• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း

by ဧရာဝတီ
4 November 2022
in ဆောင်းပါး
A A
ပြည်တွင်း ခရီးသွားများကိုသာ မျှော်နေရသည့် ပုဂံဒေသ  / ဧရာဝတီ

ပြည်တွင်း ခရီးသွားများကိုသာ မျှော်နေရသည့် ပုဂံဒေသ / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည် စတင်နေပြီဖြစ်သော်လည်း ပြည်ပခရီးသွားများ ဝင်ရောက်မှု မရှိသဖြင့် ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ထားရသည့် ခရီးသွားလုပ်ငန်းကို အာဏာသိမ်း စစ်ကောင်စီက ယခုနှစ် မတ်လတွင် ပြန်ဖွင့်ပေးခဲ့သည်။ ယခုနှစ် သီတင်းကျွတ်ကာလတွင် မြန်မာနိုင်ငံ၏ နေရာအနည်းစုတွင်သာ စည်ကားခဲ့ကာ ခရီးသွားလုပ်ငန်းက မျှော်မှန်းသလောက် ဖြစ်မလာသေးဟု ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
4.1k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
737
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k

“အခု သီတင်းကျွတ်ကာလမှာ ပြည်တွင်းဘုရားဖူးကတော့ တော်တော်များ ဝင်လာပါတယ်၊ သို့ပေမယ့်လည်း အရင်လိုတော့ မဟုတ်ဘူးပေါ့၊ ဒီနှစ်က အရင်ကလို ဘုရားဖူးကုမ္ပဏီကားတွေတော့ အတော်လေးနည်းတယ်၊ ခရီးသွားကားကြီး တွေထက် အိမ်စီးကားလေးတွေက ပိုများပါတယ်၊ သီတင်းကျွတ်ကာလ ၄၊ ၅ ရက် အတွင်းမှာတော့ ပြည်တွင်းဧည့်သည် တော်တော်များများ ကျခဲ့ပါတယ်၊ နိုင်ငံခြားသား ဝင်ရောက်မှုကတော့ မရှိသလောက်ပဲဗျ” ဟု ပုဂံဒေသမှ ဟိုတယ်လုပ်ငန်း ရှင်တဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ရှည်ကာလအတွင်း ပြည်ပခရီးသွားများထက် ပြည်တွင်းခရီးသွားများသာ အများဆုံး ရှိခဲ့ပြီး လာမည့် တန်ဆောင်တိုင်ကာလတွင်လည်း ပြည်တွင်းခရီးသွားများကိုသာ အဓိက မျှော်လင့်ရမည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

သီတင်းကျွတ်ကာလတွင် ပြည်တွင်းခရီးသွားလာမှု များခဲ့သည်ဆိုသော်လည်း ရှမ်းပြည်နယ် အင်းလေးဒေသ၊ ဧရာဝတီတိုင်းအတွင်းရှိ ကမ်းခြေဒေသများ၊ မန္တလေးတိုင်းမှ ပုဂံညောင်ဦးဒေသ၊ တံတားဦး အင်းဝဒေသ စသည့် တည်ငြိမ်မှုရှိသည် ဟု ယူဆသည့် နေရာအချို့တွင်သာ ခရီးသွားလာမှု များခဲ့သည်။

“ပုဂံက ခရီးသွားလုပ်ငန်းကို အဓိက မှီခိုနေရတာဆိုတော့ သီတင်းကျွတ်ကာလမှာ ဒေသခံတွေ အလုပ်လေးတွေ ဖြစ်ခဲ့ပါတယ်၊ ပြီးတော့ ပုဂံမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်း တွေ အားလုံးပြည့်ခဲ့တဲ့အပြင် ဘုရားတွေက လုပ်ပေးတဲ့ တည်း ခိုရာနေရာတွေမှာ ပြည့်ခဲ့တယ်ပေါ့၊ အကယ်၍သာ အခုလိုမျိုးပဲ ဖြစ်ဦးမယ်ဆိုရင် တန်ဆောင်တိုင်ကာလမှာလဲ ပုဂံမှာ ဧည့်တွေ ကျဦးမယ်လို့ ခန့်မှန်းပါတယ်” ဟု ပုဂံဧည့်လမ်းညွှန်များအသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းမှာ ရပ်တန့်လုနီးပါး ဖြစ်သွားရာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြသည့် ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလာရေအေးဂျင့်များ၊ ဧည့် လမ်းညွှန်များမှအစ အောက်ခြေရှိ မြင်းလှည်းမောင်းသူ၊ သုံးဘီးမောင်းသူ၊ ဈေးသည်များအပါအဝင် ခရီးသွားလုပ်ငန်းကို မှီခိုနေကြရသူများအားလုံး ဝင်ငွေရရှိမှု နည်းပါးလာသောကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရကြောင်း၊ အချို့ ဆိုလျှင် နယ်စပ်ဒေသနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေရကြောင်း သိရသည်။

ပြည်တွင်း ခရီးသွားများကိုသာ မျှော်နေရသည့် ပုဂံဒေသ (ဓာတ်ပုံ – ဧရာဝတီ)

“အရင်ကတော့ လက်မှုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ယွန်းထည်လုပ်ငန်းတွေ၊ ဒေသထွက်ကုန်တွေ တော်တော်များ များကို ရောင်းခဲ့ကြရတယ်၊ အတော်တွင်ကျယ်ခဲ့တယ်လို့ ပြောရမှာ၊ အခုကတော့ ဒေသထွက်ကုန်တွေတောင် ဝယ်မယ့်သူ မရှိတော့ လမ်းဘေးတွေမှာ တနိုင်တပိုင်ဆိုင်လေးတွေ များလာတယ်၊ ဥပမာ ထမင်းဆိုင်၊ စားစရာဆိုင်မျိုးလေးတွေပေါ့၊ သူတို့ကလည်း ဘုရားဖူးများတဲ့ရက်လေးတွေမှာ ဖွင့်လိုက်၊ မရှိရင် ပြန်ပိတ်လိုက်နဲ့ လည်ပတ်နေကြရတာ”ဟု ညောင်ဦးဒေသခံ ဦးစိုးလှက ပြောသည်။

ပုံမှန်အားဖြင့် ပုဂံ၊ ညောင်ဦးဒေသသည် ပွင့်လင်းရာသီတွင် ပြည်ပခရီးသွားများ ဝင်ရောက်လေ့ရှိသော်လည်း ယခုအခါ ပြည်ပခရီးသွား ဝင်ရောက်မှုမရှိဘဲ ပြည်တွင်းခရီးသွားများသာ လာရောက်လည်ပတ်ကြပြီး အရေအတွက်အားဖြင့်လည်း ယခင်ထက်လျော့နည်းသွားကြောင်း သိရသည်။

နယ်မြေအေးချမ်းမှုမရှိခြင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်း၊ အလုပ်အကိုင်၊ ဝင်ငွေရရှိမှု မလောက်ငခြင်း စသည့်အချက်များကြောင့်လည်း ခရီးသွားလာမှုလျော့နည်းသွားရကြောင်း၊ ထို့ကြောင့် ခရီးစဉ် (Package) ဈေးနှုန်းများကိုလျော့ပြီး ရောင်းချခြင်းများကို လုပ်ဆောင်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ငန်းနေသူများထံမှ သိရသည်။

“ခရီးသွားတချို့က အခုလည်း လာနေတယ်၊ ဒါပေမယ့် ကိုယ့်ကားနဲ့ ကိုယ်လာတယ်၊ လှတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တယ်၊ ပြီးတော့ ပြန်တယ် ဒီလိုလူမျိုးတွေများတယ်၊ ဈေးရောင်းတဲ့သူတွေနဲ့ ဓာတ်ပုံလုပ်ငန်း လုပ်တဲ့သူတွေတော့ အလုပ်ဖြစ်တယ်၊ ကျနော်တို့လို တောထဲတောင်ထဲ ရွာတွေစတာတွေကို လိုက်ပို့တဲ့ ဒေသဧည့်လမ်းညွှန်တွေတော့ အခုအချိန်တိုင် ငုတ်တုတ်ပဲ၊ ပြောရရင် Tourism လုပ်ငန်းက ဇီးရိုး အနေအထားပဲ မျှော်လင့်မထားဘူး”ဟု ဧည့်လမ်းညွှန်တဦးက ပြောသည်။

စစ်ပဋိပက္ခကြောင့် ပြည်တွင်းခရီးသွားများပင်မလာနိုင်တော့သည့် စစ်ကိုင်း (ဓာတ်ပုံ – ဧရာဝတီ)

ထို့အတူ ခရီးသွားနေရာတခုဖြစ်သည့် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းတွင်လည်း ပြည်ပဧည့်သည် ဝင်ရောက်မှု မရှိသဖြင့် မြင်းလှည်းမောင်းသူများ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရကြောင်း အင်းဝမြင်းလှည်းယာဉ်အသင်းက သိရသည်။

အင်းဝမြင်းလှည်းယာဉ်အသင်းတွင် မြင်းလှည်းပေါင်း ၁၉၅ စီး ခန့်ရှိပြိး လက်ရှိအချိန်တွင် ပြည်တွင်းဧည့်သည် အနည်းငယ်သာ ဝင်ရောက်မှုရှိကာ မြင်းလှည်းစီးသူ နည်းပါးသောကြောင့် ဝင်ငွေမရှိကြသဖြင့် မြင်းစာဖိုးပင် မရရှိကြ ဟု ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း ထင်ရှား ကျော်ကြားသည့် ဒေသတခုဖြစ်ပြီး ခရီးသွားလုပ်ငန်း၏ အဓိက အားထားနေရသော ဒေသတခုလည်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ယခုနှစ်ထိ အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပ နိုင်ခြင်းမရှိပေ။

“ကိုဗစ်ကြောင့် နားရတဲ့အချိန်ကစပြီး အခုထိ ခရီးသွားတွေ မလာတော့တာ၊ ကျနော်တို့ စက်လှေသမားတွေက ဧည့်သည် ဝင်မှ အဆင်ပြေကြတာလေ၊ ခရီးသွားတွေ မလာတော့ စားဖို့အတွက်တောင် အတော်ကို ရုန်းကန်နေရတယ်၊ သီတင်းကျွတ် မှာ ခရီးသည်တွေ ဝင်လာတယ်ဆိုပေမယ့် မျှော်မှန်းသလောက်တော့ မများခဲ့ဘူး၊ အရင်ကလို နိုင်ငံခြားသားတွေတော့ မရှိ သလောက်ကို နည်းခဲ့တယ်၊ အခုလာမယ့် တန်ဆောင်တိုင်၊ ဒီဇင်ဘာတွေမှာလည်း ကိုယ့်ပြည်တွင်းက ခရီးသွားတွေပဲ လာ ကြပါစေလို့ မျှော်လင့်နေရတာပဲ” ဟု အင်းလေးအတွင်း စက်လှေမောင်းသူတဦးက ပြောသည်။

ရှမ်းပြည်နယ်တွင် ကလောမြို့နယ်သည် လက်ရှိအနေအထားအရ တနိုင်ငံလုံးတွင် အလုံခြုံဆုံးသဘောမျိုး ဖြစ်နေရာ ဧည်သည်မပြတ်ကြောင်း Home Stay နေလိုသူများသည့်အတွက် ယခုနှစ်ကုန်အထိ ကြိုတင်အမှာများနှင့် ပြည့်နေကြောင်း သိရသည်။

စစ်ပဋိပက္ခကြောင့် ပြည်တွင်းခရီးသွားများပင်မလာနိုင်တော့သည့် စစ်ကိုင်း (ဓာတ်ပုံ – ဧရာဝတီ)

ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် နေပြည်တော်၌ ပြုလုပ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ အောက်တိုဘာကစပြီး ကိုဗစ်ရောဂါပြန့်ပွားမှု အခြေအနေ လျော့နည်းလာသည်နှင့် အမျှ ပြည်တွင်းခရီးသွားလာမှုများ စတင် တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ၂၀၂၂ ဧပြီ ၁၇ ရက်မှစပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်ခွင့်ပြုပေးခဲ့ရာ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်မည့် အလားအလာကောင်းများ တွေ့မြင်ရခြင်းကြောင့် ကမ္ဘာလှည့် E-Visa ကို ၂၀၂၂ မေ ၂၀ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့် လာမည့် ပွင့်လင်းရာသီအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ပြောခဲ့သည်။

သို့သော် မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကမူ လေကြောင်းလိုင်းများ ဖွင့်ထား သော်လည်း နိုင်ငံခြားသား ခရီးသွားများ လာရောက်ခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်မှုရှိသော ပုဂံ၊ ချောင်းသာ၊ ငပလီ စသည့် ဒေသများကို အောက်တိုဘာ ခရီးသွားရာသီ အတွက် လက်မှတ်များ ရောင်းချရန် စီစဉ် နေပြီး တချို့ နေရာများတွင် ဟိုတယ်ခန်းများအပြည့်ထိ မှာယူခြင်းများလည်း ရှိကြောင်း ပြောထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိခရီးသွားရာသီတွင် အာဆီယံနိုင်ငံများမှသာ ပြည်ပခရီးသွားများ ဝင်ရောက်မှုရှိပြီး ထိုင်းနိုင်ငံသားများ အများဆုံးဖြစ်ကာ ယခင်က တရုတ်နှင့်ထိုင်းနိုင်ငံမှ အများဆုံးဝင်ရောက်ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားများကိုသာ မျှော်နေရသော အင်းလေးဒေသ (ဓာတ်ပုံ – ဧရာဝတီ)

ထို့အပြင် ရုရှားနိုင်ငံ၏ ဆောင်ရာသီဖြစ်သည် ဒီဇင်ဘာလမှ မတ်လအထိ ခရီးသွားလာနိုင်မှုများ ရှိလာနိုင်ချေရှိသဖြင့် ရုရှားနိုင်ငံသားများ လာရောက်လည်ပတ်နိုင်မည့် ကမ်းခြေဒေသများအပါအဝင် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားသလို ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွားများ ပြန်လည် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားကြောင်း စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “လက်ရှိအချိန်ထိ ရုရှားနိုင်ငံသားများ ဝင်ရောက်လာမှု မရှိသေးဘူး။ သူတို့အတွက်က အခုမှ နှစ်နိုင်ငံကြိုးစားနေဆဲ အခြေအနေ ပေါ့၊ ရုရှားနိုင်ငံသားတွေ မြန်မာပြည်တွင်း အလည်အပတ်ခရီးလာဖို့ နှစ်နိုင်ငံအစိုးရတွေ ချိတ်ဆက်ဆောင်ရွက်နေတာဆို တော့ ကျနော်တို့အနေနဲ့လည်း ခရီးသွားနေရာတွေကို လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေကအစ အားလုံး ကြိုတင်ပြင်ဆင်နေကြပါတယ်၊ အခုနှစ် သီတင်ကျွတ်ရုံးပိတ်ရက်ကာလမှာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပြည်တွင်းခရီးသွား ၃ ဆလောက် မြင့်တက်လာတယ်၊ အဲဒီလိုတွေကြောင့် လာမယ့် ၂၀၂၃ မှာ ပြည်တွင်း၊ ပြည်ပခရီးသွား လာမှု အခုထက်ပိုပြီး မြင့်တက်များပြားလာမယ်လို့ မျှော်မှန်းထားတယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု အပါအဝင် နိုင်ငံ၏နေရာတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အမေရိကန်နိုင်ငံသားများကို မတရားဖမ်းဆီးထိန်းသိမ်းနိုင်မှု မြင့်မားနေသဖြင့် အဆင့် ၄ သတ်မှတ်ပြီး အမေရိကန်နိုင်ငံက သူ၏နိုင်ငံသားများကို ခရီးသွားလာမှုဆိုင်ရာ သတိပေးချက် တရပ်ကို ယခုမှစ် အောက်တိုဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်တပ် အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များက မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ၄ ဒသမ ၈ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားများကိုသာ မျှော်နေရသော အင်းလေးဒေသ (ဓာတ်ပုံ – ဧရာဝတီ)

ယခုနှစ် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အနေဖြင့် ၂၀၂၂ ဧပြီ ၁၇ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ၄ လအတွင်း ၂ သောင်းကျော် ဝင်ရောက်မှု ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲ များဖြစ်နေကာ ရွာလုံးကျွတ် မီးရှိူ့ခံရမှုများ၊ ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိနေသလို ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့တွင် ရံဖန်ရံခါ ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်နေသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်အား ခုခံတော်လှန်နေရသည့် ယခုကာလများတွင် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း များကို ရှောင်ကြဉ်ကြရန် သတိပေးထားမှုများရှိသလို ပြည်သူများအနေဖြင့်လည်း တော်လှန်ရေး ကာလအတွင်း၌ ခရီး သွားခြင်းကို မပြုလုပ်ကြရန် အချင်းချင်း တိုက်တွန်း ပြောဆိုမှုများလည်း ရှိနေသည်။

စစ်ကောင်စီက သီတင်းကျွတ်ကာလအတွက် ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများဖြင့် လူစည်ကားအောင် ပြုလုပ်ပေးခဲ့သော်လည်း လုံခြုံရေးအခြေအနေများကြောင့် ယခင်ကလောက် စည်ကားမှုမျိုး မရှိခဲ့ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံရေး အာမခံချက်ရှိမှသာ ခရီးသွားလုပ်ငန်း ပြန်လည်အောင်မြင်နိုင်မည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။

You may also like these stories:

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၂၂ တွင်လည်း လည်ပတ်နိုင်ခြေ မရှိသေး

မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ

Your Thoughts …
Tags: ကပ်ရောဂါစစ်ကောင်စီနိုင်ငံခြားသားပိတ်ရက်ပြည်တွင်းခရီးသွားသီတင်းကျွတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားထိပ်တွင် ၂၀၂၁ နိုဝင်ဘာလက တွေ့ရသော မြန်မာနိုင်ငံဘက်သို့ ပို့မည့် ကုန်ကားများ  / ဧရာဝတီ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ထပ်တိုးသဖြင့် ကုန်သည်များ အခက်ကြုံ

ငွေစျေး အတက်အကျတွေကြောင့် မြန်မာကုန်ပစ္စည်းအချို့  စျေးတဆခွဲခန့် မြင့်တက် (ရုပ်/သံ)

ငွေစျေး အတက်အကျတွေကြောင့် မြန်မာကုန်ပစ္စည်းအချို့ စျေးတဆခွဲခန့် မြင့်တက် (ရုပ်/သံ)

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate