗျူဟာမှူးက ရှေ့ဆက်တိုက်ခိုင်းတော့ တပ်ရင်းမှူးက အဘလဲ တက်လာခဲ့လေ။ အတူတက်မယ်။ အဘမပါရင် မတက်နိုင်ဘူး ဆိုပြီး ပြန်ပြောတာ”ဟု CDM ဝင်လာသည့်စစ်သည်တဦးက ပြန်ပြောပြသည်။

ထွက်ပြေးသူ၊ ဘက်ကူးပြောင်းသူများလာသည့်အတွက် တပ်မှူးများမှ စစ်သည်များအား အတင်းအကျပ်ခိုင်းစေခြင်းများ မလုပ်ရဲသည့် အခြေအနေဖြစ်လာခဲ့သည်။

အချို့သော စစ်ကောင်စီဘက်မှ အရာရှိ၊ စစ်သည်အချို့သည် စစ်မတိုက်တော့ဘဲ KTV သွားရောက်ခြင်း၊ အပျော်အပါး လိုက်စားခြင်းများ လုပ်လာခဲ့ကြသည်။ ရှေ့တန်း စစ်မျက်နှာပြင်တွင်မနေတော့ဘဲ နီးစပ်ရာ ရွာများတွင် သွားရောက်နေထိုင်လာကြသည်။

ဖိအားများလာသော စစ်ခေါင်းဆောင်များအနေဖြင့်လည်း မှားယွင်းသည့် အမိန့်များ ပေးလာခဲ့သည်။ KNU စခန်းနှင့် စစ်ကောင်စီစခန်းမှားကာ လက်နက်ခဲယမ်းနှင့်ရိက္ခာများ ပို့ခိုင်းသည့်အတွက် KNU ဖက်မှလက်နက်ခဲယမ်း ကားကြီး တစီးစာရရှိခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၄၄ တပ်မမှူး အလုပ်ပြုတ်ခဲ့သည်။

လေကြောင်းပစ်ကူ ပေးပေမယ့်

၁၅ မိုင်သာ ဝေးသောခရီးစဉ်အား သုံးလနှင့်အပြီး ချီတက် တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သော်လည်း သုံးလအတွင်း သေဘောဘိုး စခန်းအား မသိမ်းနိုင်ခဲ့ပေ။ လေကြောင်းနှင့် လက်နက်ကြီးအလွန်အကျွံသုံး တိုက်ခိုက်သဖြင့် ကော်ပရာစစ်ကြောင်းက နေရာယူထားသော စခန်းအချို့ဆုတ်ပေးခဲ့ရသည်။

ထို့ကဲ့သို့ ဆုတ်ပေးခဲ့သော်လည်း စစ်ကောင်စီဖက်မှ သိသိသာသာ တိုးလာခြင်း မရှိပေ။

အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နှင့် ကော်ပရာစစ်ကြောင်းတို့ကြား တဖက်နှင့်တဖက် ကိုက် ၃၀၀ အကွာတွင် ရှိနေကြသည်။ ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီတပ်များသည်လည်း သေဘောဘိုးစခန်းနှင့် နီးလာနေပြီ ဖြစ်သည်။

အောက်တိုဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်နှင့် ကော်ပရာစစ်ကြောင်းတို့ကြား တဖက်နှင့်တဖက် ကိုက် ၃၀၀ အကွာတွင် ရှိနေကြသည်။ ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီတပ်များသည်လည်း သေဘောဘိုးစခန်းနှင့် နီးလာနေပြီ ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် တပ်မ ၄၄ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးသည် ကော်ပရာ စစ်ကြောင်းမှ လက်ဖြောင့် တပ်သား၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည်။

ထိုကျဆုံးမှုကို စစ်ခေါင်းဆောင်များက ကျေနပ်လိမ့်မည် မဟုတ်ပေ။ လက်စားပြန်ချေရန် ကြိုးစားမည် ဖြစ်သည်။

ထို့အတွက် တပ်မှူးများက စစ်ကောင်စီတပ်သားများ ရှေ့ဆက်တိုးရန် ညွန်ကြားလိမ့်မည်။ ရှေ့ဆက်တိုးပါက မလွဲမသွေ တိုက်ပွဲများ ပြန်ဖြစ်လာတော့မည် ဖြစ်သည်။

You may also like these stories:

ညောင်ချောင်းရွာ တိုက်ပွဲ၌ တပ်မ ၄၄ ဗျူဟာမှူး သေဆုံးဟု KNU ပြော

ဥကရစ်ထ စခန်း ဘယ်လောက် အရေးပါသလဲ

နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း

ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ မဟုတ်ဘူး၊ တပ်စွဲထားတဲ့ တပ်တွေ ပြန်ရုပ်ရေး တိုက်တာ

Loading